Pages

Pages - Menu

Thursday, January 10, 2013

" ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်များ NLD ပါတီ သတင်းထုတ်ပြန်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု
ကြည်ဟာ လာမယ့် ဇန်န၀ါရီလ ၂၄ ရက်နေ့ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ် မှာကျင်းပမဲ့ Rotary Club
ငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားကို တက်ရောက်ပြီး ဆုလက်ခံ ရယူမယ်လို့ NLD ပါတီက ဒီကနေ့ သတင်း
ထုတ်ပြန်ပါတယ်။

PC ကွန်ပျူတာဈေးကွက်ကို အာရုံစိုက်ခြင်းမှ Lenovo စွန့်ခွာဖွယ်ရှိ

PC ကွန်ပျူတာဈေးကွက်ကို အာရုံစိုက်ခြင်းမှ Lenovo စွန့်ခွာဖွယ်ရှိ
Lenovo အခြေစိုက်ရုံးကိုတွေ့ရစဉ်
တရုတ်ကွန်ပျူတာထုတ်လုပ်ရေးလုပ်ငန်းစုကြီး Lenovoအနေဖြင့် အနာဂတ်တွင် အိမ်သုံး PC ကွန်ပျူတာ
ဈေးကွက်ကို အာရုံစိုက်ခြင်းမှ ဖယ်ခွာဖွယ် ရှိနေကြောင်း သိရသည်။ Lenovoသည် လက်ရှိတွင် ကမ္ဘာပေါ်၌ PCကွန်ပျူတာ အရောင်းဈေးကွက်ကို ထိပ်ဆုံးနေရာမှ ဦးဆောင် ရပ်တည်လျှက် ရှိနေသည်။

စက္ကူကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screen ကို CES 2013 တွင် မိတ်ဆက်ပြသ


စက္ကူတစ်ချပ်ကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screenတစ်မျိုးကို CES 2013 အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲတွင် စတင်မိတ်ဆက် ပြသခဲ့ကြောင်း သိရှိရသည်။ အဆိုပါ နည်းပညာသည် လာမည့် (၅)နှစ်
အတွင်း အလေးချိန်များပြားသည့်လုပ်ငန်းသုံး Laptopများ နေရာတွင်အစားထိုးဝင်ရောက်လာမည့် အခြေ
အနေ ရှိနေကြောင်း ထင်ကြေးပေး ခံနေရသည်။

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင် မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ..............

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင် မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ..............

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

''ကျောက်စိမ်း ကျောက်မျက် တင်ပို့ခြင်းကို အမေရိကန်အစိုးက ကန့်သတ်ထားတဲ့ အကြောင်းအရင်းကတော့ သူတို့ ပိတ်ပင် ကန့်သတ်ထားတဲ့သူတွေက ကျောက်မျက် ကျောက်စိမ်းအသင်းမှာ ပါဝင်နေလို့ ဖြစ်မယ်လို့ ယူဆပါတယ်။အရင် အစိုးရလက်ထက်က ခရိုနီတွေက ကျောက်မျက်အသင်းမှာ တာဝန်ယူထားတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေရတဲ့အတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။

အမေရိကန်အစိုးရက ကန့်သတ်ထားတဲ့ သူတွေ ကျောက်မျက်အသင်းမှာ တာဝန်တွေ မယူထားဘူးဆိုရင် ပတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်ပါတယ်''ဟု ဦးလှဆွေက ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေးများကို ခ၀ါချရာတွင် ကျောက်စိမ်း ကျောက်မျက်က ရတယ်လို့ စာရင်းပြလျင် ငွေမဲမှ ငွေဖြူဖြစ်ဖို့ လွယ်ကူကြောင်း၊ မူးယစ်ဆေးဝါး နာမည်ပျက်ရှိသည့် အဖွဲ့အစည်း ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း လုပ်ကွက် ချထားပေးခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းအပေါ် လုံးဝပြေလျော့ပေးရေး အမေရိကန်အစိုးရသို့ တောင်းဆိုပေးသွား ရန်အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

EMG

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အ
မည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်း
ခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း အမျိုး
သားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်
 အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသား ဖက်စပ် ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လိုင်စင်ထုတ်မပေးရန် ဆန့်ကျင်ကန့်ကွက်ပြီ”

“ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသား ဖက်စပ် ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လိုင်စင်ထုတ်မပေးရန်  ဆန့်ကျင်ကန့်ကွက်ပြီ”

ရန်ကုန်၊ ဇန်န၀ါရီ ၁၀

ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသား ဖက်စပ်ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လိုင်စင်ထုတ်မပေးရန်  မြန်မာနိုင်ငံသား ခရီးသွားလုပ်ငန်းရှင်များက တရားဝင် ဆန့်ကျင်ကန့်ကွက်မှုကို ပြုလုပ် သွားမည်ဟု RUBY LAND မှ MD ဦးအေးကျော်က ယနေ့တွင် ပြောသည်။

၎င်းဦးဆောင်သည့် ခရီးသွားလုပ်ငန်းရှင် ၁၅ ဦး ပါဝင်သော အဖွဲ့က UMFCCI ရှိ ခရီးသွား လုပ်ငန်းရှင်အသင်း (Travel Association)၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ တရားဝင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အမျိုးသား အကျိုးစီးပွား အတွက်ပါဟု ဦးအေးကျော်က ပြောကြားခဲ့သည်။

သတင်းစာရှင်လင်းပွဲတွင် ပါဝင်ခဲ့သူ ဦးလှရွှေကလည်း “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက ထွက်သွားပြီဗျာ။ ဒီတော့ ဥပဒေမှာ ကျွန်တော်တို့ လိုက်လုပ်လို့ မရတော့ဘူး။ မကြာခင်ထွက်မယ့် နည်းဥပဒေထဲမှာတော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ဒီကိစ္စက အရေးကြီးသွားပြီ။ လုံးဝကို နိုင်ငံခြားသား ပါဝင်ခွင့်ကို ခရီးလှည့်လည်ရေး လိုင်စင်မှာ မပေးသင့်ဘူး”ဟု ပြောသည်။

ဦးအေးကျော်က ဆက်လက်၍ နိုင်ငံခြားသားများ ဖက်စပ်ပါဝင်သော သို့တည်းမဟုတ် နိုင်ငံခြားသားများ အပြည့်အ၀လုပ်ကိုင်သော ကုမ္ပဏီများကိုသာ MIC ဥပဒေအရ၊ နည်းဥပဒေများအရ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ချပေးလိုက်မည် ဆိုပါက မြန်မာနိုင်ငံ၌ မလိုလားအပ်သော ဆုံးရှုံးမှုများသည့် အကျိုးရလဒ်များကို ခံစားရလိမ့်မည်ဟု သတိပေးမှုများကို ပြုလုပ်ခဲ့သည်။

“နိုင်ငံခြားသားပါဝင်ရင် အကျိုးစီးပွားတွေ ရလိမ့်မယ်လို့ ယုံကြည်နေတဲ့သူတွေ ရှိနေတော့ အခက်သားပဲဗျ၊ ကျန်တဲ့လုပ်ငန်းကို ကျွန်တော် မပြောဘူးနော်၊ ဒီခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံက လူတွေလုပ်နိုင်တာပဲဗျာ၊ ဘာဖြစ်လို့ ပေးရမှာလဲ”ဟု ၎င်းက ထပ်လောင်းဆိုသည်။

နိုင်ငံခြားသားများ ပါဝင်လာခြင်းကြောင့် လူကုန်ကူးမှု ပြဿနာ၊ အမျိုးကောင်းသားသမီးများ ပျက်စီးမည့် ပြဿနားများကို ကြုံလာမည့် ခရီးသွားလုပ်ငန်း အနာဂတ်အတွက် ဥပဒေပြဌာန်းခြင်းဆိုင်ရာ ခေါင်းဆောင်ပိုင်းများက အလေးထားသင့်ပါကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

“အခု ခေါင်းဆောင်ပိုင်းတွေက တပ်မတော်ပိုင်းက လာတာမဟုတ်လား၊ တပ်မတော်ဆိုတာ ပြည်သူ့အတွက် အသက်ပေးဖို့ဆို၊ အဲ့ဒီလောက်ထိ မလိုပါဘူးဗျာ။ ဒီကိစ္စကို ရေရှည်စဉ်းစားကြည့်ပါတော့”ဟု ဦးအေးကျော်က ထပ်မံကာ ပြောသည်။

ခရီးသွားလုပ်ငန်း၌ ပြည်ပလုပ်ငန်းရှင်များ ၀င်ရောက်ခွင့် မပြုရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ ဥပဒေပြု အဖွဲ့များနှင့် နိုင်ငံတော်သမ္မတအကြံပေးများထံသို့ တရားဝင် စာပို့ခဲ့သော်လည်း အကြောင်းမထူးခဲ့ဘဲ MIC ဥပဒေကြီးသာ ထွက်ပေါ်လာခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုခဲ့ကြသည်။

PN-051၊ ပြည့်ဖြိုး

ရန်ကုန်၊ ဇန်န၀ါရီ ၁၀

ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသားဖက်စပ်ပိုင်ဆိုင်သောခရီးသွားလုပ်ငန်းကုမ္ပဏီများ
ကို လိုင်စင်ထုတ်မပေးရန် မြန်မာနိုင်ငံသား ခရီးသွားလုပ်ငန်းရှင်များကတရားဝင်ဆန့်ကျင်ကန့်ကွက်မှုကို
 ပြုလုပ် သွားမည်ဟု RUBY LAND မှ MD ဦးအေးကျော်က ယနေ့တွင် ပြောသည်။

ထိုင်း၏ ထိပ်တန်းဘဏ် ကေဘဏ် မြန်မာတွင် ရုံးခွဲဖွင့်လှစ်

ထိုင်း၏ ထိပ်တန်းဘဏ် ကေဘဏ် မြန်မာတွင် ရုံးခွဲဖွင့်လှစ်

ရန်ကုန်၊ ဇန်န၀ါရီ ၁၀။

ထိုင်းအခြေစိုက် ထိပ်တန်းဘဏ်တစ်ခုဖြစ်သော  Kasikornbank (KBank)  သည် မြန်မာတွင် ၎င်း၏ ရုံးခွဲကို ယမန်နေ့က ဖွင့်လှစ်လိုက်သည်။ 

ကေဘဏ်ဟု အတိုကောက်ခေါ်ဝေါ်သည့် ယင်းဘဏ်၏ သုတေသနဌာန Kasikorn Research Centerကလည်း မြန်မာ့စီးပွားရေး သည် ၂၀၁၃ အတွင်း စုစုပေါင်း
ပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ၆ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကာ သဘာဝ ဓါတ်ငွေ့ ၊ ချည်ထည် နှင့် သစ်မာ တင်ပို့မှုများ အပါအ၀င် ပြည်ပပို့ကုန် တိုးတက်မှု ၁၁ ရာခိုင်နှုန်း ရှိမည်ဟု မှန်းဆထားသည်။ 

ကေဘဏ်၏ ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲ သို့  မြန်မာတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ရန် ရောက်ရှိနေသော ထိုင်းကော်ပိုရေးရှင်းကြီးများ ဖြစ်သည့် ထိုင်းနိုင်ငံပိုင်
စွမ်းအင်ကုမ္ပဏီ ပီတီတီ PTT နှင့် မားမားခေါက် ဆွဲခြောက်များ ထုတ်လုပ်သည့် Thai President Foods မှ ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ကေဘဏ်၏ အကြီးတန်းအမှုဆောင် ဒုဥက္ကဋ္ဌ ဆုန်မ်ကီရတ် ဆီရီယာ ချတ်ချိုင်းက 
ထိုင်းသည် တရုတ်ပြည်နောက်တွင် မြန်မာ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်နေပြီး၊ ထိုင်းကုန်ပစ္စည်းအများ စုမှာလည်း မြန်မာတွင် လူသိများကြောင်း 
ဆိုသည်။ 

ကေဘဏ်သည်ဒေသတွင်း လုပ်ငန်းကွန်ရက်များ ဖန်တီးရေးအတွက် အရှေ့ အာရှနှင့် အာဆီယံဒေသတွင်းမှ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။ 

ကေဘဏ်သည် ယခု ၂၀၁၃ အတွင်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားတို့တွင် လုပ်ငန်းကွန်ရက်များ ချဲ့ ထွင်ရန် စီစဉ်ထားပြီး အာဆီယံ+ ၃ နိုင်ငံများ တွင်လည်း လုပ်ငန်းများ ချိတ်ဆက်လုပ်နိုင်ရန် စီမံထားသည်။ 

၎င်း၏ ယခု ရန်ကုန်ရုံးခွဲသည် စီးပွားရေးလုပ်ငန်းများအတွက် သတင်း အချက်အလက်နှင့် အကြံပေးခြင်း ဝန်ဆောင်မှုများ၊ ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်မှုများ၊ ဥပဒေရေးရာ အတိုင်ပင်ခံမှုများ၊ စီးပွားရေးလုပ်ငန်း ကွန်ရက်များအတွက် အကူအညီပေးခြင်းများ လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။

Ref: Bangkok Post

ရန်ကုန်၊ ဇန်န၀ါရီ ၁၀။

ထိုင်းအခြေစိုက် ထိပ်တန်းဘဏ်တစ်ခုဖြစ်သော Kasikornbank (KBank) သည် မြန်မာတွင် ၎င်း၏ ရုံးခွဲကို ယမန်နေ့က ဖွင့်လှစ်လိုက်သည်။

ကေဘဏ်ဟု အတိုကောက်ခေါ်ဝေါ်သည့်ယင်းဘဏ်၏သုတေသနဌာန Kasikorn Research Centerကလည်း

မြန်မာ့စီးပွားရေး သည် ၂၀၁၃ အတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ၆ဒသမ ၃ ရာခိုင်နှုန်း
တိုးတက်မည်ဖြစ်ကာ သဘာဝ ဓါတ်ငွေ့ ၊ ချည်ထည် နှင့် သစ်မာ တင်ပို့မှုများ အပါအ၀င် ပြည်ပပို့ကုန် တိုး
တက်မှု ၁၁ ရာခိုင်နှုန်း ရှိမည်ဟု မှန်းဆထားသည်။

ပြည်သူများအသက်အန္တရာယ်ဖြစ်စေနို င်မည့် မြန်မာ့မီးရထားဝန်ထမ်းတချို့၏ အကျင့်ပျက်ခြစားမှု

ပြည်သူများအသက်အန္တရာယ်ဖြစ်စေနိုင်မည့် မြန်မာ့မီးရထားဝန်ထမ်းတချို့၏ အကျင့်ပျက်ခြစားမှု

(ယခုအကြောင်းအရာသည် နေ့စဉ်ထုတ်သတင်းစားများတွင် မကြာခဏတွေ့ရလေ့ရှိသည့် မြန်မာ့မီးရထားမှ တင်ဒါခေါ်ယူခြင်းနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့မီးရထားစက်ခေါင်းနှင့် တွဲပြင်စက်ရုံများမှ ၀န်ထမ်းအင်ဂျင်နီယာတချို့ပူးပေါင်းပြီး အကျင့်ပျက်ခြစားပုံကို ရေးသားထားခြင်းဖြစ်သည်)

ပထမဆုံးအနေနဲ့ တင်ဒါ (Tender) ခေါ်တယ်ဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ သိပြီးသူများလည်း ရှိကြမှာဖြစ်ပေမယ့် တင်ဒါခေါ်တယ်ဆိုတာကို နားမလည်ရင် ခုရေးတဲ့အကြောင်းအရာကို မရှင်းမှာစိုးလို့ပါ။ အစိုးရစက်ရုံတရုံက 1,2,3 ဆိုတဲ့ပစ္စည်းတွေဝယ်ဖို့လိုအပ်လာရင် အပြင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်ကုမ္ပဏီက ဒီလိုအပ်တဲ့ပစ္စည်းကို ဈေးဘယ်လောက်နဲ့သွင်းနိုင်မလဲဆိုပြီး ကြေငြာခေါ်ယူပါတယ်။ ဒါကို A,B,C,D နဲ့ E ကုမ္ပဏီတွေက ၀င်လျှောက်ကြမယ်ဆိုပါစို့။ A ကဒီပစ္စည်းသုံးမျိုးလုံးကို အနည်းဆုံးဈေးနဲ့သွင်းပေးနိုင်ရင် တင်ဒါအောင်ပြီး A ကုမ္ပဏီတခုတည်းကပဲ သွင်းခွင့်ရပါတယ်။ အကယ်၍ B က 3 ကိုဈေးအနည်းဆုံးနဲ့သွင်းနိုင်တယ်။ D က 1၊ E က 2 ကိုဈေးအနိမ့်ဆုံးနဲ့ သွင်းနိုင်တယ်ဆိုရင် ကုမ္ပဏီသုံးခုက ပစ္စည်းတမျိုးချင်းစီကို သွင်းခွင့်ရမှာဖြစ်ပါတယ်။ ဈေးအနည်းဆုံးတူညီနေတယ်ဆိုရင် ပစ္စည်းအရည်အသွေးပိုကောင်းစွာ သွင်းနိုင်တဲ့သူက တင်ဒါအောင်မှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တင်ဒါခေါ်တယ်ဆိုတာ အနိမ့်ဆုံးဈေးနဲ့ ပစ္စည်းကောင်းကောင်းလိုချင်တာပါပဲ။

မြန်မာ့မီးရထားကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြေးဆွဲနေတဲ့ရထားတွေအတွက် ပစ္စည်းလိုအပ်တဲ့အခါမှာ  စီးပွားရေးလုပ်ငန်းရှင်တွေကို သတင်းစာကနေတဆင့် တင်ဒါခေါ်ယူပါတယ်။ တင်ဒါဝင်ပြိုင်မယ့် လုပ်ငန်းရှင်တွေက သိမ်ဖြူလမ်းက ပို့ဆောင်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) မှာသွားပြီး တင်ဒါတစောင်ကို ၅၀၀၀ (သို့) ၆၀၀၀ ကျပ်နဲ့ဝယ်ယူရပါတယ်။ ပြီးရင် မိမိသွင်းလိုတဲ့ပစ္စည်းတန်ဖိုးရဲ့ ၁% ကို  တင်ဒါအာမခံထားရှိငွေ (Bid Bond) အဖြစ် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) မှာ ပေးသွင်းရပါတယ်။ တင်ဒါမှာပါတဲ့ ဘယ်ပစ္စည်းကို မိမိက ဈေးဘယ်လောက်နဲ့သွင်းနိုင်ပါတယ်ဆိုတာ စာရင်းလုပ်ချိတ်ပိတ်ပြီး တင်ဒါအာမခံထားရှိထားတဲ့ ချက်မူရင်း Payment Order Cheque (POC) နဲ့အတူ မီးရထားဌာနကို တင်ပြရပါတယ်။ အဲဒီနောက် တာဝန်ရှိသူများက ပစ္စည်းသွင်းမယ့်ကုမ္ပဏီတွေကို နေပြည်တော်ကိုခေါ်၊ ဈေးထပ်ဆစ်ပြီးနောက်ဆုံး အနည်းဆုံးဈေးနဲ့ သွင်းတဲ့ကုမ္ပဏီက တင်ဒါပါပစ္စည်းတွေကို ပေးသွင်းခွင့်ရရှိပါတယ်။ (ဒါတွေဟာ ခုအကြောင်းအရာရဲ့ အဓိကဆိုလိုရင်းမဟုတ်ဘဲ ဆက်နွယ်နေတဲ့ Process သာဖြစ်ပါတယ်။ ဒါကိုအတိုချုပ်ဖော်ပြရတာကတော့ Process အမှန်ကိုဖော်ပြနိုင်ပြီး အကြောင်းအရာကို ခိုင်လုံစေချင်တဲ့ရည်ရွယ်ချက်ပါ။)

မြန်မာ့မီးရထားက တင်ဒါခေါ်တဲ့ပစ္စည်းတွေထဲက အလိုအပ်ဆုံးနဲ့ အသုံးအများဆုံး Ball Bearing (ရထားများတွင်အသုံးပြုသောဘောလ်) ပစ္စည်းကိုအဓိကထားပြီး ဖော်ပြပါမယ်။ တခြားပစ္စည်းတွေအားလုံးဟာလည်း Ball Bearing နဲ့ လုပ်နည်းလုပ်ဟန်တူတူပါပဲ။ Ball Bearing တွေကို ဂျပန်၊ ဂျာမဏီနိုင်ငံတွေက ထုတ်လုပ်ဖြန့်ချိတာများပါတယ်။ SKF (Germany), FAG (Germany), NSK (Japan) နဲ့ NTN (Japan) စတဲ့ တံဆိပ်တွေဟာ နာမည်ကြီးပါတယ်။ အဲဒီနိုင်ငံတွေကထုတ်တဲ့ Ball Bearing တွေဟာ တန်ဖိုးကြီးမားပြီး အရည်အသွေးကောင်းပါတယ်။

Ball Bearing တွေကို အဲဒီတံဆပ်တွေအတိုင်း တရုတ်နိုင်ငံက ပုံစံတူအတုလုပ်ပါတယ်။ တရုတ်ကထုတ်တဲ့ ပုံစံတူအတုတွေကို ဘုရင့်နောင်ပွဲရုံတန်းကဆိုင်တွေမှာလည်း ရနိုင်ပါတယ်။ အပြင်ပန်းအားဖြင့်ကြည့်ရင် အတုအစစ်မခွဲခြားနိုင်ပါဘူး။ အရည်အသွေးအားဖြင့် သုံးနေတုန်းပျက်စီးသွားမှသာ အတုမှန်းသိစေနိုင်လောက်ကို ပုံစံတူပါတယ်။ တရုတ်ကထုတ်တဲ့ Ball Bearing အတုတွေဟာ ဈေးနှုန်းအားဖြင့် အစစ်ဈေးနှုန်းထက် ဆယ်ဆကျော်လောက် လျော့နည်းပါတယ်။

ဈေးအနိမ့်ဆုံးနဲ့ ပစ္စည်းကောင်းကောင်းရချင်တယ်ဆိုတဲ့ တင်ဒါသဘောတရားနဲ့ ဆက်စပ်ဖော်ပြပါမယ်။ ဒီ Ball Bearing ကို ပစ္စည်းအမှန် ဈေးနှုန်းအမှန်နဲ့သွင်းမယ်၊ ပစ္စည်းကအတု ဈေးနှုန်းကအစစ်ဈေးနဲ့သွင်းမယ်၊ ပစ္စည်းအတု ဈေးနှုန်းအတုနဲ့သွင်းမယ်ဆိုတဲ့ ကုမ္ပဏီတွေကွဲသွားပါလိမ့်မယ်။ တင်ဒါသဘောအရ အနိမ့်ဆုံးဈေးနဲ့မှ တင်ဒါအောင်မယ်ဆိုရင် ပစ္စည်းဘယ်လောက်မှန်မှန် ဘယ်လောက်ကောင်းကောင်း အစစ်ဈေးနှုန်းနဲ့သွင်းတဲ့သူဟာ လုံးဝ(လုံးဝ)ကို တင်ဒါမအောင်တော့ပါဘူး။ အတုဈေးနှုန်းနဲ့သွင်းနဲ့ကုမ္ပဏီတွေသာ ကျိန်းသေတင်ဒါအောင်မှာပါ။ ဒါတောင် အတုဈေးနှုန်းအပေါ် နည်းနိုင်သမျှနည်းအောင် ဈေးချနိုင်တဲ့သူပဲ သွင်းခွင့်ရမှာပါ။ တင်ဒါနိုင်တဲ့သူက Ball Bearing တွေကို အင်းစိန်၊ ရွာထောင်၊ မြစ်ငယ် စတဲ့မြို့များမှာရှိတဲ့ မီးရထားစက်ခေါင်းနဲ့တွဲပြင်စက်ရုံတွေကို သွင်းပေးရမှာပါ။

တံဆိပ်တွေအားဖြင့် ဂျပန်၊ ဂျာမဏီထုတ်တွေဖြစ်ပြီး အမှန်တကယ်အားဖြင့် တရုတ်ကထုတ်တဲ့ပစ္စည်းအတုတွေကို ပို့ဆောင်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) က လက်ခံမှာမဟုတ်ပါဘူး။ အတုဈေးနှုန်းနဲ့ တင်ဒါအောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပစ္စည်းအစစ်တွေဝယ် အရှုံးခံပြီးသွင်းမှာ မဟုတ်ပါဘူး။

ဒါဖြင့် ဘယ်လိုသွင်းကြမလဲ။ ရှင်းပါတယ်။ ပစ္စည်းသွင်းရမယ့် မီးရထားစက်ခေါင်းနဲ့ တွဲပြင်စက်ရုံတွေက user အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းညှိနှိုင်းလိုက်ပါတယ်။ အင်ဂျင်နီယာတွေဟာ အမြင်အားဖြင့် အတုအစစ်ခွဲခြားနိုင်သလို ဈေးနှုန်းအားဖြင့်လည်း အတုအစစ်ဆိုတာ သိနေကြပါတယ်။ ဒီတော့ အင်ဂျင်နီယာနဲ့ ပစ္စည်းစစ်မယ့် တာဝန်ရှိသူတွေကို လာဘ်ထိုးလိုက်ပါတယ်။ အင်ဂျင်နီယာတွေနဲ့ညှိပြီး သွင်းတဲ့ပစ္စည်းဟာ အသုံးပြုလို့ရနိုင်ကြောင်း၊ စံချိန်စံညွှန်းကိုက်ညီကြောင်း၊ ပစ္စည်းအစစ်ဖြစ်ကြောင်း ထောက်ခံချက်ရယူပါတယ်။ အဲဒီလို ထောက်ခံချက်ရမှသာ ဒီပစ္စည်းကို ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုလာဘ်ပေး လာဘ်ယူလုပ်ပြီး သွင်းလိုက်တဲ့ပစ္စည်းအတုတွေကို တနိုင်ငံလုံးမှာ ပြေးဆွဲခုတ်မောင်းနေတဲ့ မီးရထားတွေမှာ တပ်ဆင်အသုံးပြုပါတယ်။ စက်ရုံတွင်းသုံးစက်တခုမှာ အတုပစ္စည်းထည့်သုံးပြီး ပျက်သွားရင် စက်ရပ်သွားရုံပဲ ရှိမှာပါ။ အရည်အသွေး စံချိန်စံညွှန်းလုံးဝမရှိတဲ့ တရုတ်ထုတ်ပစ္စည်းအတုတွေကို တပ်ဆင်အသုံးပြုနေတဲ့ မီးရထားတွေဟာ ခုတ်မောင်းနေတုန်း အတုပစ္စည်းတွေက ချို့ယွင်းပျက်စီးခဲ့ရင် ပြည်သူတွေရဲ့ အသက်အန္တရာယ်မြောက်များစွာ ပျက်စီးဆုံးရှုံးရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များရော မြန်မာ့မီးရထားဝန်ထမ်းများပါ လုံးဝမလုပ်သင့် မလုပ်အပ်တဲ့အရာပါ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။

ဒီနေရာမှာပြောစရာတခု ရှိပါတယ်။ 
၁) နိုင်ငံတော်အစိုးရက သက်ဆိုင်ရာပို့ဆောင်ရေးဝန်ကြီးဌာနကတဆင့် လိုအပ်တဲ့ပစ္စည်းအမှန်တွေဝယ်ယူဖို့ ဘတ်ဂျက်ကို လုံလုံလောက်လောက်ချပေးထားတယ်။ 
၂) နိုင်ငံတော်အစိုးရကိုယ်တိုင်က အတုဈေးနှုန်းအတိုင်းပဲ ဘတ်ဂျက်ချပေးတယ်။ 
ဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။ 

ဒီလို ပြည်သူတွေရဲ့ အသက်အန္တရယ်ထိခိုက်စေမယ့် ခြစားမှုဟာ အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းလိုချင်တဲ့ တင်ဒါ (Tender) ဆိုတာကြီးမှာ အခြေခံကျမယ်ထင်ပါတယ်။ အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းလိုချင်လွန်းတဲ့ နိုင်ငံတော်မူဝါဒကပဲ ဒီအကျင့်ပျက်ခြစားမှုကြီး ဖြစ်ပေါ်လာဖို့ ဖန်တီးပေးနေသလို ဖြစ်နေပါတယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင်က အတုဈေးအတိုင်း ဘတ်ဂျက်ချပေးတယ်ဆိုရင်တော့ အမှန်တကယ်လိုအပ်တဲ့နေရာမှာ နိုင်ငံတော်ဘဏ္ဍာကို ခြိုးခြံချွေတာတယ်ဆိုတဲ့စကားနဲ့ ထိန်းသိမ်းမထားသင့်ပါဘူး။ အကယ်၍ အစိုးရက သက်ဆိုင်တဲ့ဌာနကို ဘတ်ဂျက်လုံလုံလောက်လောက်ချပေးထားပါတယ်ဆိုရင် ဒီအကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သတ်နေတဲ့ သက်ဆိုင်သူများအားလုံးကို ရှာဖွေဖော်ထုတ်ပြီး တိတိကျကျ အရေးယူဆောင်ရွက်သင့်ပါတယ်။

ပြည်သူများဘေးမသီရန်မခ စိုးရိမ်ကြောင့်ကြကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် တပြည်လုံးအတိုင်းအတာနဲ့ ပြေးဆွဲခုတ်မောင်းနေတဲ့ မြန်မာ့မီးရထားတွေမှာ တပ်ဆင်အသုံးပြုရမယ့် ပစ္စည်းအမှန်တွေကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီတွေကနေပြီး ဈေးနှုန်းအမှန် ပစ္စည်းအမှန်နဲ့ တိုက်ရိုက်မှာယူတင်သွင်းပါက ယခုကဲ့သို့သော အကျင့်ပျက်ခြစားမှု ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းကိုလိုက်ရှာနေတဲ့ တလွဲဆံပင်ကောင်း အစိုးရအဖြစ်မရပ်တည်ဘဲ ပြည်သူ့ဘဏ္ဍာကို ပြည်သူများအတွက် မှန်မှန်ကန်ကန်အသုံးပြုနိုင်ပါရန် ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

မောင်ပါလ
၁၀.၀၁.၂၀၁၃

(ယခုအကြောင်းအရာသည် နေ့စဉ်ထုတ်သတင်းစားများတွင် မကြာခဏတွေ့ရလေ့ရှိသည့် မြန်မာ့မီးရထားမှ တင်ဒါခေါ်ယူခြင်းနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့မီးရထားစက်ခေါင်းနှင့် တွဲပြင်စက်ရုံများမှ ၀န်ထမ်းအင်ဂျင်နီယာတချို့ပူးပေါင်းပြီး အကျင့်ပျက်ခြစားပုံကို ရေးသားထားခြင်းဖြစ်သည်)

"လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တွေ့ဆုံ"

"လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တွေ့ဆုံ"

နေပြည်တော်၊ ဇန်န၀ါရီ ၁၀

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ သည် လွှတ်တော်အတွင်း လုပ်ငန်းဆောင်ရွက်မှု များ မြန်ဆန်လာစေရေးအတွက်ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ညှိနိုင်းအစည်းအဝေးတစ်ခု ကိုပြုလုပ်ခဲ့ကြသည်။

ယင်းအစည်းအဝေးအပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အဆောက်အအုံအတွင်းရှိ( I .12 )ခန်းမတွင် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သတ်၍ ပြည်တွင်းရှိသဘာဝပတ်ဝန်းကျင် နှင့် သိပ္ပံ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတွေ့ဆုံခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ လောလောဆယ် သတင်းထုတ်ပြန်မှု မရှိသော်လည်း ယခုလ တတိယပတ်တွင် သွားရောက်မည့် အမေရိကန်နှင့် ကိုရီယားခရီးစဉ် မတိုင်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

AH

နေပြည်တော်၊ ဇန်န၀ါရီ ၁၀

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းတို့ သည် လွှတ်
တ်ာအတွင်း လုပ်ငန်းဆောင်ရွက်မှု များ မြန်ဆန်လာစေရေးအတွက်ယနေ့ကျင်းပသော ပြည်ထောင်စု
လွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ညှိနိုင်းအစည်းအဝေးတစ်ခု ကိုပြုလုပ်ခဲ့ကြသည်။

ကမ္ဘာ့အပါးဆုံး လပ်(ပ်)တော့

ကမ္ဘာ့အပါးဆုံး လပ်(ပ်)တော့

ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေ ကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့ အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆ လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။

Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slim ဖြစ်ပါသေးတယ်။ ဒီတော့ Samsung ရဲ့  Series 9 ကို အပါးဆုံးလို့ သတ်မှတ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့  Specification အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

• တတိယမျိုးဆက် Intel Core processor - Core i7 ကို အသုံးပြု ပါတယ်။

•4GB Ram

•128GB SSD, memory ထပ်တုန်းရန် SSD slot ပါဝင်ပါတယ်။

•Windows 7 operating system ( Windows 8 သို့ Upgrade လုပ်ပေး ပါတယ်။)

• ဘက်ထရီက Photoshop တို့လို ပါဝါစားတဲ့ ပရိုဂရမ်ကို သုံးရင် ၈ နာရီခံပြီး အလင်းရောင် တစ်ဝက် ထားသုံးရင် ၁၀ နာရီခံပါတယ်။

• gaming system ရတယ်လို့ မဟုတ်ပေမယ့် အင်ဂျင်ကောင်းကောင်း သုံးတဲ့ Diablo 3 တို့လို ဂိမ်းကို နိုင်ပါတယ်။

•LCD, HD+, 400 nit screen. သာမန် Laptop တစ်လုံးထက် အလင်းရောင် ၄၀ ရာခိုင်နှုန်းပို တယ်လို့ ဆိုပါတယ်။

•Boots up in 10 seconds, 3 seconds from sleep mode

• USB 3.0 နှင့် USB 2.0 ပေါက်များ ပါရှိပါတယ်။

၁၃ လက်မ၊ ၁၅ လက်မ အရွယ်နှစ်မျိုး ထုတ်ပြီး ဈေးနှုန်းကတော့ ၁၂၉၉ ဒေါ်လာနဲ့ ၁၄၉၉ ဒေါ်လာ ဆီ ရှိကြောင်း သိရပါတယ်။
--
Ref: Samsung


အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေ ကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့ အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆ လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ပုသိမ် တို့တွင် ကျင်းပသွားမည်

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင်နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ပုသိမ် တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်ဆီးဂိမ်းပြိုင်ပွဲများကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား ကွင်းများနှင့် ဇဗ္ဗူသီရိအားကစားကွင်းများတွင် အားကစားနည်းအမျိုးအစားအလိုက် ထည့်သွင်းကျင်းပမည်ဖြစ် သည်။“ဆီးဂိမ်းအတွက် မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်တစ်ရာကျော်ရအောင် မျှော်မှန်းထားတယ်။

အမေရိကန် သံအမတ် ဒဲရက်မစ်ချဲလ် ကရင်နှင့် မွန်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်

ဇန်န၀ါရီ ၁၀၊ ၂၀၁၃၊ YPI

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ်သည် ယခုလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သို့ ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်မည်ဟု သံရုံးထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းထုတ်ပြန်ချက်တွင် သံအမတ်ကြီး၏ ခရီးစဉ်အတွင်း အစိုးရအရာရှိများ ၊ လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေး ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ
များကို တွေ့ဆုံသွားမည်ဟု ပါရှိသည်။

ကချင်ခရီးစဉ်နှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

ကချင်ခရီးစဉ်နှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၂ မိနစ် 

ကချင်ဒေသသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက် နေ့လည် ၂ နာရီအချိန်က ရန်ကုန်မြို့ သင်္ဃကျွန်းမြို့နယ် ဝေဇန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ပြုလုပ်ခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးမှ KIO နယ်မြေတွင်ထိန်းသိမ်းခံထားသော မြန်မာရဲဘက်အဖွဲ့ဝင်(၂၇)ဦးအား
 မြန်မာ့တပ်မတော်သို့ ပြန်လည်လွှဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ KIO နယ်မြေတွင် ထိန်းသိမ်းခံထားသော မြန်မာရဲဘက်အဖွဲ့ဝင် တစ်ဦးချင်းစီနှင့် တွေ့ဆုံခဲ့ကြောင်း ပြန်လည်လွှဲပြောင်းပေးအပ်သည်ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်သောကြောင့် အဆင့်ဆင့်လုပ်ဆောင်ချက်များ ပြုလုပ်ပြီး ပြန်လည်လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း၊ KIO ဘက်မှလည်း ပြန်လည်လွှဲပြောင်းပေးရန်ဆန္ဒရှိကြောင်းနှင့် နိုင်ငံတော်မှလည်း လက်ခံမည်ဟုပြောကြားထားကြောင်းပြောခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် နှစ်ဘက်စစ်ခေါင်းဆောင်များ၏ သဘောထားများဖြင့်သာမဟုတ်ဘဲ ပြည်သူများနှင့် စစ်ဘေးသင့်ဒေသခံများ၏ သဘောထားကိုလည်း ဖော်ဆောင်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားအားလုံး၏သဘောထားကို လိုအပ်ကြောင်းပြောခဲ့သည်။

ကချင်ဒေသသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက် နေ့လည် ၂ နာရီအချိန်က ရန်ကုန်မြို့ သင်္ဃ
ကျွန်းမြို့နယ် ဝေဇန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ပြုလုပ်ခဲ့သည်။

ဘဝသက်တမ်းတစ်လျှောက် အကြိမ် ၁၃၀၀ ကျော်မက အဖမ်းခံရသူ

ဘဝသက်တမ်းတစ်လျှောက် အကြိမ် ၁၃၀၀ ကျော်မက အဖမ်းခံရသူ

အမေရိကန်ပြည်ထောင်စု အရှေ့  အလယ်ပိုင်း Kentucky ပြည်နယ် Lexington မြို့ မှ နေထိုင်သူ Henry Earl အမည်ရ အမျိုးသား တစ်ဦး ဖြစ် ပါတယ်။

ခုတော့ သူ့အသက်က ၆၃ နှစ်ကျော်သွားပါပြီ။ ၁၉၉၂ ခုနှစ်ကနေ ယနေ့ အထိ ထောင်ကို အိမ်ဦးနဲ့ ခေါင်းရင်းလိုပဲ သွားနေရသူ ဖြစ်ပါတယ်။ သူ ရဲအဖမ်းခံရတဲ့ အကြိမ်အရေအတွက်က ၁၉၉၂ ခုနှစ်ကနေ ၂၀၀၂ ခုနှစ် အထိကို အကြိမ် ၁၀၀၀ ရှိပြီး ၂၀၁၁ ခုနှစ်အထိဆိုရင် အကြိမ် ၁၃၃၃ ကျော် လွန်သွားပါတယ်။ သူ့ရဲ့  ပြစ်မှု အများစုကတော့ အရက်သေ စာ သောက်စား မှုနဲ့ ဆက်စပ်တဲ့ အမှုများ ဖြစ်ပြီး လူသတ်တာမျိုး၊ ခိုးတာမျိုးတို့ လုံးဝ မရှိပါ ဘူး။

ဒီတော့ သူ့ရဲ့  တစ်နှစ်တာ ထောင်ထဲမှာ နေရတဲ့ နေ့ရက်ကို ပျှမ်းမျှ တွက်လိုက်ရင် ၂၄၅ ရက်ရှိပါတယ်။ တစ်နှစ်မှာ ၃၆၅ ရက်ပဲ ရှိတာ ၂၄၅ ရက်က ထောင်ထဲမှာ ဖြစ်ပြီး သူအေးဆေးနေတဲ့ နေ့က တစ်နှစ်မှာ ၂ ရက်ပဲ ရှိပါတယ်။ ကျန်တဲ့နေ့တွေကတော့ အရက်မူးလို့ ရမ်းကားရတာနဲ့၊ ရဲဖမ်းလို့ ရဲစခန်းရောက်ရတာနဲ့၊ အမူရင်ဆိုင်ရတာနဲ့ လုံးချာလိုက်ပါ တယ်။ ထောင်ထဲ မှာတောင် အထပ်ထပ်အကြိမ်ကြိမ် အဖမ်းခံရသူ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ အကြိမ်အရေအတွက်အများဆုံး အဖမ်းဆံရသူ အဖြစ် စံချိန်တင်ပြီး တီဗီရုပ်သံတွေထဲမှာလည်း နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး အဖြစ် နာမည်ကြီးပြန်ပါတယ်။ ထောင်ထဲက အတွေ့အကြုံတွေ ပြန်လည် မျှဝေ ပါတယ်။ ဒါနဲ့ပဲ ဝင်ငွေရနေပါတယ်။ အခြား အလုပ်မရှိပါဘူး။ Lexigton မြို့ ခံရဲများအတွက်ကတော့ နှစ်တိုင်း သူ့ကြောင့်မို့ အလုပ် ရှိပါတယ်။

ယခု ၂၀၁၂ မှာလည်း ပြစ်မှုအသစ်များ ထပ်ကျူးလွန်ထားပြီး ရဲစန်းနဲ့ ထောင်ကို အိမ်ဦးခန်း၊ ခေါင်းရင်းအခန်းလို ဝင်ထွက် သွားလာနေရ ဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_8721.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

အမေရိကန်ပြည်ထောင်စု အရှေ့  အလယ်ပိုင်း Kentucky ပြည်နယ် Lexington မြို့ မှ နေထိုင်သူ Henry Earl အမည်ရ အမျိုးသား တစ်ဦး ဖြစ် ပါတယ်။
ခုတော့ သူ့အသက်က ၆၃ နှစ်ကျော်သွားပါပြီ။ ၁၉၉၂ ခုနှစ်ကနေ ယနေ့ အထိ ထောင်ကို အိမ်ဦးနဲ့ ခေါင်းရင်း
လိုပဲ သွားနေရသူ ဖြစ်ပါတယ်။ သူ ရဲအဖမ်းခံရတဲ့ အကြိမ်အရေအတွက်က ၁၉၉၂ ခုနှစ်ကနေ ၂၀၀၂ ခုနှစ် အထိကို အကြိမ် ၁၀၀၀ ရှိပြီး ၂၀၁၁ ခုနှစ်အထိဆိုရင် အကြိမ် ၁၃၃၃ ကျော် လွန်သွားပါတယ်။ သူ့ရဲ့  ပြစ်မှု အများစုကတော့အရက်သေစာ သောက်စား မှုနဲ့ ဆက်စပ်တဲ့ အမှုများ ဖြစ်ပြီး လူသတ်တာမျိုး၊ခိုးတာမျိုးတို့ 
လုံးဝ မရှိပါ ဘူး။

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ေ ပ်ါမှာ ထိုးဖောက်လာတဲ့ ယာယီတဲ ဌားရမ်းခြင်းလုပ်ငန်း

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်မှာ ထိုးဖောက်လာတဲ့ ယာယီတဲ ဌားရမ်းခြင်းလုပ်ငန်း

ရန်ကုန်၊ ဇန်န၀ါရီ ၁၀။

ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့် လုပ်ငန်းသစ်တစ်ခု ထိုးဖောက်လာကြောင်း သိရသည်။

ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန်အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်
တော်ပေါ်မှာ ဖျာတွေ၊စောင်တွေ ဌားပြီးနေကြတယ် ဒါပေမယ့် ရာသီဥတုက အရမ်းအေးတော့ ဘုရားဖူးတွေ ဒုက္ခရောက်ကြတယ် ဒါကြောင့် Camp တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီးက ပြောကြားသည်။

ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီကြောင်း တဲကို
သော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန်မလိုကြောင်း၊ တစ်ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင် ယာယီတဲ ၁၅လုံးကို စတင်ဌားရမ်းနေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်း
ပေးနိုင်အောင်လည်း စီစဉ်လျက်ရှိကြောင်းသိရသည်။

“ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်းစရာဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေ
ခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုက
တောင်ပေါ်မှာ အရမ်းအေးတာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ
အတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ် ဘုရားပေါ်မှာ ယာယီ တဲလေးတွေ ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေ
ဈေးကြီးတော့ တချို့ ပိုက်ဆံချို့ တဲ့ တဲ့ဘုရားဖူးတွေအတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့သူ ဒေါ်ခင်လေးက
ပြောကြားသည်။

ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်းခနှုန်းထားများမှာလည်း အနိမ့်ဆုံး
ခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန်တည်းခိုခန်း များတွင်ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း ဘုရားဖူးများအနေဖြင့် ဟိုတယ်စရိတ်များဈေးကြီးခြင်းနှင့် တည်းခိုစရာ
နေရာမရရှိသည့်အခက်အခဲကြောင့် ဘုရားဖူးပြီးသည်နှင့် ချက်ချင်းပြန် သွားရသော ခရီးသည်များ ရှိသဖြင့် ည၁၀နာရီအထိ တောင်ပေါ်
အတက်အဆင်းကားများကို စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်း
မြင့်များမှုတို့ကြောင့် ရင်ပြင်တော်ပေါ်တွင် တည်းခိုနိုင်ရန် ဖျာနှင့် ခေါင်း အုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်းလုပ်ငန်းများ ပေါ်ပေါက်
လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင် တသောင်း
ကျပ်ဖြင့် ယာယီတဲဌားရမ်းခြင်း လုပ်ငန်းအသစ် စတင်ထိုးဖောက်လာခြင်း
ဖြစ်သည်။ 
ဆုဝေ
The Myanma Age

ရန်ကုန်၊ ဇန်န၀ါရီ ၁၀။

ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့်လုပ်ငန်းသစ်တစ်ခု ထိုး
ဖောက်လာကြောင်း သိရသည်။ ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန်အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင်တော်ပေါ်မှာဖျာတွေ၊စောင်တွေ ဌား
ပြီးနေကြတယ် ဒါပေမယ့် ရာသီဥတုကအရမ်းအေးတော့ဘုရားဖူးတွေဒုက္ခရောက်ကြတယ် ဒါကြောင့် Camp
တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီတဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီးက ပြောကြားသည်။

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် တရုတ်ကုမ္ပဏီက ဒေါ်လာ ၁၀ သန်း လှူဒါန်း ထားပြီးဖြစ်ပေမဲ့ မည်သည့်နေရာတွင် သုံးစွဲနေသည်ကို ယခုအချိန်ထိမသိရသေး


ကျောက်ဖြူမှာ ဒေါ်လာ ၁၀ သန်း ပျောက်ဆုံးမှု
.................................................................
ဓါတ်ပုံ - Google Search

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် တရုတ်ကုမ္ပဏီက ဒေါ်လာ ၁၀ သန်း လှူဒါန်း ထားပြီးသား ဖြစ်တယ်လို့ တရုတ်ဘက်က အဓိက တာဝန်ယူ ရှင်းလင်းတဲ့ Chang Huan Lai ဆိုသူက ပြောဆို လိုက်ချိန်မှာတော့ သတင်းသမားတွေနဲ့ ဒေသအရေး လှုပ်ရှားသူတွေဘက်က စိတ်ဝင်တစားနဲ့ ဘယ်ကို လှူတာလဲလို့ မေးကြပါတယ်။

အစိုးရက တဆင့် လှူတာဆိုတော့ ဒေသအရေး လှုပ်ရှားသူတွေက သူတို့ မသိပါဘူး၊

အဲဒီငွေတွေ ဘယ်ရောက်ကုန်သလဲ သိချင်ပါတယ် ဆိုတော့ တရုတ်ဘက်ကရော၊ MOGE တာဝန်ရှိသူများပါ ရေရေရာရာ အဖြေမပေးနိုင်ကြပါဘူး။

By ကိုစိုး ( Irrawaddy )

အေးချမ်းမွန်မှ အင်တာနတ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

လျှပ်စစ်မီး၂၄နာရီ ရရှိရေး၊လမ်းပန်းဆက်သွယ်ရေးစတဲ့ ဒေသဖွံ့ဖြိုးရေဆိုင်ရာများအတွက် တရုတ်ကုမ္ပဏီ
က ဒေါ်လာ ၁၀ သန်း လှူဒါန်း ထားပြီးသား ဖြစ်တယ်လို့ တရုတ်ဘက်က အဓိက တာဝန်ယူ ရှင်းလင်းတဲ့ Chang Huan Lai ဆိုသူက ပြောဆို လိုက်ချိန်မှာတော့ သတင်းသမားတွေနဲ့ ဒေသအရေးလှုပ်ရှားသူတွေဘက်
က စိတ်ဝင်တစားနဲ့ ဘယ်ကို လှူတာလဲလို့ မေးကြပါတယ်။

Android ဖုန်း/ Tablet တွေပေါ်ကနေ ဗုဒ္ဓရဲ့တရားတော်တွေကိုနာကြားရွတ်ဖတ်ချင်သူတွေအတွက် DhammaDroid v2.2.4.1 for Android

DhammaDroid v2.2.4.1 for Android
======================
Android ဖုန်း/Tablet တွေပေါ်ကနေ ဗုဒ္ဓရဲ့တရားတော်တွေကိုနာကြားရွတ်ဖတ်ချင်သူတွေအတွက် DhammaDroid အသစ်ထွက် version ကိုတင်ပေးလိုက်ပါတယ်။
ပရိတ်ကြီး ၁၁ သုတ်
ပဋ္ဌာန်းတရားတော်
ဂုဏ်တော်များ + ရှစ်ပါးသီလ
ဂုဏ်တော်ကွန်ချာ
ဓမ္မစကြာ + အနတ္တလက္ခဏသုတ် + မဟာသမယသုတ်
မေတ္တာပို့
အမျှဝေ စတဲ့ တရားတော်များကို ရွတ်ဖတ်နာကြားနိုင်မှာဖြစ်ပါတယ်။
တရားတော်များကို အသံနဲ့လည်း နာကြားနိုင်မှာဖြစ်ပြီး အသံနဲ့နာကြားမယ်ဆိုရင်တော့ ဖုန်းကိုအင်တာနက်ချိတ်ဆက်ထားဖို့လိုပါတယ်။ ဗုဒ္ဓဘာသာဝင် Android ဖုန်းပိုင်ရှင်တွေအတွက်ရှိထားသင့်တဲ့ application လေးဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

http://www.amyokaungtarr.com/2013/01/dhammadroid-v2241-for-android.html
အမျိုးကောင်းသား

Android ဖုန်း/Tablet တွေပေါ်ကနေ ဗုဒ္ဓရဲ့တရားတော်တွေကိုနာကြားရွတ်ဖတ်ချင်သူတွေအတွက် Dhamma
Droid အသစ်ထွက် version ကိုတင်ပေးလိုက်ပါတယ်။

Myanmar Sexy Model Girls (Part 4)

More Sexy Girls >> www.myanmarcutegirl.com <<

Myanmar Sexy Model Girls တွေရဲ့ အလှဓာတ်ပုံတွေ တင်ပေးတာ Part 4 ကိုရောက်လာပါပြီ။ သူငယ်ချင်း
တွ ကြိုက်ကြမယ်ထင်ပါတယ်။ နောက်လဲအလျှင်းသင့်သလိုဖော်ပြပေးသွားပါမယ်။

မန္တလေးမြို့ပုသိပ်ကြီးမြို့နယ် အောင်သုခ ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

မန္တလေးမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးမြို့ ၊ပုသိပ်ကြီးမြို့နယ် အောင်သုခ ရပ်ကွက် ချမ်းသာရ တံတား အနီးရှိ နှစ်ထပ်နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည် ကို တွေ့မြင်ရစဉ်။ မီးစလောင်ရခြင်း အကြောင်းကိစ္စအား သက်ဆိုင်ရာ ပုသိပ်ကြီးမြို့နယ် ရဲစခန်းနှင့် မန္တလေးမြို့ ဗဟိုမီးသတ်တို့မှ တာဝန်ရှိသူတို့က စုံစမ်းဆဲဖြစ်သည်။ —

အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မန္တလေးမြို့ ၊ပုသိပ်ကြီးမြို့နယ် အောင်သုခ ရပ်ကွက် ချမ်းသာရ တံတား အနီးရှိ နှစ်ထပ်နေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ကချင်ဒေသစစ်ပွဲများ ရပ်စဲပေးရန် ဒေသခံပြည်သူများ သံဃာတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှထင်ရှားသူများစုပေါင်းကာ တောင်းဆိုမှုပြုလုပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ မှစတင်ပြီး ရန်ကုန်မြို့ ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်

မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ကေအိုင်အေခေါင်းဆောင်များမှ ငြိမ်းချမ်းရေးကိုလိုလားကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိသော်လည်း စစ်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကချင်ဒေသစစ်ပွဲများ ရပ်စဲပေးရန် ဒေသခံပြည်သူများ သံဃာတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှထင်ရှားသူများ စုပေါင်းကာ တောင်းဆိုမှုပြုလုပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ မှစတင်ပြီး ရန်ကုန်မြို့ ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။ အခမ်းအနားတွင် သံဃာတော်များမှ စစ်ပွဲများရပ်စဲရန်ဆုတောင်းပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများက ကချင်ဒေသစစ်ပွဲများရပ်ဆိုင်းပေးရန် နှစ်ဘက်တပ်များအားတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြည်တွင်းငြိမ်းချမ်းရေးလိုလားသူများမှ တောင်းဆိုခဲ့သည့်အချက်များမှာ် တောင်းဆိုချက်များမှာ အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရန် နှစ်ဘက်တပ်များအနေဖြင့် ကျည်လွတ်မြေ စစ်မဲ့ဇုန်တစ်ခုကိုသတ်မှတ်ပေးပြီး ထိုစစ်မဲ့ဇုန်တွင် စစ်မက်ရေးရာကိစ္စရပ်များ လုံးဝမပြုလုပ်ရန်အတွက် တာဝန်ခံဆောင်ရွက်ရန် ၊ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ နှစ်ဘက်လက်နက်ကိုင်တပ်များမှ လေးစားယုံကြည် အသိအမှတ်ပြုသဘောတူသော စေ့စပ်ညှိနှုင်းပေးနိုင်သည့် လူပဂ္ဂိုလ်၊ အဖွဲ့အစည်းများ အား အမြန်ဆုံးရွေးချယ်ကြေညာပေးရန် တို့ဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ကေအိုင်အေခေါင်းဆောင်များမှ ငြိမ်းချမ်းရေးကိုလိုလားကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိသော်လည်း စစ်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကချင်ဒေသစစ်ပွဲများ ရပ်စဲပေးရန် ဒေသခံပြည်သူများ သံဃာတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှထင်ရှားသူများစုပေါင်းကာ
တာင်းဆိုမှုပြုလုပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ မှစတင်ပြီး ရန်ကုန်မြို့ ရှိ
 တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။ 

ရွှေတောင်ပေါ် ကုမ္ပဏီက မြန်မာအစိုးရနှင့် အင်္ဂလန် DJC တို့ ပူးပေါင်းပါဝင် သည့် ဗြိတိသျှ ခေတ်လက်ကျန် စပစ်ဖိုင်ယား တိုက်လေယာဉ် ရှာဖွေနေမှု အား စာနယ်ဇင်းများထံသို့ အသိပေးမှု စာနယ်ဇင်းရှင်းလင်းပွဲယနေ့ မနက် ၁၀ နာရီ ရန်ကုန် Park Royal Hotel ၌ ကျင်းပပြုလုပ်

ရွှေတောင်ပေါ် ကုမ္ပဏီက မြန်မာအစိုးရနှင့် အင်္ဂလန် DJC တို့ ပူးပေါင်းပါဝင် သည့် ဗြိတိသျှ ခေတ်လက်ကျန် စပစ်ဖိုင်ယား တိုက်လေယာဉ် ရှာဖွေနေမှု အား စာနယ်ဇင်းများထံသို့ အသိပေးမှု စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်......

ရွှေတောင်ပေါ် ကုမ္ပဏီက မြန်မာအစိုးရနှင့် အင်္ဂလန် DJC တို့ ပူးပေါင်းပါဝင် သည့် ဗြိတိသျှ ခေတ်လက်ကျန် စပစ်ဖိုင်ယား တိုက်လေယာဉ် ရှာဖွေနေမှု အား စာနယ်ဇင်းများထံသို့ အသိပေးမှုကို ယနေ့ မနက် ၁၀ နာရီ ရန်ကုန် Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်ပေါ် ကုမ္ပဏီ၏ MD ဦးထူးထူးဇော်၊ လေယာဥင်္သမိုင်း လေ့လာသူ ကျွမ်းကျင် ပညာရှင် Mr. Davic Cuadal ၊ အသက် ၉၁ နှစ်အရွယ်ရှိ မျက်မြင် သက်သေ အင်္ဂလန်နိုင်ငံသား Mr. Stanly Coombe တို့နှင့် မြန်မာပညာရှင် ပါမောက္ခ ဦးစိုးသိန်း တို့က တာဝန်ယူ၍ ရှင်းလင်းမှုကို ပြုလုပ်ခ့သည်။

ဦးထူးထူးဇော်က နှစ်နှစ်အတွင်း ရန်ကုန်၊ မြစ်ကြီးနား၊ မိတ္ထီလာရှိ မြုပ်နှံ ထားသော လေယာဉ်ပျံများကို တူးဖော်သွားမည်ဟု ပြောသည်။
ထို့နောက် ပါမောက္ခ ဦးစိုးသိန်း၊ Mr. Davic Cadal နှင့် မျက်မြင်သက်သေတို့က စတင်တူးဖော်ရန် ကြိုးစားနေခဲ့ပုံနှင့် လက်ရှိအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
``အခု မြစ်ကြီးနားမှာ တူးဖော်တဲ့အခါမှာ သဘာဝ ဘေးအန္တာရာယ်တွေဖြစ်တဲ့ ရေတွေ မတရားထွက်လာတာ တွေ့ရှိရပါတယ်´´ဟု ဦးထူးထူးဇော်က လက်ရှိအခြေအနေကို ပြောသည်။
ဗြိတိသျှက မြုပ်နှံခဲ့သော စပစ်ဖိုင်းယား တိုက်လေယာဉ်များမှာ လူနေအိမ်၊ လေယာဉ် ပြေးလမ်းတို့နှင့် လွတ်ကင်းကြောင်းကို ကတိပြု ပြောကြားခဲ့ပြီး စီမံကိန်းတစ်လျှောက် အသုံးပြုမည့် ငွေကြေးပမာဏကို မကန့်သတ်ထားသော Open Budget ဖြင့် အသုံးပြုသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
အစိုးရက ဖွဲ့စည်းထားသော ပို့ဆောင်ရေး ဒုဝန်ကြီး ခေါင်းဆောင်သည့်
 ကော်မတီနှင့် ဆောင်ရွက်နေသော အဆိုပါ စီမံကန်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က နှစ်နိုင်ငံသဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
ဗြိတိသျှ တိုက်လေယာဉ် ရှာဖွေမှုကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် အစ္စရေး၊ စင်ကာပူ တို့ကလည်း ပြုလုပ်ခဲ့ကြပြီး အောင်မြင်မှု မရရှိခဲ့ဟု ပေါမာက္ခ ဦးစိုးသိန်းက ထပ်မံ ပြောသသည်။
PN -051၊ ပြည့်ဖြိုး

Popular Myanmar News Journal

ရွှေတောင်ပေါ် ကုမ္ပဏီက မြန်မာအစိုးရနှင့် အင်္ဂလန် DJC တို့ ပူးပေါင်းပါဝင် သည့် ဗြိတိသျှ ခေတ်လက်ကျန် စပစ်ဖိုင်ယား တိုက်လေယာဉ် ရှာဖွေနေမှု အား စာနယ်ဇင်းများထံသို့ အသိပေးမှုကို ယနေ့ မနက် ၁၀ နာရီ ရန်ကုန် Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင် စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။

ကြေးမုံသတင်းစာ (၅-၅-၂၀၁၁)

(ကညာဇင်)

Post by; မြန်မာပြည်မှ မြန်မာလူမျိုး

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့်
ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှု
ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

"အကယ်ဒမီ စိုးသူ နဲ့ ၁၂နှစ်ခန့် အကြာမှာ ပြန်လည် ဆုံစည်းတဲ့ ပေါ်ပြူလာ အင်တာဗျူး"



ပရိသတ်တွေ လွမ်းဆွတ်သတိ ရနေကြတဲ့ အကယ်ဒမီ စိုးသူကို အကယ် ဒမီပေးပွဲနေ့က မေးမြန်း ထားပြီး နောက်ပိုင်းမှာ မိခင်ဖြစ်သူ ဆေးကုသမှု ခံယူနေတဲ့ ဆာကူရာ ဆေးရုံကြီးမှာ အနီးကပ် ပြုစုစောင့်ရှောက် နေတဲ့ အကယ်ဒမီ စိုးသူနဲ့ တွေ့ဆုံကာ ရုပ်ရှင်လောက အကြောင်း၊ မိသားစု အကြောင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေပြန် လည် ရိုက်ကူးမယ့် အကြောင်းတွေ၊ ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ့် အကြောင်း တွေကိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါ တယ်။

မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂတည်ထောင်

ရန်ကုန် ဇန်န၀ါရီ ၁၀

ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအား ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်၍ မြန်မာသဘောင်္သားများအတွက် အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“ဒီအဖွဲ့လေးက အရင်ကတည်းက ပြည်ပမှာဖွဲ့ထားတာပါ။အခုက ပြည်တွင်းမှာလည်း အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ရနေပြီဆိုတော့ ပြည်တွင်းမှာပါ အဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ လုပ်နေပါပြီ” ဟု ၄င်းသမဂ္ဂမှ ဥက္ကဌ ဦးအောင်သူရက ပြောသည်။

“ဘ”အက္ခရာယာဉ်များ အပ်နှံဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် အပ်ကားဈေးကွက် ပြောင်းလဲမည်မဟုတ်နိုင်

“ဘ”အက္ခရာယာဉ်များ အပ်နှံဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် အပ်ကားဈေးကွက် ပြောင်းလဲမည်မဟုတ်ဟု ကားဈေးကွက်အတွင်းမှ သိရသည်။“ဗ”အက္ခရာယာဉ်များ အပ်နှံခွင့် ပြုခဲ့ချိန်မှစတင်၍ “ဘ”အက္ခရာများ ကြိုတင်ဝယ်ယူစုဆောင်းမှုများ ရှိကြောင်းနှင့် ငွေလှည့်သူများလောက်သာ အရောင်းအ၀ယ်လုပ်ကြသည့်အတွက် “ဘ”အက္ခရာ ယာဉ်ဟောင်းတစ်စီးလျှင် ကျပ်သိန်း ၈၀ ကျော်ဖြင့်သာ ဈေးကွက်အေးနေကြောင်း ဟံသာဝတီကားပွဲစားတန်းမှ ကားဝယ်ရောင်း ဦးကျော်မျိုးက ပြောသည်။

"ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ"

ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများ ဆင်းကတ်ပျောက်ဆုံးမှုကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီး ပါက အခမဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေးမည်ဟု ၂ဝ၁၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။