Pages
Pages - Menu
Monday, April 29, 2013
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ
သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံရယူခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ESCAP အဖွဲ့ရဲ့ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။
ESCAP အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး၊ နိုင်ငံပေါင်း ၄၀ ကျော်က ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ အာရှနဲ့ ပစိဖိတ်ဒေသ သဘာဝဘေးဒဏ် ကာကွယ်တိုက်ဖျက်ရေး၊ စီးပွားရေးအကြပ်အတည်းနဲ့ စိန်ခေါ်မှု အခက်အခဲကိစ္စတွေကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။
Re-Post By ACM 29-4-2013
အေးချမ်းမွန် Credit & Copy From >RFA Burmese<Thank
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိ
ဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးကို ဒီ
ကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံရယူခဲ့ပါတယ်။
အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ်
အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ် နှစ်အုပ်ကို တင်ပေးလိုက်ပါတယ်။ 
နွေရာ သီကျောင်းတက်နေကြတဲ့ ညီလေး၊ ညီမလေးများ အဆင်ပြေစေဖို့ရန် ရည်စူး မျှဝေပေးလိုက်ပါ တယ်၊ 
ညီလေးညီမလေးများ လူတော်လူမော်များဖြစ်ကြပါစေ ..
Part 1 >> http://bit.ly/YfM9YK 
Part 2 >> http://bit.ly/ZelyXb
အင်္ဂလိပ်သဒ္ဒါ လေ့လာချင်သူများအတွက် ဆရာဦးသိန်းလွင်ရဲ့ အခြေခံ အင်္ဂလိပ်သဒ္ဒါ စာအုပ် နှစ်အုပ်ကို တင်ပေးလိုက်ပါတယ်။ နွေရာ သီကျောင်းတက်နေကြတဲ့ ညီလေး၊ ညီမလေးများ အဆင်ပြေစေဖို့ရန် ရည်စူး မျှဝေပေးလိုက်ပါ တယ်၊
(၇) ကြိမ်မြောက် ဒီမိုကရေစီနှင့် လူမှုအဖွဲ့အစည်း ညီလာခံ မွန်ဂိုးလီးယားနိုင်ငံတွင် ကျင်းပပြုလုပ်
မွန်ဂိုးလီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသော ”(၇) ကြိမ်မြောက် ဒီမိုကရေစီနှင့် လူမှုအဖွဲ့အစည်း ညီလာခံ - 7th Ministerial Meeting of the Community of Democracies” ၏ ခန်းမတစ်ခုအတွင်းတွင် ယခင် မြန်မာနိုင်ငံ
တော်အလံဖြစ်သည့် ကြယ် ၁၄ ပွင့် စပါးနှံနှင့် ပင်နီယံပါ အလံအား အခြားသော နိုင်ငံအလံများနှင့်အတူ
ဖေါ်ပြထားသည်ကို တွေ့ ရှိရသည်။
ယနေ့ညနေ ၆ နာရီ ၃၅ မိနစ်အချိန်က ဗိုလ်တထောင်မြို့နယ် ဗိုလ်ကလေးဈေးလမ်း ဂမုန်းပွင့် ကုန်တိုက်အနီးမှာရှိတဲ့ Sun Flower စားသောက်ဆိုင်မှာမီးလောင်းကျွမ်းမှုဖြစ်ပွား
Photo : RFA/ Nay Myo Htu
ဒီကနေ့ညနေ ၆ နာရီ ၃၅ မိနစ်အချိန်က ဗိုလ်တထောင်မြို့နယ် ဗိုလ်ကလေးဈေးလမ်း ဂမုန်းပွင့် ကုန်တိုက်
အနီးမှာရှိတဲ့ Sun Flower စားသောက်ဆိုင်မှာမီးလောင်းကျွမ်းမှုဖြစ်ပွား ခဲ့ပါတယ်။
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၅ လပြည့်အနေနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ဆန္ဒပြ
Photo : RFA/ Nay Myo Htun
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၅ လပြည့်အနေနဲ့ ရန်ကုန်မြို့ မြို့တော်ခန်း
မရှေ့မှာ ဒီကနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
တရားမ၀င်ကုန်သွယ်ရေးအဖွဲ့ (Mobile Team)ဖွဲ့စည်းပြီးသော်လည်း တရုတ်မှ တရားမ၀င်ဆိုင်ကယ်တင်သွင်းမှု များပြားနေဆဲ
Monday, April 29, 2013
တရားမ၀င်ကုန်သွယ်ရေးအဖွဲ့ (Mobile Team)ဖွဲ့စည်းပြီးသော်လည်း တရုတ်ပြည်မှ တရားမ၀င် တင်သွင်းနေသည့် လိုင်စင်မဲ့ဆိုင်ကယ်များမှာ မြန်မာနိုင်ငံတွင်း၌ ရောင်းဝယ်ဖောက်ကားလျက်ပင် ရှိနေဆဲဖြစ်သည်။ ထိုကဲ့သို့ ဆိုင်ကယ်များအားတရားမ၀င်တင်သွင်းရာ၌ လူတစ်ဦးလျှင် ဆိုင်ကယ် တစ်စီးနှုန်းဖြင့် တရုတ်ပြည်နယ်စပ်မှ မြန်မာနိုင်ငံအတွင်းသို့ မောင်းနှင်လာခြင်းဖြစ်သည်ဟု ဆိုင်ကယ်ကယ်ရီသမားများထံက သိရသည်။ ထိုကဲ့သို့ ဆိုင်ကယ်တရားမ၀င်ခိုးသွင်းရာတွင် အခြားကုန်ပစ္စည်းများအား တင်ဆောင်မှုများလည်း ရှိနေဆဲဖြစ်သည်။
ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူးမှ ထုတ်ပယ်
Monday, April 29, 2013
အရက်မူးနေသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်သုံးဦးက ရိုက်နှက် စစ်ဆေး ရာမှသေဆုံးခဲ့သည်နှင့် ကိစ္စနင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး စိုးသန်းက The Voice သို့ ပြောကြားသည်။
ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီအရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှ ကောက်နှုတ်ချက်
လူပေါင်း ၂ဝဝနီးပါး သေဆုံးခဲ့ရပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ တင်းမာမှုများ ရှိနေဆဲ နှစ်ဖက်အုပ်စုကြား ပဋိပက္ခအဆင့်ထိ တိုးမြှင့်မလာစေဖို့အတွက် လုံခြုံရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ထားဖို့နဲ့ အဓိကရုဏ်းကိုင်တွယ်ရေးကို စနစ်တကျပြင်ဆင်ထားရေး၊ မြန်မာနိုင်ငံမှာ နေထိုင်ကြသူတိုင်းကို ဥပဒေချိုးဖောက်သူ မည်သူမဆို တိတိကျကျ အရေးယူဖို့ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာက တိုက်တွန်းထားပါတယ်။
ရန်ကုန် ပြည်သူ့  အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး ကို ရဲ တပ်ဖွဲ့  က ဖမ်းဆီး
ရန်ကုန် ပြည်သူ့  အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး ကို ရဲ တပ်ဖွဲ့  က
ဖမ်းဆီး 
လက်ပံတန်းတောင် ဒေသရှိ တရုတ် ၀မ်ပေါင် ကြေးနီမိုင်း ကြောင် လယ်ယာ
မြေသိမ်း ဆည်း ခံရ ပြီး ၊ အလုပ် လက်မဲ့ ဖြစ် ရသည့် ဒေသခံ များ ကို ကူညီ
နေသည့် ရန်ကုန် ပြည်သူ့  အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး အား ရဲံတပ် ဖွဲ့  မှ ဖမ်းဆီး စစ်မေး နေသည် ဟု သတင်း ရရှိသည်။
ပုံ တွင် တွေ့ ရသည် မှာ ကိုအောင်စိုး အား ဒီဇင်ဘာ လ အတွင်း က ရန်ကုန် မြို့  တွင် ရဲ တပ် ဖွဲ့  က ဖမ်းဆီး နေ စဉ် ရိုက် ကူးထား သည့် ဓာတ် ပုံ ဖြစ်သည်။
http://on.fb.me/12HQja2
လက်ပံတန်းတောင် ဒေသရှိ တရုတ် ၀မ်ပေါင် ကြေးနီမိုင်း ကြောင် လယ်ယာမြေသိမ်းဆည်းခံရ ပြီး ၊ အလုပ်
လက်မဲ့ ဖြစ်ရသည့် ဒေသခံ များကိုကူညီနေသည့်ရန်ကုန် ပြည်သူအကျိုးဆောင်ကွန်ယက်မှကိုအောင်စိုး
အားရဲံတပ်ဖွဲ မှဖမ်းဆီး စစ်မေး နေသည် ဟု သတင်း ရရှိသည်။
MEC က ထုတ်တဲ့ CDMA 800 က တာဝါတိုင်ရဲ့ ၄ မိုင်ပတ်လည်၊ MPT GSM က တာဝါတိုင်ရဲ့ ၁၀ မိုင်ပတ်လည်၊ CDMA ၄၅၀ က ၂၀ မိုင် ပတ်လည် တွင် အသုံးပြုနိုင်
Monday, April 29, 2013
လက်ရှိ ရောင်းချပေးနေတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ကထုတ်တဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ၁၅၀၀ တန် ဖုန်းတွေဟာ တာဝါတိုင်စိုက်ထူထားရာ ဧရိယာရဲ့ ၄ မိုင်ပတ်လည်လောက်မှာပဲ အသုံးပြုနိုင်တယ်လို့ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်သူတစ်ယောက် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် အင်တာနက် ဂျာနယ်မှာ ဖော်ပြထားပါတယ်။
လမ်းမပေါ်တွင် ကပြဖျော်ဖြေခဲ့သည့် ဂျက်စတင်ဘီဘာ
လမ်းမပေါ်တွင် ကပြဖျော်ဖြေခဲ့သည့် ဂျက်စတင်ဘီဘာ
Monday,April 29 , 2013
ဆွီဒင်သို့ ရောက်ရှိနေချိန်တွင် ကနေဒါ ဆယ်ကျော်သက် Popဂီတစတား အဆိုတော်လေးသည် သူငယ်ချင်း တစ်ဦးနှင့်အတူ တွဲကာ ပရိသတ်များရှေ့တွင် ကပြခဲ့ခြင်း ဖြစ်သည်။
Posted on Apr 29 13 - 12:50 PM | Hits : 17
လမ်းမပေါ်တွင် ကပြဖျော်ဖြေခဲ့သည့် ဂျက်စတင်ဘီဘာ
ဂျက်စတင်ဘီဘာတစ်ယောက် လမ်းမပေါ်တွင်ပင် ကပြဖျော်ဖြေခဲ့သည့်အတွက် ပရိသတ်များ အံ့ဩခဲ့ကြကြောင်း သိရှိရသည်။ ဆွီဒင်သို့ ရောက်ရှိနေချိန်တွင် ကနေဒါ ဆယ်ကျော်သက် Popဂီတစတား အဆိုတော်လေးသည် သူငယ်ချင်း တစ်ဦးနှင့်အတူ တွဲကာ ပရိသတ်များရှေ့တွင် ကပြခဲ့ခြင်း ဖြစ်သည်။ အနီရောင်တောက်တောက် အထက်အောက် ဆက်ထားသည့် ခေါင်းစွပ် ဝတ်စုံရှည်ကြီးကို ဝတ်ထားသည့် ဘီဘာသည် ဟိုတယ်မှ ရယ်ရယ်မောမော ထွက်လာပြီးနောက် ပရိသတ်များရှေ့တွင် ရုတ်တရက် ကပြခဲ့ခြင်း ဖြစ်သည်။ ဘီဘာရော သူငယ်ချင်း ဖြစ်သူပါ Onesieခေါ် အထက်အောက် ဆက်လျှက်သား ဝတ်စုံများကို ဝတ်ထားကြသည်။
စတော့ခ်ဟုမ်းတွင် ဟိုတယ်မှ ထွက်ခွာကာ Tourဘတ်စ်ပေါ် အတက်တွင် ယင်းကဲ့သို့ ဘီဘာတို့က ကပြခဲ့ခြင်း ဖြစ်သည်။ ဘီဘာသည် ထိုအချိန်တွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အရ စတော့ခ်ဟုမ်းတွင် နောက်ဆုံးပွဲစဉ်တစ်ခု ဖျော်ဖြေရန် သွားရောက်ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ ဘီဘာသည် ပရိသတ်များကို နှုတ်ဆက်ကာ ကသောကမျော ထွက်ခွာသွားခဲ့သည်။ ဘီဘာသည် ဖျော်ဖြေပွဲ အပြီးတွင် ညပိုင်း၌ စတော့ခ်ဟုမ်းရှိ ကလပ်တစ်ခုသို့ သွားရောက်ခဲ့သေးပြီး ယင်းနေရာမှ အပြန်တွင် ပရိသတ်များ မနှောင့်ယှက်နိုင်အောင် ကိုယ်ရံတော်များက ကာကွယ်ပေးခဲ့ရသေးသည်။
Source: TheSun
planet.com.mm
Monday,April 29 , 2013
ဆွီဒင်သို့ ရောက်ရှိနေချိန်တွင် ကနေဒါ ဆယ်ကျော်သက် Popဂီတစတား အဆိုတော်လေးသည် သူငယ်ချင်း တစ်ဦးနှင့်အတူ တွဲကာ ပရိသတ်များရှေ့တွင် ကပြခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ
မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ
မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည်များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား အလုပ်သမားများသည် ကေဆုန် ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။
ကေဆုန် ပူးတွဲစက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းခဲ့မှု အပေါ် ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ်ခဲ့ ပြီးနောက် တောင်ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ၏ အစောပိုင်းက ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အလုပ်သမား ၁၁ ဦးခန့်သည် ကေဆုန် စက်မှုဇုန်မှ ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင် စတင် ထွက်ခွာ ခဲ့ပြီး ယင်းနေ့ နှောင်းပိုင်းတွင်လည်း အလုပ်သမား ၁၁၆ ဦး ထပ်မံ ထွက်ခွာခဲ့ကြောင်း သိရသည်။
ကေဆုန် စက်မှုဇုန်တွင် ဧပြီ ၂၆ ရက်က တောင်ကိုရီးယား အလုပ်သမား ၁၇၅ ဦးခန့် ရှိနေပြီး ဧပြီ ၂၇ ရက်တွင် အလုပ်သမား ၁၂၇ ဦး စတင် ထွက်ခွာခဲ့ပြီးနောက် ကျန်ရှိနေသော အလုပ်သမား များသည် ဧပြီ ၂၉ ရက်တွင် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံတောင်ပိုင်းရှိ ပြုံဂန်ပြည်နယ် နမ်ဖိုမြို့ အနီးတွင် လေ ယာဉ်နှင့် အမြောက်တပ်ဖွဲ့များ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း ထောက် လှမ်းရေး သတင်း အချက် အလက်များ အရ သိရကြောင်း တောင်ကိုရီးယား အစိုးရ ဘက်မှ အရာရှိ တစ်ဦးက ပြော ကြားခဲ့ကြောင်း သိရသည်။
http://bit.ly/13FkgYp
Re-Post By ACM 28-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ<Thank
မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည်များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင်ရန်စီစဉ်နေစဉ်အတွင်း တောင်ကိုရီး
ယား အလုပ်သမားများသည် ကေဆုန် ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း တောင်ကိုရီး
ယား အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဖုန်းများ Outbound ယူဆောင် အသုံးပြုနိုင်ရန် မှတ်ပုံတင်ရမည်
Monday, April 29, 2013
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဖုန်းများ Outbound ယူဆောင် အသုံးပြုနိုင်ရန် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးချက်များတွင် ဖော်ပြထားချက်အရ သိရှိရခြင်းဖြစ်သည်။ Roaming ကိစ္စနှင့် ပတ်သက်၍ အာဆီယံ (၁၀) နိုင်ငံအပြင် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်တို့ဖြင့် Bilateral Roaming Agreement ချုပ်ဆိုပြီး GSM နှင့် WCDMA ဖုန်းများကို ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်၍ Inbound အသုံးပြုနိုင်ကြောင်း သိရသည်။
၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ
၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ
Monday, April 29, 2013 
ပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ 
ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။
ဖြိုးအောင်
HotNewsWeekly
Monday, April 29, 2013
ပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည်ရန်ကုန်မြို့ ပြင်ပမြို့နယ်
အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်
ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်
ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။
ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ် (သတင်းအပြည့်အစုံ)
ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်
Monday, 29 April 2013 05:17
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှ စစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။
''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။ ရေနံတင်သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြစ်ကြောင်း အတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။
Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
Monday, 29 April 2013
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိပြီ
ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ 
Monday,April 29 , 2013
ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇  ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။
စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါပြီ။
တချိန်တည်းမှာပဲ အဆောက်အဦး ပြိုကျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း   ကို ဖြတ်ဖို့ကြိုးစားနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
VOA
Monday,April 29 , 2013
ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်က
ို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။အိန္ဒိယနိုင်ငံနယ်စပ်နားမှာ Sohel Rana
ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့
ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။
ဗဟန်းမြို့နယ် ရွှေဂုံတိုင်တာဝါအနီး ယနေ့နံနက်ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား
Photo: ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီး ရွှေဂုံတိုင်တာဝါ အနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီခွဲ ခန့်မှစ၍  မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်လက် မီးငြိမ်းသတ်ဆဲဖြစ်ကာ မီးလောင်ကျွမ်းမှု အကြောင်းအရင်းကိုမူ မသိရသေးပေ။
ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီး ရွှေဂုံတိုင်တာဝါ အနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီခွဲ ခန့်မှစ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်လက် မီးငြိမ်းသတ်ဆဲဖြစ်ကာ မီးလောင်ကျွမ်းမှု အကြောင်းအရင်းကိုမူ မသိရသေးပေ။
ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ (စာအုပ်အမြည်း)
`ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင် အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ်သုံး စွဲလာသောရခိုင်ဘုရင့်တပ်မတော်မှသူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏အမည်နာမတစ်ခုသာဖြစ်သည်။
ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)
ဆရာကြီး၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ
ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါ
က်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်
မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။
မက္ကာနှင့် မဒီနာကြား ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက် ပြီးစီးနေမှု အခြေအနေ
Haramain rail project
ဆော်ဒီအာရေဗျနိုင်ငံ ဟာရာမိန်း(Haramain) ရထားလမ်းဖောက်လုပ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဘူ
တာရုံ တည်ဆောက်မှုမှာ ဂျစ်ဒါမြို့တွင် ၂၇ ရာခိုင်နှုန်းကျော်နှင့် မက္ကာမြို့တွင် ၁၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ထိုရထားလမ်းတည်ဆောက်ရေးလုပ်ငန်းမှာ အချိန်မီ ပြီးစီးလိမ့်မည်ဟု ဆော်ဒီရထား ပို့ဆောင်ရေး အဖွဲ့၏ အကြီးအကဲဖြစ်သူမိုဟာမက်အလ်-ဆူဝေကတ် ( Muhammad Al-Suwaiket) က ဆိုသည်။ ဘူတာရုံများ တည်
ဆောက်မှုပြီးစီးသွားလျှင် ရထားလမ်းဖောက်လုပ်မှု၏ ဒုတိယအဆင့်ကို စတင်ဆောင်ရွက်နိုင်လိမ့်မည်ဟု
လည်း သူက ပြောကြားသည်။
မက္ကာ၊ မဒီနာ၊ ဂျစ်ဒါနှင့် အနောက်ဘက် ကမ်းရိုးတမ်း ရာဘစ်(Rabigh)ရှိ ဘုရင်အဗ်ဒွလ္လာဟ် စီးပွားရေးမြို
တော်တို့တွင် ဘူတာရုံများတည်ဆောက်ခြင်းမှာ ရထားလမ်းဆောက်လုပ်မှု ပထမအဆင့်၏ ဒုတိယနှင့်၊ အ
ပြီးသတ် ဆောင်ရွက်မှုဖြစ်လေသည်။
ထိုရထားလမ်းဖောက်လုပ်မှု၏ဒုတိယနှင့် နောက်ဆုံးအဆင့်များတွင်ရထားလမ်းပိုင်းများတည်ဆောက်ခြင်း
၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ခြင်း၊ ရထားလမ်းပိုင်းဆိုင်ရာ လျှပ်စစ် ဓာတ်အားပေး
စနစ်များ တည်ဆောက်ခြင်းနှင့်၊ ခရီးသည်များအတွက် ကြိုပို့ယာဉ် ၃၅ စီး စီစဉ်ပေးခြင်းတို့ ပါဝင်မည်ဖြစ်
သည်။ အဆိုပါ ရထားလမ်းဖောက်လုပ်မှု လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
1366999946765328900
ဂျစ်ဒါမြို့မှ ဘူတာရုံတည်ဆောက်နေမှုမြင်ကွင်း
မက္ကာ-မဒီနာလမ်းပိုင်းကိုစစ်ဆေးခဲ့သောအလ်-ဆူဝေကတ် ကဟာရာမိန်းမြန်နှုန်းမြင့်ရထားလမ်းမှာဆော်
ဒီဘုရင့်နိုင်ငံ ရထားလမ်းတိုးချဲ့ဆောင်ရွက်မှု၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်ဟု အင်္ဂါနေ့
က ပြောကြားခဲ့သည်။ ရာဘစ် ရှိ ဘုရင်အဗ်ဒွလ္လာဟ် စီးပွားရေးမြို့တော်အပါအ၀င် မက္ကာ နှင့် မဒီနာကို ဆက်
သွယ်ထားသည့် အဆိုပါလျှပ်စစ်ရထားလမ်းမှာ ကီလိုမီတာ ၄၅၀ ရှည်လျားမည်ဖြစ်သည်။
ထိုရထားလမ်းမှာ မြင့်မြတ်သော မြို့နှစ်မြို့သို့ ဘုရားဖူးလာရောက်ကြမည့် သန်းပေါင်းများစွာသော ဘုရားဖူး
ဧည့်သည်များအတွက် လျင်မြန်၍ စိတ်ချရသော ခရီးသည်ပို့ဆောင်ရေးဖြစ်လာမည်ဖြစ်ပြီး မက္ကာနှင့် မဒီနာ မြို့နှစ်မြို့ကို ထိန်းသိမ်းရသော ဘုရင်အဗ်ဒွလ္လာဟ်၏ အပြည့်အ၀ ထောက်ပံ့မှုဖြင့် တည်ဆောက်ခြင်းဖြစ်
သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အလ်-ဆူဝေကတ်မှာ မဒီနာမြို့အ၀င် အရေးကြီးသော နေရာတစ်ခုအပါအ၀င် ရထားလမ်းဖောက်လုပ်ရာ
လမ်းတစ်လျှောက် ဆောက်လုပ်လျက်ရှိသည့် တံတားများကိုလည်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများလျင်လျင်မြန်
မြန်ဆောင်ရွက်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးညွှန်ကြားခဲ့သည်ဟု ဆော်ဒီရထား ပို့ဆောင်ရေး ပြော
ရေးဆိုခွင့်ရှိသူ မိုဟာမက် အဘူဇာအစ်(Muhammad Abuzaid) က ပြောကြားခဲ့သည်။
Arab News , M-Media, Rangonnewsdaily
RND:  :28.4.2013