Pages

Pages - Menu

Thursday, January 10, 2013

PC ကွန်ပျူတာဈေးကွက်ကို အာရုံစိုက်ခြင်းမှ Lenovo စွန့်ခွာဖွယ်ရှိ

PC ကွန်ပျူတာဈေးကွက်ကို အာရုံစိုက်ခြင်းမှ Lenovo စွန့်ခွာဖွယ်ရှိ
Lenovo အခြေစိုက်ရုံးကိုတွေ့ရစဉ်
တရုတ်ကွန်ပျူတာထုတ်လုပ်ရေးလုပ်ငန်းစုကြီး Lenovoအနေဖြင့် အနာဂတ်တွင် အိမ်သုံး PC ကွန်ပျူတာ
ဈေးကွက်ကို အာရုံစိုက်ခြင်းမှ ဖယ်ခွာဖွယ် ရှိနေကြောင်း သိရသည်။ Lenovoသည် လက်ရှိတွင် ကမ္ဘာပေါ်၌ PCကွန်ပျူတာ အရောင်းဈေးကွက်ကို ထိပ်ဆုံးနေရာမှ ဦးဆောင် ရပ်တည်လျှက် ရှိနေသည်။
လောလောဆယ် အခြေအနေအရLenovoသည်PCများအများပြားဆုံး ရောင်းချရသည့် အမှတ်တံဆိပ်အဖြစ်
ရပ်တည်နေသော်လည်း ဈေးကွက်အတွင်းPCများ၏ကဏ္ဍသည်အချိန်မရွေး ပျောက်ကွယ်သွားနိုင်ကြောင်း
Lenovo၏ အမှုဆောင် အရာရှိချုပ် ယန်ကွင်ယန်းက ဝန်ခံခဲ့သည်။

lenovo

ကွန်ပျူတာ အသုံးပြုသူများသည် PCထက် Laptopနှင့် Tabletများကို ပိုမိုရွေးချယ် ဝယ်ယူလာချိန်တွင် မိမိ
တို့သည် PCခေတ်လွန် ဈေးကွက်ကို မျှော်ကြည့်ရမည်ဟု ယန်းက ပြောကြားခဲ့သည်။ လတ်တလောတွင် Lenovo၏ ဈေးကွက် ပြိုင်ဘက်များ ဖြစ်ကြသည့် HP၊ Dellနှင့် အခြားသော အမှတ်တံဆိပ်များသည်လည်း PCနယ်ပယ်ထက် မျှော်ကြည့်ရန် စီမံကိန်းများ ရေးဆွဲနေရသည်။

ကွန်ပျူတာ နည်းပညာ ကဏ္ဍတွင် PCခေတ်လွန် ကမ္ဘာသစ်တစ်ခု ပေါ်ပေါက်လာခြင်းနှင့် စပ်လျဉ်းပြီး ယန်း
က "ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု ကဏ္ဍမှာ PCဟာ အဓိက လူသုံးပစ္စည်း တစ်ခုလို ဖြစ်လာပါတယ်။ ဒီလို အ
နေအထားကိုတစ်ချိန်ကမတွေးခဲ့ဖူးဘူး။ခုတော့ အဲဒါကို ကျော်ပြီး မျှော်ကြည့်ရတော့မယ်"ဟု မှတ်ချက်ပြု
ခဲ့သည်။

Lenovoသည် လက်ရှိတွင် PCထုတ်လုပ်မှုထက် Yogaကဲ့သို့ Widows 8 အသုံးပြု Tabletအနွယ်ဝယ် Laptop
မျိုးကိုပိုမိုအာရုံစိုက်ရန် စိုင်းပြင်းလာသည်။ ထို့အပြင် ပတ္တာကဲ့သို့ အတွယ်အဆက်ဖြင့် Screenကို ချိတ်ထား
သည့် Twistဆိုသော Laptopကိုလည်း ဈေးကွက်ထဲတွင် အောင်မြင်စွာ ဖြန့်ချီနိုင်ရန် Lenovoက မျှော်လင့်
လျှက် ရှိသည်။

အဆိုပါ Lapotop အမျိုးအစား (၂)ခုသည် ဒေါ်လာ (၉၀၀)အထက် Laptopများတွင် အမေရိကန် ဈေးကွက်၏
ဝစု (၄၀)ရာခိုင်နှုန်းမျှ ချုပ်ကိုင်ထားသည်အထိ အရောင်းသွက်နေကြောင်း သိရှိရသည်။

Source: Yahoo

No comments:

Post a Comment