မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့၊ လေဆိပ်
လုံခြုံရေး စသည်ဖြင့် တိုးချဲ့ ဖွဲစည်း ခဲ့ပြီးနောက် ရဲချုပ် အဖြစ် တာဝန်
ထမ်းဆောင် နေသော ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ၏ နေရာတွင်
အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် စိုးသိန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်၍
ရဲဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ် ခဲ့ကြောင်း The Voice Weekly ၏ သတင်း
ရင်းမြစ်များ ထံမှ သိရသည်။ တိုင်းမှူး ဗိုလ်ချုပ်စိုးသိန်း
နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် လူအေး ကို
အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ပေးအပ် ခဲ့သည် ဟု
The Voice Weekly ၏ သတင်း ရင်းမြစ်များ က ဆက်လက် ပြောကြားသည်။
TheVoiceWeekly
No comments:
Post a Comment