Pages
▼
Pages - Menu
▼
Saturday, February 23, 2013
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တွင် ယာဉ်တိမ်းမှောက်၍ (၄)ဦးသေ၊ (၃၆)ဦးဒဏ်ရာရ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊
မိုင်တိုင်(၆၂/၄) နန့်ခုတ်ကျေးရွာကုန်းဆင်းတွင် ရွှေကူမြို့နယ်၊
စီငန်းကျေးရွာသို့ မင်္ဂလာဆောင်သွားရာမှ ပြန်လာသော နန့်ခုတ်ကျေးရွာနေ
ကိုမျိုး(ခ)၀င်းကို(၂၁)နှစ် မောင်းနှင်သည့် တုန်ဖုန်းယာဉ်မှာ
တိမ်းမှောက်ခဲ့သဖြင့် နန်ခုတ်ကျေးရွာနေ မအေးမွန်(၂၈)နှစ် ပါ(၄)ဦးသည်
အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အမျိုးသား/
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဓါတ်ဆီပေပါထဲမှ သံပုံးထဲသို့ ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၁၃၀ ချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၈
ရပ်ကွက်၊ မင်းကြီးညို လမ်း၊ သစ်အရောင်းအိမ်ယာဝင်းအနီးရှိ လမ်းဘေးတွင်
(၁၉)ရပ်ကွက်နေ မသန္တာလွင်(၃၈)နှစ် ပိုင်ဆိုင် သည့် ““ကောင်းမွန်””
စက်သုံးဆီအရောင်းဆိုင်တွင် ဓါတ်ဆီပီပါထဲမှ ၄ ဂါလံအား သံပုံးထဲသို့ ဆီတုံကင်
ဖြင့် ဆီဖြည့်နေစဉ် အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ
မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ
မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွပ်နေပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ
၁၁၄၅ ချိန် မီးငြိမ်းသွားခဲ့သည်။
မင်္ဂလာဆောင်ပွဲသွားသော ယာဉ်တိမ်မှောက်၍ သတို့သားသေဆုံးပြီး သတို့သမီး ပြင်ထန်ဒဏ်ရာ၇
၂၁-၂-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဘုံးဘွတ်ကျေးရွာ ရေကန်အနီး၊ ချောက်-ဂွေးချိုကားလမ်းမိုင်တို င်အမှတ် (၄၀၀)အနီး၌ ရမည်းသင်းမြို့မှ ဆိပ်ဖြူမြို့နယ်၊ ကူရှည် ကျေးရွာသို့ မင်္ဂလာကိစ္စလာရောက်သည့်
ရမည်းသင်းမြို့နယ်၊ ကျောင်းတိုင်စုရပ်နေ အောင်မျိုးထက်(၃၄)နှစ်
မောင်းနှင်သည့် ၂ဃ/xxxx ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးရှိ ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့သည်။
ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံလာမည်
တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူ |
တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond
Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center
မှာ စကားပြောဖို့ရှိပါတယ်။ အရပ်သားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက်
တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ
သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါက အရေးယူခံရမည်
နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏
ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါကတရား
မ၀င်သတ္ထု
ပစ္စည်းသယ်ယူပို့ဆောင်မှုဖြင့်အရေးယူခံရမည်ဖြစ်သည်ဟု နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာ
နမှ သိရသည်။သတ္ထုတွင်းလုပ်ငန်းကုမ္ပဏီများသည်
နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ခွင့်ပြုမိန့်(မျှော
စာ) မယူပဲ တရားမ၀င်
သတ္ထုများသယ်ယူပို့ဆောင်နေခြင်းများကြောင့် ယခုကဲ့သို့
သတိပေးမှုများထွက်ပေါ်
လာခြင်းဖြစ်သည်။
အမျိုးသား လွှတ်တော်တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအဆို ရှုံးနိမ့်
လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံတွင် နျူကလီးယား
ဓာတ်ပေါင်းဖို တည်ဆောက်ပြီး လျှပ်စစ်ပြဿနာကို ဖြေရှင်းရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို အမျိုးသား လွှတ်တော်တွင်
မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက
ပြောကြားသည်။
ယနေမနက် ၈း၃၀ က မှော်ဘီရှေ့ဆောင်ဟိုင်းလတ်ကားတိမ်းမှောက်မှု ၁၂ ဦး ဒဏ်ရာရ
ယနေ့ဖေဖော်ဝါရီ(၂၃)ရက်နေ့ နံနက် ၈း၃၀ အချိန်က
ရန်ကုန်-မှော်ဘီ ပြေးဆွဲနေသောဟိုင်းလတ်ကားတစ်
စီး တိမ်းမှောက်မှုကြောင့်
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန၌အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း ၅၁ လမ်းရုံး
မှသိရသည်။
ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၂၅)နှစ်မြောက် အခမ်းအနား တရားဝင်ကျင်းပရန် စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂
လာမည့် မတ်လ ၁၃ ရက်တွင် ကျရောက်မည့် စက်မှုတက္ကသိုလ်ကျောင်းသား
ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၂၅)နှစ်မြောက် အခမ်းအနားကို
စက်မှုတက္ကသိုလ်ဝင်းအတွင်း ကျင်းပသွားရန်ရှိကြောင်း သတင်းရရှိသည်။
“ကျင်းပခွင့်ရအောင် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဖို့ အစည်းအဝေးမှာ
ဆုံးဖြတ်ထားတယ်”ဟု
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂
လာမည့် မတ်လ ၁၃ ရက်တွင် ကျရောက်မည့် စက်မှုတက္ကသိုလ်ကျောင်းသား
ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၂၅)နှစ်မြောက် အခမ်းအနားကို
စက်မှုတက္ကသိုလ်ဝင်းအတွင်း ကျင်းပသွားရန်ရှိကြောင်း သတင်းရရှိသည်။
“ကျင်းပခွင့်ရအောင် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဖို့ အစည်းအဝေးမှာ
ဆုံးဖြတ်ထားတယ်”ဟု
ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက်
အေဒီ ၁၈၂၆ ခု၊ ရန္တပိုစာချုပ်ချုပ်ဆိုအပြီး ဘကြီးတော် မင်းတရားကြီး မြေလှူဒါန်းခဲ့သော တခြမ်းပဲ့ဗလီ |
မြန်မာနိုင်ငံသည်
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ
ထိုင်ကြသောနိုင် ငံဖြစ်သည်။ ရှေးမြန်မာ မင်းများ လက်ထက် တွင်လည်းကောင်း၊
အင်္ဂလိပ် ကျူးကျော် စစ်ပွဲများ တွင်လည်းကောင်း၊ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်း
မှုသမိုင်းတွင် လည်းကောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံ တည်ဆောက်ရေး
ကာလ၊အိမ်စောင့် အစိုးရလက်ထက်၊ တပ်မတော် အစိုးရလက်ထက် နှင့်ယနေ့ ဒီမိုကရေစီ
အပြောင်းအလဲ ကာလများတွင် လည်းကောင်း ဘာသာဝင် အသီးသီးတို့သည် ကျရာနေ ရာမှ
နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုး ထမ်းဆောင်ခဲ့ကြသည်။