Pages

Pages - Menu

Thursday, January 10, 2013

စက္ကူကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screen ကို CES 2013 တွင် မိတ်ဆက်ပြသ


စက္ကူတစ်ချပ်ကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screenတစ်မျိုးကို CES 2013 အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲတွင် စတင်မိတ်ဆက် ပြသခဲ့ကြောင်း သိရှိရသည်။ အဆိုပါ နည်းပညာသည် လာမည့် (၅)နှစ်
အတွင်း အလေးချိန်များပြားသည့်လုပ်ငန်းသုံး Laptopများ နေရာတွင်အစားထိုးဝင်ရောက်လာမည့် အခြေ
အနေ ရှိနေကြောင်း ထင်ကြေးပေး ခံနေရသည်။
စက္ကူတစ်ချပ်၏ အထူမျှသာရှိပြီး လိမ်ခေါက်နိုင်သလို ပြုတ်ကျလျှင်လည်း မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိ

သာ အဆိုပါ Screenကို ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်မှ ပညာရှင်များက သုတေသနပြု ဖန်တီးထားခြင်း
ဖြစ်သည်။


Plastic Logic and Intel ဓာတ်ခွဲခန်းတွင် ဖန်တီးခဲ့သော ယင်းScreenအမျိုးအစားသည် နည်းပညာ နယ်ပယ်
ကို ပြောင်းလဲပစ်နိုင်မည့် ခြေလှမ်းတစ်ရပ်သဖွယ်လည်း ယူဆလာနိုင်သည်။ လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်နေ
သည့် နည်းပညာ ပြပွဲကြီးတွင် အဆိုပါ Screen နည်းပညာကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သရုပ်ပြ စမ်းသပ်
 ပြသခဲ့သည်ကိုလည်း တွေ့ရသည်။ 

ကွန်ပျူတာများတွင် App အများအပြား ဖွင့်ထားသည့်အတိုင်း အဆိုပါစက္ကူသဏ္ဍန်Screen (၁၀)ချပ်ကို ထပ်
၍ ကိုင်ထားခြင်းဖြင့် လိုအပ်ရာ Appကို အလွယ်တကူ ရွေးချယ် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။


ထို့အပြင် ယင်းScreenကို e-Bookအဖြစ်လည်း လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ PaperTabsဟု အမည်ပေးထားသည့် အဆိုပါ နည်းပညာနှင့်ပတ်သက်ပြီးကွင်းစ်တက္ကသိုလ်၏Human Media 
ဓာတ်ခွဲခန်း ဒါရိုက်တာ ရိုအဲလ်ဗာတီဂါးလ်က"PaperTabs နည်းနည်းလောက်ကို သုံးလိုက်ရုံနဲ့ မှတ်တမ်းမှတ်
ရာတွေ အများကြီးနဲ့ အလုပ်လုပ်ရတာထက် တော်တော်ကြီးကို ဝန်ပေါ့သွားနိုင်တယ်လေ"ဟု ရှင်းပြခဲ့သည်။ 

ပညာရှင်များသည် PaperTabတစ်ခုပေါ်တွင် ဓာတ်ပုံတစ်ပုံကို Draftဆွဲကာ Emailပေးပို့ပြီးကျန်PaperTabတစ်
ခုတွင် ရောက်ရှိနေသည်ကို လက်တွေ့ ပြသခဲ့သည်။


"(၅)နှစ်ကနေ (၁၀)နှစ်အတွင်း ကွန်ပျူတာ အများစု နေရာမှာ Ultra-notebookတွေနဲ့ Tabletတွေ အစားထိုး ဝင်ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒီအရွက်ကလေးတွေက သိပ်အသုံးဝင်တဲ့ ရောင်စုံ ပုံနှိပ်စက္ကူလေး
တွလိုပဲ လိုက်ဖက်အသုံးဝင်လာမှာပါ"ဟု Intelမှ သုတေသန ပညာရှင် ရိုင်ယန်ဘရော့တ်မန်းက မှတ်ချက်
ပြုသွားသည်။

CES 2013 နိုင်ငံတကာ အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲကို အမေရိကန်ပြည်ထောင်စု လာ့စ်
ဗီးဂက်စ်တွင် ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

Source: DailyMail

No comments:

Post a Comment