Pages

Pages - Menu

Thursday, May 16, 2013

မဟာဆန်ဆိုက်ကလုန်းမုန်တိုင်းရန်မှ မြန်မာနိုင်ငံ ကင်းလွတ်ပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားရေးဦးစီးငှာနမှကြေငြာ

ယနေ့မြန်မာစံတော်ချိန်(၂၀း၀၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုဖြတ်ကျော်
ဝင်ရောက်ခဲ့သည့်ကုန်းတွင်းမုန်တိုင်းငယ်သည်အရှေ့မြောက်ဘက်သိုဆက်လက်ရွေ့လျားလျက်လေဖိအား
နည်းရပ် ၀န်းအဖြစ်သို့တစ်ဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမည်ဟုခန့်မှန်းရပါသည်။

ရန်ကုန်မြို့လယ်တွင် ပတူကောင်ကိုက်၍ အမျိုးသားတစ်ဦးသေဆုံး

လူသူအရောက်အပေါက် နည်းသော တောနက်များတွင်သာ ကျက်စားသည့် ပတူကောင် ရာနှင့်ချီ ဝိုင်းဝန်းကိုက်ခဲ သောကြောင့် အသက် ၄၆ အရွယ် အမျိုးသား တစ်ဦးသေဆုံးမှု ရန်ကုန်မြို့လယ်တွင် မေလ ၁၃ ရက်နေ့ ညနေက ဖြစ်ပွားခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။

ဘာသာရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန် သမ္မတ နှစ်ဦး ဆွေးနွေးမည်

 မေလ ၁၆ ရက် ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသားရေးရာနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အချက် လေးချက်ကို သမ္မတ အိုဘားမားနှင့် ဆွေးနွေးပြီး အမေရိကန်နိုင်ငံက ကူညီဖြေရှင်းနိုင်ရန် မျှော်လင့်သည်ဟု အိမ်ဖြူတော်မှ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။

မုန်တိုင်း၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာမက်ရှားအလမ်က ပြောကြားခဲ့သည်။ သို့သော် မုန်တိုင်းသည် ပို၍နှေးသွားသည့်နှုန်းဖြင့် ဆက်လက်ရွေ့လျားမည် ဖြစ်သောကြောင့် မုန်တိုင်းလမ်းကြောင်း ကျရောက်ရာမြို့များ အနေဖြင့် မုန်တိုင်းဒဏ်ကို ခံရမည်ဟု ဆိုသည်။

မေ ၁၆ ရက်တွင် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း တံငါရွာ တစ်ရွာဖြစ်သော ခေပါပါရာရွာသို့ စတင် ၀င်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် တစ်လျောက် တစ်နာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။ ယင်းနောက် အရှေ့ဘက်သို့ ဦးတည်သွားပြီး စစ်တကောင်းမြို့နှင့် ပင်လယ်ကမ်းခြေ အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်သော ကော့စ်ဘာဇာမြို့ များဆီသို့ ဆက်လက်ရွေ့လျားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်၌ ကူးတို့သင်္ဘောများနှင့် အခြားသင်္ဘောများ ထွက်ခွာခြင်းကို ရပ်ဆိုင်းထားပြီး စက်ရုံအလုပ်ရုံများကိုလည်း ပိတ်ထားလိုက်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စစ်တပ်က ရေတပ်သင်္ဘော ၂၂ စင်းနှင့် ရဟတ်ယာဉ် ၁၉ စင်းကို အသင့်ပြင်ထားသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနများက လူနှစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

Ref: AP, The Daily Star/ ANN

စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)

အေးချမ်းမွန် Credit & Copy From > Eleven Media Group <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်
ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။

မဟာဆန်ဆိုကလုန်းမုန်တိုင်းရန်မှ ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ

ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ
Thursday, May 16, 2013

မဟာစင် မုန်တိုင်းသည် ယခုအခါ အထူး အားပျော့သွားပြီး တစ်နာရီ ၂၅ ကီလိုမီတာ အဆင့်တွင်သာ ရှိတော့သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနက ပြောသည်။

လာမည့် လေးနာရီ (သို့မဟုတ်) ငါးနာရီခန့် အကြာတွင် စစ်တကောင်းနှင့် န၀ါခါလီမြို့ အကြားမှ မုန်တိုင်း ဖြတ်ကျော် ၀င်ရောက်မည်ဟု ဆိုသည်။

သို့အတွက် ရခိုင်ပြည်နယ်သည် ယခုအခါ မဟာစင် မုန်တိုင်း ဘေးအန္တရာယ်မှ ကင်းလွှတ်သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

narinjara

Thursday, May 16, 2013

မဟာစင် မုန်တိုင်းသည် ယခုအခါ အထူး အားပျော့သွားပြီး တစ်နာရီ ၂၅ ကီလိုမီတာ အဆင့်တွင်သာ ရှ
တော့သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနက ပြောသည်။

မောင်တောမြို့အရှေ့ဘက်ခြမ်းတွင် တောင်ကျရေများကြောင့်မြေပြိုမှုများဖြစ်ပေါ်နေ

မင်းပြား (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်)
မောင်တောမြို့အရှေ့ဘက်ခြမ်းတွင် ရှိသော ကယ်ဆယ်ရေးစခန်းများသို့ ဆက်သွယ်ထားသည့် မော်ဓိကုန်း၊ ရွှေရန်အေးနှင့် ဝေသာလီရွာများသို့ သွားရောက်ရာ ရှောင်ကွင်းလမ်းများမှာ တောင်ကျရေကြောင့် မြေသာ
ပြိုဆင်းမှုများ ဖြစ်နေသဖြင့် ကားနှင့် ဆိုက်ကယ်များ သွားမရတော့ကြောင်း သိရှိရသည်။

ဆိုက်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်ပြီ ( Update : မြန်မာစံတော်ချိန် ညနေ ၃း၄၅)

မုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ


မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား Barisal Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။

ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈ မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု သိရပါသည်။

01B MAHASEN ၏ နောက်ဆုံးရ အချက်အလက်များနှင့် တည်နေရာ
16 May 2013 0600Z
Location: 23.0 91.0
Winds: 45 knots
Central Pressure: 989 hPa


By mmweather.ygn, on May 16th, 2013

http://blog.mmweather.com/2013/05/16/cyclonemahasen-made-landfall/

အေးချမ်းမွန် Credit & Copy From >Popular Myanmar News Journal<Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား Barisal Division – Barisal မြို့
တောင်ဘက်၆၂ မိုင်ခန့်အကွာကမ်းခြေအား ဖြတ်ကျော်၍ကုန်းတွင်းသို့ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC
နှင့် NRL data update များအရ သိရပါသည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောပြီး (မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ် သတင်းထုတ်ပြန်ချက်)

မောင်တောမြို့တွင် ယခုအချိန်၌ လေငြိမ်နေပြီး မိုးစဲသွားပြီဖြစ်ကာ မိုးလည်း အနည်းငယ်အုံ့နေကြောင်း၊ ဒီရေ သုံးပေ၀န်းကျင် တက်လာကြောင်း Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့သည်။ မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း မိုး/ဇလ၏ သတင်းထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မောင်တောမြို့နယ် ကမ်းခြေတွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း သိရသည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်း ( နံနက် ၁၁ နာရီ ၄၀ မိနစ်) Update:

ရခိုင်မှာ လေပြင်းတွေ တိုက်နေပြီ

အေးချမ်းမွန် Credit & Copy From > သက်တန့်ချို <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ရခိုင်မှာ လေပြင်းတွေ တိုက်နေပြီ
စစ်တွေမြို့ စစ်တွေဟိုတယ်အနီးရှိ ပင်လယ်ကမ်းခြေတွင် ယနေ့နံနက် ၆နာရီခန့်က လေဆင်နှာမောင်း
တိုက်ခတ်မှုကြောင့် ကမ်းခြေအနီးရှိဆိုင်ခန်း ၂၀ မှ ၃၀ အတွင်းပျက်စီးသွားကြောင်းသတင်းရရှိသည်။

မန္တလေးမြို့မှာ မိုးသည်းထန်စွားရွာသွန်းနေချိန် ညာလက်ဖျံမှာ မေမေစာတန်းထိုးထားတဲ့အမည်မသိအလောင်း အများသုံးရေတွင်းထဲက အလောင်းတစ်လောင်းပေါ်လာ

Photo

မန္တလေး၊ မေ-၁၆

ဒီနေ့ (၁၆-၅-၁၃)မနက်၇နာရီခန့် ကမိုးသည်းထန်စွာ ရွာသွန်းနေချိန် မန္တလေးမြို့ (၇၈-၇၉)လမ်း ကြား၊ လမ်း
(၄၀) ရှိ အများသုံးရေတွင်းတခု အတွင်း မှ ပုပ်ပွနေတဲ့ အမျိုးသား အလောင်းတစ်လောင်း ပေါ်လာ ကြောင်း
သတင်းရရှိပါတယ်။

မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ် လူတစ်ဦးသေဆုံးပြီး အိမ်ခြေ ၄၀ကျော်ပြိုကျပျက်စီး

မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းကို ၀င်ရောက်၊ လူစတင် သေဆုံး


မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ်သည်။ အဆိုပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။

ဘိုလာ ခရိုင် လာမဟိုနဲ မှ လူတစ်ဦး သစ်ပင်ပြိုလဲရာမှ သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကျေညာသည်။

ပေါတ၀ါခါလီ ခရိုင် တစ်ခုလုံးတွင် အိမ် ၂၀၀ ကျော်ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

အိမ်ပြိုသွားသွားသောကျေးရွာများမှာ အဆိုပါ ခရိုင်အတွင်းရှိ ခါဆူဇူရာ ရွာ၊ ခါဝါဂေါရာ၊ မေလာပါရာ၊ ခေါင်ကာ မောတီ၊ ကေ၀ါ စသည့် ကျေးရွာများမှ ဖြစ်သည်။

ဘိုလာခရိုင် အတွင်းရှိ ကူကရီ မိုကရီ ပေါ်ကျွန်းမှာ ရေအောက် (၅) ပေသို့ ရောက်ရှိသွားပြီဟု ဆိုသည်။

လေပြင်းတိုက်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ပေါတ၀ါခါလီ၊ ဘိုလနှင့် မောင်လ ခရိုင်တို့တွင် လျှပ်စစ်မီး ပြတ်တောက်သွားပြီဟု သိရသည်။

အေးချမ်းမွန် Credit & Copy From > Narinjara <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
လေပြင်းတိုက်ခတ်ပြီး မိုးပြင်းထန်စွာရွာသွန်းနေပုံ
မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့ 
အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ်သည်။ အဆို
ပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။

Facebookရဲ့ နောက်ဆုံးထွက်ဗားရှင်း v3.2.1 for android(latest version)


Android ဖုန်း tablet တွေ အတွက်   မေလ (15) ရက်နေ့မှာ အသစ်ထွက်ရှိလာတဲ့    facebook v  3.2 .1ကို  တင်ပေးလိုက်ပါတယ်။

Android ဖုန်းပိုင်ရှင်တွေအတွက် အစုံကြိုက်ရာရွေးသုံးလို့ရမယ့် IM+ Pro v6.5.1 for android(latest version)

Android/tablet သုံးသူများအတွက် မေလ(14)ရက်ထွကပ် IM+Pro v 6.5.1ကိုတင်ပေးလိုက်ပါတယ်။စီးရီးနိမ့်
ဖုန်းတွေ မှာgtalk,mail စသဖြင့်မပါဝင်တဲ့ အတွက် IM+Pro ကဆောင်ထားသင့်တဲ့ ဆော့ဝဲလ် ပါ။im+proက
message နဲ့ပတ်သတ်သမျှ အားလုံးကို တစ်နေရာတည်းမှာ တစုတစည်းဖြစ်အောင် ပြုလုပ်ထားတဲ့(All in one messenger ) ဆော့ဝဲလ် ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ်အား လေယာဉ်တင် သင်္ဘောပေါ်မှ သမိုင်းဝင် ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့သည့် US Navy

မောင်းသူမဲ့လေယာဉ်အား လေယာဉ်တင် သင်္ဘောပေါ်မှ သမိုင်းဝင် ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့သည့် US Navy

အမေရိကန်ရေတပ် အနေဖြင့် လေကြောင်း သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အခက်ခဲဆုံးဟု ဆိုနိုင်သည့် မောင်းသူမဲ့ လေယာဉ်တစ်စီးအား USS George H. W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်မှ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ် (သို့) တရားဝင်အမည် X-47B မောင်းသူမဲ့ လေကြောင်း တိုက်ခိုက်ရေးစနစ် (Unmanned Combat Air System – UCAS) အား လေယာဉ်တင် သင်္ဘောပေါ်မှ အစမ်းပစ်လွှတ်ခြင်းအား ယမန်နေ့ (မေလ ၁၄ ရက်နေ့) တွင် ဗာဂျီးနီးယားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်၌ ဆိုက်ကပ်ထားသည့် USS George H. W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

Northrop Grumman ကုမ္ပဏီထုတ် X-47B မောင်းသူမဲ့လေယာဉ်သည် Chespeake ကမ်းခြေအနီး ၆၅ မိနစ်ကြာ ပျံသန်းပြီးနောက် မေရီလန်းဒ်ပြည်နယ်ရှိ Pautxent ရေတပ်အခြေစိုက်စခန်းရှိ လေယာဉ်ကွင်း၌ အောင်မြင်စွာ သက်ဆင်းနိုင်ခဲ့သည်။

ဤစမ်းသပ်မှုနှင့် ပတ်သက်ပြီး အမေရိကန် ရေတပ်ဦးစီးချုပ် Vice Admiral David Buss က “ယနေ့ တွေ့မြင်ခဲ့ရတာကတော့ ကမ္ဘာပေါ်မှာ စွမ်းရည်အမြင့်ဆုံးနဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစနစ်ဖြစ်တဲ့ နူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောများနဲ့ မောင်းသူမဲ့စနစ်သုံး တိုက်ခိုက်ရေးစနစ်များကို ပေါင်းစပ်နေတဲ့ ကျွန်တော်တို့ အမေရိကန်ရေတပ်ရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။” ဟု ဆိုခဲ့သည်။

အမေရိကန်ရေတပ် အနေဖြင့် မောင်းသူမဲ့ လေယာဉ်များအား စစ်မြေပြင်တွင် အထိရောက်ဆုံး အသုံးချနိုင်ရန်မှာ လေယာဉ်တင် သင်္ဘောများပေါ်တွင် တင်ဆောင်သယ်ယူသွားရန် လိုအပ်ပေသည်။ ထိုသို့ ပြုလုပ်နိုင်ရန်အတွက်မူ အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အနေဖြင့် ပင်လယ်ပြင်၌ ရပ်နားထားသည့် လေယာဉ်တင် သင်္ဘောပေါ်သို့ သက်ဆင်းနိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။

လေယာဉ်တင် သင်္ဘောပေါ်သို့ သက်ဆင်းရသည်မှာ အထက်မြက်ဆုံးသော လေယာဉ်မှူးများ အတွက်ပင် စိတ်ဖိစီးမှု ခံစားရသည့် အချိန်ဟု သိရှိရသည်။

Myanmar Consumer Guide
-------------------------------------------------------------------------
Kyaw Soe Moe likes a photo.

အမေရိကန်ရေတပ် အနေဖြင့် လေကြောင်း သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အခက်ခဲဆုံးဟု ဆိုနိုင်သည့်
 မောင်းသူမဲ့ လေယာဉ်တစ်စီးအား USS George H. W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်မှ အောင်မြင်
စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

နောက်လေးနာရီအကြာမှာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ Cox'bazer ခေါ်ဖလောင်းချိတ် ခရိုင်ကို အရှိန်ပြင်စွာနဲ့ မဟာစင်မုန်းတိုင်း ဝင်ရောက်မယ်ဟုသတင်းထုတ်ပြန်ထား

နောက်လေးနာရီအကြာ ဘင်္ဂလာကို အရှိန်ပြင်စွာနဲ့ မဟာစင်မုန်းတိုင်း ဝင်ရောက်မယ်ဟုကျေညာ
=================================

မေလ(၁၆)ရက်ညသန်ခေါင်ကျော် ဘဂ်လာနာရီ(၁း၅၇)မိနစ်
ယနေ့ (နောက်လေးနာရီဆိုရင်)မိုးသောက်ရောင်နီနဲ့အတူ ဒေါမန်ဟုန်ပြင်းစွာနဲ့ မဟာစင်အမည်ရ မုန်တိုင်းကြီး ဖြတ်သန်းဝင်ရောက်လာတော့မှာ ဖြစ်ပါတယ် ဘင်္ဂလာဒေခ်ျ့ အစိုးရနဲ့ မီဒီယာတွေကတော့ တညလုံးမအိပ်ရဘဲ သတင်းလိုက်သတင်းလွှင့်နဲ့ တခြားလူမှူရေးကူညီသူတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆရာဝန်အဖွဲ့တွေ ကြက်ခြေနီတပ်သားတွေ လူ့အခွင့်အရေးစောင့်ကြည့်သူတွေနဲ့ ပျားပန်းခတ်မျှ ညလုံးပေါက်အလုပ်ရှုပ်နေကြတာတွေ ဘင်္ဂလာရုပ်သံအားလုံးလိုလိုမှာ ပြသနေပါတယ်။ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာတော့ မုန်းတိုင်းကယ်ဆယ်ရေး ခိုနားရာ အဆောက်အဦးတွေမှာ သက်ကြီးသူအို ကလေးတွေနဲ့ ကျမ်းမာရေးချို့ တဲ့သူတွေကို သက်ဆိုင်ရာမှ သွားရောက်ကူညီတင်ပေးနေကြပါတယ်။ ပင်လယ်ထဲမှာတော့ ဘင်္ဂလာနိုင်ငံရဲ့ ရေတပ်သင်္ဘောကြီးတွေ (၂၂)စီး လွှတ်ပီး ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေ အားလုံးကို လိုက်လံကမ်းကပ်ဖို့ သတိပေးနှိုးဆိုနေကြပါတယ်။ တနိုင်ငံလုံး သတိပေးအောင်လံ အနီရောင်တွေ ထောင်ပြီးလော်စပီကာတွေနဲ့ အော်ဟစ်ပြောနေကြပါတယ် ဖလောင်းချိတ်ခရိုင်တခုတည်းမှာ အစိုးရကသီးသန့်ဆောက်ပေးထားတဲ့ ဆိုင်ကလုန်စင်တာ (၁၀၈၆)ခုရှိနေတယ်လို့ ကျေညာသူတွေက နီးစပ်ရာစင်တာတွေကို အမြန်တက်ဖို့ လှုံဆော်နေကြပါတယ် ခရိုင်တခုစီရဲ့ မြို့ နယ်လေးတွေမှာ သူနာပြု အဖွဲ့ တရာနီးပါး ဖွဲ့စည်းစေလွှတ်ထားပြီး အရေးပေါ်ဆေးကုသရေး စခန်းတွေ မြောက်များစွာ ဖွင့်လှစ်ထားကြောင်း ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေနဲ့ ကျေညာနေပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ Cox'bazer ခေါ်ဖလောင်းချိတ် ခရိုင်နဲ့ မဟာစင်ဟာ စုစုပေါင်းကီလိုမီတာ (၅၀၀)နီးနေပြီဖြစ်တဲ့အတွက် ယင်းခရိုင်တခုလုံးကို အရေးပေါ်အနီရောင်အဆင့် (၇)ကနေမကျော်သေးဘူးလို့ဆိုပါတယ် ဇလနဲ့မိုးလေဝါသအရ မုန်းတိုင်းဖြတ်သန်းတဲပအချိန်မှာ တနာရီကို (မိုင်-၁၀၀-ကနေ-၁၁၀)ထိတိုက်ခတ်နိုင်ပြီး ရေကအမြင့်ပေ(၅-ပေကနေ-၇-ပေ)ထိတက်လာနိုင်ပါတယ်လို့ သိရကြောင်း ဖလောင်းချိတ် လေးဝတီသတင်းထောက် ကနေ သတင်းပေးပို့ထားတာကို တင်ပြလိုက်ရပါတယ်။။။။

မေလ(၁၆)ရက်ညသန်ခေါင်ကျော် ဘဂ်လာနာရီ(၁း၅၇)မိနစ် ယနေ့ (နောက်လေးနာရီဆိုရင်)မိုးသောက်
ရောင်နီနဲ့အတူ ဒေါမန်ဟုန်ပြင်းစွာနဲ့ မဟာစင်အမည်ရ မုန်တိုင်းကြီး ဖြတ်သန်းဝင်ရောက်လာတော့မှာ ဖြစ်ပါ
တယ်။

01B MAHASEN မဟာဆန် ဆိုက်ကလုန်းမုန်တိုင်းရဲ့ (မြန်မာစံတော်ချိန် နံနက် (၅း၁၅)နာရီ) သတင်းထုတ်ပြန်ချက်

အားလုံး under control ပါဘဲ။ ခန့်မှန်းထားတဲ့အတို်င်း ဖြစ်နေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဖက်ပိုရောက်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံ မောင်တောဖက်မှာ အများကြီး သက်သာရာ ရပါလိမ့်မယ်။နာက်ဆုံးအခြေအနေတွေကတော့... (၁) အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ (၁၆-၅-၂၀၁၃)ရက နံနက် (၃)နာရီခွဲအချိန်တိုင်းတာချက်များအရ အီန္ဒိယနိုင်ငံ၊ KOLKATA မြို့ရဲ့ အရှေ့တောင်ဖက် မိုင်(၂၂၀)အကွာ ပင်လယ်ပြင်ကိုဗဟိုပြုရောက်ရှိနေပါတယ်။