Pages

Pages - Menu

Tuesday, February 19, 2013

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအပေါ် လီမြောင်ဘတ် သတိပေး


lee

(သမ္မတလီမြောင်ဘတ်၏ မိန့်ခွန်းပြောကြားမှုကို ကြည့်ရှုနေသည့် တောင်ကိုရီးယားပြည်သူများ)
မြောက်ကိုရီးယား၏ လတ်တလော နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခြင်းမှာ ၎င်းတို့ဘာသာ ချောင်ပိတ်မိသွားစေမည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ရာထူးမှစွန့်ခွာတော့မည့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က သတိပေး ပြောကြားလိုက်သည်။
မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက် အစီအစဉ်များကို ဆက်လက် ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများနှင့် သီးခြားဖယ်ကျဉ်ခံရပြီး အထီးကျန်နိုင်ငံအဖြစ် တစ်နိုင်ငံတည်း ရပ်တည်သွားရလိမ့်မည်ဟု လီမြောင်ဘတ်က ပြောကြားသည်။

ပြည်သူများအား သမ္မတအဖြစ် နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းကို ယနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) ပြောကြားရာတွင် လီမြောင်ဘတ်က ထိုသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။ လီမြောင်ပဘ်သည် လာမည့် တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) တွင် သမ္မတရာထူးမှ တရားဝင်စွန့်ခွာမည်ဖြစ်ပြီး ၎င်း၏ သမ္မတသက်တမ်း ၅ နှစ်အတွင်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမားမှုများ ဖြစ်ပေါ်ခဲ့သည်။

 တောင်ကိုရီးယား၏ သမ္မတသစ် ဖြစ်လာမည့် ပထမဆုံးအမျိုးသမီးသမ္မတ ပတ်ဂျွန်ဟေးက မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် တိုက်တွန်းပြောကြားသည်။ သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များကိုမူ ပတ်ဂျွန်ဟေးကလည်း အခိုင်အမာ ဆန့်ကျင်ကန့်ကွက်လျက်ရှိရာ သူမ၏ သမ္မတသက်တမ်းတွင် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သတင်းများကဆိုသည်။

Source: AP
RND: 19.2.2013

No comments:

Post a Comment