Pages
▼
Pages - Menu
▼
Tuesday, February 19, 2013
ဥပဒေ ဘွဲ့နဲ့ ပဲပြုတ်သယ်
အလုပ်အကိုင်ဖန်တီးရေး နဲ့ အလုပ်လက်မဲ့ ချိန်ထိုးစီစစ်မှုဆိုတာအစိုးရတရ
ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု
ရန်ကုန်-မော်လမြိုင် အမြန်ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်းများစွာ
ပြေးဆွဲ လျှက်ရှိသည့် အနက် ပစ်တိုင်းထောင် မော်တော် ယာဉ်လိုင်းသည်
ဝန်ထမ်းများ၏ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ထိုင်ခုံ နေရာကောင်းများကို
လက်မှတ်ရောင်း ၀န်ထမ်းများမှ အလွဲသုံးစားလုပ်ခြင်း၊ အဲကွန်း မအေးခြင်း
စသည့် ဆားဗစ် အလွန်တရာ ညံ့ဖျင်းသော်လည်း ယခင် စစ်အစိုးရ လက်ထက်မှစပြီး
လူကြီးပိုင်းနှင့်ပေါင်းသင်းကာ
ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှာ ထက်
နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်းဆိုင်ရာပြု
ပြင်မှု
လိုအပ်နေကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
ကပြော ပါသည်။
“ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလု ပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက်အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်” ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။
ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည်မဟုတ်ဟု လျှပ်စစ်ဝန်ကြီးကတိပြု သော်လည်း ၂၄ နာရီမီးပေးမည်ဟုတ်ကတိမပေးခဲ့
ယခုနှစ်နွေရာသီတွင် ဓာတ်အားပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည်မဟုတ်ကြောင်း လျှပ်စစ်ဝန်
ကြီး ဦးခင်မောင်စိုးက ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ကတိပြုပြောဆိုလိုက်သည်။ လာမည့်နွေရာသီ
တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျမည်ဖြစ်သော်လည်း ဓာတ်ငွေ
့လျှပ်စစ်တာဘိုင်များတပ်
၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့သော မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်လူသတ်မှု လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်းသိရ
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မျက်နှာဖုံးစွပ်လူအုပ်စုမှ ကိုကျော်မင်းအား သတ်ဖြတ်ခဲ့သော အခင်းဖြစ်ပွားရာ ဘီယာဆိုင်အားတွေ့ရစဉ် |
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင်
ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော်
ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက်
၃၀ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က
မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။
စင်ကာပူနှင့်မလေးရှား နှစ်နိုင်ငံကြား မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည်
(မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည့် သဘောတူညီချက်အား စင်ကာပူနှင့် မလေးရှား ဝန်ကြီးချုပ်နှစ်ဦး ထုတ်ပြန်ပြောကြားစဉ်) |
မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအပေါ် လီမြောင်ဘတ် သတိပေး
(သမ္မတလီမြောင်ဘတ်၏ မိန့်ခွန်းပြောကြားမှုကို ကြည့်ရှုနေသည့် တောင်ကိုရီးယားပြည်သူများ) |
မြောက်ကိုရီးယား၏ လတ်တလော နျူကလီးယား
စမ်းသပ်မှုများ ပြုလုပ်ခြင်းမှာ ၎င်းတို့ဘာသာ ချောင်ပိတ်မိသွားစေမည့်
လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ရာထူးမှစွန့်ခွာတော့မည့် တောင်ကိုရီးယားသမ္မတ
လီမြောင်ဘတ်က သတိပေး ပြောကြားလိုက်သည်။
ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး
ဟဲဟိုး၊
ဖေဖော်ဝါရီ ၁၉
ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ
မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ
ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာချင်းဆိုင်တိုက်မိခဲ့ကြော င်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။
စစ်ကိုင်းတိုင်း အတွင်းမှာ တနေ့တည်း မီးအကြီးအကျယ် လောင်ကျွမ်းမှု ၂ဆက်တိုက်ဖြစ်ပွား
မြန်မာနိုင်ငံမှာ နွေရာသီ နီးလာတာနဲ့အမျှ မီးဘေး အန္တရာယ်တွေ ပေါ်ပေါက်နေရာမှာ စစ်ကိုင်းတိုင်း အတွင်းမှာတော့ ဒီကနေ့ တနေ့တည်းမှာတင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ၂ ခု ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာမှာ ဒီကနေ့ မနက် မီးလောင်ကျွမ်း ခဲ့ရာ လူနေအိမ်ခြေ ၁၀၀ ခန့်နဲ့ ဈေးတဈေးလုံး နီးပါး မီးလောင်ကျွမ်းခဲ့သလို၊ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ် ကျွန်းတောရွာမှာလည်း ဒီကနေ့ မနက်ခင်း မီးလောင်ကျွမ်းမှုမှာ အိမ်ခြေ ၄၀ နီးပါး ဆုံးရှုံးခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ကိုမိုးဇော် က တင်ပြထားပါတယ်။
လွှတ်တော်အမတ်ဦးရွှေမောင်မှ ဒုက္ခသည်စခန်းများကိစ္စရှင်းရန်အစိုးရအားတိုက်တွန်း
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိမွတ်စလင်ဒုက္ခသ |
မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့ထိ ငါးရက်ကြာ
လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့် အရေးအထူး ကိုယ်စားလှယ်
မစ္စတာသောမတ်ကွင်းတားနားမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်း များသို့ ၎င်း၏
ခရီးစဉ်အတွင်း သွားရောက်လေ့လာခဲ့ပြီး၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ၏ အခြေ
အနေသည် အကျဉ်းထောင်များနှင့် တူနေသည်ဟု ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်၌
ကျင်းပခဲ့သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သ ည်။
ကရင်တိုင်းရင်းသူ မိန်းကလေးငယ် နှိပ်စက်သူများကို ဖမ်းပေးရန် ဆုငွေထုတ်လိုက်ပြီ
ထိုင်းနိုင်ငံ ကန်ဖယ်ဖက်(Kamphaeng Phet) မြို့တွင် အသက် ၁၂ နှစ်အရွယ်
ကရင် မိန်းကလေးငယ်အား ညှဉ်းပန်း နှိပ်စက်မှုနှင့် ပတ်သက်ပြီး
တရားရင်ဆိုင်ရန် ပျက်ကွက်သည့် ထိုင်း အလုပ်ရှင် လင်မယားကို ဖမ်းဆီးပေးသူအား
ထိုင်း အာဏာပိုင်များက ဘတ်ငွေ တသိန်း ယနေ့ ထုတ်ထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖေဖေ၀ါရီ ၁၇ရက်ညက လောင်တဲ့မီး ၁၈ရက် ယနေ့ည ၇နာရီမှ ငြိမ်းသတ်နိုင်ခဲ့
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီ(၁၇)ရက်နေ့ည
သန်းခေါင်ကျော်အချိန် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၁၀၀)ကျော်
မီးလောင်သွားခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့နယ်နဲ့
မိုင်(၄၀)ကျော်အကွာတွင်ရှိတဲ့ နန်တောရွာမှာ မနေ့ည(၁၂)နာရီကျော်လောက်က
မီးစတင်လောင်ပြီး ရွာက မြို့နဲ့အလှမ်းဝေးသောကြောင့် မီးသတ်ကားတွေ
အချိန်မီမရောက်ရှိနိုင်တာမို့ ယခုလို အိမ်ခြေ(၁၀၀)ကျော်အထိ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။