Pages

Pages - Menu

Wednesday, March 13, 2013

၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ကျင်းပပြုလုပ်

၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ပွဲတွင် ကမ္ဘာမကျေဘူးသီချင်းကို သံပြိုင်သီဆိုနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်က
ိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ပွဲတွင် ကမ္ဘာမကျေဘူးသီချင်းကို သံပြိုင်သီဆိုနေစဉ်
၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်ကိုဖုန်းမော်၊ကိုစိုးနိုင်ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ
ခမ်းနားကို ယနေ့မတ်လ ၁၃ရက်နေ့တွင်ကျင်းကပပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေး

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။ 

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက်ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးက 
ဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။

PN 051

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။

KIA ထိန်းချုပ်နယ်မြေအတွင်းတရုတ်နို င်ငံသား များအား ရွှေလုပ် ကွက်များချထားပေးနေ

KIA ထိန်းချုပ်နယ်မြေအတွင်းတရုတ်နိုင်ငံသား များအား ရွှေလုပ် ကွက်များချထားပေးနေ

မတ် ၁၃ ရက်၊၂၀၁၃

KIA တပ်ဖွဲ့များအနေနဲ့ ငွေကြေးရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ရှာဖွေလျက်ရှိရာမှာ တရုတ်နိုင်ငံသား အချို့ ကို မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းပြီး ရွှေလုပ်ကွက်များချပေး နေကြောင်းသိရှိရပါသည်။ ကချင်ပြည်နယ်အတွင်း KIA ကြီးစိုးထားတဲ့နေရာများမှ ရှိနေသည့် လုပ်ငန်းများတွင် တရုတ်နိုင်ငံသားများကို လုပ်ကိုင်ခွင့်ပေးနေကြောင်း အဲဒီ လုပ်ငန်းများထဲမှာ ဂျာဝမ်ရွှေမှော်နှင့် လော့ဒ်ဂျာရွှေမှော်တို့လဲပါဝင်ကြောင်း ဒီလုပ်ငန်းများလုပ်ကိုင်ဖို့ တရုတ်နိုင်ငံသား များဆီက ငွေကြေးများ တောင်းခံထားပြီးဖြစ်သည်ဟု ရွှေမှော်အတွင်း မှ ရွှေလုပ်သားတစ်ဦးမှ ပြောကြားခဲ့ပါသည်။

တရုတ်များအနေနဲ့ ဗဟိုဌာနချုပ်မှာ(၁)နှစ်စာလုပ်ကိုင်ခွင့် ငွေကြေးပေးထားပြီးဖြစ်သော်လည်း KIA တပ်မဟာ(၂) က စီးပွားရေးတာဝန်ခံ မရစ်လဂျန်ဇော်ဂျာနဲ့အဖွဲ့မှ မတ်လ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံသားမှ ဆီကနေလူတစ်ဦး ၅ သိန်း နှုန်းပေးရမည်ဟု ထပ်မံတောင်းခဲ့ပါသည်။ လောလောဆယ်တော့ လူ(၁၀) ယောက် အတွက် သိန်း(၅၀)သာ ပေးနိုင်ခဲ့ပြီးကျန်တဲ့လူ(၂၀)အတွက် ထပ်မံပေးပို့သွားဖို့ ညှိနှိုင်းခဲ့သည်ဟု သိရပါသည်။ စီးပွားရေးတာဝန်ခံ မရစ်လဂျန် ဇော်ဂျာကတော့ သတ်မှတ်ရက်အတွင်း ဒီငွေများ လာရောက်မပေးခဲ့ဖူးဆိုရင် တရုတ်များလုံခြုံရေးကို တာဝန်မယူ နိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံ တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

Kachin Daily News

မတ် ၁၃ ရက်၊၂၀၁၃

KIA တပ်ဖွဲ့များအနေနဲ့ ငွေကြေးရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ရှာဖွေလျက်ရှိရာမှာ တရုတ်နိုင်ငံသား အချို့ ကို မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းပြီး ရွှေလုပ်ကွက်များချပေး နေကြောင်းသိရှိရပါသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ရန်ကုန်တွင်ပြုလုပ် (လက်ပန်တောင်းတောင် အရေး ယနေ့ဆန္ဒပြပွဲမြင့်ကွင်းများ)

Photo

ကော့မှူးမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောလက်ပံ
တာင်းတာင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်-အင်းစိန်လမ်မပေါ်တွင် ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိသည်။

မှတ်ပုံတင်မရှိသဖြင့် နာဂတို့ အသံပျောက်

ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ် 
မှတ်ပုံတင်မရှိသဖြင့် နာဂတိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် လူဦးရေ ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့နေရသည်ဟု ရန်ကုန် နာဂကျောင်းသားလူငယ် အဖွဲ့ချူပ် (ဥက္ကဌ) ဦးနော်အောင်ဆန်းက မတ်လ ၁၁ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

လက်ပံတောင်းတောင် အစီရင်ခံစာအပေါ်“ဆရာမောင်ဝံသရဲ့  ဝေဖန်သုံးသပ်ချက်”

“ဆရာမောင်ဝံသရဲ့  ဝေဖန်သုံးသပ်ချက်”

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေး
တွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူတို့ ရဲ့ 
ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာ
အစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲ
လုပ်ရင်လည်းလုပ်မယ်။ အဲဒါကိုပြုပြင်ပြောင်းလဲပြီး လုပ်ချင်လည်းလုပ်မယ်။
အဲဒီလိုအစဉ်အလာတွေရှိတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားနဲ့ 
စုံစမ်းရေးကော်မရှင်နဲ့ တိုက်ဆိုင်တာလည်း ရှိချင်ရှိမယ်။ မရှိတာလည်း
ရှိချင်ရှိမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒေသခံပြည်သူရဲ့ သဘောထားက
အဓိကကျမယ်လို့ မီဒီယာလောသားတစ်ဦးအနေနဲ့ ယူဆပါတယ်။
လူထုလက်မခံရင် ဘယ်အရာမှရေရှည်လုပ်လို့ အဆင်မပြေပါဘူး။ အမြဲတမ်း
အထစ်အငေါ့တွေဖြစ်မှာပါဘဲ။ ပြည်သူလူထုက မကျေမနပ်ဖြစ်နေရင်
ဒါအပေါ်မှာထပ်ပြီးတော့ ဒုတိယအတွေးနဲ့ ထပ်စဉ်းစားသင့်တယ်။ ပြည်သူလူထု
မကျေနပ်တာကို ဇွတ်လုပ်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ 
ယူဆတယ်။ ပြည်သူလူထုကျေနပ်မယ့် လက်ခံမယ့် အခြေအနေမျိုးဖြစ်အောင်
ပထမဆုံးလုပ်ဆောင်ရလိမ့်မယ်လို့ ထင်ပါတယ်။ စုံစမ်းစစ်ဆေးရေး
ကော်မရှင်က ဒီလိုပြောတယ်။ ဒါ့ကြောင့်မို့ ဒီလိုလုပ်တယ်။ မင်းတို့ ထပ်မပြော
ကြနဲ့ တော့။ ဆန္ဒထုတ်ဖော်တာတွေ မလိုချင်တော့ဘူးဆိုရင် တိုင်းပြည်ဟာ
မငြိမ်မသက်မှုတွေဆက်ပြီး ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု
လိုလားတဲ့အခြေအနေကိုဘဲ ဖြစ်စေချင်ပါတယ်။

တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုရင် ဒေသခံမကျေနပ်တာ အပထား၊
လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငါက ရေမြေ့သခင်ဖြစ်တယ်
ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။
တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင်
ဒါဟာ သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန့် ထုတ်တယ်။
“ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်စေကာမူ
ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန့် ထုတ်ပါတယ်။
အဲဒီလို ကမ္ဘာ့ အစဉ်အလာတွေလည်းရှိပါတယ်။ ဒေသခံက အနစ်နာခံရမယ်
ဆိုရင် ဘယ်အတိုင်းအတာထိ အနစ်နာခံရမလဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေ
တောတောင်တွေ အကုန်လုံးဆုံးရှုံးပြီးမှ အနစ်နာခံရမယ်ဆိုရင်လည်း
မဟုတ်သေးဘူး။ တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုတာထက် ဘယ်သူက
အကျိုးစီးပွားရှိမလဲဆိုတာ သေချာဂဃနဏ ပြန်စဉ်းစားသင့်ပါတယ်။

မောင်ဝံသ
(သတင်းစာဆရာ)

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ 
သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေးတွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူ
တို့ ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာအစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေး
ကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲလုပ်ရင်လည်းလုပ်မယ်။ အဲဒါကိုပြုပြင်ပြောင်းလဲပြီး လုပ်ချင်
လည်းလုပ်မယ်။

ရေခပ်ဆင်းသည့် SSPP/SSA တပ်သားအား အစိုးရတပ်ချောင်းပစ် တိုက်ပွဲများဖြစ်ပွား

ရေခပ်ဆင်းသည့် SSPP/SSA တပ်သားအား အစိုးရတပ်ချောင်းပစ် တိုက်ပွဲများဖြစ်ပွား

Wednesday, March 13, 2013 Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းတခုမှ ရေခပ်ဆင်းသည့်  ရဲဘော်အား အစိုးရတပ်ချောင်းပစ်ကာ တပ်စခန်းကိုပါတက်တိုက်သောကြောင့် ယမန်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။

“အစိုးရတပ် တပ်ရင်း ၂၉၁ က တန့်ယန်းမြို့ဘက်ကနေ တောနင်းပြီး ရေခပ်ဆင်းတဲ့ ကျနော်တို့ရဲဘော်ကို ချောင်းပစ်တယ်။ အဲဒီကနေ ကျနော်တို့စခန်းကို မနေ့ ညနေ ၃ ခွဲ ကနေ ညပိုင်းအထိတက်တိုက်လို့ တိုက်ပွဲ ဖြစ် တာ။ ဒီမနက်လဲ တမနက်ခင်းလုံးဘဲ” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မှ (တန့်ယန်း - မိုင်းရှူးလမ်းမပေါ်) မိုင်းကောဝ် မရောက်မီ လွယ်စေး စခန်းရှိ SSPP/SSA တပ်ရင်း ၁၉၂ နှင့် တပ်စခန်းအား မြန်မာအစိုးရတပ် တပ်ရင်း ၂၉၁ (လားရှိုးအခြေစိုက်) က ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ည ၇ နာရီခွဲအထိ တက်တိုက်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ခလရ ၃၃ နှင့်  ခမရ ၃၂၆ တို့ အင်အားထပ်ဖြည့်က နံနက် ၆ ခွဲမှာ ယခုသတင်းရေးချိန်(ယနေ့မွန်းလွဲပိုင်း) အထိ တိုက်ပွဲဖြစ် ပွားကြောင်း ရှေ့တန်းတပ်မှူးက ပြောပါသည်။

“ဒေသခံ လားဟူပြည်သူ့စစ်ကို ခလရ ၂၉၁ က လမ်းပြခိုင်းတယ်။ သေတဲ့အထဲမှာ ကျနော်တို့ ပြည်သူ့စစ်လဲ ပါတယ်။ ၁၀ ယောက်လောက်သေမယ် မနေ့က။ ကျနော်တို့တွေလဲ မလိုက်ချင်ဘူး။ ဒီနေ့တော့ တခြား တပ် တွေထပ်ဖြည့်တယ် တိုက်ပွဲဖြစ်နေတုန်းအခု” - ဟု ဒေသခံလားဟူအကြီးအကဲတဦးက ပြောပါသည်။

“တိုက်ပွဲက ပိုမိုပြင်းထန်လာတဲ့အလားအလာရှိတယ်။ ကျနော်တို့လဲ တပ်ရင်း ၁၉၉ ကို အဲဒီဘက်အင်အား ထပ်ဖြည့်ထားတယ်။ ငြိမ်းချမ်းရေးပျက်ပြားလဲမတတ်နိုင်ဘူးဗျာ သူတို့ကဘဲ ရန်လာရှာတာကိုး” - ဟု အမည် မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးကပြောပါသည်။

ထို့အတူ မတ်ခ်ျ ၁၁ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကျိုင်းလုံး(မ်း) ဒေသဘက် တွင်လည်း  အပစ်ရပ် သျှမ်းပြည်တပ်တော် RCSS/SSA နယ်မြေထဲသို့ အကြောင်းအကြားဘဲ အစိုးရ တပ်မ တော် တောနင်းဝင်ရောက်သောကြောင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရကြောင်း တိုက်ပွဲကြောင့် နှစ်ဦး နှစ် ဘက်သေဆုံးမှုရှိကြောင်း ဒေသခံများကပြောပါသည်။ ၎င်းနှင့်ပတ်သက်၍ RCSS/SSA အရာရှိ တဦးက အစိုးရတပ်ဘက် နှစ်ယောက်သေ တယောက်ဒဏ်ရာရှိကြောင်း ပြောသော်လည်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က တစုံတရာ အတည်ပြု ချက်မပေးပေ။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့နှစ်ဖွဲ့စလုံးသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးအတွက်လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့အစည်းများဖြစ်ကြပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းတခုမှ ရေခပ်ဆင်းသည့် ရဲဘော်အား အစိုးရတပ်ချောင်းပစ်ကာ တပ်စခန်းကိုပါတက်တိုက်သောကြောင့် ယမန်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခဲ့ဟု ဆို

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခဲ့ဟု ဆို

Wednesday, March 13, 2013 Posted by သျှမ်းသံတော်ဆင့်

အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် တောင်ဘက်ရှိ   SSPP / SSA  ၏ လွယ်လန်း တပ်စခန်း အား စစ် ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ် ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောကြားသည် ။

တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောခြင်း ဖြစ်သည် ။

“လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ် တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင်ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့ ။ ကျနော်တို့နဲ့ ၀ နယ်က သံလွင်မြစ်ခြားထားတယ် ဒီနေရာက။ ကျနော်တို့နဲ့ ၀ ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့” ဟု သူက ဆိုသည် ။

အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက်အခြာကျသော နေရာဖြစ် သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ယခုလို ပြော သည် ။

“ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ်ဆုတ်စရာနေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့ တယ်။ အဲဒီတောင်ကို ရသွားရင် ၀နယ်က ပန်ဆန်းတို့ ပန်ယန်းအပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် ၀နယ်ကိုခြိမ်းခြောက်နိုင်ပြီပေါ့ ။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး ” ဟု ဆိုသည် ။

SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေး ကြောင်း စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည် ။

အထက်ပါအင်တာဗျူးအပြီးတွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်းအထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို တိုက်စစ်ဆင်နေသည်မှာ ယနေ့အထိဖြစ်သည်။

RND:  :13.3.2013 
အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် တောင်ဘက်ရှိ SSPP / SSA ၏ လွယ်လန်း တပ်စခန်း အား စစ် ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ် ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောကြားသည် ။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

Published on March 13, 2013 by နန်းမြနဒီ ( DVB )

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ  တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာအုပ်စုအရှေ့ဘက် လွိုင်လင်တောင်က  ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်းအမှတ် ၁၉၂ အခြေစိုက်စခန်းဘက်ကို  ကြိုတင်အကြောင်းမကြားဘဲ ၀င်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ဖြစ်စဉ်က ကျနော်တို့တပ်အခြေချထားတဲ့နေရာကို သူတို့တက်လာတယ်လေ။ ကျနော်တို့ထိန်းချုပ်တဲ့နေရာ၊ တပ်ရှိတဲ့နေရာကိုလာရင် သတင်းပို့ရမယ်ဆိုတဲ့ အချက်အလက်ပေါ် သူတို့ မလိုက်နာလို့ ခဏ ခဏ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ ကျနော်တို့ အင်အား ၁၀၀ လောက်၊ သူတို့ပြောတာတော့ ရိက္ခာပို့တဲ့အတွက် လမ်းကင်းယူတယ်လို့တော့ ပြောတယ်။ နောင်မွန်း ဆိုတဲ့ နေရာသွားမလို့ပါ။ ဒါပေမယ့် နောင်မွန်းသွားတဲ့လမ်းကြောင်းလည်း မဟုတ်ဘူး။ ကားလမ်းနဲ့ဆို ၄-၅ မိုင်လောက် ဝေးတယ်။”

ပစ်ခတ်မှုတွေဟာ မနေ့က ညနေ ၃ နာရီခွဲကနေ ၆ နာရီကျော်ထိ တကြိမ်၊ ဒီနေ့ မနက် ၆ နာရီခွဲကနေ မွန်းလွဲ ၁ နာရီကျော်ထိ ပစ်ခတ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရစာရင်း မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်ရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က လားရှိုးဆက်ဆံရေးရုံးကနေတဆင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးဆီ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် အောင်စိုးက သူတို့တပ်ကို ပြန်ရုပ်ပေးမယ့်အကြောင်းနဲ့ ပစ်ခတ်ဖို့ အမိန့်မပေးခဲ့ကြောင်း၊ အောက်ခြေက သူတို့ဘာသာ လုပ်သွားတာ ဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒါပေမယ့် ဒီနေ့ မွန်းလွဲ ၂ နာရီကျော်ထိတော့ အစိုးရတပ်တွေ မဆုတ်ခွာသေးဘူးလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

အခု ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ  ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ပွဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် ဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်နေရာ လွိုင်လန်းဒေသနဲ့ မနီးမဝေးမှာ ရှိကြောင်း၊ ဒါပေမယ့် တပ်ချင်းတော့ မတူဘူးလို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက်မှာ အပစ်အရပ် သဘောတူခဲ့ပေမယ့် ဌာနေပြည်သူ့စစ်ပြောင်းဖို့ လက်မခံတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရတပ်နဲ့ ၂၀၁၁ ခုနှစ်တွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး ၂၀၁၂ ထဲမှာတော့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့တယ်။

ဒါပေမယ့်လည်း အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးအတွက် ရှမ်းပြည်တပ်မတော် တပ်စခန်းတွေကို နောက်ဆုတ်ခိုင်းတာနဲ့ အကြောင်းမကြားဘဲ နယ်မြေထဲ ၀င်လာတာတွေကြောင့် ထိတွေ့တိုက်ပွဲပေါင်း  အနည်းဆုံး ၈၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြောပါတယ်။

Published on March 13, 2013 by နန်းမြနဒီ ( DVB )

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ တန့်ယန်းမြို့နယ် မိုင်းကောဝ်ကျေးရွာအုပ်စုအရှေ့ဘက် လွိုင်လင်တောင်က ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်းအမှတ် ၁၉၂ အခြေစိုက်စခန်းဘက်ကို ကြိုတင်အကြောင်းမကြားဘဲ ၀င်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ

အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ လင်မယား(၂)ဦးအား အရေးယူ
နေပြည်တော်၊ မတ် ၁၃
၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့် လိုက်ပါ သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိ၍ ကော်ဖီခြံတွင်အလုပ်လုပ်ကိုင်ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၀၅၃၀ အချိန်မှ ၁၈၃၀ အချိန်ထိ ကော်ဖီစေ့(၁၃/၂၁)အိတ် ခူးခဲ့ရကြောင်း၊ အိမ်သို့ပြန်ရောက်သော အခါ တစ်နေ့တာခူးခဲ့သော ကော်ဖီအိတ်တို့အား ၂၀၀၀ အချိန်ထိ ကြိတ်ခွဲရကြောင်း၊ ကြိတ်ခွဲပြီးမှသာ ထမင်းစားခဲ့ရကြောင်း၊ အချိန်ပိုလုပ်အားခမရရှိကြောင်း၊ ၎င်းင်းတို့ ၂ ဦး၏လုပ်အားခ ဘတ် ၉၀၀၀ အား ဘူးပါနှင့်မိုးလွင်တို့မှဖြတ်ယူသွားခဲ့ကြောင်း၊ ထို့သို့ အလုပ်အကိုင်ရှာဖွေပေးမည်ဟု ပြောဆိုစည်းရုံး၍ လုပ်အားခခေါင်းပုံဖြတ်သူ ဘူးပါနှင့် မိုးလွင်(ခ)ကျော်သိန်းတို့ ၂ ဦးအား အရေးယူပေးရန် တိုင်တန်း သဖြင့် ၈-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တာချီလိတ်ရဲစခန်း(ပ)၅၁/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

RND:  :13.3.2013
၎-၁-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့နယ်၊ လှိုင်ဘုံသာရွာနေ အောင်ကျော်မိုးမှ ၎င်းင်းနှင့်မျိုးမင်းသန်းတို့ ၂ ဦးသည် တာချီလိတ်မြို့၊ ၀မ်ကောင်းဈေးရှိ ဒေါ်ခင်ချို၏ အုန်းသီး/ငှက်ပျောသီးအရောင်းဆိုင်တွင် အလုပ်လုပ်နေစဉ် တာချီလိတ်မြို့နယ်၊ မယ်လိပါကော်ရွာ နေသူ မဘူးပါ(၃၇)နှစ်နှင့် မိုးလွင်(ခ)ကျော်သိန်း(၂၉)နှစ်တို့ လင်မယား ၂ ဦး ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်းကော်ဖီခြံတွင် စရိတ်ငြိမ်းတစ်ဦးလျှင် ဘတ် ၄၅၀၀ ရမည်ဟု စည်းရုံးပြောဆိုသဖြင့်

အိန္ဒိယမှ ပင့်ကူလူသား

အိန္ဒိယမှ ပင့်ကူလူသား
Wednesday, March 13, 2013

စူပါလူသားဆိုပြီး နိုင်ငံတကာ တီဗီရုပ်သံတွေမှာ သူ့ရဲ့  စွမ်းဆောင်ရည်တွေ ကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ နံရံပေါ်ကို ဘာ လုံခြုံရေးပစ္စည်းနဲ့ အထောက် အပံ့မှ မပါပဲ တက်နေပါတယ်။ ပေ ၃၀၀ ကျော်အထိတောင် စံချိန်တင် တက်နိုင်ထားပြီး Chitradurga မှာနေထိုင်သူ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက နံရံကုတ်တတ်တာ ဝါသနာထုံပြီး အစဉ် မပျက်လေ့ကျင့် မှု ကြောင့် သာမန် တိုက်တွေပေါ်ကိုတောင် နည်း အမျိုးမျိုး ရှာဖွေလို့ တက်နိုင်ပါတယ်။ အပေါက်၊ အဖုအထစ်များကို အခြေပြု လို့ တက်ခြင်း ဖြစ် ပါတယ်။ ဘော်ဒီဟန်ချက် မပြတ်ပဲ စည်းချက် မှန်မှန် ဆော့ကစား လို့ အပေါ် တတ်နိုင်၊ လှုပ်ရှားနိုင်တဲ့ Rai ကို အာရှတိုက်မှ စူပါလူသား တစ်ဦး အဖြစ် စံချိန် တင်ခဲ့ပါတယ်။
--
Ref: weirdasia
--
ရိုးရာလေး ထူးဆန်းထွေလာ
YoYarLay

RND:  :13.3.2013
စူပါလူသားဆိုပြီး နိုင်ငံတကာ တီဗီရုပ်သံတွေမှာ သူ့ရဲ့  စွမ်းဆောင်ရည်တွေ ကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ နံရံပေါ်ကို ဘာ လုံခြုံရေးပစ္စည်းနဲ့ အထောက် အပံ့မှ မပါပဲ တက်နေပါတယ်။ ပေ ၃၀၀ ကျော်အထိတောင် စံချိန်တင် တက်နိုင်ထားပြီး Chitradurga မှာနေထိုင်သူ ဖြစ်ပါတယ်။

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာလုပ်သားအချို့  လျှော်ကြေးပေး၍ အိမ်ပြန်ရမည်

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာလုပ်သားအချို့  လျှော်ကြေးပေး၍ အိမ်ပြန်ရမည်

March 13, 2013

ဂျော်ဒန် CMJ အထည်ချုပ်စက်ရုံမှ မြန်မာသို့ပြန်မည့် လုပ်သက် ၃ နှစ် မပြည့်သေးသည့် ဆန္ဒပြလုပ်သားတို့ နေထိုင်ခွင့်စရိတ်အဖြစ်တစ်လ လျှင် ၇၂ ကန်ဒေါ်လာ ပေးလျှော်ကြရမည် ဟု ဆန္ဒပြလုပ်သားတို့ ထံမှသိရသည်။

"နေထိုင်ခွင့်စရိတ်လို့ပြောတယ်။ကျမကတော့ ၉ လစာလောက်လျှော်ရမယ်။ မလျှော်နိုင်ပြန်ဆင်းပဲ။"ဟု တစ်လလျှင် ကန် ဒေါ်လာ ၁၅၅ ဖြင့် ထိုစက်ရုံ၌ နှစ်နှစ်ကျော်လုပ်ကိုင်ခဲ့သူ မကြာမီမြန်မာနိုင်ငံသို့ပြန်လာမည့် ဆန္ဒပြ အလုပ်သမ တစ်ဦးက ပြောသည်။

စက်ရုံနှင့် လုပ်ငန်းသဘောတူညီချက်အရ အလုပ်သမားများမှာ ၃နှစ် အနည်းဆုံးလုပ်ကိုင်ရ မည်ဖြစ်ပြီး၊သတ်မှတ် ကာလ အတွင်း လုပ်သားထံမှ တစ်လလျှင် ဖူလုံရေးစရိတ်နှင့် စုငွေစက်ရုံမှဖြတ်တောက်ကြောင်း၊ သတ်မှတ်ကာ လမပြည့် ဘဲပြန် ပါက ထိုငွေများထဲမှ လေယာဉ်စ၇ိတ်နှင့်
နေထိုင်စရိတ်ပြန်လည်နုတ်ယူပြီး ကျန်ငွေသာရရှိမည်ဖြစ်ကာ မကျန်က လုပ်သားမှထပ်စိုက်ပေးလျှော်၇မည်ဟုသိရသည်။

မြန်မာလုပ်သား ၁၃၀၀ကျော်သည် အခြေခံလုပ်ခလစာ တစ်လလျှင်
ဒေါ်လာ ၁၅၅ မှ ၂၀၀ အထိ တိုးမြုင့်ရန်၊ လူမျိုးရေး မခွဲခြားဘဲ တန်းတူ ညီမျှဆက်ဆံရန် ၊မြန်မာတို့၏အစားအသောက်ကို မြန်မာတို့နှင့် ကိုက်ညီမှုရှိအောင် ကျမ်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်ကျွေးရန် စသည့်အချက်တို့ကို ဖေဖော်ဝါရ်ီမ၀င်ဘဲ ၁၄ ရက်ကတည်းပင် လုပ်ငန်းခွင်မ၀င်ဘဲ တောင်းဆိုခြဲ့ခင်းဖြစ်သည်။

ထိုတောင်းဆိုချက်များထဲမှ လခတိုးမြင့်ပေး၇န်ကိစ္စကိုဆောင်ရွက်
ပေးသော်လည်း တောင်းဆိုသည့်အတိုင်း မရခဲ့၍ အချို့ မှာ ဆက်လက် ဆန္ဒပြနေ ဆဲဖြစ်ပြီး၊ တချို့မှာ နေရပ် မြန်မာပြည် သို့ လျှော်ကြေးပေး၍
ယခုအပတ်မှ စတင်ပြန်ကြပြီဖြစ်ပြီး လုပ်သက် သုံးနှစ်၊ လေးနှစ်ကျော် ရှိလုပ်သား ၃၀၀ ခန့်မှာတော့ အလုပ်ပြန်ဆင်းနေ ကြောင်း သိရသည်။

စက်ရုံမှ လစာတိုးမြင့်လိုက်ကြောင်းကို ယခုလ ၈ ရက်က စက်ရုံအလုပ်သမားအဆောင်များတွင် ကြေငြာစာ ကပ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လုပ်သက် တစ်နှစ်ရှိသူမှာ လခတစ်လ ၁၆၄ ကန်ဒေါ်လာ၊လုပ်သက်နှစ်နှစ်မှာ ၁၇၁ ဒေါ်လာ၊လုပ်သက် သုံးနှစ်မှာ ၁၇၉ ကန်ဒေါ်လာ၊လုပ်သက် လေးနှစ် ၁၈၆ ဒေါ်လာ၊လုပ်သက် ငါးနှစ်လျှင် ၁၉၄ ဒေါ်လာအဖြစ် တိုးမြင့်ပေးမည်ဟု ဖော်ပြထားသည်။

"နှစ်အလိုက်တိုးသွားတာတရားဝင်စာချုပ်နဲ့တော့မဟုတ်ဘူး၊နှစ်ကြီးသမား
တွေပဲအလုပ်ပြန်ဆင်းတာများတယ်။"ဟုဆန္ဒလုပ်သား တစ်ဦးက ပြောသည်။
ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများအရေးဖြေရှင်းရန် အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်မှုးအဆင့်ရှိတာဝန် ရှိသူ နှစ်ဦးမှာမကြာမီ လာရောက်
မည်ဆို၍ ဆန္ဒပြလုပ်သားတို့ မှာတွေဆုံဆွေးနွေးခွင့်ရရန်လည်း
စောင့်မျော် နေကြသည်။

ထိုဆန္ဒပြလုပ်သား များထဲမှာ ၆ဦး မှာယခုအပတ်တနင်္လာနေ့တွင် စတင်ပြန်လာပြီဖြစ်ပြီး လုပ်သား ၈၀၀ ခန့်မှာ ဆက်လက် ဆန္ဒပြနေပြီး မကြာမီပြန်လာရန် ပြင်ဆင်နေကြကြောင်းသိရသည်။ 

PN 018
Popular Myanmar News Journal

RND:  :13.3.2013

ဂျော်ဒန် CMJ အထည်ချုပ်စက်ရုံမှ မြန်မာသို့ပြန်မည့် လုပ်သက် ၃ နှစ် မပြည့်သေးသည့် ဆန္ဒပြလုပ်သားတို့ နေထိုင်ခွင့်စရိတ်အဖြစ်တစ်လ လျှင် ၇၂ ကန်ဒေါ်လာ ပေးလျှော်ကြရမည် ဟု ဆန္ဒပြလုပ်သားတို့ ထံမှသိရသည်။

ရွှေလီ တွေ့ ဆုံဆွေးနွေးရေးတွင် အောင်မြင်မှုရခဲ့သော ကချင်ကိုယ်စာလှယ်အဖွဲ့ လိုင်ဇာမြို့သို ယနေ့ပြန်လည်ရောက်ရှိ


RND:  :13.3.2013 
ရွှေလီ တွေ့ ဆုံဆွေးနွေးရေး မှ ပြန်လည်ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့ အား ထောင်ချီသော လိုင်
ဇာ ဒေသခံ ပြည်သူလူထုများ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာအစိုး
ရနှင့် ကချင်ကိုယ်စာလှယ်အဖွဲ့တို့ နှစ်ဘက်သဘောတူမှုများရရှိခဲ့ပါသည်။

မြင်းခြံက ငြိမ်းချမ်းရေးလမ်းလျှောက်သူများ လိုင်ဇာရောက်ရှိ

RND:  :13.3.2013 ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်သူတွေဟာ ဒီနေ့လယ် ၂ နာရီလောက်မှာ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်အနီးက လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူ လူအုပ်စုနှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ယဉ်တန်း ထိပ်တိုက်တွေ့

ဆန္ဒပြရင် ကျွန်မကိုပဲ ပြပါ။ ၀မ်ပေါင်ကုမ္ပဏီကို မပြပါနဲ့။ သူတို့က ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဆန္ဒပြရင်လည်း ဥပဒေနဲ့အညီ လျှောက်ပြီးမှ ဆန္ဒပြကြပါ ဟု ဒေါ်အောင်ဆန်းစုကြည်က လမ်းပေါ်မှာ ၎င်း၏ ကားတန်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သော ဒေသခံများကို ပြောဆိုခဲ့ 

5:30 PM 13-3-2013

RND:  :13.3.2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သော ရွာများသို့ သွားရောက်ရာလမ်းရှိ ပုသိမ်-မုံရွာလမ်းဆုံနှင့် ကျော်ရွာအကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း ၎င်းနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဂျပန်နိုင်ငံ Himiko မြစ်က သင်္ဘောဘတ်စ်

Himiko မြစ်သင်္ဘောဘတ်စ်

Himiko ဆိုတာ ဂျပန်တို့ရဲ့  သမိုင်းထဲက ပထမဆုံး ဘုရင်မ ဖြစ်ပြီး သူ့အမည်နဲ့ မြစ်ကူး သင်္ဘော တစ်စီးကို ဆောက်ပါတယ်။ 

ပုံမှာ မြင်တွေ့ရတဲ့ သင်္ဘော ဖြစ်ပြီး ပုံစံကို ယခုလို ထူးထူးခြားခြား မြင်တွေ့ ရပါတယ်။  Odaiba ကျွန်းကို သွားလာဖို့အတွက် တည်ဆောက်ထားတဲ့ ခရီးသည်တင် သင်္ဘော ဖြစ်ပါတယ်။ 

ပုံစံအားဖြင့်လည်း ထူးခြားပြီး ဂြိုလ်သားယာဉ်တစ်ခုနဲ့ တူတဲ့ ယင်း သင်္ဘောကို Alien ship လို့လည်း နာမည်ပြောင် ပေးထားပါတယ်။ 
--
Ref: wiki
International news for myanmar
--

Himiko ဆိုတာ ဂျပန်တို့ရဲ့  သမိုင်းထဲက ပထမဆုံး ဘုရင်မ ဖြစ်ပြီး သူ့အမည်နဲ့ မြစ်ကူး သင်္ဘော တစ်စီးကို ဆောက်ပါတယ်။

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး
ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ

မတ် ၁၃ ရက်၊၂၀၁၃

သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင်ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
...
ဦးဖေမြင့်က "ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ သုံးလအတွင်း
မာစတာကတ်နဲ့ စီဘီဘဏ် ATM စက်မှာ ငွေထုတ်ယူသူ ၉၀၀၀ ကျော် ရှိတယ်။ အမေရိကန် ဒေါ်လာ ၁၇ သိန်းလောက်ရှိတယ်။ ဒီမှာလာ သုံးကြတယ်ပေါ့။ မြန်မာကျပ်ငွေနဲ့ သိန်းပေါင်း ၁၄၀၀၀ လောက်ရှိတယ်"
ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ငွေပေးချေကတ်စနစ် သုံးဗီဇာနှင့် မာစတာကတ်သည် အမေရိကန် ငွေလွှဲလုပ်ငန်းဖြစ်၍ ဆန်ရှင်မရှိသည့် ကမ္ဘောဇဘဏ် စီဘီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့၏ ATM စက်နှင့် POS စနစ်များတွင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

ဦးဖေမြင့်က "ဒါက သုံးလမှာ တွေ့ရတာဖြစ်တယ်။ နှစ်ကြာလေလေ
ပိုပြီး များလာမှာဖြစ်တယ်။ အခုနောက်ပိုင်း ဆိုင်တွေ၊ ဟိုတယ်တွေမှာ မာစတာကတ်ကိုသုံးလို့ ရလာပြီဖြစ်တယ်" ဟု ယင်းက ဆက်လက်ပြောသည်။

ကတ်စနစ်သည် ငွေကိုင်စရာမလိုခြင်း၊ ငွေကိုအတု၊ အစစ်ခွဲစရာ
မလိုခြင်း၊ပြန်အမ်းစရာမလိုခြင်းစသည့် အားသာချက်များရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Myawady

RND:  :13.3.2013

သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင်ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၂ တိုကျို မော်တော်ဆိုင်ကယ်ပြပွဲမှာ ပြသသွားတဲ့ဂျပန်လျှပ်စစ်ပြိုင်ဆိုင်ကယ် ZecOO

ဂျပန်လျှပ်စစ်ပြိုင်ဆိုင်ကယ် ZecOO

ZecOO Electric E-bike လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ဖြစ်ပြီး ၂၀၁၂ တိုကျို မော်တော်ဆိုင်ကယ်ပြပွဲမှာ ဝင်ရောက်ပြသသွားတဲ့ ဆိုင်ကယ် ဖြစ် ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းကတော့ ခေတ်ရှေ့ ပြေးပါတယ်။ ထူးခြားချက် အနေနဲ့ လောင်စာဆီ လုံးဝမသုံးပဲ လျှပ်စစ်ဘက်ထရီသီးသန့် အသုံးပြုတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ ၆ နာရီး အားသွင်းပြီး မိုင် ရာကျော်မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်အောင် ကာဘွန်ဖိုက်ဘာနဲ့ အလူမီနီယံသားတို့ ပိုမိုအသုံးပြုလို့ တည်ဆောက်ထား ပါတယ်။ classic retro aspects ပုံစံ low-rider (လမ်းသရဲ) ဆိုင်ကယ် ဖြစ် ပါတယ်။

ZecOO မှ ဂျပန်နိုင်ငံမှာ ဖြန့်ချိနေပြီ ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ သောင်း ရှိကြောင်း သိရပါတယ်။
--
Ref: techblog

ColayOnline:Automobile

ZecOO Electric E-bike လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ဖြစ်ပြီး ၂၀၁၂ တိုကျို မော်တော်ဆိုင်ကယ်ပြပွဲမှာ ဝင်ရောက်ပြသသွားတဲ့ ဆိုင်ကယ် ဖြစ် ပါတယ်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်တွင် မြို့အချို့၌ ရေနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိ၍ သတိပေးချက် ထုတ်ပြန်

ဧရာဝတီနှင့် ချင်းတွင်းမြစ်တွင် မြို့အချို့၌ ရေနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိ၍ သတိပေးချက် ထုတ်ပြန်
Wednesday, March 13, 2013

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေသည် မြို့အချို့၌ ရေနည်း သတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိနေသည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဧရာဝတီမြစ်ရေသည် မကွေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် တိုင်းထွာချက်များအရ အဆိုပါမြို့များ၌
ရေနည်းသတိပေးမှတ်ဝန်းကျင်သို့ ရောက်ရှိနေသည်ဟု သိရှိရသည်။ 

၂၀၁၃ ခုနှစ် မတ်လ ၆ ရက်နေ့တွင် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ၄၁၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြစ်ရေသည် ရက်သတ္တပတ်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်း သတိပေးမှတ် ၄၁၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ မတ်လ ၁၀ ရက်နေ့တွင် မကွေးမြို့၌ တိုင်းထွာချက်အရ ၄၀၇ စင်တီမီတာသို့ ရောက်ရှိပြီး လာမည့် မတ်လ ၂၀ ရက်နေ့အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ်အောက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်တွင် မတ်လ ၈ ရက်နေ့ စစ်ကိုင်းမြို့၌ တိုင်းထွာချက်အရ 
၁၈၃ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည်
နောက်ငါးရက်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏
ရေနည်းသတိပေးမှတ် ၁၇၀ စင်တီမီတာအောက်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။ 

ဧရာဝတီမြစ်တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနည်း သတိပေးမှတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်မှာမူ ၂၀၁၃ ခုနှစ်အတွင်း ရေနည်းမည့် အခြေအနေအဖြစ် ဒုတိယအကြိမ် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၆၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် လာမည့် မတ်လကုန်အထိ မုံရွာမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာ
အောက်တွင် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ရေနည်းမည့်အခြေအနေ သတင်းအဖြစ် ထုတ်ပြန်ခဲ့သည်။ ချင်းတွင်းမြစ်၏ ရေနည်းသတိပေး ထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၂၃ ရက်နေ့ကလည်း ထုတ်ပြန်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သော ဧရာဝတီနှင့် ချင်းတွင်းမြစ်များ တွင် ယခုနှစ်များအတွင်း မြစ်ကြောင်းပြောင်းလဲယိုယွင်းမှု၊
သောင်ဖြစ်ထွန်းခြင်းများပြားမှု၊ ရေကြောင်းကြပ်မှု စသည့်အခြေအနေများကို ရင်ဆိုင်လာရပြီး ရေနည်းသတိပေးမှတ်ကို အဆိုပါမြစ်များအတွက် ထုတ်ပြန်ရမှုများလည်း ရှိခဲ့သည်။ ရေကြောင်းကြပ်မှုကို ရေနည်းကာလ အတွင်း နှစ်စဉ်ရင်ဆိုင်လာရသည်။     

ဓာတ်ပုံ - ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား ယခုနှစ် ဖေဖော်ဝါရီလ
ကုန်ပိုင်းက တွေ့ရစဉ်

Eleven Media Group
ဓာတ်ပုံ - ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား ယခုနှစ် ဖေဖော်ဝါရီလ
ကုန်ပိုင်းက တွေ့ရစဉ်
RND:  :13.3.2013
ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့တွင်မစ်ရေသည်မြို့အချို့၌ရနည်းသတိပေးမှတ် ၀န်းကျင်သို့ ရောက်ရှိနေ
သည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။ ၂၀၁၃ ခုနှစ်မတ်လ၆ရက်နေ့မှ၁၀ရက်နေ့အတွင်းဧရာဝတီမြစ်ရေသည် မကွေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင်တိုင်းထွာ
ချက်များအရ အဆိုပါမြို့များ၌ ရေနည်းသတိပေးမှတ်ဝန်းကျင်သို့ ရောက်ရှိနေသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စုံစမ်းရေးကော်မရှင်အဖွဲ့အား လက်ပံတောင်းတောင်ရှိ တုံ သပိတ်စခန်းမှ ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ရန်စီစဉ်

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ဒုံးတောရွာ နှင့် ကံကုန်းရွာရှိ ဒေသခံများနှင့် တွေ့ဆုံပြီးနောက်
မြန်မာဝမ်ပေါင်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း မုံရွာမြို့ရှိ 7Day Newsသတင်းထောက်က သတင်းပေးပို့သည်။

နှစ်ဖက်အစိုးရဆွေးနွေးမှုများရှိ လာသော်လည်း ထိုင်းရွှေ့ပြောင်းလုပ်သားများ အဆင်မပြေသေး

နှစ်ဖက်အစိုးရဆွေးနွေးမှုများရှိလာသော်လည်း ထိုင်းရွှေ့ပြောင်းလုပ်သားများ အဆင်မပြေသေး


အနုတ် ၁၈ ဒီဂရီအောက် အေးသော အအေးခန်းထဲတွင် အလုပ်လုပ်နေရသည်မှာ ခြောက်လခန့်ရှိနေပါပြီ။ အလုပ်
ချိန်သတ်မှတ်ချက် မရှိသဖြင့် အလုပ်ရှိသည့်နေ့များတွင် တစ်နေ့လျှင် ၁၂နာရီခန့် အလုပ်လုပ်ရသည်။
သို့သော် အချိန်ပိုကြေးလည်းမရ။ စက်ရုံအနောက်ဘက်တွင် နေဖို့ပေးထားသည့် အခန်းမှာလည်း ပြတင်းပေါက်မရှိ။ တစ်နေ့လျှင် ထမင်းသုံးနပ်ကျွေးသည်။ သို့သော် စားစရိတ်အတွက် ဘတ် ၆၀၀ ပြန်အနုတ်ခံရသည်ဟု ဘန်ကောက်
မြို့တောင်ဘက် စမုပရာကန်ဒေသရှိ အအေးခန်းစက်ရုံတွင် အလုပ်လုပ်နေသော အသက် ၂၅ နှစ်အရွယ် ပအို့ဝ်တိုင်းရင်းသား ကိုဇော်နီက ရင်ဖွင့်သည်။

ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် လူအများစု မလုပ်ချင်သော ယခုစက်ရုံတွင် သူလုပ်နေရခြင်းဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပိုက်ဆံစုနေပြီဟုလည်း ကိုဇော်နီကဆိုသည်။ ကိုဇော်နီ အလုပ်လုပ်သော စက်ရုံတွင် အလုပ်သမား ၂၆ ယောက် ရှိပြီး ၁၃ ယောက်မှာ ယာယီနိုင်ငံကူးလက်မှတ်မရှိကြသူများ ဖြစ်သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ယာယီနိုင်ငံကူးလက်မှတ်ရှိသူများသာ အလုပ်ရှာရပိုလွယ်လာပြီး အဆင့်ရှိသော ကုမ္ပဏီကြီးများ အနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ရှိသူများကိုသာ လက်ခံကြသည်။ ယာယီနိုင်ငံကူးလက်မှတ် မရှိသောသူများအနေဖြင့် လစာအချိန်ပိုကြေး၊ အခြားဆုငွေ စံချိန်စံညွှန်းမီသည့် အလုပ်မျိုးရရန်ခက်ခဲကြောင်း ဘန်ကောက်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေသော ကိုအောင်စိုးဦးက ပြောသည်။

“ပြောရရင်ခပ်ပဲ့ပဲ့ အလုပ်မျိုးပဲ ရတယ်” ဟု ကိုအောင်စိုးဦးက မချမ်းမြေ့စွာပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစရိတ်မှာ အလုပ်လုပ်ခွင့် ၂ နှစ်စာအတွက် ဘတ် ၃၇၀၀ ၊ ဆေးစစ်ခအတွက် ဘတ် ၆၀၀ ၊ ကျန်းမာရေးအာမခံ (တစ်နှစ်စာ)အတွက် ဘတ် ၁၃၀၀၊ ယာယီနိုင်ငံကူးလက်မှတ်အတွက် ဘတ် ၅၅၀ စုစုပေါင်း ဘတ် ၆၁၀၀ သာရှိသည်။

သို့သော် ပြဿနာမှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ကိုယ်တိုင်သွားရောက်၍မရဘဲ ပွဲစားများနှင့် လုပ်မှသာရရှိကြသည်။

“တစ်ရက်သွားလည်း အလုပ်မဖြစ် နှစ်ရက်သွားလည်း အလုပ်မဖြစ်တော့ အလုပ်သမားတွေက မစဉ်းစားတော့ဘူး။ တစ်ရက်ပျက်ရင် ဘတ် ၃၀၀ နဲ့ ရက်မှန်ကြေးနဲ့ဆို ဘတ် ၈၀၀ လောက် အဖြတ်ခံရတယ်” ဟု ပအို့ဝ်တိုင်းရင်းသားလူငယ်များအဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။

ထို့အပြင် အလုပ်သမားအများစုမှာ အစိုးရက ဖွင့်ထားသော ရုံးများအား မသိကြဘဲ မြန်မာနိုင်ငံမှ ကုမ္ပဏီများ လာရောက်ဖွင့်ထားသော ပွဲစားများရုံးကိုသာ သိရှိကြသည်။

ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ပွဲစားများနှင့်အပ်ပါက ဘတ် ၁၂၀၀၀ မှ ၁၅၀၀၀ ထိ ပေးနေရသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် မရှိသူများအနေဖြင့် တစ်နေ့လျှင် ဘတ် ၃၀၀ အောက်သာရရှိကြပြီး ယာယီနိုင်ငံကူးလက်မှတ်မရှိသဖြင့် ရဲကြေး အပါအ၀င် တစ်လျှင် ဘတ် ၁၅၀၀ ခန့် အဖြတ်ခံရသည်။ ထို့ကြောင့် ယာယီနိုင်ငံကူးလက်မှတ်ရရန် အနည်းဆုံး ခြောက်လခန့် ငွေစုဆောင်းရပြီး အချို့ဆိုလျှင် အတိုးဖြင့် ငွေချေးကာ လုပ်နေရကြောင်း ဘန်ကောက်မြို့အနီး အလုပ်လုပ်နေသည့် ကိုမျိုးကြီးကပြောသည်။

“အတိုးက အရမ်းရင်းနှီးတယ်ဆိုရင် ငါးကျပ်တိုး မရင်းနှီးရင်တော့ ၁၀ တိုးအထိ ယူကြတယ်” ဟု ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် ကြိုးစားနေသူ ကိုမျိုးကြီးက သူ့အတွေ့အကြုံကို ရှင်းပြသည်။

ထို့အပြင် အချို့သော ပွဲစားနှင့် အပ်သူများမှာ အလိမ်ခံရမှုလည်းရှိကြောင်း မစ်ဘူရီဒေသတွင် အလုပ်လုပ်နေသော ကိုသိန်းမြင့်ကပြောသည်။ ၎င်းတို့အလုပ်လုပ်နေသော ဒေသတွင် မြန်မာနိုင်ငံသားပွဲစားတစ်ဦးမှာ အလုပ်သမား ၁၀၀ ကျော်ထံမှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်ဆိုပြီး ငွေလိမ်လည်သွားဖူးကြောင်း ကိုသိန်းမြင့်ကပြောသည်။

“ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုတုန်းက မြန်မာအစိုးရကို ကျေးဇူးတင်မိတယ်။ တကယ်လည်း ပတ်စ်စပို့ (ယာယီနိုင်ငံကူးလက်မှတ်)လုပ်ရော ပွဲစားတွေအတွက် ဖြစ်နေတဲ့အတွက် အင်မတန်ဝမ်းနည်းမိတယ်” ဟု ပအို့ဝ်လူငယ်အဖွဲ့မှ ကိုခွန်ဆိုင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်ကြသူများမှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုခန့်ကပင် ထိုင်းနိုင်ငံတွင်သာ အလုပ်လုပ်ကိုင်နေ ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ၁၉၉၀ နောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်သူ ပိုမြင့်တက်လာခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် ဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာခြင်း၊ လယ်ယာလုပ်ငန်းများ အရှုံးပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်းမှာ သိသိသာသာ  မြင့်တက်လာခဲ့သည်။

သက်ဆိုင်ရာက ပြုစုထားသော စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းခန့်ရှိပြီး ၂၀၀၉ မှ ၂၀၁၂ ဒီဇင်ဘာလကုန်အထိ မြန်မာလုပ်သား ၁ ဒသမ ၂ သန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာမိသားစုများထံသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ငွေလွှဲပို့နေကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

မြန်မာလုပ်သားစုစုပေါင်း တစ်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအတွင်း ရရှိကြပြီး ၃၀ ရာခိုင်နှုန်းကျော်မှာ သုံးသိန်းကျော်ရရှိကြသည်ဟု ချူလာလောင်ကွန်းက ပြုစုသောစာတမ်းတွင် ဖော်ပြပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်လာတုန်းက ဘယ်အဖွဲ့အစည်းနဲ့မှမတွေ့ဘဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သွားတွေ့တယ်ဆိုတာ သူတို့ဟာ ဘယ်လောက်တိုင်းပြည်အတွက် အရေးပါသလဲဆိုတာသိလို့” ဟု Thai Action Committee For Democracy in Burma အဖွဲ့မှ ဒုတိယဒါရိုက်တာ ဦးမြင့်ဝေကဆိုသည်။

ထိုကဲ့သို့ တိုင်းပြည်အတွက် များစွာအကျိုးပြုနေသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ယခင်အစိုးရလက်ထက်က မျက်ကွယ်ပြုထားခဲ့ကြသည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား အကူအညီပေးရန် စတင်ဆောင်ရွက်မှုများ ရှိလာခဲ့သည်။

ထို့ကြောင့်လည်း ယာယီနိုင်ငံကူးလက်မှတ်ရှိသော အလုပ်သမားအများစုမှာ ၂၀၁၂ ဧပြီလမှစ၍ လုပ်ခလစာ ပိုမိုရရှိလာကြခြင်း၊ ခရီးသွားလာရလွယ်ကူခြင်းများ ရှိလာကြသည်ဟုလည်း အလုပ်သမားများက ပြောသည်။ သို့သော်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးပေါ်လစီမှာ အလုပ်သမားများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေခဲ့ပြီး ကြားပွဲစားများအတွက်သာ ဖြစ်နေသည်ဟု ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။ 

သို့သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ရှိသော လုပ်သားများမှာပင် သုံးလတစ်ကြိမ် ဧည့်စာရင်းတိုင်ရန်အတွက် ကိုယ်တိုင်ဆောင်ရွက်၍မရဘဲ ပွဲစားများနှင့် ဆောင်ရွက်နေရသလို ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် ကြိုးစားနေသူများမှာလည်း ပွဲစားများကိုသာ အားကိုးနေရသည်။

ထို့အပြင် ထိုင်းရဲအပါအ၀င် အလုပ်ရှင်အချို့၏ ဥပဒေမဲ့ချိုးဖောက်မှုများ၊ အမျိုးသမီးများအား မတရားပြုကျင့်မှုများမှာ များစွာရှိနေသေးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများမှာ ပြီးခဲ့သည့်နှစ် နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်ရှေ့တွင် သူတို့အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ တောင်းဆိုတဲ့ ၁၁၁ ချက်ထဲကမှ အစိုးရကလုပ်ပေးတာ လေးချက်ပဲ ရှိပါသေးတယ်။ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာ အပါအ၀င်ပေါ့”ဟု ဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ကိုသိန်းမြင့်ကပြောသည်။

ဓာတ်ပုံ- အောင်သူရ


အနုတ် ၁၈ ဒီဂရီအောက် အေးသော အအေးခန်းထဲတွင် အလုပ်လုပ်နေရသည်မှာ ခြောက်လခန့်ရှိနေပါပြီ။ အလုပ် ချိန်သတ်မှတ်ချက် မရှိသဖြင့် အလုပ်ရှိသည့်နေ့များတွင် တစ်နေ့လျှင် ၁၂နာရီခန့် အလုပ်လုပ်ရသည်။ သို့သော် အချိန်ပိုကြေးလည်းမရ။ စက်ရုံအနောက်ဘက်တွင် နေဖို့ပေးထားသည့် အခန်းမှာလည်း ပြတင်းပေါက်မရှိ။

အီတလီနိုင်ငံ ရောမမြို့က ပုပ်ရဟန်းမင်းသစ် ရွေးချယ်မှု နောက်တရက်ဆက်

RND:  :13.3.2013 

 ရိုမန်ကတ်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ ဗာတီကန် သာသနာမြို့တော် မှာ
 ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန် လည်တွေ့ဆုံနေကြပြီးတော့ လွန်ခဲ့တဲ့လတုန်းက အနားယူသွားခဲ့တဲ့ ပုပ်ရဟန်း
မင်းကြီး Benedict ရဲ့နေရာကို ဆက်ခံမယ့်သူကို ရွေး ချယ်တင်မြှောက်ဖို့အတွက် ဒုတိယအကြိမ် ကြိုးပမ်း
နေကြပြီ ဖြစ်ပါတယ်။ ဒီပုပ်ရဟန်းမင်းသစ် ရွေးချယ်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တချို့ကို ဒေါ်
လှလှသန်း က တင်ပြထားပါတယ်။

ဘဝဟာ တိရစ္ဆာန်တစ်ကောင်လိုပဲ မသေပြီးတာပဲ

ငါ့ဘဝဟာ တိရစ္ဆာန်တစ်ကောင်လိုပဲ မသေပြီးတာပဲ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တစ်ခါတစ်လေအဆင်မပြေတာတွေကြုံလာတိုင်းကိုယ့်ကိုကို့ကံဆိုးလှပီထင်
နေတာ စိတ်ဓါတ်တွေကျဒေါသတွေထွက်အရာရာအလိုမကျတွေဖြစ်နေခဲ့တာ
စိတ်ထွေလိုအပြင်လမ်းလျှောက်ထွက်လာတဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်း
လေးတစ်ခုကြောင့် လောကကြီးထဲကိုယ့်ထက်ဆိုးတဲ့လူတွေအများကြီးရှိနေ
ကြသေးပါ့လားလို့စိတ်ထဲတွေးနေမိတယ်၊

ဒီကလေးငယ်လေးဆို မိဘကမရှိ အိပ်တဲ့နေရာကတွေ့ ရာဇရပ်တွေ သစ်ပင်အောက်လျှောက်အိပ်ချင်ရာအိပ် စားတာကသူ့များပေးစာကမ်းစာလေးတွေ၊ ပလတ်စတစ်လေးတွေကောက်၊ ရေသန့်ကော်ဘူးလေးတွေကောက်ပြီး
ဘဝဝမ်းစာကိုဖြေရှင်းနေရသူလေးပါ၊

တစ်ခါတစ်လေလဲအလှူတို့၊ဘုန်းကြီးကျောင်းတို့ကပေးတာလေးတွေစားပြီး
ကြီးပျင်းလာရသူလေးမိဘမဲ့သူလေးတစ်ယောက်ပါ။

မိဘဆိုတာဘယ်သူဘယ်ဝါမှန်းမသိ၊ အော်..လောကကြီးကအရင်အရင်ဘဝတွေက ရှိခဲ့တဲ့ဘယ်ဘဝကဝဋ်ကြွေးတွေကိုဘာမှမသိနားမလည်တဲ့ 
ကလေးတစ်ယောက်တောင်လူဘဝစ ရောက်လာကတည်းက
ခံစားလာရသေးတာ၊

ဝဋ်ဆိုတာ အရင်တုန်းကတော့လည်တတ်ရင်နောက်ဘဝပေါ့ 
အခုတော့ဝဋ်တွေအရမ်းမြန်လိုက်တာနော်၊

နေ့တောင်မကူးတော့ပါ့လားနော်၊ အဲလိုကလေးလေးတွေတွေ့ရင် တတ်နိုင်
သလောက်ကူညီဖေးမကြပါလို့ သတ်တံ့ရောင်မှတိုက်တွန်းအားပေးတောင်းဆို
ပါရစေ၊ ဘဝကံမကောင်းတာလေးနဲ့တော့ မနှိမ့်ချ၊အဖက်မလုပ်ပဲမနေကြပါနဲ့
ခင်ဗျာ၊

 လောကကြီးထဲမှာ အဲလိုကလေးဘယ်လောက်ရှိလဲမသိပေမဲ့တွေ့မြင်
တာလေးတွေတော့ကူညီကြပါခင်ဗျာ၊လောကကြီးထဲ ကိုယ့်တစ်ယောက်ထဲ
ကံဆိုးတယ်မထင်ကြပဲ ကိုယ့်ထက်ဆိုးတဲ့ဘဝလေးတွေကိုပြန်ကြည့်ပြီး
လောကကြီးအတွက်အားအင်တွေဖြစ်ကြစေဖို့အင်အားစာသားလေးတွေ
နဲ့အားပေးလိုက်ရပါတယ် ........

( မှတ်ချက်။ ။တွေ့ခဲ့ဖူးတဲ့ဘဝလေးတွေခံစားတင်ပြခြင်းဖြစ်ပါတယ်)
Myanmar News Update

< ScrapMrHoho

တစ်ခါတစ်လေအဆင်မပြေတာတွေကြုံလာတိုင်းကိုယ့်ကိုကို့ကံဆိုးလှပီထငနတာ စိတ်ဓါတ်တွေကျဒေါ
သတွေထွက်အရာရာအလိုမကျတွေဖြစ်နေခဲ့တာ စိတ်ထွေလိုအပြင်လမ်းလျှောက်ထွက်လာတဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်း လေးတစ်ခုကြောင့် လောကကြီးထဲကိုယ့်ထက်ဆိုးတဲ့လူတွေအများကြီးရှိနေ ကြ
သေးပါ့လားလို့စိတ်ထဲတွေးနေမိတယ်၊

မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲ

မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေဆဲ

အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေ တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ အဲဒီ ၂၂ နိုင်ငံထဲက မြန်မာ၊ ဘိုလီဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပေမယ့် ဒီနိုင်ငံတွေရဲ့ မူးယစ်ပပျောက်ရေးလုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် အရေးကြီးတာကြောင့် လက်ရှိပူးတွဲလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဆက်လက်ကူညီပံ့ပိုးမယ်လို့ ဆိုပါတယ်။

ဘိန်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးဝါးတွေကို ထိုင်းနဲ့ လာအိုနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းဆက်စပ်ရာ မြန်မာပြည်တွင်းဒေသတွေမှာ အဓိကထုတ်လုပ်နေတာဖြစ်ပြီး ထုတ်လုပ်မှုပမာဏ ဆက်တိုက်တိုးလာနေတာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ မြန်မာအစိုးရဟာ အဲဒီဒေသတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆင်ပြေလိုတဲ့အတွက် အပြန်အလှန်အားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်နေကြတာကို ဥပက္ခာပြုထားကြောင်း စသဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေ တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။

ယနေ့ (မတ်လ ၁၃ ရက်နေ့) ငွေလဲနှုန်း

ယနေ့ (မတ်လ ၁၃ ရက်နေ့) ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ပြင် ပဈေးကွက်၌ ဝယ်ဈေး ၈၇၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ရောင်းဈေးကို ၉ နာရီ ၄၅ မိနစ်အထိ သတ်မှတ်ခြင်း မရှိသေးကြောင်း သိရသည်။
မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၈၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားများဖြေဆိုနေကြပြီ

မန္တလေး-မတ်၁၃ ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုကြပြီဖြစ်ရာ မန္တလေးမြို့ 
အထက(၁၆) တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လာရောက်နေကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများအားနံနံက်ပိုင်းက တွေ့ရစဉ်။

ဓာတ်ပုံ-ဖိုးလပြည့်
Popular Myanmar News Journal

မန္တလေး-မတ်၁၃ ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုကြပြီဖြစ်ရာ မန္တလေးမြို့  အထက(၁၆) တက္ကသိုလ်ဝင်တန်းဖြေဆိုရန်လာရောက်နေကြသည့်ကျာင်းသားကျောင်းသူများ၊ မိဘများအားနံနံက်ပိုင်း
က တွေ့ရစဉ်။

ပူဖောင်းလူသား ဆေးကုသပေးမည့် သူကို ရှာဖွေ

RND:  :13.3.2013
အင်ဒိုနီးရှား နိုင်ငံတွင် ပူဖောင်းလူသားဟု အမည်တွင်နေသည့် Wisnu Chandra အမည်ရှိ အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးသည် သူ၏ ခန္ဒာကိုယ် ပြင်ပတွင် အသားပိုများဖြင့် ရုပ်ဆိုးနေခြင်းအား ခွဲစိတ်လိုသည့်အတွက် အလှူရှင် ရှာဖွေလျက်ရှိနေကြောင်း The Learning Channel တွင် တစ်နာရီစာ documentary ထုတ်လွှင့် တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား


နေပြည်တော် မတ် ၁၂
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဂျပန်လေလံဈေးတက်သဖြင့် ကားဈေး အနည်းငယ်မြင့်တက်

ဂျပန်လေလံဈေးတက်သဖြင့် ကားဈေး အနည်းငယ်မြင့်တက်

ရန်ကုန်၊မတ်-၁၀

ဂျပန်နိုင်ငံ၏ လေလံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းကားဈေးကွက်တွင် ၂၀၀၈ မော်ဒယ်အထက်ကားများ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကားတင်သွင်းသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဂျပန်နိုင်ငံ လေလံဈေးကွက်တွင် အခြေခံဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့၍ ပါမစ်မလိုဘဲ တင်သွင်းခွင့်ရရှိထားသည့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါကားများ၏ ဈေးနှုန်းမှာ ဈေးကွက်အတွင်း ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ စတင်မြင့်တက်လာပြီဖြစ်ကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

“အရောင်းအ၀ယ်ကတော့ ပြန်သွက်လာတယ်။ မတ်၊ ဧပြီလတွေက ကားဝယ်တဲ့လတွေပဲ” ဟု FARMER AUTO ကားအရောင်းပြခန်းမှ ဒေါက်တာစိုးထွန်းကပြောသည်။

ထို့အပြင် လက်ရှိကာလသည် ဂျပန်နိုင်ငံတွင် ကားလေလံဆွဲသည့် ကာလဖြစ်သဖြင့် ပြည်ပမှ ကားသင်္ဘောများ
အ၀င်နည်းလာခြင်းကြောင့် ပြည်တွင်းကားဈေးကွက် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစားတစ်ဦးကပြောသည်။

ထို့အပြင် အပ်ကားများ၏ စလစ်ဈေးနှုန်းများမှာ ကျပ် ၈၅ သိန်းမှ သိန်း ၉၀ အထိရှိပြီး အပေါ်ကားအချို့လည်း အရောင်းအ၀ယ်ပြန်ဖြစ်လာခဲ့ကာ ဈေးနှုန်းအချို့မှာ မြင့်တက်လာခဲ့သည်။ Prado, Harrier, Surf အစရှိသော အမြင့်ကားများ၏ ဈေးနှုန်း ကျပ် ၁၅သိန်းမှ သိန်း၂၀ အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ၎င်းကဆိုသည်။

Re-Post By ACM 13-3-2013
အေးချမ်းမွန် Credit to >> 7Day News Journal<< Thank

RND:  :13.3.2013

ဂျပန်နိုင်ငံ၏ လေလံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းကားဈေးကွက်တွင် ၂၀၀၈ မော်ဒယ်အထက်ကားများ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကားတင်သွင်းသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည်

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည်

မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။

သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။

ဝန်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။

" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖုန်းဈေးကို ဘယ်အတိုင်းတာနဲ့ ရောင်းချသည် ဖြစ်စေအုံးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ် ရွှေလီနဲ့ ကြယ်ဂေါင်မှာတော့ ဖုန်းဈေးနှုန်းတွေကတော့ တရုတ်ဟန်းဆက် တစ်လုံးဝယ်တယ်ဆိုတာ နဲ့ ပြည်တွင်း သာမက နိုင်ငံခြားပါခေါ်ဆိုရသော ဆင်းကဒ်တစ်ကဒ်၊ နောက်ထပ် 4G (SD) ဟန်းဆက်တစ်လုံး၊

ဖုန်းစတေကာတစ်လုံး အပိုလက်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ တရုတ်ဟန်းဆက်တစ်လုံးလျှင် ယွမ်(၉၀) မြန်မာငွေကျပ် တစ်သောင်းကျော်ရှိသည်။

ဟန်းဆက်တန်ဖိုး (၃၆၉)ယွမ် ငွေ၂သောင်းကျပ် တန်ဖိုးရှိသည့် ဟန်းဆက်ဝယ်ယူသူတိုင်းကို ဆင်းကဒ်များ အပြင် ခေါ်ဆိုခ ယွမ်၅၀ ဖိုး အခမဲ့ လက်ဆောင်ပေးပါသေးတယ်။

တခြားသော နိုင်ငံများတွင်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နီးစပ်လျှက်ရှိသော ကြယ်ဂေါင် ရွှေလီများတွင်ပါ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်သူများ အဆင်ပြေနှင့် တန်ဖိုးနည်း အသုံးချနိုင်ဖို့ ဆောင်ရွက်လျှက် ရှိနေသော်လည်း မြန်မာပြည်အနေဖြင့် ဆက်သွယ်ရေးပိုင်းတွင် အငြင်းပွားဖွယ်ရာများ ရှိနေသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ

Re-Post By ACM 13-3-2013
အေးချမ်းမွန် Credit to >> Thit Htoo Lwin blog<< Thank

RND:  :13.3.2013
မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။

လက်ပံတောင်းတောင်မှာ အာဏာပိုင်တွေ ဖော့စ်ဖရပ်စ် အသုံးပြုမှုအပေါ် အမေရိကန် ကန့်ကွက်

လက်ပံတောင်းတောင်မှာ အာဏာပိုင်တွေ ဖော့စ်ဖရပ်စ် အသုံးပြုမှုအပေါ် အမေရိကန် ကန့်ကွက်

ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ မြန်မာ လုံခြုံရေးတပ် တွေဟာ ဖော့စ်ဖရပ်စ် ပါတဲ့ မီးခိုးဗုံးတွေ အသုံးပြုတယ် ဆိုတာကို အတည်ပြုထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို လူအုပ်စုကို ဖြိုခွင်းဖို့ ဖော့စ်ဖရပ်စ် အသုံးပြုတာတွေကို အမေရိကန်နိုင်ငံက ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန်
 နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မစ္စဗစ်တိုရီးယား နူလန်က
 ပြောပါတယ်။  ဖော့စ်ဖရပ်စ် ဓာတုပစ္စည်းဟာ လူကို အန္တရာယ်ပေးနိုင်ပြီး လူအုပ်စုကို ထိန်းသိမ်းဖို့ တခြားသင့်တော်တဲ့နည်းလမ်းတွေ ရှိတယ်လို့လည်း မစ္စနူလန်က ပြောသွားပါတယ်။

 နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လွတ်လပ်စွာ စုရုံးဆန္ဒပြခွင့်ကို အကာအကွယ်ပေးဖို့၊ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ လုံခြုံရေးတပ်တွေက အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း
 ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်က တိုက်တွန်း ထားပါတယ်။
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို တဘက်က အားပေးကူညီနေသလို၊ တခြားတဘက်ကလည်း  လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးတက် ကောင်းမွန်လာဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်း အကူအညီ ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။M
Source: US State Dept

ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ မြန်မာ လုံခြုံရေးတပ် တွေဟာ ဖော့စ်ဖရပ်စ် ပါတဲ့ မီးခိုးဗုံးတွေ အသုံးပြုတယ် ဆိုတာကို အတည်ပြုထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို လူအုပ်စုကို ဖြိုခွင်းဖို့ ဖော့စ်ဖရပ်စ် အသုံးပြုတာတွေကို အမေရိကန်နိုင်ငံက ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မစ္စဗစ်တိုရီးယား နူလန်က ပြောပါတယ်။

၁၃.၃.၂၀၁၃ မှာစတင်ကျင်းပပြုလုပ်မယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနိုင်ငံတ၀န်းလုံးက ညီကို မောင်နှမတွေအားလုံးဖြေဆိုနိုင်ကြပါစေ

၁၃.၃.၂၀၁၃ မှာစတင်ကျင်းပပြုလုပ်မယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  မြန်မာနိုင်ငံတ၀န်းလုံးက ညီကို
မောင်နှမတွေအားလုံး အဆင်ပြေလွယ်ကူစွာဖြေနိုင်ဖို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အဆင်ပြေလွယ်ကူ
စွာဖြေနိုင်ကြပါစေလို့ Rangonnewsdaily Media မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။နက်ဖြန်မှာစ
ပြီးတော့ ၁၀ တန်း စာမေးပွဲ ဖြေဆိုမယ့် မြန်မာတစ်နိုင်ငံလုံးမှ မောင်လေးတွေ၊ ညီမလေးတွေ အားလုံး