"ခင်ဗျားတို့
မွန်ပြည်နယ်ကို အုပ်ချုပ်နေတာ သတ္တုတွင်းဝန်ကြီးဌာနက ရတဲ့ ပိုက်ဆံနဲ့
အုပ်ချုပ်နေတာဗျ" လို့  ပြောတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ကြံ့ ဖွတ်
အုန်းမြင့် ကို မေးချင်တာက - အဲ့ဒီသတ္တုတွင်းဝန်ကြီးဌာနကို ဘယ်သူက
ပိုင်တာလည်း၊ သတ္တုတွင်းဝန်ကြီးဌာနက သယံဇာတတွေ ဘယ်သူက ပိုင်ဆိုင်တာပါလည်း။
တိုင်းပြည်ကို အုပ်ချူပ်တယ်ဆိုတာ ပြည်သူလူထုရဲ့  ဘဏ္ဍာငွေတွေ အသုံးပြုပြီး
အုပ်ချူပ်တာပါ။
Pages
▼
Pages - Menu
▼
Thursday, February 14, 2013
UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို
ဖေဖော်ဝါရီလ (၁၄) ရက်နေ့
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့်
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးပွဲ၌ ကြားခံ အသိ သက်သေအဖြစ် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေရှင်း
အဖွဲ့အား အသိအမှတ်ပြုကြောင်း UNFC မှ ယမာန်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု
သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါသည်။

ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ
Thursday, February 14, 2013
ယခုနှစ်အတွင်း ဖွင့်လှစ်လုပ်ကိုင်လာသော ဟိုတယ်အချို့တွင်
ဟိုတယ်လိုင်စင်ဖြင့် မဟုတ်ဘဲ တည်းခိုခန်း လိုင်စင်များဖြင့် ဖွင့်လှစ်
လုပ်ကိုင်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
“ဟိုတယ် တည်ဆောက်ပြီးတာနဲ့ ချက်ချင်းဖွင့်ပြီး ဧည့်သည်
လက်ခံချင်ကြတာကြောင့် တည်းခိုခန်း လိုင်စင်နဲ့ အမြန်လျှောက်ပြီး
အမြန်ဖွင့်လာတာတွေ ရှိတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တခုတွင်
မန်နေဂျာလုပ်ကိုင်နေသည့် ဦးမိုးသက် က ပြောသည်။
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲခံရမှုတွင် ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာJustice Trust (USA) မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand ကမေးခွန်းထုတ်
Thursday, February 14, 2013
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သတ်၍ ‘ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲ’ ဟု Justice Trust (USA)မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand က ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီ၌ကျင်းပပြုလုပ်သောလက်ပံတောင်းတောင်အရေးစာနယ်ဇင်းရှင်းလင်းပွဲ၌ မေးမြန်း
ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အပြောင်းအလဲ ဖြစ်ဟု သတင်းထွက်ပေါ်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့၊ လေဆိပ်
လုံခြုံရေး စသည်ဖြင့် တိုးချဲ့ ဖွဲစည်း ခဲ့ပြီးနောက် ရဲချုပ် အဖြစ် တာဝန်
ထမ်းဆောင် နေသော ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၏ နေရာတွင်
အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် စိုးသိန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်၍
ရဲဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ် ခဲ့ကြောင်း The Voice Weekly ၏ သတင်း
ရင်းမြစ်များ ထံမှ သိရသည်။
စီးပွားကူးသန်းက ငှားရမ်းထားတဲ့ တက္ကစီအငှားယာဉ်တွေကို အပိုင်လွှဲပြီ
Thursday, February 14, 2013
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကနေ
၁၉၉၅ - ၁၉၉၆ ခုနှစ်တုန်းက ဌားရမ်းထားတဲ့ တက္ကစီ အငှားယာဉ် အစီး ၂၀၀
ကျော်ကို သည်နေ့ကစပြီး မတ်လ ၃၁ ရက်နေ့ထိ အငှားပိုင်ရှင်တွေထံ ငွေကျပ်
သိန်း၃၀ နဲ့အပြီး အပိုင်လွှဲပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး လက်အောက်ရှိ အငှားယာဉ်လုပ်ငန်းတာဝန်ခံ အရာရှိ ဦးတင်အေးက
ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံးမိကျောင်းဘွဲ့ သြစတြေးလျနိုင်ငံမှရရှိ
Thursday, February 14, 2013
ကမ္ဘာ့အကြီးဆုံး မိကျောင်းဘွဲ့ရထားသည့် မိကျောင်းကြီး သေဆုံးသွားသဖြင့်
ယခုအခါ သြစတြေးလျနိုင်ငံမှ မိကျောင်းကြီးအား ကမ္ဘာ့အကြီးဆုံး မိကျောင်းအဖြစ်
သတ်မှတ်ခံလိုက်ရကြောင်း သိရသည်။
ယမန်နှစ်က ကမ္ဘာ့စံချိန်မှတ်တမ်းများကို ဖော်ထုတ်ပေးနေသည့်
Guinness Book မှတ်တမ်းဝင် အကြီးဆုံး မိကျောင်းကြီး “လိုလောင်း” သည် သေဆုံးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။

Mr. Tomas Ojea Quintana ဗဟို အကျဉ်းထောင် (အင်းစိန်) ကြည့်ရှု လေ့လာ
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအရ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် ကျပ်သန်းပေါင်းလေးသိန်းကျော် တောင်းခံ
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြု
ပြဋ္ဌာန်းပေးပါရန်အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်
တာကံဇော်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တင်သွင်းခဲ့သည်။
ယူကရိန်းတွင် လေယာဉ်အရေးပေါ်ဆင်းသက်ရမှု အနည်းဆုံး လူ ၃ ဦးသေဆုံး
ယူကရိန်းနိုင်ငံ South Airlines
လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒိုးနပ်ခ်မြို့အနီးတွင် အရေးပေါ်
ဆင်းသက်ခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြား လူ ၃
ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး
ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို
ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း
သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံ
တောင်ပိုင်းရှိ ဘာသာရေး အစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ
ဒေသတွင် စစ်တပ် အခြေစိုက် စခန်းတစ်ခုကို အင်နှင့်အားနှင့် ဝင်ရောက်
စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင်ခဲ့ကြောင်း
ကြေညာသွားသည်။