Pages

Pages - Menu

Monday, April 29, 2013

မက္ကာနှင့် မဒီနာကြား ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက် ပြီးစီးနေမှု အခြေအနေ

Haramain rail project

ဆော်ဒီအာရေဗျနိုင်ငံ ဟာရာမိန်း(Haramain) ရထားလမ်းဖောက်လုပ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဘူ
တာရုံ တည်ဆောက်မှုမှာ ဂျစ်ဒါမြို့တွင် ၂၇ ရာခိုင်နှုန်းကျော်နှင့် မက္ကာမြို့တွင် ၁၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ထိုရထားလမ်းတည်ဆောက်ရေးလုပ်ငန်းမှာ အချိန်မီ ပြီးစီးလိမ့်မည်ဟု ဆော်ဒီရထား ပို့ဆောင်ရေး အဖွဲ့၏ အကြီးအကဲဖြစ်သူမိုဟာမက်အလ်-ဆူဝေကတ် ( Muhammad Al-Suwaiket) က ဆိုသည်။ ဘူတာရုံများ တည်
ဆောက်မှုပြီးစီးသွားလျှင် ရထားလမ်းဖောက်လုပ်မှု၏ ဒုတိယအဆင့်ကို စတင်ဆောင်ရွက်နိုင်လိမ့်မည်ဟု
လည်း သူက ပြောကြားသည်။

မက္ကာ၊ မဒီနာ၊ ဂျစ်ဒါနှင့် အနောက်ဘက် ကမ်းရိုးတမ်း ရာဘစ်(Rabigh)ရှိ ဘုရင်အဗ်ဒွလ္လာဟ် စီးပွားရေးမြို
တော်တို့တွင် ဘူတာရုံများတည်ဆောက်ခြင်းမှာ ရထားလမ်းဆောက်လုပ်မှု ပထမအဆင့်၏ ဒုတိယနှင့်၊ အ
ပြီးသတ် ဆောင်ရွက်မှုဖြစ်လေသည်။

ထိုရထားလမ်းဖောက်လုပ်မှု၏ဒုတိယနှင့် နောက်ဆုံးအဆင့်များတွင်ရထားလမ်းပိုင်းများတည်ဆောက်ခြင်း
၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ခြင်း၊ ရထားလမ်းပိုင်းဆိုင်ရာ လျှပ်စစ် ဓာတ်အားပေး
စနစ်များ တည်ဆောက်ခြင်းနှင့်၊ ခရီးသည်များအတွက် ကြိုပို့ယာဉ် ၃၅ စီး စီစဉ်ပေးခြင်းတို့ ပါဝင်မည်ဖြစ်
သည်။ အဆိုပါ ရထားလမ်းဖောက်လုပ်မှု လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
1366999946765328900
ဂျစ်ဒါမြို့မှ ဘူတာရုံတည်ဆောက်နေမှုမြင်ကွင်း

မက္ကာ-မဒီနာလမ်းပိုင်းကိုစစ်ဆေးခဲ့သောအလ်-ဆူဝေကတ် ကဟာရာမိန်းမြန်နှုန်းမြင့်ရထားလမ်းမှာဆော်
ဒီဘုရင့်နိုင်ငံ ရထားလမ်းတိုးချဲ့ဆောင်ရွက်မှု၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်ဟု အင်္ဂါနေ့
က ပြောကြားခဲ့သည်။ ရာဘစ် ရှိ ဘုရင်အဗ်ဒွလ္လာဟ် စီးပွားရေးမြို့တော်အပါအ၀င် မက္ကာ နှင့် မဒီနာကို ဆက်
သွယ်ထားသည့် အဆိုပါလျှပ်စစ်ရထားလမ်းမှာ ကီလိုမီတာ ၄၅၀ ရှည်လျားမည်ဖြစ်သည်။

ထိုရထားလမ်းမှာ မြင့်မြတ်သော မြို့နှစ်မြို့သို့ ဘုရားဖူးလာရောက်ကြမည့် သန်းပေါင်းများစွာသော ဘုရားဖူး
ဧည့်သည်များအတွက် လျင်မြန်၍ စိတ်ချရသော ခရီးသည်ပို့ဆောင်ရေးဖြစ်လာမည်ဖြစ်ပြီး မက္ကာနှင့် မဒီနာ မြို့နှစ်မြို့ကို ထိန်းသိမ်းရသော ဘုရင်အဗ်ဒွလ္လာဟ်၏ အပြည့်အ၀ ထောက်ပံ့မှုဖြင့် တည်ဆောက်ခြင်းဖြစ်
သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အလ်-ဆူဝေကတ်မှာ မဒီနာမြို့အ၀င် အရေးကြီးသော နေရာတစ်ခုအပါအ၀င် ရထားလမ်းဖောက်လုပ်ရာ
လမ်းတစ်လျှောက် ဆောက်လုပ်လျက်ရှိသည့် တံတားများကိုလည်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများလျင်လျင်မြန်
မြန်ဆောင်ရွက်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးညွှန်ကြားခဲ့သည်ဟု ဆော်ဒီရထား ပို့ဆောင်ရေး ပြော
ရေးဆိုခွင့်ရှိသူ မိုဟာမက် အဘူဇာအစ်(Muhammad Abuzaid) က ပြောကြားခဲ့သည်။

Arab News , M-Media, Rangonnewsdaily
RND:  :28.4.2013




No comments:

Post a Comment