Pages

Pages - Menu

Friday, February 8, 2013

ဖေဖေါ်ဝါရီလ ၁၃ရက်မှာကျရောက်မယ့် ဗိုလ်ချုပ်အတွက် (ကဗျာ) တက္ကသိုလ်မြတ်မင်း

ခုနှစ်တွေ ဖြတ်သန်း နေ လတို့ ကျက်စားနေတဲ့

အချိန် နဂါးကြီးက နိုးကြားလို့

ထောင်ကိုးတစ်ဆဲ့ငါး နေ့ရက်က ထူးခြား

စနေသား ငါ့ကို အမေက မွေးခဲ့တယ်...။


အရွယ်ငယ်ငယ် ကျောင်းသားဘဝ

ကျောင်းသင်္ခန်းစာနှင့် သမိုင်းတွေ ဖတ်ဖူးခဲ့ပါရဲ့

ဖတ်ဖူးတဲ့ စာမျက်နှာကို အမှောင်ချလို့

တယူသန် အသိစိတ်တွေနဲ့ ဘိတ်သိပ်ခံခဲ့

ကျန်ရစ်ခဲ့တဲ့ ငါ့ ခြေရာတွေက

ကျောနောက် ထိရှတဲ့ ဓားချက်တွေသာဖြစ်ခဲ့ပေါ့...။


စိတ်ကြမ်း လူကြမ်းနဲ့ နူးညံ့တဲ့ နှလုံးသားကို မွေးဖွားလို့

အမှားအတွက် တုန့်ပြန်ချက် များတယ်

အမှန်တရားအတွက် ဖိအားပေးမှု များတယ်

မထင်ရင် မထင်သလို တိုက်ခိုက်

ခံစားချက် ပြင်းပြ ဆန္ဒတွေ ပြည့်ဝ

ငြိမ်သက်နေ လေဟာနယ်ထဲ

လွှင့်တင်လိုက်တဲ့ ဘဝတံဆိပ်ဖြစ်တဲ့

သမိုင်းတစ်ခုရဲ့ အလံတစ်ခုဆိုတာ

လေတိုက်မှ လှပလာတာမှ မဟုတ်တာ...။


မုန်သုန်လေ ဖိအားနည်းတဲ့ လေဟာနယ်ထဲ

အဲဒီနေ့ကစပြီး သူအတွက် ငါတို့ မိုးတွေရွာနေခဲ့တယ်

အားလုံးရဲ့ ပါးပြင်မှာ နှင်းစက်တွေ စီးကျလို့

အားလုံးရဲ့ နှလုံးသားထဲ အိုင်တစ်ခုဖြစ်လို့

အားငယ်နေတဲ့ မျက်ခမ်းစပ်မှာ

စီးကပ်နေတဲ့ မျက်တောင်များက

တဖျက်ဖျက် ခါချနေတယ်.....။


အဲဒီနေ့က .....

ဘဝဆိုတဲ့ ဖခင်ရဲ့ သွေးသောက်တွေ

နှလုံးသား အသည်းစိုင်မှာ ဖုံးလွှမ်းလို့

သူကို မြှုပ်နှံလိုက်ရပေမဲ့...

ငါတို့ သမိုင်း မျက်နှာစာမှာတော့

သူဟာ ငါ့တို့ရဲ့ အနုပညာ ဗိသုကာကြီးပေါ့...။


ထာဝရ မမေ့နိုင်ခဲ့

ယနေ့ထိတိုင် ငါတို့ မြတ်နိုးလွန်းလို့

တိုးတိုးလေး ငြီးတွားနေတဲ့

ငါတို့ နှလုံးသား ကြေးမှုံပြင်မှာ

ကျောက်ထက်အက္ခရာတင်ခဲ့

သူဟာ ငါတို့ရဲ့ သမိုင်းဖခင်

ငါတို့ရဲ့ သခင် ငါတို့ရဲ့ ကျေးဇူးရှင်ပဲ...။


သူရဲ့ ခန္ဓာကိုယ် မရှိပေမဲ့

သူ့ ရနံ့တွေက သင်းသင်း

သူ့ သတင်းက ကြိုင်ကြိုင်

သမိုင်းမှာ မှတ်ကြောက်တင်ခဲ့လို့

ယနေ့ထိတိုင် သူ့ သံစဉ် မမေ့ပျောက်ခဲ့ပါဘူး

ငါတို့နှလုံးသားထဲက သူလိုလူ ကျေးဇူးဂုဏ်ထူး....။



တက္ကသိုလ်မြတ်မင်း

venpunnavamsa2.com

ခုနှစ်တွေ ဖြတ်သန်း နေ လတို့ ကျက်စားနေတဲ့
အချိန် နဂါးကြီးက နိုးကြားလို့

ထောင်ကိုးတစ်ဆဲ့ငါး နေ့ရက်က ထူးခြား

စနေသား ငါ့ကို အမေက မွေးခဲ့တယ်...။



အရွယ်ငယ်ငယ် ကျောင်းသားဘဝ

ကျောင်းသင်္ခန်းစာနှင့် သမိုင်းတွေ ဖတ်ဖူးခဲ့ပါရဲ့

ဖတ်ဖူးတဲ့ စာမျက်နှာကို အမှောင်ချလို့

တယူသန် အသိစိတ်တွေနဲ့ ဘိတ်သိပ်ခံခဲ့ ကျန်ရစ်ခဲ့တဲ့ ငါ့ ခြေရာတွေက

ကျောနောက် ထိရှတဲ့ ဓားချက်တွေသာဖြစ်ခဲ့ပေါ့...။


စိတ်ကြမ်း လူကြမ်းနဲ့ နူးညံ့တဲ့ နှလုံးသားကို မွေးဖွားလို့

အမှားအတွက် တုန့်ပြန်ချက် များတယ်

အမှန်တရားအတွက် ဖိအားပေးမှု များတယ်

မထင်ရင် မထင်သလို တိုက်ခိုက်

ခံစားချက် ပြင်းပြ ဆန္ဒတွေ ပြည့်ဝ

ငြိမ်သက်နေ လေဟာနယ်ထဲ

လွှင့်တင်လိုက်တဲ့ ဘဝတံဆိပ်ဖြစ်တဲ့

သမိုင်းတစ်ခုရဲ့ အလံတစ်ခုဆိုတာ

လေတိုက်မှ လှပလာတာမှ မဟုတ်တာ...။


မုန်သုန်လေ ဖိအားနည်းတဲ့ လေဟာနယ်ထဲ

အဲဒီနေ့ကစပြီး သူအတွက် ငါတို့ မိုးတွေရွာနေခဲ့တယ်

အားလုံးရဲ့ ပါးပြင်မှာ နှင်းစက်တွေ စီးကျလို့

အားလုံးရဲ့ နှလုံးသားထဲ အိုင်တစ်ခုဖြစ်လို့

အားငယ်နေတဲ့ မျက်ခမ်းစပ်မှာ

စီးကပ်နေတဲ့ မျက်တောင်များက

တဖျက်ဖျက် ခါချနေတယ်.....။



အဲဒီနေ့က .....

ဘဝဆိုတဲ့ ဖခင်ရဲ့ သွေးသောက်တွေ

နှလုံးသား အသည်းစိုင်မှာ ဖုံးလွှမ်းလို့

သူကို မြှုပ်နှံလိုက်ရပေမဲ့...

ငါတို့ သမိုင်း မျက်နှာစာမှာတော့

သူဟာ ငါ့တို့ရဲ့ အနုပညာ ဗိသုကာကြီးပေါ့...။


ထာဝရ မမေ့နိုင်ခဲ့

ယနေ့ထိတိုင် ငါတို့ မြတ်နိုးလွန်းလို့

တိုးတိုးလေး ငြီးတွားနေတဲ့

ငါတို့ နှလုံးသား ကြေးမှုံပြင်မှာ

ကျောက်ထက်အက္ခရာတင်ခဲ့

သူဟာ ငါတို့ရဲ့ သမိုင်းဖခင်

ငါတို့ရဲ့ သခင် ငါတို့ရဲ့ ကျေးဇူးရှင်ပဲ...။



သူရဲ့ ခန္ဓာကိုယ် မရှိပေမဲ့

သူ့ ရနံ့တွေက သင်းသင်း

သူ့ သတင်းက ကြိုင်ကြိုင်

သမိုင်းမှာ မှတ်ကြောက်တင်ခဲ့လို့

ယနေ့ထိတိုင် သူ့ သံစဉ် မမေ့ပျောက်ခဲ့ပါဘူး

ငါတို့နှလုံးသားထဲက သူလိုလူ ကျေးဇူးဂုဏ်ထူး....။



တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment