Pages

Pages - Menu

Thursday, May 16, 2013

မောင်တောမြို့အရှေ့ဘက်ခြမ်းတွင် တောင်ကျရေများကြောင့်မြေပြိုမှုများဖြစ်ပေါ်နေ

မင်းပြား (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်)
မောင်တောမြို့အရှေ့ဘက်ခြမ်းတွင် ရှိသော ကယ်ဆယ်ရေးစခန်းများသို့ ဆက်သွယ်ထားသည့် မော်ဓိကုန်း၊ ရွှေရန်အေးနှင့် ဝေသာလီရွာများသို့ သွားရောက်ရာ ရှောင်ကွင်းလမ်းများမှာ တောင်ကျရေကြောင့် မြေသာ
ပြိုဆင်းမှုများ ဖြစ်နေသဖြင့် ကားနှင့် ဆိုက်ကယ်များ သွားမရတော့ကြောင်း သိရှိရသည်။ မောင်တောမြို့၏ လက်ရှိ ရာသီဥတုအခြေအနေမှာ မိုးပြတ်တောင်း ရွာသွန်းခြင်း၊ နေသာခြင်းများ အလှည့်ကျ ဖြစ်ပေါ်နေပြီး လေတိုက်နှုန်း မပြင်းထန်ကြောင်း မောင်တောမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

Eleven Media Group , Rangonnewsdaily
RND:  :16.5.2013

No comments:

Post a Comment