Thursday, February 14, 2013
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သတ်၍ ‘ဘယ်သူက ပစ်မိန့်ပေးခဲ့သလဲ’ ဟု Justice Trust (USA)မှ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ Roger Normand က ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီ၌ကျင်းပပြုလုပ်သောလက်ပံတောင်းတောင်အရေးစာနယ်ဇင်းရှင်းလင်းပွဲ၌ မေးမြန်း
ခဲ့ခြင်းဖြစ်သည်။ “ဒီအရေးကြီးတဲ့မေးခွန်းကို ဒေသဆိုင်ရာ ပြည်သူတွေကလည်း မေးနေပါတယ်၊ အားလုံးကလည်း သိချင်နေ
တယ်။ဒါတွေနဲ့ ပတ်သတ်ပြီး အစိုးရထိပ်ပိုင်းအရာရှိတွေမှာ အဓိက တာဝန်ရှိ တယ်လို့ ထင်တယ်။ ဒီဒေသမှာ ရှိနေတဲ့ရဲအရာရှိတွေလက်ထဲမှာဒီလက်နက်တွေသုံးဖို့ဆိုတာ သူတို့ကိုယ်၌က ပစ်မိန့်တွေ ပေးဖို့ဆိုတာ မဖြစ်
လောက်ဘူး။ ရဲဝန်ထမ်းတွေ ရာချီပြီး သပိတ် စခန်းတွေ ဖြိုခွင်းတဲ့ပုံစံဟာ ကြိုတင်စီစဉ်ထားပုံရတယ်” ဟု ၄င်းက ပြောကြားသည်။
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ဆယ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေး
ကော်မရှင်တွင်ရဲဌာန၏စီမံခန့်ခွဲမှုမပါဝင်သည့်အတွက် ရဲဌာနနှင့် ပတ်သတ်၍ စုံစမ်း စစ်ဆေးမှု မရှိကြောင်း၊
ယင်းတွင်အသုံးပြုခဲ့သော လက်နက်များမှာ လေ့ကျင့်ထားသည့် စစ်ဘက်ဆိုင်ရာဌာနများတွင်သာ အသုံးပြုရသည့် လက်နက်များဖြစ်ကြောင်း Roger Normand က ပြောကြားသည်။
“ဒီအကြမ်းဖက်ဖြိုခွဲမှုဟာတရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကို သွားနေတဲ့နိုင်ငံမှာ သိပ်အရုပ်ဆိုးလွန်းတယ်။ အစိုးရသစ်လက်ထက်မှာဖြစ်လာတဲ့ဒီလိုကိစ္စတွေကိုသေသေချာချာကိုင်တွယ်ဖြေရှင်းသင့်တယ်။ ဒါဟာ မြန်
မာနိုင်ငံအတွက် အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်” ယင်းက ဆက်လက်ပြောကြားသည်။
ယင်းက ဆက်လက်၍ လက်ပံတောင်းဆန္ဒပြမှုသည် ဒေသခံ ပြည်သူများအနေဖြင့် ၄င်းတို့၏ အခွင့်အရေး
အရ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသာ ဖြစ်ပြီး အခြားဒီမိုကရေစီနိုင်ငံများတွင် ဖြစ်နေကျ ပုံစံမျိုးသာဖြစ်သည့်အ
တွက်ယခုကဲ့သို့ ဖြေရှင်းလိုက်သည့်ပုံစံမှာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သလို ဖြစ်နေ
ကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်မေးခွန်းကို မီဒီယာသမားများ အနေဖြင့် မေးမြန်းရန်တာဝန်ရှိကြောင်း
ပြောကြားသွားခဲ့သည်။
ရည်မွန်
The Myanma Age

No comments:
Post a Comment