Pages

Pages - Menu

Saturday, February 23, 2013

ရခိုင်နဲ့ရိုဟင်ဂျာပဋိပက္ခချုပ်ြ ငိမ်းရေး ဘာသာပေါင်းစုံဆွေးနွေးပွဲ ရန်ကုန်မြို့ ချက်ထ ရီယန် ဟိုတယ်မှာ မနေ့ကစပြီးပြုလုပ်

ရခိုင်နဲ့ရိုဟင်ဂျာပဋိပက္ခချုပ်ငြိမ်းရေး ဘာသာပေါင်းစုံဆွေးနွေးပွဲပြုလုပ်

Radio Australia
22.2.2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အတွက် ပထမဦးဆုံး အကြိမ် ရန်ကုန်မြို့ ချက်ထ ရီယန် ဟိုတယ်မှာ မနေ့ကစပြီး ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတခု ကျင်းပ ပြုလုပ်နေတယ် လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဒီနေ့ သောကြာနေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံ၊ စင်္ကာ ပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စတဲ့ နိုင်ငံတွေက ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ လူငယ်တွေ တက်ရောက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ကစပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ အကြားမှာ ဘာသာရေး အသွင်ဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဘာသာရေးကြောင့် အင်အားကြီးလာခဲ့တဲ့ အကြောင်းနဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ အကြောင်းတွေကို ဘာသာပေါင်းစုံအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက အခုလို ရှင်းပြပါတယ်။

"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေက ယခင်ကတော့ ဘာသာရေးကြောင့် မဟုတ်ဘူး၊ လူမှုရေး ကိစ္စရပ်တွေကို အခြေခံတယ်၊ နောက်ပြီးတော့ နိုင်ငံရေးကိစ္စရပ်တွေကိုအခြေခံတယ်။ သို့သော်လည်း ပေါ်ပေါက်လာတဲ့ အခါမှာ ပိုပြီးတော့ ကြီးထွားလာမှုအတွက်က သူကတော့ဗုဒ္ဓလာသာ၊ သူကတော့ခရစ်ယာန် ဘာသာ၊ သူကတော့အစ္စလာမ်ဘာသာပဲ ဆိုပြီးတော့နောက်ခံတွေအပေါ် စွဲပြီးရပ် တည်လိုက်တဲ့ အခါကျတော့ ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ပိုပြီးကြီး ထွာလာ တယ်။ ပိုကြီးထွားလာတာကို မလိုလားဘူး။ ဒါကြောင့်ဒီအဖွဲ့အစည်းကို တည်ထောင်ပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပြီးတော့ငြိမ်း ချမ်းရေးရဖို့ဆောင် ရွက်တာ ဖြစ်တယ်။"

အခုလို ဘာသာပေါင်းစုံအဖွဲ့အစည်း ဖွဲ့ပြီး ပြည်တွင်းက ဘာသာရေး အဖွဲ့တွေ တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ခဲ့ပေ မယ့် ဘာသာတစ်ခုနဲ့တစ်ခု အမြင်မကြည်တာ၊ ပဋိပက္ခဖြစ်နေတာတွေ ရှိပြီး ငြိမ်းချမ်းရေး မရနိုင်တဲ့ အ တွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ လူငယ်တွေဟာ အဓိက ကျတဲ့အတွက်ကြောင့် နောင် မှာ အာရှ ပစိဖိတ်ဒေသတွင်း ဘာသာပေါင်စုံ လူငယ်အဖွဲ့နေနဲ့ ဆောင်ရွက်ဖို့ ရှိတယ်လို့ ဦးမြင့်ဆွေ ကပြောခဲ့ တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေး ပို့ခဲ့ပါတယ်။


Radio Australia 22.2.2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အတွက် ပထမဦးဆုံး အကြိမ် ရန်ကုန်မြို့ ချက်ထ ရီယန် ဟိုတယ်မှာ မနေ့ကစပြီး ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတခု ကျင်းပ ပြုလုပ်နေတယ် လို့ သိရပါတယ်။ ဆွေးနွေးပွဲကို ဒီနေ့ သောကြာနေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံ၊ စင်္ကာ ပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စတဲ့ နိုင်ငံတွေက ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ လူငယ်တွေ တက်ရောက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ကစပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ အကြားမှာ ဘာသာရေး အသွင်ဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဘာသာရေးကြောင့် အင်အားကြီးလာခဲ့တဲ့ အကြောင်းနဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ အကြောင်းတွေကို ဘာသာပေါင်းစုံအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက အခုလို ရှင်းပြပါတယ်။

"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေက ယခင်ကတော့ ဘာသာရေးကြောင့် မဟုတ်ဘူး၊ လူမှုရေး ကိစ္စရပ်တွေကို အခြေခံတယ်၊ နောက်ပြီးတော့ နိုင်ငံရေးကိစ္စရပ်တွေကိုအခြေခံတယ်။ သို့သော်လည်း ပေါ်ပေါက်လာတဲ့ အခါမှာ ပိုပြီးတော့ ကြီးထွားလာမှုအတွက်က သူကတော့ဗုဒ္ဓလာသာ၊ သူကတော့ခရစ်ယာန် ဘာသာ၊ သူကတော့အစ္စလာမ်ဘာသာပဲ ဆိုပြီးတော့နောက်ခံတွေအပေါ် စွဲပြီးရပ် တည်လိုက်တဲ့ အခါကျတော့ ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ပိုပြီးကြီး ထွာလာ တယ်။ ပိုကြီးထွားလာတာကို မလိုလားဘူး။ ဒါကြောင့်ဒီအဖွဲ့အစည်းကို တည်ထောင်ပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပြီးတော့ငြိမ်း ချမ်းရေးရဖို့ဆောင် ရွက်တာ ဖြစ်တယ်။"

အခုလို ဘာသာပေါင်းစုံအဖွဲ့အစည်း ဖွဲ့ပြီး ပြည်တွင်းက ဘာသာရေး အဖွဲ့တွေ တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ခဲ့ပေ မယ့် ဘာသာတစ်ခုနဲ့တစ်ခု အမြင်မကြည်တာ၊ ပဋိပက္ခဖြစ်နေတာတွေ ရှိပြီး ငြိမ်းချမ်းရေး မရနိုင်တဲ့ အ တွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ လူငယ်တွေဟာ အဓိက ကျတဲ့အတွက်ကြောင့် နောင် မှာ အာရှ ပစိဖိတ်ဒေသတွင်း ဘာသာပေါင်စုံ လူငယ်အဖွဲ့နေနဲ့ ဆောင်ရွက်ဖို့ ရှိတယ်လို့ ဦးမြင့်ဆွေ ကပြောခဲ့ တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေး ပို့ခဲ့ပါတယ်။
 
 
 RB News
 RND: 23.2.2013

No comments:

Post a Comment