Pages

Pages - Menu

Friday, February 8, 2013

အုပ်စုဖွဲ့ ဓားနှင့်ထိုးသတ်၍ လူငယ်တစ်ဦး သေဆုံး

မန္တလေးတိုင်း တိုင်း ဒေသကြီး၊ မန္တလေးမြို့ ကန်သာယာ မြို့သစ်တွင် လူငယ် တစ်စုက ဓားနှင့် ထိုးသတ် ခဲ့သောကြောင့် လေဘေးထည် ရောင်းသူ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။
ကန်သာယာ မြို့သစ် ဗ-၂၆ ရပ်ကွက် ဘုရားပွဲခင်း အရက်ဆိုင် တွင် ဇန်နဝါရီလ ၂၈ ရက် ညက ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ ကောင်းဇံ နှင့် လူငယ် ၁၀ဦးသည် သေဆုံးသူ သန့်စင်ထွန်း နှင့် အတူ အရက်ဆိုင်တွင် ရှိနေစဉ် သေဆုံးသူ ကြောင့် ကောင်းဇံ အင်္ကျီ စုတ်ပြဲ ခဲ့သဖြင့် အလျော်တောင်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း အောင်ပင်လယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

“ကောင်းဇံက ကျွန်မ မောင်လေးကို ဓားနဲ့ ထောက်ပြီး အင်္ကျီဖိုးငွေ တစ်သောင်းခွဲ တောင်းတယ်။ မောင်လေးက ဘောင်းဘီထဲကနေ ပိုက်ဆံ ထုတ်ပေးတယ်။ပိုက်ဆံ ရတော့ ကောင်းဇံက ဓားနဲ့ ထောက်ချုပ်ထားရာ ကနေ လွှတ်ပေးလိုက်တဲ့ အချိန်မှာ မောင်လေး လဲကျ သွားတယ်။ အူတွေလည်း ထွက်နေတယ်’’ ဟု သေဆုံးသူ၏ အမဖြစ်သူ ဒေါ် ချမ်းမြေ့စန္ဒာ က ယခုလ ၃ ရက်နေ့က ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောဆိုသည်။

သေဆုံးသူ သန့်စင်ထွန်း သည် ဆီးစပ် အထက် ဘယ်ဘက် ဝမ်းဗိုက် အူထွက် ဒဏ်ရာများဖြင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ ခဲ့ရာ ဆေးရုံတွင်ပင် သေဆုံး ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကောင်းဇံနှင့် လူငယ် ၁၀ဦးကို အောင်ပင်လယ် ရဲတပ်ဖွဲ့ စခန်းက (ပ)၄၄/၂၀၁၃၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ-၃၀၂/၁၁၄ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်စခန်း ထံမှ စုံစမ်း သိရသည်။
 

The Voice Daily 

No comments:

Post a Comment