Pages

Pages - Menu

Friday, February 8, 2013

အိန္ဒိယသားအများစုက ကွန်ဒုံးအရွယ်အစား ကြီးမားလွန်းသည်ဟုဆို

Photo: အိန္ဒိယသားအများစုက ကွန်ဒုံးအရွယ်အစား ကြီးမားလွန်းသည်ဟုဆို

အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော စစ်တမ်း တစ်ခုအရ အိန္ဒိယ နိုင်ငံသား အများစုသည် ၎င်းတို့ ဝယ်ယူသော ကွန်ဒုံးများ၏ အရွယ်အစား ကြီးမားလွန်းသည်ဟု ခံစားနေရကြောင်း သိရှိရသည်။ လူပေါင်း (၁၂၀၀)ကျော်ထံမှ ဖြန့်ကျက်ကောက်ယူသော သဘောထား စစ်တမ်းအရ နိုင်ငံတကာ သင့်လျော်သော စံနှုန်း သတ်မှတ်ချက် အရွယ်အစားသည် အိန္ဒိယသား အများစုအတွက် ပိုမို ကြီးမားနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ နိုင်ငံတကာ သတ်မှတ်စံနှုန်းဖြင့် ကွန်ဒုံးများကို ဝယ်ယူသော်လည်း အသုံးပြုရာတွင် ကွန်ဒုံးအရွယ်က ပိုရှည်နေကြောင်း စစ်တမ်းတွင် ပါဝင်ဖြေကြားသူ ထက်ဝက်ကျော်က ပြောကြားခဲ့သည်။ အများစုက နိုင်ငံအတွင်း ကွန်ဒုံး ရောင်းချရာတွင် နိုင်ငံတကာ စံနှုန်းဖြင့် မဟုတ်ဘဲ နယ်ပယ်အသီးသီးသို့ အရွယ်အစား အမျိုးစုံသော ကွန်ဒုံးများ ဖြန့်ကျက် ရောင်းချစေလိုကြောင်း ဆန္ဒပြုခဲ့ကြသည်။

ယခုသုတေသန စစ်တမ်းကို (၂)နှစ်မျှ အချိန်ယူ ကောက်ခံရန် အိန္ဒိယ ဆေးဝါးသုတေသန ကောင်စီက စီစဉ်ခဲ့သည်။ ကူးစက်ရောဂါများ တားဆီးရေး ရည်ရွယ်ချက်ဖြင့် ကွန်ဒုံးအသုံးပြုမှုကို မြှင့်တင်ရန် လုပ်ဆောင်သော စစ်တမ်း ကောက်ခံမှုတွင် အဆီအငေါ် မတည့်သည့် သဘောထား ရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သုတေသီများက စစ်တမ်းကို အခြေခံ ကောက်ချက်ဆွဲပါက အိန္ဒိယ အမျိုးသား (၆၀)ရာခိုင်နှုန်းမျှ၏ ဖိုအင်္ဂါသည် နိုင်ငံတကာ စံနှုန်းများဖြင့် သတ်မှတ်ထုတ်လုပ်သော ကွန်ဒုံးများ အသုံးပြုရန် (၃)စင်တီမီတာမှ (၅)စင်တီမီတာထိ တိုနေကြောင်း ပြောကြားခဲ့သည်။

ဆေးဝါးသုတေသန ကောင်စီမှ ဒေါက်တာ ချန်ဒါပူရီက အမျိုးသားများ ကွန်ဒုံးကို အသုံးပြုလုပ်စိတ် နည်းပါးခြင်းသည် နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် အလားအလာ မကောင်းလှဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယသည် လက်ရှိ အချိန်တွင်ပင် ကမ္ဘာပေါ်တွင် HIVပိုး ကူးစက်မှု အများဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည်။ ဒေါက်တာ ပူရီက "ကွန်ဒုံး အသုံးပြုမှုက အိန္ဒိယမှာ တော်တော် နည်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမပြုမိတဲ့ အချက်တစ်ခုကို ခုချိန်မှာ ဖော်ထုတ်လာနိုင်တာပါ။ ကွန်ဒုံး ဝယ်ချင်စိတ် ရှိရင်တောင် အရွယ်အစားမှာ ပြဿနာ ရှိနိုင်တယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါပြီ။ ပြဿနာ တစ်ခုက အမျိုးသားတွေ ကိုယ်တိုင်က စတိုးဆိုင်တွေမှာ ကွန်ဒုံး Sizeအသေး မေးဝယ်ရမှာ ရှက်နေတတ်တာပါပဲ"ဟုလည်း ပြောကြားသွားခဲ့သည်။

Source: BBC

Credit to : Planet Myanmar Network
https://www.facebook.com/excellencemedia

အေးချမ်းမွန်

အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော စစ်တမ်း တစ်ခုအရ အိန္ဒိယ နိုင်ငံသား အများစုသည် ၎င်းတို့ ဝယ်ယူသော ကွန်ဒုံးများ၏ အရွယ်အစား ကြီးမားလွန်းသည်ဟု ခံစားနေရကြောင်း သိရှိရသည်။ လူပေါင်း (၁၂၀၀)ကျော်ထံမှ ဖြန့်ကျက်ကောက်ယူသော သဘောထား စစ်တမ်းအရ နိုင်ငံတကာ သင့်လျော်သော စံနှုန်း သတ်မှတ်ချက် အရွယ်အစားသည် အိန္ဒိယသား အများစုအတွက် ပိုမို ကြီးမားနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

2012 DA 14 အမည်ပေးထားတဲ့ ဂြိုဟ်မွှားလေးတစ်ခု ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ကမ္ဘာနဲ့ အလွန်နီးကပ်စွာ ဖြတ်သန်းသွားမည်

Photo: နောက်တပတ်ထဲမှာ 2012 DA 14 အမည်ပေးထားတဲ့ ဂြိုဟ်မွှားလေးတစ်ခုဟာ ကမ္ဘာနဲ့ အလွန်နီးကပ်စွာ ဖြတ်သန်းသွားမယ်လို့ သိရပြီး စိုးရိမ်စရာမရှိကြောင်း NASA ကထုတ်ပြန်ထားပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ဆူမာထရားကျွန်း အနီး အိန္ဒိယသမုဒ္ဒရာ အထက်ကနေ အချင်း ပေ ၁၅၀ ရှိတဲ့ အဆိုပါဂြိုဟ်မွှားလေးဟာ ကမ္ဘာမြေပြင်အထက် မိုင် ၁၇၁၀၀ လောက်မှာ ဖြတ်သန်းသွားမှာဖြစ်ပြီး မြေပေါ်သို့ကျလာစရာ မရှိကြောင်း သိရပါတယ်။

ကမ္ဘာနဲ့နီးကပ်စွာ ဖြတ်သွားနိုင်တဲ့ 2012 DA 14 အရွယ်လို ဂြိုလ်မွှားမျိုးက နှစ်ပေါင်း ၄၀ မှာတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ပေါင်း ၁၂၀၀ မှာ တစ်ကြိမ်လောက်သာ ကမ္ဘာမြေပေါ်ကို ကျရောက်နိုင်တယ်လို့ NASA က ပြောပါတယ်။ နောက်ဆုံးတကြိမ် ကမ္ဘာမြေကိုကျခဲ့တဲ့ ဂြိုဟ်မွှားက နှစ်ပေါင်း ၁၀၀ ကျော်လောက်သာရှိသေးလို့ ကမ္ဘာမြေအတွက် အချိန်တော်တော်ကြာ အန္တရာယ်ကင်းနေအုံးမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီဂြိုဟ်မွှားက ကမ္ဘာမြေပေါ်ကို ထိခိုက်ကျရောက်ခဲ့ပါက ၂.၄ မက်ဂါတန် ဗုံးတစ်လုံးနဲ့ ညီမျှပြီး အလွန်ကြီးမားတဲ့ မြေနေရာတခုစာကို ပျက်စီးစေနိုင်ပါတယ်။ သို့ပေမယ့် ကမ္ဘာကြီးပျက်စီးလောက်တဲ့ အခြေအနေထိ မဖြစ်နိုင်ပါဘူး။
(Ref; Channel News Asia, Feb 7, 2013)

အေးချမ်းမွန်မှ Myanmar1 တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

နောက်တပတ်ထဲမှာ 2012 DA 14 အမည်ပေးထားတဲ့ ဂြိုဟ်မွှားလေးတစ်ခုဟာ ကမ္ဘာနဲ့ အလွန်နီးကပ်စွာ ဖြတ်သန်းသွားမယ်လို့ သိရပြီး စိုးရိမ်စရာမရှိကြောင်း NASA ကထုတ်ပြန်ထားပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ဆူမာထရားကျွန်း အနီး အိန္ဒိယသမုဒ္ဒရာ အထက်ကနေ အချင်း ပေ ၁၅၀ ရှိတဲ့ အဆိုပါဂြိုဟ်မွှားလေးဟာ ကမ္ဘာမြေပြင်အထက် မိုင် ၁၇၁၀၀ လောက်မှာ ဖြတ်သန်းသွားမှာဖြစ်ပြီး မြေပေါ်သို့ကျလာစရာ မရှိကြောင်း သိရပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့ဖွဲ့စည်းလိုက်ပြီ

Photo: ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့

ဒီဗွီဘီ

၂၀၁၀ ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်းအင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်းအင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ဖွဲ့လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ပြည်နယ်နဲ့ တိုင်း ၁၄ ရုံး၊ နေပြည်တော်နဲ့ ခရိုင် ၆၇ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသ ၆ ရုံး၊ မြို့နယ်အဆင့် ရုံးပေါင်း ၃၃၀ ဖွဲ့စည်းခဲ့တဲ့အတွက် ခုလို ၀န်ထမ်းအင်အား ၁၀ ဆ တိုးမြှင့်ခန့်ထားခဲ့တာ ဖြစ်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်ပါတယ်။


အေးချမ်းမွန်မှ DVB TV News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

၀၁၀ ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်းအင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်းအင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ဖွဲ့လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

Photo: အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း ကတည်ရှိနေတာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့  ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar


အေးချမ်းမွန်မှ International news for myanmar တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။

State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ

Photo: State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ 	

Friday, 08 February 2013 17:02

State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေးချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။

ပေးပို့လာခဲ့သော သတိပေးစာတွင် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဟု ဖော်ပြထားပြီး ဂျာနယ်လစ်များထံသို့ ကနဦးအနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Google မှ ပေးပို့လာသည့် သတိပေးစာကို ပြည်တွင်း ဂျာနယ်လစ်များ၏ အလုပ်နှင့် သက်ဆိုင်သော Gmail Account များထံ ရောက်ရှိခဲ့သည့် အပြင် သတင်းနှင့် ဆက်နွှယ်သော ကွန်ပြူတာ ပညာရှင်အချို့၊ Gmail သုံးစွဲသူ အချို့ထံသို့လည်း ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ခံရရှိသူ အများဆုံးမှာ ဂျာနယ်လစ်များ ဖြစ်နေကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး အပါအ၀င် သတင်းအယ်ဒီတာများ၏ Gmail Account များထံသို့ State-sponsored attackers များက ၀င်ရောက် ကြိုးပမ်းနေသည်ဆိုသော သတိပေးချက်များ ရောက်ရှိခဲ့ပါသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် ဘာတေး လစ်တနာက သူ၏ Gmail Account သို့ ၀င်ရောက်ရန် ကြိုးပမ်း နေသူများ ရှိနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုရှိ Google ရုံးသို့ အကြောင်း ကြားထားကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

Gmail ၏ သတိပေးစာသည် The Voice Weekly ဂျာနယ်၏ အယ်ဒီတာ ကိုအောင်စိုး၊ AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းနှင့် ကျိုဒိုသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ကိုမြတ်သူရ အစရှိသူတို့ထံလည်း ရောက်ရှိခဲ့ကြောင်း သိရပါသည်။

"ဖေဖော်ဝါရီ ၆ ရက်နေ့က ကျွန်မဆီကို သတိပေးစာ ရောက်လာပါတယ်။ State-sponsored attackers လို့ ပြောထားတော့ အရမ်းစိုးရိမ်သွားပြီး Password ကို ချက်ချင်း ပြောင်းလိုက်ရပါတယ်။ ကျွန်မတို့က အဆက်အသွယ် များတဲ့အတွက် Gmail ကို ၀င်ဖို့ ကြိုးစားပုံ ရပါတယ်။ Google ကတော့ ဘယ်အဖွဲ့အစည်းက လုပ်နေသလဲ ဆိုတာကို သိတဲ့အတွက် သတိပေးစာ ပို့ခဲ့တာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ မသိပေမဲ့ သူတို့ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ Gmail Account တွေက ဂျာနယ်လစ်တွေ ဖြစ်နေပါတယ်"ဟု AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောပါသည်။

"ဒီလို သတိပေးစာ ရောက်လာတာဟာ မကောင်းဘူးလို့ ခံစားရပါတယ်။ လုံခြုံမှု မရှိဘူးလို့ ခံစားရပါတယ်။ တစ်ချိန် မဟုတ် တစ်ချိန်တော့ ဒီလို လုပ်လာမယ် ဆိုတာတော့ မှန်းထားပြီးသားပါ။ အဓိက ကတော့ သတိပေးစရာကို ကိုယ်တစ်ယောက်တည်းက ရတာဆိုရင် တစ်မျိုးပေါ့။ အခုက ဂျာနယ်လစ်တွေကို ရည်ရွယ်ချက် ရှိရှိ လုပ်သလို ဖြစ်နေတယ်။ The Voice ကို hacked တယ်။ Eleven ကို hacked တယ်။ Gmail က သတိပေးစာတွေ ပို့လာတယ်။ အားလုံးကို လိုက်လုပ်နေတဲ့ သဘောရှိတယ်။ ကျွန်တော့် အီးမေးလ်ကို ၀င်ဖတ်ချင်လို့ လုပ်တယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်ပါ တွေ့လာရတော့ ဒါဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ကျိုဒို သတင်းဌာနမှ ကိုမြတ်သူရ က ပြောပါသည်။

ထို့အတူ ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သော The Voice Weekly ဂျာနယ် ၀က်ဘ်ဆိုက်အတွက် တာဝန်ယူ လုပ်ဆောင် ပေးနေသော Myanmar's Net ၏ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး Hacked ပြုလုပ်ခံရသည့်  The Voice Weekly Facebook ကို ပြန်လည် ရရှိစေရန် ကြိုးပမ်း ကူညီ လုပ်ဆောင် ပေးနေသူ ဦးဇော်ထွဋ် ထံသို့လည်း Gmail မှ ပေးပို့သည့် သတိပေးစာ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။

"Gmail က ပို့လာတဲ့ သတိပေးစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ စပြီး တွေ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အသုံးပြုနေတဲ့ Gmail Account ကို ရောက်လာခဲ့တာပါ။ State-sponsored attackers ဆိုပြီး ပို့လာတာကို တစ်ခါမှ မကြုံဖူးပါဘူး။ ပိုပြီး ထူးခြားတာက အလုပ်နဲ့ ပတ်သက်ပြီး သုံးနေတဲ့ Account ကို ရောက်လာတာပါ။ Personal အတွက် သုံးတဲ့ Gmail Account မှာတော့ ဒီလို သတိပေးစာ ရောက်မလာပါဘူး။ စက်တစ်လုံးတည်းမှာ သုံးတာချင်းအတူတူ အလုပ် အတွက် သုံးနေတဲ့ Account ဆီကို ရောက်လာခဲ့တာပါ"ဟု Myanmar's Net မှ ဦးဇော်ထွဋ်က ပြောပါသည်။

Gmail မှ ပေးပို့ခဲ့သော သတိပေးစာတွင် State-sponsored attackers ဟု ဆိုထားသည့်အတွက် အစိုးရမှ ထောက်ပံ့ထားသော အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံမှ အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းက လုပ်ဆောင်သည် ဆိုသည်ကို Gmail မှ သတင်းထုတ်ပြန်ခြင်း မပြုဘဲ သတိပေးစာ အနေဖြင့်သာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၂ခုနှစ် ဇွန်လအတွင်းကလည်း ယခုကဲ့သို့ သတိပေးစာများကို Google မှ ထုတ်ပြန်ခဲ့ဖူးကြောင်း အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့သော နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်ကလည်း အဆိုပါ သတိပေးစာကို အမေရိကန် ဂျာနယ်လစ်များ၊ နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များစွာက လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

ထိုအချိန်က Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်က ပြောကြားခဲ့ရာတွင် Google သည် အစိုးရ ထောက်ပံ့သော အဖွဲ့အစည်းများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Gmail အသုံးပြုသူများကို သတိပေးခဲ့ကြောင်း၊ ထိုအချိန်မှ စတင်ပြီး တိုက်ခိုက်ပုံ နည်းလမ်းနှင့် ပတ်သက်သည့် အသိပညာ ဆိုင်ရာ အချက်အလက် အသစ်များကို စုဆောင်းခဲ့ကြောင်း၊ Google အနေဖြင့် အစိုးရက ထောက်ပံ့ထားပုံရသည့် အဖွဲ့အစည်းများမှ လုပ်ဆောင်သော ဆိုက်ဘာ တိုက်ခိုက်မှုများကို မျှော်လင့်ထားသည်ထက် ပိုမိုကြုံတွေ့ခဲ့ရကြောင်း နယူးယောက်တိုင်း(မ်) သတင်းစာသို့ ပြောကြားခဲ့သည်။

ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်လာနိုင်သော Gmail အသုံးပြုသူများထံသို့ သတိပေးစာများ ပေးပို့ခဲ့ကြောင်း မိုက်ဝီယာဆက်က ပြောကြားခဲ့ပြီး အဆိုပါ သတိပေးစာကို အမေရိကန်ဂျာနယ်လစ်များနှင့် နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူများစွာက လက်ခံ ရရှိခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာများတွင် ရေးသား ခဲ့ပါသည်။

ထိုသို့ တိုက်ခိုက်ရန် ကြိုးပမ်းမှုအား Wired အမျိုးသား လုံခြုံးရေး ဘလော့ဂ်၏ အယ်ဒီတာ နိုအာ ရှအက်မန်က "အန္တရာယ် သတိပေးချက်၊ အစိုးရက ထောက်ပံ့သော အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့် သားကောင် ဖြစ်နိုင်ချေ သတိပေးချက်ကို Google ထံမှ ရရှိခဲ့သည်"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်၏ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း ဒေသမှ ဖြစ်နိုင်ချေရှိသော အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများ ပိုမိုများပြား လာသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံများ၏ အမည်ကို အတိအကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြည်တွင်း သတင်းမီဒီယာများ၏ Website နှင့် Facebook များကို hacked ပြုလုပ် တိုက်ခိုက်ခြင်းများမှ ယခု လပိုင်း အတွင်း ပိုမို ဖြစ်ပွားလျက် ရှိပါသည်။

ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များက Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထား သော အဖွဲ့မှ တိုက်ခိုက်(hacked) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန် လေးနာရီခန့် ၀င်ရောက်ကြည့် ရှုနိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ မတိုက်ခိုက်မီ အချိန်က Eleven Media Group ကို DDoS တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်း ဖော်ပြခဲ့ပါသည်။ Myanmar Express ၀က်ဘ်ဆိုက်သည် တပ်မတော် အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေဟု ယူဆချက်များ ထွက်ပေါ်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။ ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ (အထူးသ ဖြင့် Eleven Media Groupနှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့များက တိုက်ခိုက်(hacked) ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက် ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြ ရေးသားခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ် တစ်သိန်းကျော် ရရှိထား သည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ယက်၌ ပျက်စီးသွားခဲ့ပါသည်။

ထို့အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက Eleven Media Group ၏ Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မိနစ်ပိုင်းအတွင်း Eleven Media Group IT Team မှ အချိန်မီ ပြန်ထိန်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Myanmar Express ၀က်ဘ်ဆိုက်နှင့် ပတ်သက်၍ ဒီမိုကရေစီ ဖော်ဆောင်ရေးကို မလိုလားသော တပ်မတော် အရာရှိ အချို့နှင့် ဌာန အချို့မှ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆ သံသယ ဖြစ်ဖွယ် အချို့ တွေ့ရှိ နေသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တစ်ဆင့် နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အစရှိသည့် အစိုးရ တာဝန်ရှိသူများထံသို့ မေတ္တာရပ်ခံ ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group က ပေးပို့ထားကြောင်း သိရှိရပါသည်။

Google မှ ပေးပို့လာသော သတိပေးစာကို တွေ့ရစဉ်


အေးချမ်းမွန်မှ Eleven Media Groupတွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
Google မှ ပေးပို့လာသော သတိပေးစာကို တွေ့ရစဉ်

Friday, 08 February 2013
State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေးချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။

သူခိုးဟု စွပ်စွဲပြီး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခုဖြစ်ပွား

Photo: သူခိုးဟု စွပ်စွဲရာမှ ရန်ဖြစ်ကြသူများ

February 8, 2013Home, သတင်း

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း မြို့နယ်၊ အင်းမရွှေကျောင်းကြီး ဘုရားပွဲတွင် ဖေဖော်ဝါရီ ၅ ရက် ည(၁၁)နာရီအချိန်ခန့်၌ သူခိုးဟု စွပ်စွဲရင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၁)နာရီအချိန်၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်းကြီးဘုရားပွဲ တွင် ဇော်အေး(၃၅)နှစ်၊ ဈေး ရောင်း၊ ပြည်မြို့နေသူသည် ဘုရားပွဲ၌ ဈေးရောင်းပြီးနောက် ဘုရားပွဲ ရုပ်ရှင်ရုံအတွင်း၌ ဇနီးဖြစ်သူ မသီ တာနှင့်အတူရှိနေစဉ် မိုးမိုးနှင့် အိသီတို့ရောက်လာကာ အရုပ် ရောင်းသည့် ပန်းအိ၏ ဒန်အိုးနှင့် ဆွဲခြင်းပျောက်သည့်ကိစ္စအား သူခိုးစွပ်စွဲရင်း စကားများရန်ဖြစ် နေစဉ် အိသီ၏ ယောက်ျားဖြစ် သူ ပေါက်စ(၃ဝ)နှစ်၊ ဈေးရောင်း၊ ပြည်မြို့နေသူရောက်ရှိလာပြီး မှအသင့်ပါလာသော အရိုး(၄)လက်မခွဲ၊ အသွား (၅) လက်မခန့်ရှိ စတီးဓားဖြင့် ဇော် အေးကို (၂)ချက်ထိုးခဲ့ရာ ဝဲ လက်ပြင်တွင် စူးဝင်ဒဏ်ရာ(မစိုး ရိမ်ရ)ရရှိခဲ့သည်ဟု သိရှိရသည်။
စတီးဓားဖြင့်ထိုးသူ ပေါက်စ ကို အရေးယူပေးပါရန် ဇော် အေးက (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီအချိန်တိုင်တန်း ချက်အရ အင်းမရဲစခန်း(ပ) ၃၅/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ခဲ့သည်ဆို၏။
ကျူးလွန်သူပေါက်စကို  (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီ(၁ဝ)မိနစ်အချိန်တွင် အမှု ဖြင့်ဖမ်းဆီးပြီး အမြန်ဆုံးတရားစွဲ တင်နိုင်ရန်အတွက် ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

မိုးမခ(ပြည်)


အေးချမ်းမွန်မှ The Hot News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia


ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း မြို့နယ်၊ အင်းမရွှေကျောင်းကြီး ဘုရားပွဲတွင် ဖေဖော်ဝါရီ ၅ ရက် ည(၁၁)နာရီ
အချိန်ခန့်၌ သူခိုးဟု စွပ်စွဲရင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အုပ်စုဖွဲ့ ဓားနှင့်ထိုးသတ်၍ လူငယ်တစ်ဦး သေဆုံး

မန္တလေးတိုင်း တိုင်း ဒေသကြီး၊ မန္တလေးမြို့ ကန်သာယာ မြို့သစ်တွင် လူငယ် တစ်စုက ဓားနှင့် ထိုးသတ် ခဲ့သောကြောင့် လေဘေးထည် ရောင်းသူ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်း
ဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။ငွေစက္ကူအတုလဲလှယ်ပေးသည့်သူအား
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်
ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူဆိုသူမှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင်
 ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သတင်းရရှိခဲ့သည်။

မြန်မာနိုင်ငံကို နှစ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့သမ္မတများ

Photo: မြန်မာနိုင်ငံ၏သမ္မတများ

စ၀်ရွှေသိုက် (4.1.1948 - 13.3.1952)

၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၃-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ ဦးဘဦး (13.3.1952 - 13.3.1957)

၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ စပ်ရွှေသိုက် သက်တမ်း ကုန်ဆုံးသွားသော အခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ဒေါက်တာ ဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ် ပေါင်းကာ တညီးတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။

မန်းဝင်းမောင် (13.3.1957 - 2.3.1962)

ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

ဦးနေ၀င်း (2-3-62 - 9.11.1981)

ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။


ဦးစန်းယု (9.11.1981 - 25.7.1988)

ဦးစန်းယုသည် ဦးနေဝင်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးစိန်လွင် (25.7.1988 - 12.8.1988)

"ခွေးနှင့် ဓါတ်တိုင်သာ ကျန်ပါစေ"ဟူသော စကားနှင့်အတူ ရှစ်လေးလုံး လူထုအုံကြွမှုကို ရက်စက်စွာနှိမ်နှင်းစေခဲ့သူ

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သည်၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးအေးကို(ယာယီ) (12.8.1988 - 19.8.1988)

၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ
သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)

၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီး စောမောင်

၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော
တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃-ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီးစောမောင်ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ပြီးနောက် ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံ့အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်သည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စစ်ဘက်ရာထူးများ နိုင်ငံ့အကြီးအကဲတာဝန်များမှ အနားယူကာ သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်တို့ ထံသို့ လွှဲပြောင်းပေးခဲ့ပြီး အနားယူခဲ့သည်။

ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဘူသီရိ မြို့ နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ပွဲတွင် အနိုင်ရရွေးချယ်ခံရပြီး ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ်ရွေ့းချယ် တင်မြှောက်ခြင်းခံရသော ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတြီကီး၏ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ခေါင်းဆောင်တစ်ဦးဖြစ်သည်း။ဇနီးမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။ ရင်သွေး (၃) ဦး ထွန်းကားသည်။ နေပြည်တော် တွင် နေထိုင်သည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်နေ့ မှစတင်ကာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အကြီးအကဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥက္ကဌ နိုင်ငံတော်သမ္မတကြီးအဖြစ် နေပြည်တော်တွင် ရုံးထိုင်ထမ်းဆောင်လျှက်ရှိပါသည်

Credit by : မုန်တိုင်းစုစည်းမှုများထဲမှ ရှာဖွေတင်ပြပါသည်။


အေးချမ်းမွန်မှ ထူးထူးဆန်းဆန်း တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

စ၀်ရွှေသိုက် (4.1.1948 - 13.3.1952)

၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၃-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။

ပိတ်ချင်းမြောင် လှိုင်ဂူတော်အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက်များ ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ပွား

ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်
များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက်
၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိသည့်သုံးဆင့်ရေတံခွန်တွင်လူတစ်ဦး
သေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင်ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်
အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည်

၁၉နှစ်ကြာပိတ်ခဲ့သော စူဠာမဏိစေတီ၏ ပစ္စယာပေါ်မှ ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုခွင့်ပြုခဲ့

Photo: ၁၉နှစ်ကြာပိတ်ခဲ့သော စူဠာမဏိစေတီ၏ ပစ္စယာပေါ်မှ ပထမဆုံးအကြိမ်
တက်ရောက်ကြည့်ရှုခွင့်ပြုခဲ့


နှစ်ပေါင်း (၁၉) နှစ်ခန့် ကြာပိတ်ထားသည့် စူဠာမဏိစေတီတော်၏ ပစ္စယာပေါ်မှ နေ၀င်ချိန်ဆည်းဆာအလှအား ပထမဦးဆုံး အကြိမ်အဖြစ်
ကြည့်ရှုခွင့်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့က စတင်ခွင့်ပြု ပေးခဲ့ကြောင်းသိရှိ
ရသည်။

အဆိုပါဘုရားစေတီတော်အား ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဒေါ်ခင်စန္ဒာခင် လာရောက်ကြည့်ရှုသည့်အတွက် ဖွင့်လှစ်ပေး
ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးပြန်ပြီးနောက်ပိုင်းတွင် ပုံမှန်အတိုင်းဆက်လက်ပိတ်
ထားလိုက်ကြောင်းသိရှိရသည်။

“အခုလိုဝန်ကြီးလာကြည့်တာက ဘုရားတွေပျက်စီးတာတွေကိုလာကြည့်
တာပါ။ ဘုရားမှာက အုတ်တွေပျက်စီးနေတာ တွေ၊ ဘုရားပေါ်မှာကြံ့ခိုင်မှု
မရှိတာတွေကိုကြည့်တာပါ။ ဒီဘုရားကိုတော့ နေ၀င်ချိန်ကြည့်ဖို့အတွက်တော့
ဖွင့်ပေး မှာမဟုတ်ပါဘူး။” ဟု ရှေးဟောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

အဆိုပါစေတီတော်အား ဒေါ်ခင်စန္ဒာခင် နေဝင်ချိန်လာရောက်ကြည့်ရှုရန်အတွက် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများ ကပြောဆိုလျက်ရှိသည်။

“ဘုရားပေါ်မှာခုံတွေခင်းပြီး (၁၉) နှစ်လောက် ပိတ်ထားတဲ့ဘုရားပေါ်မှာ
ဒေါ်ခင်စန္ဒာခင်လာရောက်ကြည့်ဖို့ အတွက် စားသောက်ဖွယ်ရာတွေ၊ ခုံတွေခင်းပြီး ပြင်ဆင်ထားတယ်။ နေ၀င်ချိန်ကြည့်ဖို့အတွက်ပေါ့။ အခုနိုင်ငံ
ခြားသားတွေလာတဲ့ အချိန်မှာကြည့်ဖို့အတွက် ဘုရားနှစ်ဆူကိုဖွင့်ပေး
ထားတယ်။”ဟု ပုဂံ ညောင်ဦးဒေသခံတစ်ဦးဖြစ်သူ ကိုမင်းနိုင်အောင် က
ပြောသည်။

ထိုသို့ ဝန်ကြီးလာရောက်ရာ၌ စေတီပစ္စယာပ်ါတွင် အစားအသောက် များဖြင့်တည်ခင်း ဧည့်ခံရန်ပြင်ဆင်ထား သဖြင့် ဒေသခံများက
ဝေဖန်ပြောဆိုလျက်ရှိသည်။

အဆိုပါစေတီအား ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ၂၀၀၀ပြည့်နှစ်ဝန်းကျင်က ပစ္စယံပေါ်မှယတြာခြေခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ပါ က ဆုတောင်းပြည့်
သည် ဟုအရပ်စကား-ကောလဟာလများ ထွက်ပေါ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဟောင်းဘုရားစေတီဖြစ်သောကြောင့် ထိန်းသိမ်းစောင့်ရှောက်လို
သည့်သဘောဖြင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်
ခဲ့သည်။

ယင်းဘုရား၏ထူးခြားချက်သည် ကျင်တွယ်ပုံကျောက်များဖြင့်ခိုင်မာအောင်
ပြုလုပ်ထားခြင်း၊ ချင်မိတ်တိုးတန်း၏ အောက်ခြေတွင် သဲကျောက်တုံးများ
ပတ်လည်ခံထားခြင်း၊ အင်္ဂတေပန်းများအကြားတွင်အ၀ါရောင်၊ အစိမ်းရောင် စဉ်ပန်းခက်များဖြင့် သပ္ပါယ်စွာတန်ဆာဆင်ထားသော ဘုရားတစ်ဆူ
ဖြစ်ကြောင်း သိရသည်။

စူဠာမဏိဂူဘုရားသည် အေဒီ (၁၁) ရာစုခန့်က နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ် ထားခြင်းဖြစ်သည်ဟု သမိုင်းအထောက်အထားအရ သိရသည်။


အေးချမ်းမွန်မှ Myit Makha Mediagroup တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

နှစ်ပေါင်း (၁၉) နှစ်ခန့် ကြာပိတ်ထားသည့် စူဠာမဏိစေတီတော်၏ ပစ္စယာပေါ်မှ နေ၀င်ချိန်ဆည်းဆာအလှအား ပထမဦးဆုံး အကြိမ်အဖြစ် ကြည့်ရှုခွင့်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့က စတင်ခွင့်ပြု ပေးခဲ့ကြောင်းသိရှိ ရသည်။

မက္ကစီကို နိုင်ငံမှ ၉ နှစ်အရွယ် ကလေးမ တစ်ဦး ကလေးမွေးဖွား


မက္ကစီကို နိုင်ငံမှ ၉ နှစ်အရွယ် ကလေးမ တစ်ဦး ကလေးမွေးဖွား
Friday, 08 February 2013 

မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့ သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ မွေးဖွားလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။

အသက် ၉ နှစ်သာ ရှိတဲ့ မိန်းခလေးဟာ သူမရဲ့ သမီးမိန်းခလေးကို မက္ကစီကိုနိုင်ငံက ဆေးရုံ တစ်ခုမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ မိသားစုနဲ့ ဒေသအာဏာပိုင်တွေက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

အဲဒီ ၉ နှစ် အရွယ် မိန်းခလေးဟာ အသက် ၈ နှစ် အရွယ်မှာ စတင် ကိုယ်ဝန် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု မွေးလိုက်တဲ့ ကလေးမလေးရဲ့ ဖခင်ကတော့ အသက် ၁၇ အရွယ် လူငယ် တစ်ဦးဖြစ်ပြီး သူဟာ ထွက်ပြေးသွားတဲ့ အတွက် အခု ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။

ကလေးရဲ့ ကိုယ် အလေးချိန်ဟာ ၂ ဒဿမ ၇ ကီလိုသာ ရှိပြီး မက္ကစီကိုနိုင်ငံက Zoquipan ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ဆေးရုံက ဆင်းလာကြပြီး မိခင်ကလေးနဲ့ မွေးဖွားလာတဲ့ ကမလေး နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာဘဲလို့ ဆိုပါတယ်။

(နိရဉ္စရာ)

Friday, 08 February 2013

မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့ သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ မွေးဖွားလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။

ဆီလှောင်ကန် တိုးချဲ့ထားရှိမှုနှင့် ပတ်သက်၍ ဆီဆိုင်ပိုင်ရှင်အား ရပ်ကွက်နေပြည်သူအချို့ တားဆီး

ဆီလှောင်ကန် တိုးချဲ့ထားရှိမှုနှင့် ပတ်သက်၍ ဆီဆိုင်ပိုင်ရှင်အား ရပ်ကွက်နေပြည်သူအချို့ တားဆီး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်၌ ပြန်လည်ပြုပြင်၍
ဆီလှောင်ကန် တိုးချဲ့မှုပြုလုပ်သည့် Denko စက်သုံးဆီဆိုင်အား ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများက တားဆီးမှုများပြုလုပ်၍ ယနေ့ ဖေဖော်ဝါရီ ၈ရက် မွန်းလွဲ ၁နာရီမှစတင်ကာ ယင်း စက်သုံးဆီဆိုင်ပိုင်ရှင် ဦးချစ်ခိုင် အပါ အဝင် ရပ်ကွက်နေ
ပြည်သူများနှင့် တွေ့ဆုံပွဲညှိနှိုင်းပွဲတစ်ခု ပြုလုပ်ကြောင်း သိရသည်။

"စပြင်တာက တစ်လလောက်ပဲရှိသေးတယ်။ ပထမကတော့
ဂါလန် ၆ထောင်ပါတဲ့ ကန်တစ်ခုပဲ။ ပြီးတော့မှ ကန်ထပ်တိုးပြီး
လုပ်တာ။ အဲဒီ အထဲမှာ ပေါက်ကွဲအားပြင်းတဲ့ အောက်တိန်း
တွေလည်း ပါတယ်။ ပိုဆိုးတာက လူနေအိမ်တွေနဲ့က ကပ်ကပ်
လေးတွေဆိုတော့ စိုးရိမ်လို့ အခုလို မျိုး ညှိနှိုင်းပွဲလေးလုပ်ရ
တာပါ"ဟု နံ့သာကုန်းရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြလှိုင်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းဆွေးနွေးမှု၌ DENKO စက်သုံးဆီပိုင်ရှင်
ဦးချစ်ခိုင်မှ ရပ်ကွက်အတွင်းနေထိုင်သည့် ပြည်သူများ အဆင်ပြေစေရန်အတွက် ယခု ဆောက်လက်စ စက်သုံးဆီ သိုလှောင်ကန်များအား ရပ်နားထားမည်ဖြစ်ကြောင်းနှင့်
ရပ်ကွက်မှ ကိုယ်စားလှယ် ၇ဦးနှင့် ၎င်းတို့ကုမ္ပဏီမှ ကိုယ် စားလှယ်များအပါအဝင် စွမ်းအင်ဝန်ကြီးဌာန၊ မီးသတ်ဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ကို ဆင့်ခေါ်၍ ယခုလအတွင်း
ပြည်သူများ ကျေနပ်သည်အထိ ထပ်မံဆွေးနွေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့အိမ်နဲ့ဆိုရင် ဆီဆိုင်က ဘေးချင်းကပ်လျက်။
ပြီးတော့ သိုလှောင်ကန်တွေကလည်း ကပ်လျက်ကလေး
ဆောက် ထားတာ။ အရင် တုန်းကဆိုရင် ကားဆီ
ထည့်နေရင်း မီးလောင်လို့ဆိုပြီး အပြင်ကို တွန်းထုတ်
ရသေးတယ်။ မီးလောင်မှုဖြစ် တာကလည်း သုံးခါလောက်
ရှိတယ်။ ရပ်ကွက်ကလူတွေကောင်းလို့ ကျွန်မတို့
အိမ်မပါတာ"ဟု အဆိုပါရပ်ကွက်၌ နှစ်ပေါင်း ၄၀နီးပါး
နေထိုင်သူ ဒေါ်ဖြူဖြူက ပြောသည်။

ယင်းစက်သုံးဆီဆိုင်သည် အင်းစိန်မြို့နယ် နံ့သာကုန်း
ရပ်ကွက် ဘူတာရုံလမ်းပေါ်တွင် တည်ရှိပြီး ယခင်က
အစိုးရစက်သုံး ဆီဆိုင်တစ်ဆိုင် အဖြစ် မွတ်ဆလင်လူမျိုး
တစ်ဦး ပိုင်ဆိုင်ကြောင်း သိရပြီး ၁၉၆၀၊ ၂၀၀၇နှင့် ၂၀၀၈
ခုနှစ်တို့၌ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း အထက်ပါ
အမျိုးသမီးက ဆက်လက်ပြောကြားသည်။

ယခုလက်ရှိ DENKO စက်သုံးဆီဆိုင်ပိုင်ရှင်အဖြစ် ပိုင်ဆိုင်သူ
ဦးချစ်ခိုင်သည် ၎င်းတို့စက်သုံးဆီဆိုင် မီးလောင်ကျွမ်း၍
ရပ်ကွက်အတွင်း ဆုံးရှုံးမှုများဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍
ပြောကြားသွားခြင်းမရှိကြောင်း၊ ယခုလက်ရှိ ဆောက်လုပ်
နေသည့် ဆီလှောင်ကန် ၂၄၀၀၀ဂါလံမှ ယခင်ထားရှိသည့်
ဆီလှောင်ကန် ၆၀၀၀ဂါလံထားရှိရန်ကိုသာ တောင်းဆိုထား
ကြကြောင်း ဦးမြလှိုင်၏ ထပ်မံပြောပြချက်အရ သိရသည်။

TMA


အေးချမ်းမွန်မှ The Myanma Age တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်၌ ပြန်လည်ပြုပြင်၍ ဆီလှောင်ကန် တိုးချဲ့မှုပြုလုပ်သည့် Denko စက်သုံးဆီဆိုင်အား ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများက တားဆီးမှုများပြုလုပ်၍ ယနေ့ ဖေဖော်ဝါရီ ၈ရက် မွန်းလွဲ ၁နာရီမှစတင်ကာ ယင်း စက်သုံးဆီဆိုင်ပိုင်ရှင် ဦးချစ်ခိုင် အပါ အဝင် ရပ်ကွက်နေ
ပြည်သူများနှင့် တွေ့ဆုံပွဲညှိနှိုင်းပွဲတစ်ခု ပြုလုပ်ကြောင်း သိရသည်။

ရတနာပုံဆိုင်ဘာစီးတီး နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်

ရတနာပုံဆိုင်ဘာစီးတီး နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည် 
Friday, February 08, 2013

နိုင်ငံတကာ ဆိုင်ဘာတက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက်သည့် တက္ကသိုလ်အဖြစ် ရတနာပုံဆိုင်ဘာစီးတီးကို ဆောင်ရွက်သွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒေါက်တာစိုင်းကျော်နိုင်ဦးက
ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်အနီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အဆိုပါတက္ကသိုလ်ကို တောင်ကိုရီး ယား သမ္မတနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်မှု လုပ်ငန်းများ စတင်နေပြီဟုလည်း ၄င်းက ဆိုသည်။

ROK-CLMV Cyber University Project အစီအစဉ်ဖြင့် ကိုရီးယား
သမ္မတနိုင်ငံ၊ ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် တို့ပူးပေါင်းကာ
ဆောင်ရွက်နေပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိနည်းပညာ
တက္ကသိုလ် နှနှစ်ခုနှင့် ကွန်ပျူတာတက္ကသိုလ် နှနှစ်ခုတို့နည်းတူ အဆင့်မြင့် တက္ကသိုလ်အဖြစ် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ စုစုပေါင်း ရမှတ် ၄၂ဝ နှင့် အထက်ကို ဝင်ခွင့်လက်ခံပြီး ၆နှစ်တာသင်ယူရမည့် ရတနာပုံဆိုင် ဘာစီးတီးမှာ B.E ဘွဲ့ ၅ မျိုးကို ပေးအပ်လျက်ရှိသည်။

စတင်ဖွင့်လှစ်ချိန်မှစ၍ နှစ်စဉ်ကျောင်းသားဦးရေ ၁ဝဝဝ လက်ခံ
ခဲ့သော်လည်း ယခုနှစ်တွင်ကျောင်းသား ၅ဝဝ ကိုသာ လက်ခံခဲ့သည်။

နိုင်ငံတကာနှင့် ချိတ်ဆက် မည့် တက္ကသိုလ်ဖြစ်သောကြောင့် သင်ကြားမှု
နည်းစနစ်များ တိုး တက်လာခြင်းနှင့်အတူ ကျောင်းဆင်းများ၏ အလုပ်ရရှိမှုနှင့် အရည်အသွေး တိုးတက်မှုမှာ အိမ်နီးချင်းနိုင်ငံတို့နှင့် တန်းတူ
ဖြစ်လာမည်ဟု နည်းပညာ ကျွမ်းကျင်သူအချို့က မှတ်ချက် ပြုသည်။
ဒုတိယမြောက် သတင်း အချက်အလက်၊ နည်းပညာတက္က သိုလ်ကို အိန္ဒိယ အထောက်အပံ့ ဖြင့် မန္တလေးတွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ်
နိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက လုပ်ဆောင်နေကြောင်း သိရ သည်။

PN-051
Popular Myanmar News Journal

Friday, February 08, 2013

နိုင်ငံတကာ ဆိုင်ဘာတက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက်သည့် တက္ကသိုလ်အဖြစ် ရတနာပုံဆိုင်ဘာစီးတီးကို ဆောင်ရွက်သွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။

မန်းဆေးတက္ကသိုလ်တွင် ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစားပြုလုပ်နေ

မန်းဆေးတက္ကသိုလ်တွင် ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု
---------------------------------------------------------------
မန္တလေး ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် အဖွဲ့များ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ်သိန်းထောင်ချီ၍ အလွဲသုံးစားမှု ပြုလုပ်နေကြောင်း အဆိုပါ တက္ကသိုလ်ရှိ ဘဏ်ငွေစာရင်းဌာနမှ လုပ်သက် ၂၀ ရှိ စာရင်းစစ် (၂) ဒေါ်စန်းလှ ဆိုသူက ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် နက်ဝပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစား ပြုလုပ်နေခြင်း အား ပြောကြားရာတွင် “ကျွန်မတို့ ပါမောက္ခရယ်။ ငွေစာရင်းမှူးတွေ ရယ်၊ မော်ကွန်းထိန်းတွေရယ် ဟာဆိုရင် ကျောင်းသားတွေ ဆီက ဆေးတက္ကသိုလ်(မန်း) ခေါင်းစည်း မပါဘဲ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေး၊ အခွန်ဝန်ထမ်းဦးစီးဌာန စာတမ်းတွေ မပါဘဲနဲ့ မှောင်ခိုဘောက်ချာတွေနဲ့ တရားမဝင် ပိုက်ဆံကောက်ပါတယ်။ ကောက်တာမှ သာမန်ရငွေဆိုရင် တစ်နှစ်ကို ကျပ်သိန်း ၂၃၀၀ ကျော်ပါတယ်။ ငွေလုံးငွေရင်း ဆိုရင် ကျပ်သန်း ထောင်ချီပါတယ်။ ကျွန်မက ဘတ်ဂျက်ကမို့ အတိအကျ ပြောနိုင်တာပါ” ဟု ယင်းက ပြောသည်။

ဆေးတက္ကသိုလ်များ၏ ဘတ်ဂျက်သည် ဝန်ကြီးဌာနများတွင် အမြင့်ဆုံးဖြစ်ပြီး ဆေးဘက်ဆိုင်ရာ သင်တန်းပစ္စည်း၊ လျှပ်စစ်သုံးပစ္စည်း၊ ကျောင်းသားများအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန်အတွက် Capatal သို့ ဘဏ္ဍာရေး အဆိုပြု တောင်းခံထားသော်လည်း အဆိုပါငွေများ ယင်းတို့ အိတ်ထောင်ထဲသို့သာ ရောက်သွားကြောင်း ယင်းကပြောသည်။ နိုင်ငံတော် ဘဏ္ဍာငွေတွေကို ပေါင်းပြီး အလွဲသုံးစား လုပ်နေတာ ကျွန်မစာရင်း အတိအကျ ဆွဲထားပါတယ်။ သာမန်ရငွေ၊ ငွေလုံးငွေရင်းရငွေ အားလုံး အတိအကျ ဆွဲထားပါတယ်” ဟု ဆက်လက် ပြောသည်။ အလွဲသုံးစားပြုငွေများတွင် နိုင်ငံတော်နှင့် ပြည်သူပိုင် မန်းဆေး၏ MD-6 တွင် မပေးသွင်းသော ရ-သ-စမှ ညွှန်ကြားပြီး နိုင်ငံတော် သာမန်ရငွေ ငွေစာရင်းများတွင် ပစ္စည်းများ ရောင်းချရငွေများနှင့် ဆောင်ရွက်ပေးမှုအတွက် ရငွေများ၊ အဆောင်ငှားရမ်းခ ရငွေများ၊ ကျောင်းသားကတ် ဒဏ်ငွေများနှင့် အခြားရငွေများနှင့် ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်းများ၊ သာမန်ရငွေ၊ အလွဲသုံးစားပြုငွေ တစ်နှစ်လျှင် စုစုပေါင်း ကျပ်သိန်း ၂၃၀၀ ခန့်ဖြစ်ကြောင်း ယင်းက ဆိုသည်။ အဆိုပါ ပါမောက္ခချုပ်သည် ၂၀၀၇ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ယင်းကဲ့သို့ ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို သိရှိသဖြင့် မလိုအပ်ဘဲ ၂၀၁၁ ခုနှစ် နိုဝင်ဘာမှစ၍ အတင်းအဓမ္မ ပင်စင်ပေးခဲ့သဖြင့် မူလအတိုင်း တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ရရန်နှင့် စိစစ်ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတနှင့်တကွ သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်သို့ စာတင်ထားကြောင်း လည်း ယင်းက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ခေတ်လူငယ်ဝဘ်ဆိုက်မှ - http://www.khitlunge.net.mm/news/news_detail.aspx?info_id=28856)


အေးချမ်းမွန်မှ Myanmar1 တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

မန္တလေး ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် အဖွဲ့များ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ်သိန်းထောင်ချီ၍ အလွဲသုံးစားမှု ပြုလုပ်နေကြောင်း အဆိုပါ တက္ကသိုလ်ရှိ ဘဏ်ငွေစာရင်းဌာနမှ လုပ်သက် ၂၀ ရှိ စာရင်းစစ် (၂) ဒေါ်စန်းလှ ဆိုသူက ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် နက်ဝပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာ ထပ်တိုးခွင့်ပြု

နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာ ထပ်တိုးခွင့်ပြု
------------------------------------------------------
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ယခုလ ၁ ရက်နေ့မှစပြီး အီးယူနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးနေပြီလို့ သိရှိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ရာကနေ ယခုလ ၁ ရက်နေ့ကစပြီး နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ထပ်မံခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ “နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာကို မန္တလေးလေဆိပ်ရော၊ ရန်ကုန်လေဆိပ်ရော အတူတူ တစ်ပြိုင်နက် ခွင့်ပြုလိုက်တာ၊ နိုင်ငံတွေ ထပ်တိုးခွင့်ပြုလိုက်တာက စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာလို့ ပိုပြီး လာဖို့အတွက်ကို သူတို့နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုလိုက်တာ” လို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

ခွင့်ပြုပေးတဲ့ ဗီဇာအမျိုးအစားတွေက လုပ်ငန်းဗီဇာ၊ ပြည်ဝင်ခွင့်ဗီဇာ (အစည်းအဝေး၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ တွေ့ဆုံမှု)၊ ဖြတ်သန်းဗီဇာ တို့ဖြစ်ပါတယ်။ လုပ်ငန်းဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၅၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလက ရက်ပေါင်း ၇၀ ဖြစ်ပါတယ်။ ပြည်ဝင်ခွင့်ဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလ ရက်ပေါင်း ၂၈ ရက်၊ ဖြတ်သန်းဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၂၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလက ၂၄ နာရီ ဖြစ်ပါတယ်။ ယခုလ ၁ ရက်နေ့ကစပြိး ဆိုက်ရောက်ဗီဇာ ခွင့်ပြုတဲ့နိုင်ငံ ၂၂ နိုင်ငံမှာ- သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ ဆိုက်ပရက်စ်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂရိစ်၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အစ္စရေး၊ လက်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယားတို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။
(http://www.khitlunge.net.mm/news/news_detail.aspx?info_id=28857)


အေးချမ်းမွန်မှ Myanmar1 တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ယခုလ ၁ ရက်နေ့မှစပြီး အီးယူနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးနေပြီလို့ သိရှိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ရာကနေ ယခုလ ၁ ရက်နေ့ကစပြီး နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ထပ်မံခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၏ ပထမဦးဆုံး လက်ခစား အပ်ကုန်စနစ်ဖြင့် အထည်ချုပ်စက်ရုံ ပုသိမ်မြို့နယ်အတွင်း ဖွင့်လှစ်မည်

Friday, 08 February 2013 13:18
ဧရာဝတီတိုင်း ဒေသကြီး၏ ပထမဦးဆုံး လက်ခစား အပ်ကုန်စနစ် (CMP) ဖြင့် ချုပ်လုပ်မည့် အထည်ချုပ်စက်ရုံအား လာမည့်မေလအတွင်း ပုသိမ်မြို့နယ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အဆိုပါ အထည်ချုပ်စက်ရုံ DIG ကုမ္ပဏီလီမိတက်မှ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းသား လုပ်ငန်းရှင်များ စုပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။

Printerတွေကို ရေရှည်အသုံးခံနိုင်အောင် ထိန်းသိမ်းခြင်း


Printerတွေကို ရေရှည်အသုံးခံနိုင်အောင် ထိန်းသိမ်းခြင်း
*****************************************

Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။

(၁) Printer ထုတ်လျှင် "Draft Mode" ကို ရွေးခြင်းမိမိသည် ကိုယ်ပိုင်စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက Printer အား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့် မင်ရည်အသုံးပြုမှုကို အနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။ Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက Printer နဲ့ Properties ထဲကို သွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကို ရွေးချယ်လိုက်ပါ။

(၂) Print Nozzle & Cartridge Cradles များအား ရှင်းလင်းခြင်းယခုခေတ်အတော်များများသာ Deskjet Printer များဟာ Nozzle နဲ့ Cartridge ကို ရှင်းလင်းရန်အတွက် အပိုပစ္စည်းလေးများ တစ်ခါတည်း ပါဝင်လာတတ်လေသည်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါလောက် မိမိ Printer ရဲ့ Nozzle နဲ့ Cartridge Cradles များကို စစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။

(၃) Web Base Printing အား အသုံးပြုခြင်းအချိန်နဲ့မင် အသုံးပြုမှု သက်သာစေရန်အတွက် Manufacture များရဲ့ software အတော်များများ ရှိကြပါတယ်။ ဥပမာ- HP Smart Web Printing Software စသည်တို့ကို အသုံးပြုသင့်သည်။

(၄) Cartridge များ မှန်မှန်ကန်ကန်ထည့်ခြင်းCartridge များအားထည့်စဉ် အထိုင်ကျစေရန်နဲ့ ဖိတ်စင်မှုများ မရှိစေရန်အတွက် စနစ်တကျ ထည့်သင့်သည်။ Original Ink ကိုသုံးပါက ပိုပြီး အဆင်ပြေမည်။ Nozzle ခေါင်းများ ခြောက်သွေ့မှု မရှိစေရန်အတွက် သတိပြုသင့်သည်။

(၅) စနစ်တကျ Power ပိတ်ခြင်းPrinter ရဲ့ Main Power Switch အား မပိတ်မီ Printer ရဲ့အတွင်းပိုင်းတွင် Run နေသော Process နဲ့ Print Head များကို ကောင်းမွန်စွာ ပိတ်နိုင်မည်ဖြစ်သည်။


(၆) အရည်အသွေးကောင်းမွန်သော paper များအား အသုံးပြုခြင်းညံ့ဖျင်းတဲ့ Paper တွေဟာ Printer ရဲ့ စက်ပိုင်းဆိုင်ရာတွေကို Paper Jam ဖြစ်စေခြင်းဖြင့် ပျက်စီးစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ Paper များကိုသာ အသုံးပြုသင့်ပါတယ်။
=====================================
Credit to ရွှေအိမ်စည်စာကြည့်တိုက် 


အေးချမ်းမွန်မှ 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက် တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။

ကားတင်သွင်းသူတွေ အခက်အကြုံပေမဲ့ ၀ယ်စီးနိုင်သူတွေ တိုးလာတဲ့ မြန်မာပြည်ကားဈေးကွက်

ကားတင်သွင်းသူတွေ အခက်အကြုံပေမဲ့ ၀ယ်စီးနိုင်သူတွေ တိုးလာတဲ့
မြန်မာပြည်ကားဈေးကွက်


အစိုးရရဲ့ မော်တော်ကား တင်သွင်းသည့် မူဝါဒ ပြောင်းလဲမှုတွေကြားမှာ ကားတင်သွင်းသူများအနေနဲ့ အခက်အခဲတွေ တွေ့ကြုံနေ ရပေမဲ့ မော်တော်
ကား ၀ယ်စီးနိုင်သူတွေကတော့ သိသိသာသာကို တိုးလာကြောင်း သိရှိ
ရသည်။

ဟံသာဝတီကားဝင်းအတွင်း ကားအရောင်းဝယ်လုပ်ကိုင်သူများရဲ့ ပြောကြား
ချက်အရ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းမှာ ကားဈေးတွေက သိသိသာသာကို ထိုးကျလာခဲ့ပြီး ၀ယ်သူတွေလည်း တိုးလာခဲ့ကြောင်း ကားပွဲစားများက ပြောဆိုသည်။

` ဈေးတွေက တအားကြီးကို ပြုတ်ကျသွားတဲ့အနေအထားမှာ လူတိုင်း
သက်တောင့်သက်သာနဲ့ ၀ယ်လိုရတဲ့အနေ အထားရောက် သွားတယ်ပေါ့။ လူတိုင်းဝယ်ကြတယ်လေ။ သူဟာနဲ့သူကတော့ အရောင်းအ၀ယ်လေးဖြစ် ပါတယ်` ဟု ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ ဦးခင်မောင်ဦးက
ပြောသည်။

ကားသွင်းခွင့်မူဝါဒ စပြောင်းလဲခါစတွင် ကားအရောင်းပြခန်းများနှင့် ကားတင်သွင်းသော လုပ်ငန်းရှင်များအနေနဲ့ အမြတ်အစွန်း ရခဲ့ပေမယ့်
လည်း နောက်ပိုင်းမှာ တောက်လျှောက် မူဝါဒပြောင်းလဲမှုတွေက ကားတင်သွင်းတဲ့သူတွေ ကို ဦးမမော့နိုင်အောင် ကို ဖြစ်စေခဲ့ပြီး၊ မူဝါဒအပြောင်းအလဲတွေက ငွေအလုံးအရင်းနဲ့ဝင်တဲ့လူတွေ ကိုထိခိုက်စေ
တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောဆိုသည်။

` ကားဈေးကပြောင်းလဲလာဦးမှာပဲ ကျဖို့ပဲရှိတယ် တက်ဖို့ကတော့မရှိဘူး။ ဟိုးတုန်းက ကားတစ်စီးဝယ်ထားရင် ခိုင်းလို့လည်းရတယ် ဈေးလည်းတက်
လာတယ်။ အခုကထုံးစံမရှိဘူး။ ၀ယ်ပြီးရင်ကျမှာပဲ။ ထုံးစံပဲ နောက်ပိုင်းကျကျ
ကျကျသွားမှာပဲ။ အက္ခရာပေါ်မူတည်ပြီး လူတွေက ၀ယ်ကြတာလေ။ အက္ခရာနိမ့်လာတာနဲ့ အမျှဈေးကွက်က အလိုလိုနိမ့်သွားတာပဲပေါ့။ အဲလိုမျိုး
ရှိတယ်`ဟု ဟံသာဝတီကားဝိုင်းက ၀ါရင့်ကားပွဲစား ဦးအောင်မျိုးဦးက ပြော
သည်။

မော်တော်ယာဉ်တင်သွင်းထုတ်လုပ်သူ ပိုင်ရှင်များအနေနဲ့ ဆိပ်ကမ်း
အရောက်တန်ဖိုး အဆမတန် ကျဆင်းသွားသောကြောင့် ဂျပန်ကနေ တင်သွင်းလာတဲ့ ကားတွေကို ဆိပ်ကမ်းကနေ ထုတ်မယူတော့ဘဲ အဆုံးခံလိုက်သူများလည်း ရှိနေကြောင်း၊ ဒါ့အပြင် မူဝါဒအပြောင်း
အလဲတွေနဲ့ ငြိစွန်းနေတဲ့အတွက် ဆိပ်ကမ်းကနေ ထုတ်မယူနိုင်တဲ့ ကားတွေကလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။

ခုလို အစိုးရရဲ့မူဝါဒတွေ ပြောင်းလဲနေတာဟာ ပြည်သူလူထုအများစု
အတွက် ပြောင်းလဲနေခြင်းဖြစ်တယ်လို့ ပြည်သူ အချို့ကလည်း ယုံကြည်
လက်ခံကြတာ တွေ့မြင်ရသည်။

ကားတင်သွင်းသူတွေ အနေနဲ့ အခက်အခဲတွေ့ကြုံနေရပေမဲ့ မော်တော်ကား ၀ယ်စီးနိုင်တဲ့သူတိုးလာတဲ့ အတွက် ကောင်းတယ် လို့ လက်ခံလာကြ
ပါတယ်။

` နိုင်ငံတော်က ဒီလိုလုပ်ဆောင်လာတာ ကောင်းပါတယ်။ စီးပွားရေးက
တော်တော်များများဝယ်နိုင်တဲ့ အနေအထားရောက် သွားတယ်။ အရင်က သိန်းနှစ်ထောင်တန်ကားက အခုဆို သိန်း ၂၀၀ လောက်နဲ့ ၀ယ်စီးလို့ရလာ
တယ်လေ`ဟု ရန်ကုန်မြို့ခံ ဦးဝင်းနိုင်က ပြောဆိုသည်။

လောလောဆယ်အနေအထားမှာတော့ ကားဈေးနှုန်းတွေ ကျလာတယ်လို့ ဆိုနိုင်ပေမဲ့ ရောင်းလိုအားနဲ့ ၀ယ်လိုအား မမျှသေးဘဲ ရောင်းလိုအားကသာ များနေပြီး ၀ယ်လိုအားက နည်းနေဆဲဖြစ်တဲ့အတွက် လူလတ်တန်းစား အများစု ကားစီးနိုင်ဖို့ကတော့ အခြေအနေတခုထိ ဆက်လျက်စောင့်မျှော်နေ
ရဆဲ ဖြစ်တယ်လို့ ပြောဆို သုံးသပ်လျက်ရှိသည်။


အေးချမ်းမွန်မှ Myit Makha Mediagroup တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

အစိုးရရဲ့ မော်တော်ကား တင်သွင်းသည့် မူဝါဒ ပြောင်းလဲမှုတွေကြားမှာ ကားတင်သွင်းသူများအနေနဲ့ အခက်အခဲတွေ တွေ့ကြုံနေ ရပေမဲ့ မော်တော်ကား ၀ယ်စီးနိုင်သူတွေကတော့ သိသိသာ
သာကို တိုးလာကြောင်း သိရှိရသည်။

ဆရာတော်(၃)ပါး မပုပ်မသိုးပါသော်လည်း နောက်ဆက်တွဲပြဿနာများ

 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပိန္နဲကွင်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးနေ သော ကျောင်းထိုင်ဆရာတော် ကို အလှူငွေများ ပုဂ္ဂလိကအသုံး ပြုမှုကြောင့် တိုင်ကြားထား ကြောင်း သတင်းလေးကို ပြည် တွင်းအပတ်စဉ်ထုတ် ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါ တယ်။ (မြန်မာသံတော်ဆင့်၊ အမှတ်(၄၆)စာမျက်နှာ ၃၂ အင်္ဂပူ၊ ပိန္နဲကွင်းစကျောင်းအလှူ ငွေအတွက် တရားစွဲခေါင်းစဉ်ဖြင့် ထိုသတင်းဖတ်ပြီးတော့ အမှား လေးများကို သိရှိနိုင်ရန်နှင့် အဖြစ် မှန်လေးများကို စာဖတ်သူများ ဆက်လက်သိရှိနိုင်ရန်အတွက် စေတနာသန့်ရှင်းစွာ ဆက်လက် ဖြန့်ဝေတာပါ။

၂၀၁၃ မော်ဒယ် Lamborghini Aventador ကားနဲ့ ဒင်နာစားထွက်သော ဂျက်စတင်ဘီဘာ

Aventador နှင့် ဒင်နာစားထွက်သော ဂျက်စတင်ဘီဘာ
Friday, February 08, 2013

Fisker လျှပ်စစ်ကား တစ်စီးတည်းနဲ့ ဘီဘာတစ်ယောက် ကျေနပ်မှာ မဟုတ်ဘူးဆိုတာ လူတိုင်း ခန့်မှန်း မိမှာပါပဲ။ မကြာသေးမီကပဲ ဂျက်စတင်ဘီဘာ တစ်ယောက် အသစ်တစ်စီး ဝယ်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၃ မော်ဒယ် Lamborghini Aventador ဖြစ်ပြီး ပေါက်ဈေး အမေရိကန်ဒေါ်လာ ၄ သန်းဝန်းကျင် ရှိပါတယ်။ အရင်ကားတုန်းကတော့ သူ့မန်နေဂျာ လက်ဆောင်ပေးပါတယ်။

ဒီတစ်ခါတော့ လက်ဆောင်ပဲရတာလား။ သူပဲပိုင်တာလားဆိုတာ ဘယ်သူမှ မသိပါဘူး။ အားလုံးကတော့ လက်ဆောင်ရထားတယ်လို့ ထင်နေကြပြီး ဘီဘာကတော့ Lambo နဲ့ ယခုလို ငြိမ့်နေပါတယ်။
--
Ref: celebitrycar
http://www.colayonline.com.mm/
ColayOnline:Automobile

Friday, February 08, 2013

Fisker လျှပ်စစ်ကား တစ်စီးတည်းနဲ့ ဘီဘာတစ်ယောက် ကျေနပ်မှာ မဟုတ်ဘူးဆိုတာ လူတိုင်း ခန့်မှန်း မိမှာပါပဲ။ မကြာသေးမီကပဲ ဂျက်စတင်ဘီဘာ တစ်ယောက် အသစ်တစ်စီး ဝယ်လိုက်ပြီ ဖြစ်ပါတယ်။

လိုချင်အုန်း.... (ဟာသ)

လိုချင်အုန်း....

လွန်ခဲ့သော  နှစ်အနည်းငယ်က တောသား နှစ်ယောက်သည် ညအချိန် ရန်ကုန်မြို့တွင်း လှည့်လည် လမ်းလျှောက်ရင်း

 တစ်ယောက်သောသူကဗိုက်နာပီး ၀မ်းသွားချင်သဖြင့် အခက်ကြုံ နေကြ၏။

မြို့ပေါ်ဖြစ်သည့်အတွက် တောမှာ လိုတော့လွယ်လွယ်ကူကူ ၀င်ထိုင်စရာ ချုံပုတ်လည်းမရှိ။

သို့နှင့် မတတ်သာသည့်အဆုံး အဆင်ပြေမည့်လမ်းလည်  မှာပင် ပုဆိုးခြုံပီး ဖြစ်သလိုသွားရတော့၏။

အဖော်ပါသူတစ်ယောက်က မတ်တပ်ရပ်ကာ အကာအကွယ်လုပ်ပေး လိုက်ရ၏။

လူပြတ်သောအချိန်ဖြစ်၍ တမျိုးတဖုံတော့ အဆင်ပြေသွားလေသည်။

ကံဆိုးချင်တော့ ကိစ္စ ပြီးချိန်မှာပင် ကင်းလှည့်နေသော ပတ္တရောင် ရဲနှစ်ယောက်က သူတို့ကိုတွေ့လေ၏။

သူတို့ရှိရာသို့ ရဲများမှ စက်ဘီး အပြင်းနင်းကာ လာနေသည်ကို တွေ့လိုက်ရသည့်အတွက် တောသား နှစ်ယောက်မှာ များစွာ ထိတ်လန့်သွားရှာသည်။

ဘယ်လိုမှ မရှောင်နိုင်တော့သည့် အဆုံး ၊ ရဲသားတို့ အနားမရောက်မီ ခေါင်းတွင် ဆောင်းထားသည့် ခမောက်ဖြင့် မစင်ပုံကို အုပ်ထားလိုက်ရတော့၏။

အနားရောက်လာသော ရဲနှစ်ယောက်က.....

" ဟေ့...မင်းတို့ .....ဒီမှာ ဘာလာချောင်းနေကြတာလည်း။ လှည်းတန်းမှာ ဗုံးထောင်ခဲ့တာ မင်းတို့မဟုတ်လား...မှန်မှန်ပြောစမ်း "ဟုဆို၏။

ထိုအခါ တောသားတစ်ဦးမှ......

" ကျနော် ဟိုဘက်လမ်းမှာတည်းတဲ့ တောက ဘုရားဖူးဧည့်သည်တွေပါ။မယုံရင်လိုက်မေးပါ။စောစောက ဘယ်ကလွတ်လာမှန်းမသိတဲ့ 

ကြက်တူရွေး လေး တစ်ကောင် တွေ့တာနဲ့ နှစ်ယောက်သား ၀ိုင်း ဖမ်းနေတာပါ.."...ဟုဖြေလေ၏။

တောသားနှစ်ယောက် မျက်နှာမှာလည်း မသကာင်္စရာ မတွေ့ရသဖြင့် ရဲနှစ်ယောက်က ကြက်တူရွေး ဆိုသည်ကို စိတ်ဝင်စား သွားကြသည်။

ရဲနှစ်ယောက်လည်း...ယဉ်ပီးသား အိမ်မွေး ကြက်တူရွေး တစ်ကောင် အလကားရလည်း နည်းလားဟူသောအတွေးဖြင့်......

"  ခု အဲဒီ ကြက်တူရွေး၊ ဘယ်မှာလဲ .....မိပြီလား.." .ဟုမေးလေ၏။

တောသားကလည်း.......

" မိပါတယ်ခင်ဗျာ။ဟောဟို ခမောက်အောက်မှာပါ ။ကျနော်တို့ယူသွားရမလား..."...ဟုဖြေသည်။

ထိုအခါ.......

" ဘာ....သူများကြက်တူရွေးအလကား ယူချင်ရတာလဲ ၊ နားရင်းအုပ်လိုက်လို့ ခုနှစ်ရက် ထမင်းမစားနိုင်ဖြစ်သွားမယ်....

သွားကြမြန်မြန်....ကြာရင် မင်းတို့ နှစ်ကောင်လုံး အချုပ်ခန်းထဲ ဆွဲထည့်ပစ်လိုက်မယ်..."...ဟု ရဲသားမှ ကြိမ်းလေတော့၏။

အချုပ်ခန်း ဟူသော စကား ကြားသည်နှင့် တောသားနှစ်ယောက်သည် ဖနောင့် နှင့် တင်ပါး တစ်သားတည်းကျအောင်ပြေးကြလေတော့သည်။

တောသား နှစ်ယောက် တော်တော် ဝေးဝေးရောက်သွားသည်နှင့် ခမောက်ရော ကြက်တူရွေးပါ ရမည်ကိုတွေးပီး

 ရဲနှစ်ယောက် အားပါးတရ ပြုံးလိုက်ကြ၏။

ထို့နောက်ရဲတယောက်က...

" ကဲ...ကံကောင်းချင်တော့..တခါတည်း ခမောက်ရော ကြက်တူရွေးရော....ရပီပေါ့ကွာ။ လွတ်သွားမှာစိုးရတယ်ကွ။

ဒီတော့ မင်းနဲ့ငါ နှစ်ယောက် ညှပ် ဖမ်းမှ ရမယ်။

မင်းက ခမောက်ကိုကိုင်ပီး အသာလေး ဟ ပေးလိုက်၊ ငါက လက်နှစ်ဘက်နဲ့ တခါတည်း ဆုပ်ဖမ်းလိုက်မယ် "..ဟုပြောလေ၏။

သို့နှင့် ရဲတယောက်က ခ မောက်ကို ဟ ပေးလိုက်ရာ ကျန်တစ်ယောက်က လက်နှစ်ဖက် ၀င်၍ အားရပါးရဆုပ်ဖမ်းလိုက်၏။

ကြက်တူရွေးအစား တောသား၏ မစင်များ(ချေးများ)ကို ပယ်ပယ်နယ်နယ် ဆုပ်မိသွားပါတော့သည်။

ထိုအခါ မစင်ပေနေသောလက်ကိုကြည့်ပီး....ရွံရှာ လွန်းလှသော ၄င်းရဲသားက.....

" အမလေးးးးး....မစင်တွေ( ချေးတွေဗျ...)  " ..ဟုအော်ရင်း လက်ကို အားပါးတရ ခါလိုက်ရာ ဘေးနား ရှိ ငုတ်တုတ်ထိုင်ကာ 

ခမောက်ကိုထားသော ရဲသားမျက်နှာသို့သွားစင်လေတော့သတည်း။ထိုအခါမျက်နှာ စင်ထားပုံကိုသိတိထားမိပုံမရသော 

ခမောက်ကိုင်ထားသည့်ရဲသားမှပြောလိုက်ပုံက.....

" မှတ်ပီလား.....လိုချင်အုန်းဟ....ကြက်တူရွေး...."..တဲ့

 ရီမောပျော်ရွှင်ပါစေ

လက်မပါကြေး.......ဟိဟိ

Lon Ely......

လွန်ခဲ့သော နှစ်အနည်းငယ်က တောသား နှစ်ယောက်သည် ညအချိန် ရန်ကုန်မြို့တွင်း လှည့်လည် လမ်းလျှောက်ရင်း

တစ်ယောက်သောသူကဗိုက်နာပီး ၀မ်းသွားချင်သဖြင့် အခက်ကြုံ နေကြ၏။

မြို့ပေါ်ဖြစ်သည့်အတွက် တောမှာ လိုတော့လွယ်လွယ်ကူကူ ၀င်ထိုင်စရာ ချုံပုတ်လည်းမရှိ။

သို့နှင့် မတတ်သာသည့်အဆုံး အဆင်ပြေမည့်လမ်းလည် မှာပင် ပုဆိုးခြုံပီး ဖြစ်သလိုသွားရတော့၏။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ တရားမ၀င်သစ်များဖမ်းဆီးရမိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ
တရားမ၀င်သစ်များဖမ်းဆီးရမိ
Friday, February 08, 2013

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊  ကျောက်တံခါးမြို့နယ်၊သစ်တော  
ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်းတို့သည်
ဖေဖော်ဝါရီ(၄)ရက်၊ နံနက်  (၈)နာရီတွင် ရန်ကုန်-မန္တလေး 
အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန်   ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့်
နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။

ဟိန်းသစ္စာExpress သည်  အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီး
နောက်ယောက်ခံလိုက်ခံရသော ကားမှာ ခရီးသွားကားများ ရှုပ်ထွေးလျက်  ရှိသောကြောင့် အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊  သစ်တော်ဦးစီးဌာန၊လက်ထောက်  ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့် ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊   ဦးစီးအရာရှိတို့ထံ လမ်းမှ စောင့် ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ်  အကြောင်းကြားခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊
ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊လက်ထောက်ညွှန်ကြားရေး မှူး၊
ဦးစီးအရာရှိတို့ ဦးဆောင်သော   အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ်   ဧရိယာအတွင်းမှဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅) အချိန်တွင် အမြန်လမ်းမကြီး မိုင် တိုင်(၅၆)မိုင်တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိပြီး (၁၅)မိနစ်ခန့် အကြာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး  မှူး၊ဦးကျော်ကျော်လွင်ရောက်ရှိ လာပြီး အနီးကပ်စစ်ဆေးမှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်
အဖွဲ့အား ညွှန်ကြားခဲ့သည်။ 

အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်းတာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား(၉၀)ချောင်း (၆.၂၁၀၈)တန် 
အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိသော   ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ် ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား   ထားကြောင်းသိရှိရသည်။

မောင်ဘုန်း(ဥပဒေ)
The Hot News
Friday, February 08, 2013

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တော
အုပ်ကြီးဦးလှသန်းတို့သည် ဖေဖော်ဝါရီ(၄)ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး
(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့် နောက်ယောက်ခံပြီး
လိုက်ခဲ့ကြောင်း သိရသည်။

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ရပ်ဆိုင်းပြီး ဖြစ်၍ လုပ်ငန်း ခွင်သုံး စက်/ ယာဉ် ယန္တရားများ ယာဉ်တန်း တရုတ် နိုင်ငံသို့ ပြန်လည် ထွက်ခွာ

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ရပ်ဆိုင်းပြီး ဖြစ်၍ လုပ်ငန်း ခွင်သုံး စက်/ ယာဉ် ယန္တရားများ ယာဉ်တန်း တရုတ် နိုင်ငံသို့ ပြန်လည် ထွက်ခွာ
Friday, February 08, 2013

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီက မြစ်ဆုံ ရေအား လျှပ်စစ်စီမံ ကိန်းရပ်ဆိုင်းပြီး ဖြစ်၍ လုပ်ငန်းခွင်သုံး စက်/ ယာဉ် ယန္တရား များအား သိမ်းဆည်းကာ မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တည် လမ်းကြောင်း အတိုင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ပြန်လည် ထွက်ခွာမည့် ယာဉ်တန်းအား ကြည့်ရှု စစ်ဆေး သည်။

အဆိုပါ စက်/ ယာဉ် ယန္တရားများသည် ယနေ့အထိ ပြန်လည် ထွက်ခွာသည်မှာ စက်/ ယာဉ် ယန္တရား ပေါင်း ၂၂၃ စီးရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

http://bit.ly/XUsuIr
မြ၀တီ

Friday, February 08, 2013

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီက မြစ်ဆုံ ရေအား လျှပ်စစ်စီမံ ကိန်းရပ်ဆိုင်းပြီး ဖြစ်၍ လုပ်ငန်းခွင်သုံး စက်/ ယာဉ် ယန္တရား များအား သိမ်းဆည်းကာ မြစ်ကြီး
နား- ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တည် လမ်းကြောင်း အတိုင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ပြန်လည် ထွက်
ခွာမည့် ယာဉ်တန်းအား ကြည့်ရှု စစ်ဆေး သည်။

ရေး-ဘုရားသုံးဆူ ကားလမ်းတွင် ဂိတ်ကြေးအလွန်များနေ

ရေး-ဘုရားသုံးဆူ ကားလမ်းတွင် ဂိတ်ကြေးအလွန်များ

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ်	 

မွန်ပြည်နယ်၊ ရေးမြို့မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နုယ်ခွဲ ဘုရားသုံးဆူမြို့ အထိ မော်တော်ကားလမ်း တလျှောက်တွင် ဂိတ်ကြေးများပြားစွာ ပေးဆောင်နေကြရသည်ဟု ယင်းလမ်းတွင် ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

ရေး- ဘုရားသုံးဆူ မော်တော်ကားလမ်းကြောင်းရှိ မရမ်းချောင်းဂိတ်၌် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၂၂ ဂိတ်မှူးစောအယ်ထူးဆိုသူက ကားသမားများအား ရှင်းလင်းပြောပြချက်အရ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် ဂိတ်ဖွင့်ခွင့်ရရှိထားသည့်အတွက် ဖြတ်သန်းသွား လာနေကြသောခရီးသည်များထံမှ တစ်ဦးလျှင်၂၀ဝ၀ ကျပ်နှုန်းကောက်ခံလျှက် ရှိသည်။

ရေး-ဘုရားသုံးဆူ ကားသမားတစ်ဦးက “ဒီလိုမျိုးဂိတ်ကြေးတွေ နေရာတိုင်းပေးနေရတော့ ကျနော်တို့လို ကားသမားတွေအဖို့ တွက်ချေမကိုက်တော့ပါဘူး၊ တကယ်လို့ လမ်းမှာ ကားတခုခုချို့ယွင်းသွားရင်တော့ အိပ်စိုက်ပဲ” ဟု ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ ဝင်ထွက်ဂိတ် အစိုးရဌာန၏ အဖွဲ့ပေါင်းစုံဖြစ်ကြသော ထွေအုပ်ရုံး၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေအဖွဲ့ (လဝက)၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲအထူးသတင်းတပ်ဖွဲ့(SB)၊ မီးသတ်၊ ရဲဌာန တို့၏ အဖွဲ့စုံဂိတ်သစ်တစ်ခု ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့ရာ မြို့အထွက်ကားတစ်စီးလျှင် ထိုင်းဘတ်ငွေ ၃၀ဝ ကောက်ခံလျှက်ရှိပြီး ဘုရားသုံးဆူမြို့အဝင် ခရီးသည်တစ်ဉီ်းလျှင် ဘတ် ၅၀ နှုန်းပေးဆောင်နေရကြောင်း ဘုရားသုံးဆူ နယ်စပ်ကားသမားများက ပြောသည်။

အလားတူ နယ်စပ်နှင့်ပြည်တွင်း သွားရောက်ကြသည့် ခရီးသည်တစ်ဦးလျှင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဂိတ်အတွက် ၂၀ဝ၀ ကျပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဂိတ်အတွက် ၂၀ဝ၀ ကျပ်၊ မွန်ပြည်သစ်ပါတီ (NMSP) အတွက် ၁၀ဝ၀ ကျပ် အသီးသီး ပေးဆောင်နေရ ကြောင်း ကားသမားများထံမှ သိရသည်။

ရေးမြို့အဝင်အထွက် အစိုးရဌာနပေါင်းစုံရှိသော တံတားဖြူဂိတ်တွင်လည်း ခရီးသည်တစ်ဦးလျှင် ဖြတ်သန်းခ ၁၀ဝ၀ ကျပ်နှုန်း ကောက်ခံနေသည်ဟု မြို့ခံများမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်မှ ရေးမြို့နယ်သို့ လက်ရှိတွင် ဂိတ်ကြေးအားလုံးအပါအဝင် ခရီးသည်တစ်ဦးလျှင် မော်တော်ကားခ ထိုင်းဘတ် ၈၀ဝ သို့မဟုတ် မြန်မာငွေအားဖြင့် ငွေကျပ်နှစ်သောင်းကျော် ပေးဆောင်ရ သည်ဟု ခရီးသည်များထံမှသိရသည်။

ယင်းဘုရားသုံးဆူ – ရေး ကားလမ်းကြောင်းသည် မွန်ပြည်သစ်ပါတီ၏ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး တောင်ညိုတန်း၏ အမြင့်ပေတစ်ထောင်ကျော် အထက်တွင် မြေသားလမ်းကြမ်း မော်တော်ကားလမ်း ဖြစ်သည့်အတွက် လေးဘီးယက်ယာဉ်ငယ်(4-WD) များဖြင့်သာ သွားလာနိုင်သည်။

၎င်းအပြင် KNU ထိန်းချုပ်နယ်မြေတွင် ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်လမ်း၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းကြောင်းများတွင်လည်း မော်တော်ကား-ဆိုင်ကယ်များဖြင့် ခရီးသွားလာ လျှက်ရှိကြ သည်။

ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့နှင့် ကုန်သွယ်ရာ လမ်းကြောင်းပေါ်တွင် လမ်းအခြေအနေအရ ပွင့်လင်းရာသီ၌သာ ကုန်သွယ်နိုင်ပြီ်း ဒေသန္တရ အခြေအနေအရ လိုင်စင်မဲ့(လေးဘီးယက်) ယာဉ်ငယ်များ ဖြစ်သာ သွားလာခဲ့ကြ၍ ယခုအခါ ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်းမြို့နယ်များမှ စုစုပေါင်းယာဉ် (၁၅၀)စီးခန့် ပြေးဆွဲလျှက် ရှိကြသည်။

ဘုရားသုံးဆူနယ်စပ်တွင် အစိုးရစစ်တပ်အပါအဝင် ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့များအပြင် အပစ်ရပ်အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ၊ KNU, DKBA တပ်ဖွဲ့တို့၏ ဂိတ်စခန်းများအသီးသီး ရှိနေကြသည်။


ရေး-ဘုရားသုံးဆူ ကားတစ်စီးပေါ်မှခရီးသည်များ(BNA)


Credit to : လွတ်လပ်သော မွန်သတင်းအေဂျင်စီ
https://www.facebook.com/excellencemedia

အေးချမ်းမွန်
ရေး-ဘုရားသုံးဆူ ကားတစ်စီးပေါ်မှခရီးသည်များ(BNA)
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နုယ်ခွဲ ဘုရားသုံးဆူမြို့ အထိ မော်တော်ကားလမ်း တလျှောက်တွင် ဂိတ်ကြေးများပြားစွာ ပေးဆောင်နေကြရသည်ဟု ယင်းလမ်းတွင် ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

Blogger ဒေါက်တာဆိတ်ဖွား၏ Above the law ခေါင်းစဉ်ပါဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပြီ

ဖေဖော်ဝါရီ ၈ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဒေါက်တာဆိတ်ဖွား၏ Above the law ခေါင်းစဉ်ပါဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်စီစဉ်ထားကြောင်း လွှတ်တော်သတင်းထောက်မှ သတင်းပေးပို့သည်။

ဥက္ကဌ - ဦးမြငြိမ်း(ပြည်ထောင်လွှတ်တော် ဒုတိယ နာယက)

အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာ မီဒီယာကြောင့်လည်း ဖြစ်နိုင်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန်ပြောကြား

အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာ မီဒီယာကြောင့်လည်း ဖြစ်နိုင်။ 

အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဟန်စိန်က ပြည်သူ့ လွှတ်တော်ထဲမှာ ပြောသွားတာက - “၂၀၁၂ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် (၈) နာရီ (၅၁) မိနစ်မှာ အဲပုဂံလေကြောင်းလိုင်းပိုင် F.100 လေယာဉ် XY-AGC ဟာ ဟဲဟိုးလေယာဉ်ကွင်းသို့ ဆင်းသက်စဉ်မှာ လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ နာရီပိုင်းအတွင်းမှာပဲ ပို့ဆောင်ရေးဝန်ကြီးနှင့်‌ တာဝန်ရှိတဲ့သူတွေဟာ သွားရောက်စစ်ဆေးခဲ့ပြီး အဖွဲ့ဝင်ငါးဦး ပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊ အများပြည်သူ သိရှိနိုင်ဖို့ နိုင်ငံတော်ပိုင် သတင်းမီဒီယာများမှတဆင့် သတင်းထုတ်ပြန်ခြင်းတို့ အချိန်နဲ့တပြေးညီ ဆောင်ရွက်ခဲ့ ပါကြောင်း၊ လေယာဉ်မတော်တဆဖြစ်ပွားမှုဟာ ယေဘုယျအားဖြင်တော့ လေယာဉ်ကွင်းသို့ ချဉ်းကပ် တဲ့အမြင့်ဟာ ရှိသင့်တာထက်နိမ့်၍ ချဉ်းကပ်တာကြောင့်လို့ ယူဆရပါကြောင်း၊ Man, Machine, Media ဟူသော အကြောင်းအချက် သုံးချက်အနက် တစ်ခုခုကြောင့် ဖြစ်ပွားနိုင်ပါကြောင်း” လို့  ပြောကြားသွားပါတယ်။

3M ဆိုတဲ့ စကားလုံးဟာ Man Machine Method (သို့ ) Man Machine Material (သို့ ) Man Money Machine ဆိုတာဘဲ ကမ္ဘာမှာ ကြားဖူးတာပါ။ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန် ပြောတဲ့ Man Machine Media ဆိုတာ ယခုမှသာ ကြားဖူးသော အသုံးဖြစ်ပါတယ်။

အဲပုဂံလေကြောင်းလိုင်းပိုင် F.100 လေယာဉ် XY-AGC ဟဲဟိုးလေယာဉ်ကွင်းမှာ ပျက်ကျခဲ့တာနဲ့  ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန် ပြောခဲ့တဲ့ အချက် သုံးချက်ထဲက Media ကြောင့်လည်း ဖြစ်ပွားနိုင်တယ်ဆိုတာ ဘယ်လိုကြောင့်ပါလည်းဆိုတာ အသေးစိတ် သိချင်ကြသူတွေ ရှိနေကြပါတယ်။ 

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟန်စိန် ပြောချက်အရ မြန်မာမီဒီယာ Media တွေကြောင့် အဲပုဂံ လေယာဉ်ကြီး ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့ရတယ်ဆိုရင်တော့ အတော့်ကို အံ့သြဖွယ်ရာပါဘဲ။ မြန်မာမီဒီယာ Media တွေ လေယာဉ်ပျက်ကျမှု တရားခံ ဖြစ်တော့မှာပါဘဲ။

အဲပုဂံ လေယာဉ် ဟဲဟိုးလေဆိပ်မှာ ပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဟန်စိန်က ပြည်သူ့ လွှတ်တော်ထဲမှာ ပြောသွားတာက - “၂၀၁၂ ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် (၈) နာရီ (၅၁) မိနစ်မှာ အဲပုဂံလေကြောင်းလိုင်းပိုင် F.100 လေယာဉ် XY-AGC ဟာ ဟဲဟိုးလေယာဉ်ကွင်းသို့ ဆင်းသက်စဉ်မှာ လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊

ဖေဖေါ်ဝါရီလ ၁၃ရက်မှာကျရောက်မယ့် ဗိုလ်ချုပ်အတွက် (ကဗျာ) တက္ကသိုလ်မြတ်မင်း

ခုနှစ်တွေ ဖြတ်သန်း နေ လတို့ ကျက်စားနေတဲ့

အချိန် နဂါးကြီးက နိုးကြားလို့

ထောင်ကိုးတစ်ဆဲ့ငါး နေ့ရက်က ထူးခြား

စနေသား ငါ့ကို အမေက မွေးခဲ့တယ်...။


အရွယ်ငယ်ငယ် ကျောင်းသားဘဝ

ကျောင်းသင်္ခန်းစာနှင့် သမိုင်းတွေ ဖတ်ဖူးခဲ့ပါရဲ့

ဖတ်ဖူးတဲ့ စာမျက်နှာကို အမှောင်ချလို့

တယူသန် အသိစိတ်တွေနဲ့ ဘိတ်သိပ်ခံခဲ့

ကျန်ရစ်ခဲ့တဲ့ ငါ့ ခြေရာတွေက

ကျောနောက် ထိရှတဲ့ ဓားချက်တွေသာဖြစ်ခဲ့ပေါ့...။


စိတ်ကြမ်း လူကြမ်းနဲ့ နူးညံ့တဲ့ နှလုံးသားကို မွေးဖွားလို့

အမှားအတွက် တုန့်ပြန်ချက် များတယ်

အမှန်တရားအတွက် ဖိအားပေးမှု များတယ်

မထင်ရင် မထင်သလို တိုက်ခိုက်

ခံစားချက် ပြင်းပြ ဆန္ဒတွေ ပြည့်ဝ

ငြိမ်သက်နေ လေဟာနယ်ထဲ

လွှင့်တင်လိုက်တဲ့ ဘဝတံဆိပ်ဖြစ်တဲ့

သမိုင်းတစ်ခုရဲ့ အလံတစ်ခုဆိုတာ

လေတိုက်မှ လှပလာတာမှ မဟုတ်တာ...။


မုန်သုန်လေ ဖိအားနည်းတဲ့ လေဟာနယ်ထဲ

အဲဒီနေ့ကစပြီး သူအတွက် ငါတို့ မိုးတွေရွာနေခဲ့တယ်

အားလုံးရဲ့ ပါးပြင်မှာ နှင်းစက်တွေ စီးကျလို့

အားလုံးရဲ့ နှလုံးသားထဲ အိုင်တစ်ခုဖြစ်လို့

အားငယ်နေတဲ့ မျက်ခမ်းစပ်မှာ

စီးကပ်နေတဲ့ မျက်တောင်များက

တဖျက်ဖျက် ခါချနေတယ်.....။


အဲဒီနေ့က .....

ဘဝဆိုတဲ့ ဖခင်ရဲ့ သွေးသောက်တွေ

နှလုံးသား အသည်းစိုင်မှာ ဖုံးလွှမ်းလို့

သူကို မြှုပ်နှံလိုက်ရပေမဲ့...

ငါတို့ သမိုင်း မျက်နှာစာမှာတော့

သူဟာ ငါ့တို့ရဲ့ အနုပညာ ဗိသုကာကြီးပေါ့...။


ထာဝရ မမေ့နိုင်ခဲ့

ယနေ့ထိတိုင် ငါတို့ မြတ်နိုးလွန်းလို့

တိုးတိုးလေး ငြီးတွားနေတဲ့

ငါတို့ နှလုံးသား ကြေးမှုံပြင်မှာ

ကျောက်ထက်အက္ခရာတင်ခဲ့

သူဟာ ငါတို့ရဲ့ သမိုင်းဖခင်

ငါတို့ရဲ့ သခင် ငါတို့ရဲ့ ကျေးဇူးရှင်ပဲ...။


သူရဲ့ ခန္ဓာကိုယ် မရှိပေမဲ့

သူ့ ရနံ့တွေက သင်းသင်း

သူ့ သတင်းက ကြိုင်ကြိုင်

သမိုင်းမှာ မှတ်ကြောက်တင်ခဲ့လို့

ယနေ့ထိတိုင် သူ့ သံစဉ် မမေ့ပျောက်ခဲ့ပါဘူး

ငါတို့နှလုံးသားထဲက သူလိုလူ ကျေးဇူးဂုဏ်ထူး....။



တက္ကသိုလ်မြတ်မင်း

venpunnavamsa2.com

ခုနှစ်တွေ ဖြတ်သန်း နေ လတို့ ကျက်စားနေတဲ့
အချိန် နဂါးကြီးက နိုးကြားလို့

ထောင်ကိုးတစ်ဆဲ့ငါး နေ့ရက်က ထူးခြား

စနေသား ငါ့ကို အမေက မွေးခဲ့တယ်...။



အရွယ်ငယ်ငယ် ကျောင်းသားဘဝ

ကျောင်းသင်္ခန်းစာနှင့် သမိုင်းတွေ ဖတ်ဖူးခဲ့ပါရဲ့

ဖတ်ဖူးတဲ့ စာမျက်နှာကို အမှောင်ချလို့

တယူသန် အသိစိတ်တွေနဲ့ ဘိတ်သိပ်ခံခဲ့

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်
Friday, February 08, 2013

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန်တမ်း
ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်း
မှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း
ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

Opposite Eye

Friday, February 08, 2013

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန်တမ်းဖော်ပြချက်အရ သိရပါတယ်။

ဖော်ပြခွင့် မရတဲ့ ခံစားချက် (ကဗျာ)

ဖော်ပြခွင့် မရတဲ့ ခံစားချက်

အသံတိတ်မိုးရွာနေတယ်
ရင်ထဲမှာတော့ တ၀ုန်းဝုန်း
တအုန်းအုန်း
ကိုယ့်ဆန္ဒ လုံးဝ မပါခဲ့ပါဘူး
ဘယ် လူကြီးမင်းရဲ့ သဘောထားများလဲကွယ်
လူတွေ မျက်ရည်အပြည့်နဲ့
လောကကြီး သာယာလှပသတဲ့
ဒီလူတွေ မသိတာလား
ရင်ထဲကို တခုခု ထိနေတာလား
တစ်ယောက်ယောက်ကတော့
လိမ်ညာမှု လုပ်နေတာ
အသေအချာပါပဲ
ခံစားချက်ကိုခေါက်သိမ်းပြီး
အရောင် ရင့်ရင့်တချို့
ကောင်းကင်ပြင်ကို ထိန်းသိမ်းထားသလို
လွတ်လပ်ခွင့်တွေကလဲ
အုံ့မှိုင်းနေလေရဲ့
အောင်မြင်မှု လမ်းကြောင်းတွေ
တုံ့ဆိုင်းပြီး
ရေသေအိုင်လိုမျိုး
လောက ကိုရင်မဆိုင်ရဲ
ကိုယ့် အထိုင်လေးမြဲဖို့
ကြိုးစားရင်းနဲ့ပဲ
အသံတိတ်မိုးတွေ
နှလုံးထဲမှာရွာ ။

jasmine

အေးချမ်းမွန်မှ Myawady News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

အသံတိတ်မိုးရွာနေတယ်

ရင်ထဲမှာတော့ တ၀ုန်းဝုန်း

တအုန်းအုန်း

ကိုယ့်ဆန္ဒ လုံးဝ မပါခဲ့ပါဘူး

ဘယ် လူကြီးမင်းရဲ့ သဘောထားများလဲကွယ်

လူတွေ မျက်ရည်အပြည့်နဲ့

လောကကြီး သာယာလှပသတဲ့

အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည် (အမေရိက ရောက်မြန်မာများ သတိပြုရန်)

အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည် 
Friday, February 08, 2013

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး
ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်တိုင်းတခု ဦးတည်နေတဲ့အတွက် အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင် ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်း
နေပါတယ်။

မြောက်ပိုင်း Main ပြည်နယ်ကနေ NY ပြည်နယ်အထိ၊ NY မြို့ Boston မြို့တွေအပါအဝင် သောကြာနေ့ မနက်ကနေ စနေနေ့ နေ့လည်ပိုင်း
အထိ နှင်းမုန်တိုင်းအန္တရာယ်ရှိတယ်လို့  အမျိုးသား မိုးလေဝသဌာနက သတိပေးထားပါတယ်၊ ၂ပေလောက် အမြင့်အထိ နှင်းတွေ ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်းတိုင်းဝင်နေချိန်ကာလအတွင်း ရေခဲလောက်တဲ့အထိ အပူချိန်
ကျဆင်းပြီး၊ မမြင်ရလောက်တဲ့ အထိ လေပြင်းနဲ့ နှင်းတွေ ကျနိုင်သလို လေတိုက်နှုန်းကလဲ တနာရီကို ၆၅ မိုင်နှုန်းနဲ့ တိုက်နိုင်တဲ့အတွက် အခြေအနေဟာ အသက်အန္တရာယ်
စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်တယ်လို့ သတိပေးထားပါတယ်။ 

ဓာတ်ပုံ - NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
ဗွီအိုအေ
ဓာတ်ပုံ - NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ
Friday, February 08, 2013

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်
တိုင်းတခု ဦးတည်နေတဲ့အတွက် အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင် ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်း နေပါတယ်။