Pages

Pages - Menu

Saturday, February 23, 2013

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ၀၀း ၀၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း ၅၉ နာရီထိ ပြုပြင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဌာန၊ မြန်မာလျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓာတ်ငွေ့ရေနွေးငွေ့ စက်ရုံများ ဌာနအောက်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိပေးပို့နေသော သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်း အနက် ကုဗပေ ၁၃၄ သန်းလျော့ပြီး ကုဗပေ ၁၁ သန်းသာ ရရှိနိုင်မည် ဖြစ်သည်။ ထိုသို့ သဘာဝဓာတ်ငွေ့ လျော့နည်းရရှိမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရှိ သဘာဝဓာတ်ငွေ့သုံး စက်ရုံလေးရုံမှ ဓာတ်ငွေ့တာဘိုင်စက် ခုနှစ်လုံးနှင့် ရွှေတောင်၊ မော်လမြိုင်၊ သထုံတို့မှ ဓာတ်ငွေ့ တာဘိုင်စက် ခြောက် လုံး စုစုပေါင်း ၁၃ လုံး ခေတ္တရပ်တန့် ထားရမည် ဖြစ်ပြီး လက်ရှိဓာတ်အား ထုတ်လုပ်မှု ၃၁၀ မဂ္ဂါဝပ်မှ ၂၀၅ မဂ္ဂါဝပ်ခန့်လျော့နည်းပြီး ၁၀၅ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင် မည် ဖြစ်သည်။

ယင်းသို့ ဓာတ်အားထုတ်လုပ်မှု လျော့နည်းသွား သည့်အတွက် ရေအားလျှပ် စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးမြှင့်ဖြည့်ဆည်းမောင်းနှင်ခြင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အချို့ နေရာများတွင် အလှည့်ကျဝန်အားလျှော့ချ၍ ဓာတ်အားပို့လွှတ်ခြင်းများကို ဝန်အားထိန်းညှိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

Yangon Media Group
( သတင်းစဉ်)

source::http://www.ministryofinformation.gov.mm/index.php/news/local-news/2286-2013-02-23-02-10-03.html

No comments:

Post a Comment