Pages

Pages - Menu

Tuesday, January 1, 2013

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ် (ပုံရိပ်စစ်)

အမေစုဆိုတဲ့    ဗိုလ်ချူပ်သမီး  မလွတ်ခင်က  သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က  လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု  အကျယ်ချူပ်ကလွတ်တော့   သားတို့  
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

ကိုဇာဂနာကြီးထောင်ထဲမှာနေတုန်းက  သားတို့  
အများကြီး  ဆုတောင်းပေးဖူးတယ်  လွတ်များလွတ်ရင်တော့ လားကွာ...............

ကိုမင်းကိုနိုင်တို့   ထောင်ထဲရောက်တုန်းက  သားတို့  
အများကြီး  အားခဲထားခဲ့ ဖူးတယ်  လွတ်များ လွတ်ရင်တော့ လားကွာ..............

ရခိုင်မှာ  ဘင်္ဂလီတွေ ကြီးစိုးတော့  သားတို့   
အများကြီး မျှော်လင့် ခဲ့ ဖူးတယ် အမေစုဖြေရှင်းပေးရင်တော့ လားကွာ..............

ရခိုင်တိုင်းရင်းသားတွေ ပြုတ်ပြုတ်ပြုန်းတော့   သားတို့  
အများကြီး  ကန့် ကွတ်ဖူးတယ်  အမေ စု  ဆုသွားယူတာကိုနောက်မှလုပ်လို့  မရဘူးလားဆိုတာကိုပေါ့ ကွာ................

ကချင်က  သားတို့ မြေမှာ တိုက်ပွဲသံတွေညံတော့   
အဘွားကပြောတယ်  အမေသာ  လွှတ်တော်ထဲရောက်ရင်တဲ့ ..............


မြန်မာနိင်ငံမှာ..................
လူတိုင်းနီးပါး  လေးစားအားကျတဲ့   သီတဂူ ဆရာတော်ဘုရားကြီး အစရှိတဲ့  ကြည်ညိုဖွယ်သူတွေရှိတယ်................

ပြည်သူအများရဲ့ ထောက်ခံမဲရထားတဲ့  ပြည်သူအချစ်တော် အမေစုဆိုတဲ့  ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ရှိတယ်................

ဘယ်မီဒီယာကမှ မထောက်ပြ ၊မဖွနိုင်တဲ့ 
ရိုးသားတဲ့  သမ္မတကြီးရှိတယ်

တက်ကြွပါတယ် ၊လူ့ အခွင့် အရေးထိခိုင်ရင် ပြည်သူကိုယ်စားဆိုတဲ့   
၈၈ ကိုယ်စားပြုအဖွဲ့ အစည်းတွေရှိတယ်..............

စစ်ကိုမုန်းတာ  စစ်သားတွေပါဆိုတဲ့ 
အွန်လိုင်းမှာ  Status အများဆုံး တင်တဲ့  ငြိမ်းချမ်းရေး   မြန်မာ့ တပ်မတော်စစ်သားတွေရှိတယ်...

ကချင်ပြည်သူတွေကောင်းစားဖို့ ပါဆိုပြီးပြောတဲ့ 
ဗိုလ်ချူပ်ဂွမ်းမော်အစရှိတဲ့  ခေါင်းဆောင်တွေရှိတယ်..................

အမေစုလည်းလွတ်တာကြာပါပြီ
၈၈နဲ့  ကိုသူရတို့ လည်းလွတ်တာကြာပါပြီ

တကယ်လို့ ပေါ့ 
လွှတ်တော်ထဲမှာ  သား လွှတ်တော်အမတ်ဖြစ်ခဲ့ ရင်
  စစ်ကြီးဘယ်တော့ အဆုံးသတ်မှာလဲ မမေးချင်ဘူး
ဘယ်လိုဖြေရှင်းကျမလဲ ဆိုတာလည်း  မဆွေးနွေးချင်ဘူး.............
A4 လေးတရွက်ထုတ်ပြီးတော့ လည်း  စစ်ကြီးရပ်ပါလို့  မပြောချင်ဘူး...................

နိုင်ငံခေါင်းဆောင်တွေက
သားတို့  လူငယ်တွေကို   ပညာတက်ကြီး မဖြစ်စေချင်ကြာဘူးလားဆိုတာကိုပဲမေးချင်တယ်
ကိုမင်းခိုက်စိုးစံရေးသလိုပေါ့ 

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ်ဗျာ

(ပုံရိပ်စစ်)
ကချင်စစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်များ
အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု အကျယ်ချူပ်ကလွတ်တော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

တရုတ်နိုင်ငံ တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရတော့မည်

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ 
ခံရမည်
Tuesday, 01 January 2013

သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင်
ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်း
များကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ
ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြ
ထားသည်။တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်း
ရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။

ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

Tuesday, 01 January 2013

သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

ရွှေဖြူနှင့် လုပ်သော မာစီဒီး

ရွှေဖြူနှင့် လုပ်သော မာစီဒီး
Tuesday, 01 January 2013

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု 
၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါတယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: autonewsweek
ရိုးရာလေးသတင်း
YoYarLay

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes
-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်
ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသတွင် တရုတ်ကုမ္ပဏီတခုမှ အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထား



ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ် 
းခြေတဝိုက်မှာ တရုတ်နိုင်ငံအခြေစိုက်Gold Finderသတ္တုတူးဖော်ရေးကုမ္ပဏီကအလူမီနီယမ် Aluminiumနဲ့ 
တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒါကို ပြည်တွင်းစစ်လို့ ခေါ်သတဲ့ (ကဗျာ)


ဒါကို ပြည်တွင်းစစ်လို့ ခေါ်သတဲ့ !!!

မဟုတ်ဘူး။ မဟုတ်ဘူး။
အိမ်တွင်းသတ်ဖြတ်မှုလို့ ပြောင်းခေါ်မယ်။
အမိမြန်မာပြည်ရဲ့ မြေပုံပေါ်က တစ်နေရာမှာ
အမိရဲ့သားတွေအချင်းချင်း သတ်ကြဖြတ်ကြတာ။

သေနတ်နဲ့ သေနတ်ချင်း ... ပစ်ကြ
ဗုံးနဲ့ ဗုံးချင်း ... ခွင်းကြ

ဇန်န၀ါရီလ(၁)ရက် ယနေ့တွင် မြန်မာအစိုးရတပ်များ တရုတ်ဘက်ခြမ်းကျော်၍ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်

တရုတ်ဘက်ခြမ်းကျော်၍ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်

January 1 ,2013 post by Myitkyina blog news

ဇန်န၀ါရီလ(၁)ရက်နေ့တွင် ပန်ဝါဒေသရှိ KIA စခန်းများကို မြန်မာ့လေတပ်မှ Jet Fighter (၂)စီးဖြင့် ၁၀ နာရီ ခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်သွားသည်။

ထိုသို့ပစ်ခတ်ရာတွင် Jet Fighter များသည် တရုတ်နိုင်ငံဘက် ဖြတ်ကျော်ဝင်ရောက်ပြီး KIA တပ်စခန်း၏ နောက်ကြောဖက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ နယ်စပ်စောင့် တရုတ်လုံခြုံရေးမှ ဟန့်တားသတိပေးခြင်း မရှိဘဲ အားလုံးရှောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

မြန်မာ့လေတပ်သည် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တစ်ကြိမ် နှင့် ယနေ့နှစ်သစ်ကူးနေ့တွင် တစ်ကြိမ် တရုတ်နိုင်ငံနယ်နိမိတ်ကျော်လွန်ကာ လှည့်ပတ်ပစ်ခတ်ခဲ့သော်လည်း တရုတ်အစိုးရ ကန့်ကွက်ပြောဆို မရှိခဲ့ချေ။ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်လည်း လက်နက်ကြီးကျည်(၃)လုံး တရုတ်နိုင်ငံဘက်သို့ ပစ်ခတ်ခဲ့သည်။

ဇန်န၀ါရီလ(၁)ရက်နေ့တွင် ပန်ဝါဒေသရှိ KIA စခန်းများကို မြန်မာ့လေတပ်မှJet Fighter (၂)စီးဖြင့် ၁၀ နာရီ
ခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်သွားသည်။

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရပြန်ပြီ

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ
 
အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့် သေဆုံးသွား ခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်း ပူဆွေးမှုများ ဖြစ်ပေါ် နေချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ 

အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေးခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်း ဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။ 

အဆိုပါ ဇနီးမောင်နှံသည်  ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3316-2013-01-01-14-34-37

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုး
သမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

မျိုးတုံးသတ်ဖြတ်မှု၏ နောက်ဆုံး အမှုအဖြစ် ရဝမ်ဒါဝန်ကြီးဟောင်း တစ်ဦး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရ


မျိုးတုံးသတ်ဖြတ်မှု၏ နောက်ဆုံး အမှုအဖြစ် ရဝမ်ဒါဝန်ကြီးဟောင်း တစ်ဦး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရ

ကင်္ဂါလီ၊ ဒီဇင်ဘာ ၂ဝ
ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ် က ဖြစ်ပွားခဲ့သော မျိုးတုံးသတ် ဖြတ်မှု၏ နောက်ဆုံးအမှုအဖြစ် ထိုစဉ်က ဝန်ကြီးဟောင်းဖြစ်သူ Augustin Ngirabatwareအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး က ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။ ရဝမ်ဒါနိုင်ငံတွင် လူပေါင်း ၈ဝဝဝဝဝခန့် သေကျေပျက်စီးခဲ့ ရသော ၁၉၉၄ ခုနှစ် မျိုးတုံးသတ်ဖြတ်ပွဲ ဖြစ်ပွားစဉ်အခါက စီမံကိန်း ရေးဆွဲရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Ngirahatware သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် တွတ်စီ လူမျိုးများအား သတ်ဖြတ်ရန် တိုက်ရိုက် အမိန့်ပေးခဲ့ခြင်းနှင့် ထိုနှစ် ဧပြီလတွင်ပင် တွတ်စီလူမျိုးများအား သတ်ဖြတ်ရန် လက်နက်များ   ဖြန့်ဝေပေး ခဲ့ခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရား ရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

၎င်းက ၂ဝဝ၇ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကာ ၂ဝဝ၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ”ဒီနေ့ချမှတ်ခဲ့တဲ့ တရားစီရင်မှုဟာ ရဝမ်ဒါနိုင်ငံအတွက် သာမက ကမ္ဘာမှာပါ အရေးပါတဲ့ တရားဥပဒေ စိုးမိုးမှုကို လေးစား လိုက်နာကြဖို့ လိုတာကို မီးမောင်း ထိုးပြနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ် ခုပါ”ဟု အစိုးရရှေ့နေချုပ် Hassan Bubacar Jallow က ဆိုသည်။  ရဝမ်ဒါနိုင်ငံ မျိုးတုံး သတ်ဖြတ်မှု အတွက် ရာဇဝတ်မှု တရားရုံး ဖွဲ့စည်းခဲ့ပြီးသည့်နောက် ယခုအချိန်အထိ ၁၈နှစ်တာ ကာလ အတွင်း အဓိကတရားခံ ၉၃ ဦး သတ်မှတ်နိုင်ခဲ့ပြီး ၈၃ ဦးအား ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ ကျန်၁ဝဦးမှာမူ စစ်ဆေး မှုပြုလုပ်ပြီး အပြစ်မရှိ၍ တရားသေလွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။ 

  ရဝမ်ဒါနိုင်ငံတွင် တွတ်စီလူမျိုးများမှာလူနည်းစုဖြစ်ပြီး လူများ စု ဟူတူလူမျိုးများက ၄င်းတို့အား မျိုးတုံးသတ်ဖြတ်မှုတွင် အဓိက အားဖြင့် ထိုစဉ်က အစိုးရအရာရှိ များဖြစ်သည့် ဟူတူလူမျိုးများက အားပေး အားမြှောက် လှုံ့ဆော်မှုပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိရ သည်။ ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးရာတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မျက်မြင်သက်သေ ၃ဝဝဝ ကျော် လာရောက်ထွက်ဆိုစစ်ဆေးခံ ခဲ့သည်ဟု သိရသည်။

via http://popularmyanmar.com


ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ် က ဖြစ်ပွားခဲ့သော မျိုးတုံးသတ် ဖြတ်မှု၏ နောက်ဆုံးအမှုအဖြစ် ထိုစဉ်က ဝန်ကြီးဟောင်းဖြစ်သူ Augustin Ngirabatwareအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး က ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

"ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ"

"ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ"

နေပြည်တော် ဇန်နဝါရီ  ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်လျက် ရှိသည့် China Three Gorges Corporation (CTGC) နှင့်  International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်ယော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရေအား၊ လေအားတို့ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ် နိုင်မည့် စီမံကိန်းများတွင် ဖြစ်နိုင်စွမ်းလေ့လာ စူးစမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(နိုင်ငံတော်သမ္မတရုံး)

နေပြည်တော် ဇန်နဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်လျက် ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများ
အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။ 

စိန် ၁၅၀ ကာရတ် (150 carats) ရှိတဲ့ စိန်ကောင်းစိန်သန့်နဲ့ ပြုလုပ် ထားသော ယင်း စိန်လပ်စွပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိတယ်လို့ သိရပါတယ်။ တစ်ကိုယ်လုံး စိန်လက်စွပ်ဖြစ်အောင် ခက်ခက်ခဲခဲ ဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အမှားအယွင်း မရှိစေဖို့အတွက် Special လေဆာ စက်ပစ္စည်း တို့အသုံးပြုခဲ့ပါတယ်။ 

၂၀၁၂ခုနှစ် မတ်လ က ပွဲထုတ်ပြသပြီးနောက် ကမ္ဘာ့ပထမဆုံး စိန်တစ်ကိုယ် လုံး လက်စွပ် ( All Diamond Ring) လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

All Diamond Ring ဗီဒီယိုကို အောက်ပါလခ့်တွင် ဝင်ရောက်ကြည့်ရှနိုင် ပါတယ်။ 

http://youtu.be/fhzXuqLeH3w

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post.html


---

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံးစိန်နဲ့ပြုလုပ်ထားတဲ့လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်
ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာ ရင်း ထုတ်ပြန်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန် 

ရန်ကုန် ဇန်န၀ါရီ ၁ 

 မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်းများစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  
ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။

ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင်  Football Clinic  
အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာလူငယ်ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် 
ကစားသမားစာရင်းအပြည့်အစုံမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။
 နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊ 
ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။ 
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊ 
ရီကာဒို ရိုချာ၊ 
ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့တန်း- ဘီဘတ်တို၊
 ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ 
တို့ဖြစ်ကြောင်းသိရသည်။

NLA

ရန်ကုန် ဇန်န၀ါရီ ၁

မြန်မာနိုင်ငံသို့လာရောက်ခြေစမ်းကစားမည့်ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်းကို မြန်မာနိုင်ငံဘော
လုံးအဖွဲ့ချုပ်မှ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

နိုင်ငံတကာသုံးနှစ်ရှည်ခံစက္ကူကို အသုံးပြုပြီးပုံနှိပ်ထားသော ဆရာသိန်းဖေမြင့်ရဲ့ '' အရှေ့က နေ၀င်းထွက်သည့်ပမာ '' ၀တ္ထုရှည် စာအုပ်ထွက်ပြီ

နိုင်ငံတကာသုံးနှစ်ရှည်ခံစက္ကူကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အသုံးပြု ၍ ပုံနှိပ်ထုတ်ဝေထားသည့် သိန်းဖေမြင့်၏ ဂန္ထ၀င်လက်ရာဖြစ်သော
'' အရှေ့က နေ၀င်းထွက်သည့်ပမာ '' ၀တ္ထုရှည်ကို အလင်္ကာစာအုပ်တိုက်နှင့် ပိတောက်ရနံ့စာအုပ်တိုက်တို့က ဇန်န၀ါရီ ၁ ရက်တွင် စာအုပ်မိတ်ဆက်ပွဲပြုလုပ်ကာ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။ ယခင်အကြိမ်များ ထုတ်ဝေစဉ်က တစ်စုတစ်စည်းတည်း မထုတ်ဝေဘဲ အုပ်ရေခွဲ၍ ထုတ်ဝေခဲ့သော အဆိုပါစာအုပ်ကို ယခုနောက်ဆုံး န၀မအကြိမ်မြောက် ထုတ်ဝေရာတွင် ၀တ္ထုစဆုံး တစ်အုပ်တည်း ထုတ်ဝေထားပြီး ရောင်းဈေးမှာ တစ်အုပ်လျှင် ၁၂၀၀၀ ကျပ်ဖြစ်သည်။
အဆိုပါစက္ကူကို စင်ကာပူမှတင်သွင်းပြီး မြက်ပင်မှ ထုတ်လုပ်ထားကာ ယခင်ပြည်တွင်းတွင် ထုတ်ခဲ့သောစာအုပ်များထက် ပေါ့ပါးသည်ကိုတွေ့ရသည်။
---------------
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာသုံးနှစ်ရှည်ခံစက္ကူကို မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အသုံးပြု ၍ပုံနှိပ်ထုတ်ဝေထားသည့် သိန်း
ဖမြင့်၏ ဂန္ထ၀င်လက်ရာဖြစ်သော'' အရှေ့က နေ၀င်းထွက်သည့်ပမာ '' ၀တ္ထုရှည်ကို အလင်္ကာစာအုပ်တိုက်
နှင့် ပိတောက်ရနံ့စာအုပ်တိုက်တို့က ဇန်န၀ါရီ ၁ ရက်တွင် စာအုပ်မိတ်ဆက်ပွဲပြုလုပ်ကာ စတင်ဖြန့်ချိလိုက်
ပြီဖြစ်သည်။

ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

လိုင်ဇာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ လဂျားယန် တောင်ကုန်းတွေကို အစိုးရတပ်က လက်နက်ကြီးတွေ၊ စစ်ရဟတ်ယဉ်တွေနဲ့ ဒီနေ့ ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနက် ၉ နာရီခွဲလောက်မှာ ကေအိုင်အိုနဲ့ ABSDF ကျောင်းသားတပ်ဖွဲ့တွေ နေရာယူထားတဲ့ စခန်းကုန်းတွေကို ဂျက်တိုက်လေယာဉ်နဲ့ ၃ကြိမ် ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်ကျော်မှာတော့ စစ်ရဟတ်ယာဉ် ၂ စီးက  ဒုံးကျည်တွေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။

အခု အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နေရာတွေဟာ ကေအိုင်အိုနဲ့ အစိုးရအတွက်  အရေးကြီးတဲ့တောင်ကုန်းတွေ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပြပါတယ်။

"ဒီတောင်ကုန်းတွေဟာ အရေးကြီးတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောင်ကုန်းတွေကို စိုးမိုးသွားနိုင်တယ်ဆိုလို့ရှိရင် လိုင်ဇာအခြေအနေတော့ မကောင်းဘူးပေါ့ သူတို့ကတော့ ထိုးစစ်မဆင်ဘူးလို့ပြောပေမဲ့ လက်တွေ့အခြေအနေမှာတော့ မဟာမိတ်တွေနေတဲ့ တောင်ကုန်းတွေကို သူတို့က အတင်းထိုးစစ်ဆင်ပြီးမှ သိမ်းယူနေတဲ့ အနေအထားရှိတာပေါ့"

အစိုးရတပ်တွေဟာ ကေအိုင်အို စခန်းတွေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက သိသိသာသာ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ၁ဝ၅၊၁၂ဝ မမ စတဲ့ လက်နက်ကြီးတွေကို နေ့စဉ်အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

အခုတိုက်ပွဲတွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးက လဂျားယန်တပ်စခန်းတွေက ဆုတ်ပေးဖို့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကေအိုင်အို ကို စာရေးအကြောင်းကြားလာပြီးနောက်ပိုင်း ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။

လိုင်ဇာ ကေအိုင်အို ဌာနချုပ်နဲ့ ၇မိုင်လောက်သာဝေးတဲ့လဂျားယန် တောင်ကုန်းတွေကိုအစိုးရတပ်က လက်
နက်ကြီးတွေ၊ စစ်ရဟတ်ယဉ်တွေနဲ့ ဒီနေ့ ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်းသစ် (၂)မျိုး ရောင်းချမည်

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်းသစ် (၂)မျိုး ရောင်းချမည်

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်းသစ် ငွေကျပ် ၁ဝဝတန် နှစ်မျိုးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၄ရက် (သောကြာနေ့) နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသ ကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ဆက်သွယ်ရေး စခန်း(စာတိုက်) များ၌ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချမည် ဖြစ်သည်။

အထူး အစီအစဉ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီး တို့တွင် ၂ဝ၁၃ခုနှစ် ဇန်နဝါရီ ၄ရက် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများ ပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.com.mm/allnews/localnews/item/3310-2013-01-01-12-59-15


(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်းသစ် ငွေကျပ် 
၁ဝဝတန် နှစ်မျိုးကို 
၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၄ရက် (သောကြာနေ့) နံနက် ၉နာရီခွဲမှ စတင်၍ တိုင်းဒေသ ကြီး/ ပြည်နယ်/ ခရိုင်/ 
မြို့နယ် ဆက်သွယ်ရေး စခန်း(စာတိုက်) များ၌ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်
ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချမည် ဖြစ်သည်။

ထာ၀၀ရအလင်းတန်းဇာတ်ကားဖြင့်အကယ်ဒမီရရှိတဲ့ အကယ်ဒမီ မော့စ် သေဆုံးပြီဆိုသည့်သတင်း မမှန်ကန်

အကယ်ဒမီ မော့စ် သေဆုံးပြီဆိုသည့်သတင်း မမှန်ကန်
------------------------------------------------------------
ထာ၀၀ရအလင်းတန်းဇာတ်ကားဖြင့်အကယ်ဒမီ ရရှိတဲ့အကယ်ဒမီ မော့စ်ကို အင်တာနက်စာမျက်နှာများတွင် သေဆုံးသွားပြီ ဟူသော သတင်းများပျံ့နှံ့ လျက်ရှိသောကြောင့် အကယ်ဒမီမော့စ်မိသားစုကို 1-1-2013 ရက်နေ့ နေ့လယ် 3 နာရီ ခွဲက ဆက်သွယ်မေးမြန်းရာ “ မဟုတ်ပါဘူးဗျာ။ အဲဒါက ကောလာဟလပါ။ ပွဲပြီးကတည်းက ဖေကြီးက ကျန်းမာရေးကတော့ ကောင်းပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ နည်းနည်းဆေးအကြိမ်အရေအတွက်ပြည့်အောင်လို့ သွင်းနေရတာပါ။ လောလောဆယ်အားမွေးနေတာလောက်ပါပဲ။ ” ဟု မော့စ်၏သား သရုပ်ဆောင် ထိုက်စံက ပေါ်ပြူလာသို့ ဖြေကြားပေးသည်။

ထာ၀၀ရအလင်းတန်းဇာတ်ကားဖြင့်အကယ်ဒမီရရှိတဲ့အကယ်ဒမီ မော့စ်ကိုအင်တာနက်စာမျက်နှာများ
တွင် သေဆုံးသွားပြီဟူသောသတင်းများပျံ့နှံ့လျက်ရှိသောကြောင့်အကယ်ဒမီမော့စ်မိသားစုကို 1-1-2013
ရက်နေ့ နေ့လယ် 3 နာရီ ခွဲက ဆက်သွယ်မေးမြန်းရာ “ မဟုတ်ပါဘူးဗျာ။

ယနေ့ညနေ ၃နာရီအချိန်တွင် မြို့တော်ခန်းမရှေ့၌ကချင်ပြည်နယ် အရေးနှင့် ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်

ယနေ့ (ဇန်န၀ါရီလ ၁ရက်) ညနေ ၃နာရီအချိန်တွင် မြို့တော်ခန်းမရှေ့၌ ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား အရပ်ဖက်အဖွဲ့အစည်းများ ပြည်သူများမှ တောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ဆန္ဒထုတ်ဖော်သူများမှ "ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ" "တရားမျှတမှု စိုးမိုးပါစေ" "စစ်ပွဲအားလုံး ချက်ခြင်းရပ်" စသည်တို့ကို ကြွေးကြော်ပြီး ကချင်ပြည်နယ် အမြန်ဆုံး ငြိမ်းရေးရရှိရန်အတွက် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ (ဇန်န၀ါရီလ ၁ရက်) ညနေ ၃နာရီအချိန်တွင် မြို့တော်ခန်းမရှေ့၌ကချင်ပြည်နယ်အတွင်းစစ်မက်ဖြစ်
ပွားနေမှုများ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံးဖော်
ဆာင်ပေးရန်နှစ်ဖက်တပ်များအားအရပ်ဖက်အဖွဲအစည်းများ ပြည်သူများမှ တောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်
ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အနှံ့မှာ ဖြစ်နေဆဲဖြစ်တဲ့ တိရစ္ဆာန်မိုး (Raining Animals) ခေါ် တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း

တိရစ္ဆာန်မိုး (Raining Animals)

တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။ 

ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များ ဖြစ်ပြီး ငှက်မိုလးည်း ရွာတတ်ပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ ရေထဲမှ ငါးများ၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည် ရွာသွန်းခြင်း ဖြစ်ပါတယ်။ 

အရှင် ဖြစ်နိုင်သလို၊ အသေလည်း ဖြစ်နိုင်ပါတယ်။ မရှင်မသေ ဖားများ၊ ငှက်များ၊ တိရစ္ဆာန်များလည်း ရွာတတ်ပါတယ်။ အေးခဲနေ တာမျိုး၊ ရေခဲရိုက် ထားသလိုမျိုးတို့အပြင် သာမန် အတိုင်းကျလာတာမျိုးတို့လည်း ရှိပါတယ်။ Waterspout လို့ခေါ်တဲ့ ရေမိုင်တိုင်း (ရေပွေ) က သယ်ဆောင် ရေထဲမှာ ဆုပ်ယူသယ်ဆောင် သွားခြင်း ဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ 

သို့ပေမယ့် တစ်ခါတစ်လေကျတော့ သာမန်အတိုင်း ပျံသန်းနေတဲ့ ငှက်များကို လေမုန်တိုင်းက မွေနှောက် သယ်ဆောင်ပြီး တစ်နေရာ မှာ ပျံလည် ရွာကျ ပါတယ်။ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကိုတို့မှာ တိရစ္ဆာန်အကောင်အရေအတွက် အများဆုံး တိရစ္ဆာန်မိုးရွာသွန်းမှုများ စံချိန်တင်ခဲ့ဖူးပါတယ်။ ငါးအကောင်ပေါင်း ထောင်ချီ၊ ဖား အကောင်ပေါင်း ထောင်ချီ ရွာကျတာမျိုးလည်းခဲ့ပါတယ်။ ဖားရော၊ ငါးရော၊ အခြားသော တိရစ္ဆာန်များ ရောယှက်လို့လည်း ရွာပါတယ်။ 

အနီးစပ်ဆုံးအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ငါးမိုးကြီး ရွာသွန်းခဲ့ကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/raining-animals.html


---

 
တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်
ပါတယ်။အများစုကတော့ဖား၊ငါး ၊တီကောင်များ ဖြစ်ပြီး ငှက်မိုလးည်းရွာတတ်ပါတယ်။ ပြင်းထန်တဲ့ လေတိုင်း
ဟာ ရေထဲမှ ငါး၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည်
ရွာသွန်းခြင်း ဖြစ်ပါတယ်။ 

ဗြိတိသျှ spitfire တိုက်လေယာဉ်များ ရှာဖွေမှု မြစ်ကြီးနားမြို့ တွင် သေတ္တာတစ်လုံး စတင်တွေ့ရှိ

ဗြိတိသျှ spitfire တိုက်လေယာဉ်များ ရှာဖွေမှု မြစ်ကြီးနားမြို့ တွင်
သေတ္တာတစ်လုံး စတင်တွေ့ရှိ

Tuesday, 1 January 2013

မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီ လီမိတက် နှင့်ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေး
အဖွဲ့သည် ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ်

၂၀၁၂ ခုနှစ် ဒီဇင်ဘာ
၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ မြစ်ကြီးနား မြို့ တွင် လေယာဉ်များ ထည့်ထားသောသေတ္တာ (ကွန်တိန်နာ) တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ရှာဖွေရေး အဖွဲ့တွင် ရွှေတောင်ပေါ် ကုမ္ပဏီ မှ ပရော်ဖက်ဆာ ဦးစိုးသိန်း ဦးစီး (၁၃) ဦး ပါဝင်ပြီး ၊ ရှာဖွေရေးအဖွဲ့မှ မြစ်ကြီးနား လေတပ်စခန်း
လေယာဉ်ကွင်းပြေးလမ်းထိပ် မီတာ ၃၀၀ အကွာ တွင် တူးဖော်မှု
စတင်ခဲ့ရာမြေကြီး ပေ အနက် ၃၀ ခန့် တွင် သစ်သား သေတ္တာ တစ်လုံးအား စတင်တွေ့ရှိ ခဲ့သည် ဟု ရွှေတောင်ပေါ် ကုမ္ပဏီ မှ တာဝန်ရှိသူ
တစ်ဦးမှ ပြောကြားခဲ့သည်။


Spitfire တိုက်လေယာဉ်များကို ပြန်လည် တူးဖော် ကြရန် နှစ်နိုင်ငံ
အကြား သဘောတူညီ ချက်ကို ဗြိတိသျှ ၀န်ကြီးချုပ်နှင့် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ စဉ် ပြီးခဲ့သော ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့သည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည့်ဖြစ်ပြီး
အကျိုးအမြတ် ခွဲဝေမှုကိုလည်း နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊
ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက
၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း ဖြစ်သည်။

ရွှေတောင်ပေါ်ကုမ္ပဏီက လေယာဉ် တူးဖော်ရေး အပိုင်းကို ၂၀၁၂ ခုနှစ်
နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်း စတင်ခဲ့ကာပထမဆုံးအနေဖြင့်
သစ်သား တစ်လုံးအား မြစ်ကြီးနားမြို့  တွင်စတင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Spitfire တိုက်လေယာဉ် များသည် ဒုတိယ ကမ္ဘာစစ် အတွင်း အစင်းရေ
နှစ်သောင်းထက် မနည်း ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ
တစ်ဝန်းတွင် အစင်း ရေ ၃၅ စင်းခန့်သာ ကျန်ရှိတော့သည်။

အလျား ၃၀ ပေ၊ တောင်ပံအလျား၃၇ ပေရှိသော ယင်း Spitfire တိုက်လေယာဉ်များသည် မြန်မာနိုင်ငံအတွင်းမင်္ဂလာဒုံ၊ မြစ်ကြီးနားနှင့်
မိတ်္ထီလာ (သဲတော)တို့တွင်တည်ရှိပြီး လူနေအိမ် များနှင့် ကင်းလွတ်ရာတွင် တည်ရှိသည်ဟု မှတ်တမ်း မှတ်ရာနှင့် အထောက်အထားများ အရ
သိရှိရကြောင်း၊

ယင်းတိုက် လေယာဉ်များကို ကျွန်း သေတ္တာများ
အတွင်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထားရှိကြောင်း၊ ပြည်ပသို့ သယ်ဆောင်ရေး အပိုင်းတွင် ရေကြောင်းဖြင့် သယ်ယူရန် လျာထားခဲ့ကြောင်း ဗြိတိန်နိုင်ငံ
DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ကဆိုသည်။


Mr.David J.Cundall သည် Spitfire လေယာဉ်များ ကို ရှာဖွေရန်အတွက် ၁၉၉၇ ခုနှစ်မှ စတင်ကာမြန်မာနိုင်ငံသို့ ၁၂ ခေါက် ရောက်ရှိခဲ့ပြီးအမေရိကန်
ဒေါ်လာ ၂၁၀,၀၀၀ ကျော် သုံးစွဲခဲ့ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီထံမှ သိရသည်။

Myanmar Online News

မြန်မာ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက် နှင့်ဗြိတိန်နိုင်ငံDJCကုမ္ပဏီ
တို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ
့သည် ပထမဆုံးရှာဖွေတွေ့ရှိမှုအဖြစ်၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ရက်နေ့တွင် မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ တွင်
လယာဉ်များ ထည့်ထားသောသေတ္တာ (ကွန်တိန်နာ) တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါ
သည်။

"ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"

"ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၁မိနစ်တွင် MRTV မှထုတ်လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ဆုတောင်းစကား အပြည့်အစုံ"

၂၀၁၃ ခုနှစ်အတွက် ဆုတောင်းဆိုတော့ ၊တကယ်တော့ ပြည်သူတွေ ဆုတောင်းပဲ ဖြစ်ရမှာပါ၊ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ၊ပြည်သူတွေဟာ
တကယ်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားများပီပီ လုပ်နိုင်ကိုင် နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲဒီဟာ က အရေးကြီး ဆုံး ဆုတောင်းလို့ ကျမ
ထင်ပါတယ်၊

နိုင်ငံတစ်နိုင်ငံရဲ့ တကယ့် အနှစ်သာရဟာ နိုင်ငံသူနိုင်ငံသားတွေပါ၊နိုင်ငံသူနိုင်ငံသားတွေ အရည် အချင်းရှိမှ နိုင်ငံလည်းတိုတက်မယ်၊နိုင်ငံလည်း
အဆင့်ရှိမယ်၊ဒါကြောင့်မို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးက အင်မတန်မှ ရိုးသားပါတယ်။

ကျမတို့ရဲ့ ပြည်သူပြည်သားများ တစ်နေ့ထက်တစ်နေ့ ပိုပြီး အရည်အချင်းတွေ တိုးတက်နိုင်ပါစေ၊ကိုယ့်ရဲ့တာဝန်တွေကို ကိုယ်သိသိ နဲ့ ကိုယ်ရသင့် ရထိုက်
တဲ့ အခွင့် အရေးတွေ အတွက် လုပ်ရဲကိုင်ရဲ ပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်..။


၂၀၁၃ ခုနှစ်အတွက် ဆုတောင်းဆိုတော့ ၊တကယ်တော့ ပြည်သူတွေ ဆုတောင်းပဲ ဖြစ်ရမှာပါ၊ပြည်သူတွေ အရည်အချင်းတိုးတက်လာဖို့ ၊ပြည်သူတွေဟာတကယ်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားများပီပီလုပ်

နိုင်ကိုင် နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲဒီဟာ က အရေးကြီး ဆုံး ဆုတောင်းလို့ကျမထင်ပါတယ်၊

အဆိုးဆုံး ကလေးနာမည်အဖြစ် ဘီယွန်းစ်နှင့် ဂျေးဇီးတို့၏ သမီးငယ် သတ်မှတ်ခံရ

အဆိုးဆုံး ကလေးနာမည်အဖြစ် ဘီယွန်းစ်နှင့် ဂျေးဇီးတို့၏ သမီးငယ် သတ်မှတ်ခံရ
========
(၂၀၁၂)ခုနှစ်အတွင်း အမေရိကန်တွင် မှည့်ခေါ်ခဲ့သည့် Celebrity ကလေးအမည်များနှင့် ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံခဲ့ရာ ဘီယွန်းစ်နိုးလ်နှင့် ဂျေးဇီးတို့၏ သမီးငယ်အတွက် မှည့်ခေါ်သည့် Blue Ivyက အဆိုးဆုံးအဖြစ် မဲပေးခံခဲ့ရသည်။

လူပေါင်း (၂၀၀၀)ကျော် ပါဝင် ဖြေကြားခဲ့သည့် babynames.com၏ စစ်တမ်းတွင် Blue Ivyဆိုသော အမည်မှာ စိတ်ပျက်စရာဟု မဲပေးသူ (၄၇.၁)ရာခိုင်နှုန်း ရှိခဲ့သည်။ ထို့နောက် ဂျူလီယန် မိုက်ကယ်လ်နှင့် ဟေဒီ ရိုဒက်စ်တို့၏ သမီးဖြစ်သူ Lukensia၏ အမည်က (၂၉.၁)ရာခိုင်နှုန်းဖြင့် ဒုတိယ ချိတ်ခဲ့သည်။ ယောက်ျားလေး အမည်များတွင် အဆိုးရွားဆုံးအဖြစ် မဲပေးခံရသည်မှာ အဲလက်စ် အိုလူလင်နှင့် မာလီယာ ဂျုံးစ်တို့၏ သားငယ်လေး အမည်ဖြစ်သော Lionဟု သိရသည်။

ဂျိုးဝါတာမန်နှင့် ဂျင်းရှာဖက်တို့၏ သမီးလေး Charlotte Graceက အလှပဆုံး နာမည်အဖြစ် မဲပေးခံရမှု (၂၄.၁)ရာခိုင်နှုန်း ရှိခဲ့သည်။ ယောက်ျားလေး နာမည်များတွင်မူ (၂၂.၉)ရာခိုင်နှုန်း မဲရခဲ့သည့် ဟီလာရီဒပ်ဖ်နှင့် မိုက်ခ်ကော်မရီတို့၏ သားငယ် Luca Cruzက ရပ်တည်နိုင်ခဲ့သည်။ 
(Ref: UPI)

(၂၀၁၂)ခုနှစ်အတွင်း အမေရိကန်တွင် မှည့်ခေါ်ခဲ့သည့် Celebrity ကလေးအမည်များနှင့် ပတ်သက်ပြီး ဆန္ဒ
မဲ ကောက်ခံခဲ့ရာ ဘီယွန်းစ်နိုးလ်နှင့် ဂျေးဇီးတို့၏သမီးငယ်အတွက်မှည့်ခေါ်သည့် Blue Ivyကအဆိုးဆုံးအဖြစ်
 မဲပေးခံခဲ့ရသည်။

ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်သည့် ဟီလာရီ

ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်သည့် ဟီလာရီ
===========
ဦးခေါင်းအတွင်း သွေးခဲမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ ဟီလာရီ ကလင်တန်သည် အပြည့်အဝ ပြန်လည် သက်သာစ ပြုလာပြီဟု ဆရာဝန်များက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် လတ်တလောတွင်မူ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ဦးမည် မဟုတ်ဘဲ ဆေးရုံတွင်သာ ကုသမှု ခံယူနေရဦးမည် ဖြစ်သည်။ ဟီလာရီအား နယူးယော့ခ်ရှိ ဆေးရုံတွင် တင်ပို့ ကုသခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သလို သူမသည် ယင်း၏ အကျိုးဆက်အဖြစ် သတိမေ့မြောခဲ့သေးကြောင်းလည်း ဆိုသည်။ သို့သော်လည်း ဆရာဝန်များက ဟီလာရီ၏ ကျန်းမာရေး အခြေအနေ အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည်ဟု မှတ်ချက်ပြုထားသည်။

သူမ၏ နားနောက်ဘက်တွင် ရှိနေသော သွေးခဲကို ဖယ်ရှားရန်အတွက် ဆရာဝန်များက သွေးကို ပါးလွှာစေသည့် ကုထုံးကို ရွေးချယ် အသုံးပြုခဲ့သည်။ ယခုအခါ ဟီလာရီ၏ အခြေအနေ ကောင်းမွန်စွာ တိုးတက်လာနေပြီး သူမ၏ မိသားစုများ၊ ဆရာဝန်များနှင့် ဝန်ထမ်းများကို ဆက်သွယ် စကားပြောဆိုနေပြီဟု သိရသည်။ ဟီလာရီသည် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် သမ္မတ ဘာရတ် အိုဘားမား၏ ဒုတိယ သက်တမ်းတွင် နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို ဆက်လက် ထမ်းဆောင်မည် မဟုတ်ဟု ပြောဆိုထားသည်။ သူမသည် ဇန်နဝါရီ လကုန်ပိုင်းတွင် ရာထူးမှ နုတ်ထွက်ဖွယ် ရှိနေပြီး အိုဘားမားက သူမနေရာတွင် ဆက်ခံရန် မက်ဆာချူးဆက် ကိုယ်စားပြုအမတ် ဂျွန်ကယ်ရီအား အဆိုပြု ရွေးချယ်ထားသည်။ 
(Ref: Reuters)

ဦးခေါင်းအတွင်း သွေးခဲမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါဟီလာရီကလင်တန်သည် အပြည့်အဝ ပြန်လည်
သက်သာစ ပြုလာပြီဟု ဆရာဝန်များက ပြောကြားခဲ့သည်။အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် လတ်တ
လောတွင်မူလုပ်ငန်းတာဝန်များကိုထမ်းဆောင်နိုင်ဦးမည်မဟုတ်ဘဲ ဆေးရုံတွင်သာကုသမှုခံယူနေရဦးမည်
ဖစ်သည်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှု တစ်ခုကြောင့် လူ(၅)ဦး သေဆုံးသွားကြောင်း သတင်းရရှိ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှု တစ်ခုကြောင့် လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။

တနင်္လာနေ့ နံနက်ပိုင်းက ပူဒေါင် ကွက်သစ် ဧရိယာတွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆောက်အအုံ အောက်ခြေမှ ကွန်ကရစ် ပလက်ဖောင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာမှ လူများ ထိခိုက် သေကြေခဲ့ခြင်း ဖြစ်သည်။ ရှန်ဟိုင်း အမှတ်(၁၂) မြေအောက်ရထားလိုင်း အပြင်ဘက် ကားပါကင် တည်ဆောက်မှု မြေနေရာတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်အတွင်း လူ(၁)ဦး ပွဲချင်းပြီး သေဆုံးပြီး (၄)ဦးမှာ ဆေးရုံတွင် အသက်ဆုံးရှုံးသွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

(Ref: Xinhua)

တနင်္လာနေ့ နံနက်ပိုင်းက ပူဒေါင် ကွက်သစ် ဧရိယာတွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆောက်အအုံ အောက်ခြေမှ ကွန်ကရစ် ပလက်ဖောင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာမှ လူများ ထိခိုက် သေကြေခဲ့
ခင်း ဖြစ်သည်။ ရှန်ဟိုင်း အမှတ်(၁၂) မြေအောက်ရထားလိုင်း အပြင်ဘက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြော ကြားသည့် နှစ်သစ်ကူးမိန့်ခွန်း

(၁-၁-၂၀၁၃)

မိဘပြည်သူများ ခင်ဗျား
ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလိုအပ်နေတဲ့ကွက်လပ်တစ်ခုဖြစ်တဲ့အစိုးရနဲ့ပြည်သူအကြားတိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

၂၀၁၃ နှစ်သစ်ကူးပွဲ ကမ္ဘာတ၀ှမ်းမှာဆင်နွှဲ



၂၀၁၃ နှစ်သစ်ကူးပွဲ ကမ္ဘာတ၀ှမ်းမှာဆင်နွှဲ 
Tuesday, 1 January 2013

၂၀၁၃ခုနှစ် နှစ်ကူးနေ့ကို ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြတာပါ။ အာရှပစိဖိတ်နိုင်ငံတွေဟာ နှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ဆိပ်ကမ်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးဆိုင်းမီးပန်းတွေကို ထွန်းညှိပြသထားပါတယ်။ 

ဆစ်ဒနီဆိပ်ကမ်းဝန်းကျင်မှာ လာရောက်ပြီး စုဝေးကြသူပေါင်းဟာ တစ်သန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲ့ဒီ့ဒေသမှာ
နွေးထွေးတဲ့နွေညဖြစ်တာမို့ လူတွေအတော်များများ အေးအေးချမ်းချမ်းနဲ့ ဆင်နွှဲနေကြပါတယ်။

မီးရှုးမီးပန်းပြပွဲအတွက် ဒေါ်လာသန်းပေါင်း ၆.၉သန်းဖိုး အကုန်အကျခံပြီး
ပြသ ထားတာပါ။ သြစတေးလျနိုင်ငံက နံမည်ကျော် ဂီတပညာရှင် Kylie Minogue  က ဆစ်ဒနီဆိပ်ကမ်းတံတားမှာ တန်ဆာဆင် ထွန်းညှိထားတဲ့ မီးတွေပွင့်လာအောင် ခလုတ်နှိပ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာတော့ တိုကျိုမှာရှိတဲ့ အဆာကူဆာ ဘုရားကျောင်းမှာ ရိုးရာနှစ်သစ်ကူး ပွဲတော်ကျင်းပနေသလို ဂျပန်နိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ရှင်တို ဘုရားကျောင်းတွေမှာ ၂၀၁၃ခုနှစ်အတွက် ကံကောင်းစေဖို့ သန်းနဲ့ချီတဲ့ ဂျပန်လူမျိုးတွေ လာရောက်ဆုတောင်းနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကတာမှာတော့ နှစ်သစ်ကူးပွဲတော် ကပွဲခုန်ပွဲ ကျင်းပနေတာမို့ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ထားပါတယ်။

ဗွီအိုအေ

၂၀၁၃ခုနှစ်နှစ်ကူးနေ့ကိုကမ္ဘာတဝှမ်းမှာကြိုဆိုနေကြတာပါ။အာရှပစိဖိတ်နိုင်ငံတွေဟာနှစ်သစ်ကို အရင်ဆုံး ကြိုဆိုနိုင်ခဲ့ကြပြီးသြစတေးလျနိုင်ငံဆစ်ဒနီမြို့ကဆိပ်ကမ်းမှာခမ်းနားကြီးကျယ်တဲ့မီးဆိုင်းမီးပန်းတွေကိုထွန်း
ညှိပြသထားပါတယ်။

သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်

သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်
.........................................................................................
၁၉၄၂ခုနှစ် နိုဝင်ဘာလမှ  စတင်ကာ ဂျပန်တပ်မတော်က   ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ်  ရန် မီးရထားလမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်းသားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀၀၀၀)ကျော်    သေဆုံးခဲ့သည့်အတွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီး  ခဲ့သော ရထားလမ်းကို ၂၀၁၃ခုနှစ် မှစတင်ကာ ပြန်လည်ဖောက်လုပ်  သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသေမင်းတမန်ရထား လမ်းသည်မိုင်အရှည် ၇၈မိုင် အရှည်ရှိပြီး ထိုင်းနိုင်ငံနှင့်တိုက် ရိုက်ချိတ်ဆက်ထားသည့် ရထား လမ်းတစ်ခုဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးဇေယျာအောင် က ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၃ တွင် ပြုလုပ်ခဲ့သော နီပွန်ဖောင်ဒေး  ရှင်း၏ အလှူငွေပေးအပ်ပွဲ၌ ပြောကြားသည်။ ““သေမင်းတမန်     ရထားလမ်းအရှည်က ၇၈မိုင်ရှိ တယ်။ အကျယ်ကိုတော့ တိုင်း တာနေတုန်းပဲဖြစ်ပါတယ်။ ဒီရထား  လမ်းကို ဒီတစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်။ ဒီ ရထားလမ်းကိုပြန်လည်ဖောက်လုပ်  တဲ့ နေရာမှာနိုင်ငံတကာ အကူ ပေးရင်တော့ပိုကောင်းတာပေါ့၊ ရထားလမ်းဖောက်ဖို့အတွက် စပြီး တော့ တိုင်းတာနေပြီ။လက်ရှိမှာ တော့ ဘတ်ဂျက်ကိုမချပေးသေး ဘူး။ လမ်းတိုင်းတာတွေအကုန်လုံး  ပြီးပြီဆိုမှပဲ ဒီရထားလမ်းအတွက် ဘတ်ဂျက်ဘယ်လောက်ဆိုတာ သတ်မှတ်သွားမှာဖြစ်ပါတယ်””ဟု    ပြောကြားခဲ့သည်။အဆိုပါ သေ မင်းတမန်ရထားလမ်းပြန်လည် ဖောက်လုပ်ရန်အတွက် အစီရင် ခံစာကို လွှတ်တော်ကိုတင်ပြ၍   ခွင်ြ့ပုချက်ရယူသွားမည်ဖြစ်ပြီး  နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံ  ခြားရင်းနှီးမြှုပ်နှံမှုရှိရှိမရှိရှိ ယင်း ရထားလမ်းအားဖောက်လုပ်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ်္မ တရုံးမှပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းကပြောကြားသည်။
သေမင်းတမန်ရထားလမ်း  သည် ဘုရားသုံးဆူတောင်ကြားမှ  မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင်ရှိသည့် ဘန်ကောက်-စင်ကာပူမီးရထားလမ်းသို့ ဆက်သွယ်နိုင်ရန်ဖောက်လုပ်  ခြင်းဖြစ်ပြီး။လက်ရှိတွင် အဆိုပါ  မီးရထားလမ်းနေရာကို ကားလမ်း    တစ်ခုအဖြစ် မွန်ပြည်နယ်ဒေသခံ များက အသုံးပြုနေကြပြီး သေမင်း တမန်ရထားလမ်းကိုပြန်လည် ဖောက်လုပ်မည်ဆိုပါက မွန်ပြည် နယ်ဒေသခံများအသုံးပြုနေကြ သော ကားလမ်းပျောက်သွားနိုင်  သည့်အတွက်ကြောင့် ဘုရားသုံး ဆူနှင့်သံဖြူဇရပ်ကြားတွင် ကား လမ်းအသစ်တစ်ခု မွန်ပြည်နယ် ဒေသခံများအသုံးပြုနိုင်ရန်အတွက်   ဖောက်လုပ်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

 

ဖြိုးအောင်The Hot News

၁၉၄၂ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဂျပန်တပ်မတော်က ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ် ရန် မီးရထား
လမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်းသားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀
၀၀၀)ကျော် သေဆုံးခဲ့သည့်အတွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီးခဲ့သောရထားလမ်းကို ၂၀၁၃
ခုနှစ် မှစတင်ကာ ပြန်လည်ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်

ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်

၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုး မှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ ကြိုးပမ်းနေ ကြသည်။ ထိုသို့ ကြိုးပမ်း ကြရာ၌ နိုင်ငံရေး စနစ်မှာ ဒီမိုကရေစီ စနစ်ဖြစ်ပြီး စီးပွားရေး စနစ်မှာ ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နေကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင်ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရဖြစ်သည့်  ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် လာနိုင်မည့် စီမံအုပ်ချုပ် လုပ်ကိုင် မှု ပြောင်းလဲသွားရန် လိုအပ်ချက် အရ တတိယ အဆင့်အဖြစ် အစိုးရ အဖွဲ့အစည်း ယန္တရား ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားမည်ဖြစ်သည်။

အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော် သမ္မတက ''အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ်တိုးတက် ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယ အဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း'' ပြောကြားပြီး နိဂုံး ချုပ် ပြောကြားရာ၌ ''တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ပြန် လည် ကောင်းမွန်အောင် စိတ်ဓာတ် ကောင်းကောင်း၊ စည်းကမ်း ကောင်းကောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို စေတနာ ကောင်းကောင်းဖြင့် ကောင်း မွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်'' တိုက်တွန်းခဲ့သည်။

မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးသည် မိမိတို့ နိုင်ငံသား အားလုံးက  ပတ်ဝန်းကျင် ကမ္ဘာ့ နိုင်ငံများကို ကြည့်တတ် မြင်တတ်ဖို့ လိုသည်။ ကမ္ဘာ့ နိုင်ငံများ၏ ပထဝီ အနေအထား များနှင့် သမိုင်း ကြောင်း၊  ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ နိုင်ငံအစိုးရ များ၏ ဖွဲ့စည်းမှုနှင့် ဆောင်ရွက် ချက်များ၊ နိုင်ငံသား များ၏ အခန်းကဏ္ဍ စသည်တို့ကို အာဂမ္မယုတ္တိ၊ သဘာဝယုတ္တိ တို့ဖြင့် ရှုမြင်၍ အကြောင်းအကျိုး၊ အကောင်း အဆိုးတို့ကို ဆန်းစစ်ရမည် ဖြစ်သည်။ တွေ့ရှိချက်များမှ မိမိနိုင်ငံနှင့် လူမျိုးတို့၏ ကောင်းကျိုး အတွက် ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ကြရ မည် ဖြစ်သည်။

သို့ဖြစ်၍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရတို့၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် ပြည်သူလူထု အတွက် ပြည်သူလူထု ဗဟိုပြု၍ ဆောင်ရွက် ကြရမည်ဖြစ်ရာ ပြည်သူတို့ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ၏ ပကတိ အခြေ အနေများကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်ကြမည် ဖြစ်ပေသည်။  

http://www.myawady.net.mm/allnews/editorschoice/item/3066-2012-12-29-09-47-49

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင် ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်သူ့အစိုးရဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

“ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတို့ရဲ့ နံနက်ခင်း ”

“ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတို့ရဲ့ နံနက်ခင်း ”

နိုင်ငံ - မြန်မာ။

“ ဤပုံတော်ကို ကြည်ညိုရင်း မြန်မာဗုဒ္ဓသာသနာဝင်အပေါင်းတို့သည် 
သာသနအကျိုးကို ထမ်းဆောင်နေသည့် ထေရ်ရှင်ရဟန်းတို့
အတွက် - ကောင်းစွာ ပံ့ပိုးထောက်ပံ့လှူဒါန်းနိုင်ကြပါစေ ။  "

_/|\_ ဗုဒ္ဓ သာသနံ စိရိ တိဋ္ဌတု _/|\_

“ ဤပုံတော်ကို ကြည်ညိုရင်း မြန်မာဗုဒ္ဓသာသနာဝင်အပေါင်းတို့သည်သာသနအကျိုးကို ထမ်းဆောင်နေ
သည့် ထေရ်ရှင်ရဟန်းတို့အတွက် - ကောင်းစွာ ပံ့ပိုးထောက်ပံ့လှူဒါန်းနိုင်ကြပါစေ ။ "

_/|\_ ဗုဒ္ဓ သာသနံ စိရိ တိဋ္ဌတု _/|\_

****************HAPPY NEW YEAR ...... 2013!!!!!.....................*********

နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ပြီးလိုအင်တွေပြည့်ဝကြည့်ပါစေလိုဆုမွန်ကောင်းတောင်းရင်း.....HAPPY NEW YEAR ......WELCOME TO 2013!!!!!...............................

RangonNewsDaily ပိရိသတ်ကြီး နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ပြီးလိုအင်တွေပြည့်ဝကြည့်
ပါစေလိုဆုမွန်ကောင်းတောင်းရင်း.....HAPPY NEW YEAR ......WELCOME TO 2013!!!!!.....................