မြန်မာ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက် နှင့်ဗြိတိန်နိုင်ငံDJCကုမ္ပဏီ
တို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ
့သည် ပထမဆုံးရှာဖွေတွေ့ရှိမှုအဖြစ်၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ရက်နေ့တွင် မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ တွင်
လေယာဉ်များ ထည့်ထားသောသေတ္တာ (ကွန်တိန်နာ) တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါ
အဖွဲ့မှ မြစ်ကြီးနား လေတပ်စခန်းလေယာဉ်ကွင်းပြေးလမ်းထိပ်မီတာ၃၀၀အကွာတွင်တူးဖော်မှုစတင်ခဲ့ ရာ
မြေကြီး ပေအနက်၃၀ခန့်တွင်သစ်သား သေတ္တာတစ်လုံးအားစတင်တွေ့ရှိခဲ့သည်ဟု ရွှေတောင်ပေါ်ကုမ္ပဏီ
မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
Spitfire တိုက်လေယာဉ်များကို ပြန်လည် တူးဖော် ကြရန် နှစ်နိုင်ငံအကြား သဘောတူညီ ချက်ကို ဗြိတိသျှ
ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ စဉ် ပြီးခဲ့သော၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇
ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့သည်။
တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ်ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း
လုပ်ဆောင်ကြမည့်ဖြစ်ပြီးအကျိုးအမြတ်ခွဲဝေမှုကိုလည်း နိုင်ငံတော်အစိုးရက၅ဝရာခိုင်နှုန်း၊ရွှေတောင် ပေါ်
ကုမ္ပဏီ က၂ဝရာခိုင်နှုန်း နှင့် ဗြိတိသျှDJCကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘောတူညီခဲ့ ကြခြင်းဖြစ်သည်။
ရွှေတောင်ပေါ်ကုမ္ပဏီက လေယာဉ်တူးဖော်ရေးအပိုင်းကို၂၀၁၂ ခုနှစ်နိုဝင်ဘာလပထမပတ်တွင်လုပ်ငန်း
စတင်ခဲ့ကာပထမဆုံးအနေဖြင့်သစ်သားတစ်လုံးအား မြစ်ကြီးနားမြို့ တွင်စတင်ရှာဖွေတွေ့ရှိခဲ့ခြင်ြး ဖစ်
သည်။
Spitfire တိုက်လေယာဉ် များသည် ဒုတိယ ကမ္ဘာစစ် အတွင်း အစင်းရေနှစ်သောင်းထက်မနည်းထုတ်လုပ်ခဲ့
သော်လည်း ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အစင်း ရေ ၃၅ စင်းခန့်သာ ကျန်ရှိတော့သည်။
အလျား၃၀ ပေ၊ တောင်ပံအလျား၃၇ ပေရှိသောယင်းSpitfireတိုက်လေယာဉ်များသည် မြန်မာနိုင်ငံအတွင်း
မင်္ဂလာဒုံ၊ မြစ်ကြီးနားနှင့်မိတ်္ထီလာ (သဲတော)တို့တွင်တည်ရှိပြီး လူနေအိမ် များနှင့် ကင်းလွတ်ရာတွင်တည်
ရှိသည်ဟု မှတ်တမ်း မှတ်ရာနှင့် အထောက်အထားများ အရသိရှိရကြောင်း၊
ယင်းတိုက် လေယာဉ်များကိုကျွန်း သေတ္တာများအတွင်းပလတ်စတစ်ဖြင့်ထုပ်ပိုးထားရှိကြောင်း၊ ပြည်ပသို့
သယ်ဆောင်ရေးအပိုင်းတွင် ရေကြောင်းဖြင့်သယ်ယူရန်လျာထားခဲ့ကြောင်း ဗြိတိန်နိုင်ငံDJCကုမ္ပဏီဥက္ကဋ္ဌ
အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ကဆိုသည်။
Mr.David J.Cundall သည် Spitfire လေယာဉ်များကိုရှာဖွေရန်အတွက်၁၉၉၇ ခုနှစ်မှစတင်ကာမြန်မာနိုင်ငံ
Mr.David J.Cundall သည် Spitfire လေယာဉ်များကိုရှာဖွေရန်အတွက်၁၉၉၇ ခုနှစ်မှစတင်ကာမြန်မာနိုင်ငံ
သို့၁၂ ခေါက် ရောက်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာ၂၁၀,၀၀၀ ကျော် သုံးစွဲခဲ့ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီ
ထံမှ သိရသည်။
Myanmar Online News
No comments:
Post a Comment