![]() |
| လေပြင်းတိုက်ခတ်ပြီး မိုးပြင်းထန်စွာရွာသွန်းနေပုံ |
အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ်သည်။ အဆို
ပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။
ဘိုလာ ခရိုင် လာမဟိုနဲ မှ လူတစ်ဦး သစ်ပင်ပြိုလဲရာမှ သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်
ကြေညာသည်။
ပေါတ၀ါခါလီ ခရိုင် တစ်ခုလုံးတွင် အိမ် ၂၀၀ ကျော်ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
အိမ်ပြိုသွားသွားသောကျေးရွာများ
ကာ မောတီ၊ ကေ၀ါ စသည့် ကျေးရွာများမှ ဖြစ်သည်။
ဘိုလာခရိုင် အတွင်းရှိ ကူကရီ မိုကရီ ပေါ်ကျွန်းမှာ ရေအောက် (၅) ပေသို့ ရောက်ရှိသွားပြီဟု ဆိုသည်။
လေပြင်းတိုက်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ပေါတ၀ါခါလီ၊ ဘိုလနှင့် မောင်လ ခရိုင်တို့တွင် လျှပ်
စစ်မီး ပြတ်တောက်သွားပြီဟု သိရသည်။
Narinjara, Rangonnewsdaily
RND: :16.5.2013

No comments:
Post a Comment