Pages

Pages - Menu

Friday, December 13, 2013

စက်ချို့ယွင်းသည်ဟုဆိုကာ ၀င်ခွင့်ကတ်ပြား ပြုလုပ်သည့် နေရာအား ပိတ်ထားသောကြောင့် Sea Games ပြိုင်ပွဲသို့ လာရောက်သူများ ကြည့်ရှုခွင့်မရခဲ့

Photo: စက်ချို့ယွင်းသည်ဟုဆိုကာ ၀င်ခွင့်ကတ်ပြား ပြုလုပ်သည့် နေရာအား ပိတ်ထားသောကြောင့် Sea Games ပြိုင်ပွဲသို့ လာရောက်သူများ ကြည့်ရှုခွင့်မရခဲ့
Friday, December 13, 2013

စက်ချို့ယွင်းသည်ဟု ဆိုကာ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အနီးရှိ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအား ၀င်ရောက်ကြည့်ရှုနိုင်ရန် ၀င်ထွက်ခွင့် ကတ်ပြား ပြုလုပ်သည့် နေရာအား ဒီဇင်ဘာ ၁၂ ရက်က တစ်ရက် ပိတ်ထားသောကြောင့် Sea Games ပြိုင်ပွဲသို့ လာရောက်ကြသူများ ကြည့်ရှုခွင့် မရခဲ့ကြကြောင်း သတင်းရရှိသည်။

Sea Games ပြိုင်ပွဲသို့ လာရောက်သူများထဲတွင် နေပြည်တော် အနီးဝန်းကျင်မှ ပြည်သူများသာမက နေပြည်တော်နှင့် ဝေးကွာသည့် အခြားမြို့များမှ ပြည်သူများလည်း လာရောက် ကြည့်ရှုခဲ့ကြရာ ၀င်ထွက်ခွင့်ကတ်ပြား ပြုလုပ်သည့် နေရာအား တစ်ရက်ပိတ်ထားသည့် အတွက် ပြိုင်ပွဲကြည့်ရှုခွင့် မရခဲ့ဘဲ အခက်အခဲများစွာ ဖြစ်ခဲ့ရသည်ဟု ၀င်ထွက်ခွင့်ကတ် လာရောက် ပြုလုပ်သူများက ပြောပြသည်။

ဒီဇင်ဘာ ၁၂ ရက်က ၀င်ခွင့်ကတ်များ မပြုလုပ်ပေးသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ဝေးမှ လာရောက်သူ အချို့ကို မှတ်ပုံတင် အမှတ်ရယူကာ ယာယီဝင်ထွက်ခွင့် ပြုပေးခဲ့သော်လည်း လာရောက်သူ အများစုမှာ ယင်းသို့ ပြုလုပ်ပေးသည်ကို မသိသောကြောင့် ပြိုင်ပွဲကြည့်ရှုခွင့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

''ဖွင့်ပွဲကိုတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်တယ်။ ပြည်သူတွေအတွက် ၀င်ခွင့်ကတ်လေး ကျတော့ အဆင်ပြေအောင် လုပ်မပေးနိုင်ဘူး။ ကိုယ့်နိုင်ငံ အသင်းကို အားပေးချင်လို့ လာကြည့်တဲ့ ပြည်သူတွေကို စက်ချို့ယွင်းတယ်ဆိုတဲ့ ဆင်ခြေပေးပြီး အခက်အခဲဖြစ်အောင် လုပ်တာကတော့ မကောင်းဘူး'' ဟု ၀င်ခွင့်ကတ် လာရောက် လုပ်ဆောင်သူ တစ်ဦးက ဆိုသည်။

''ကိုယ့်နိုင်ငံမှာလုပ်တဲ့ Sea Games ပြိုင်ပွဲကို ကြည့်ချင်လွန်းလို့ သူငယ်ချင်းတွေစုပြီး ဖွင့်ပွဲအမီ လာခဲ့တာပါ။ ဖွင့်ပွဲကို ၀င်ခွင့်မရတာကို နားလည်ပေမယ့် စက်ပျက်လို့ ၀င်ထွက်ခွင့်ကတ်လုပ်တာ တစ်ရက်ပိတ်တယ် ဆိုတာကတော့ အဓိပ္ပာယ် မရှိပါဘူး။ ကျွန်တော်တို့ဆိုရင် အဝေးကြီးက လာရတာ ငွေအကုန်အကျလည်း အရမ်းများပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲကို ဂိတ်တာဝန် ရှိသူတွေကို ပြောပြလို့ မှတ်ပုံတင်နဲ့ ၀င်ခွင့်ရခဲ့ပေမယ့် ကျွန်တော်တို့လို ကြည့်ခွင့်မရဘဲ ပြန်သွားတဲ့သူတွေ အများကြီး ရှိပါတယ်'' ဟု မကွေးတိုင်းဒေသကြီး ပေါက်မြို့မှ လာရောက်သည့် ကိုဇော်လင်းထွေးက ပြောပြသည်။

''၀င်ခွင့်ကတ် လုပ်တဲ့နေရာ ပိတ်ထားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ရပ်ဝေးက လာတဲ့သူတွေ အဆင်ပြေအောင် အထက်ကို တင်ပြပြီး ယာယီဝင်ထွက်ခွင့်ရအောင် ဆောင်ရွက်ပေးပါတယ်။ ၀င်ခွင့်ကတ်မပါရင် ကွင်းထဲကို ၀င်ခွင့်မပေးဘူး ဆိုပေမယ့် ရပ်ဝေးက လာတဲ့သူတွေ အဆင်ပြေအောင်လို့ပါ။ နေပြည်တော်နားက သူတွေကိုတော့ နောက်နေ့တွေမှ ၀င်ခွင့်ကတ်လုပ်ပြီးဝင်ဖို့ ပြောပြရတာပေါ့'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစားရွာ အ၀င်အထွက် ဂိတ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် ငွေကုန်ကြေးကျများစွာ အကုန်အကျခံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အားကစား ပြိုင်ပွဲများကို ပြည်သူများ ကြည့်ရှုနိုင်ရေးမှာ သွားရေးလာရေးနှင့် လက်မှတ်ရရှိမှု အခြေအနေများကြောင့် အခက်အခဲများစွာ ဖြစ်နေရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည့်အတွက် ဂုဏ်ယူကျေနပ်သူများ ရှိသကဲ့သို့ ပြည်သူများ စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည်တို့မှာ အခြားနိုင်ငံများထက် များစွာနိမ့်ကျနေပြီး အခက်အခဲ ဖြစ်နေချိန်၊ စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခရောက်သည့် ပြည်သူများစွာ ရှိနေချိန်တွင် ဘဏ္ဍာငွေများစွာ သုံးစွဲနေမှုများအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

Eleven Media Group 

(နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အနီးရှိ ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများအား ၀င်ရောက် ကြည့်ရှုနိုင်ရန် ၀င်ထွက်ခွင့် ကတ်ပြားများ ပြုလုပ်သည့်နေရာမှ စက်ပျက်နေကြောင်း ကြေညာချက်)
(နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အနီးရှိ ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများအား ၀င်ရောက် ကြည့်ရှုနိုင်ရန် ၀င်ထွက်ခွင့် ကတ်ပြားများ ပြုလုပ်သည့်နေရာမှ စက်ပျက်နေကြောင်း ကြေညာချက်)
RangonNewsDaily:: December . 13 .2013
စက်ချို့ယွင်းသည်ဟု ဆိုကာ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အနီးရှိ အရှေ့တောင်အာရှ အား
ကစားပြိုင်ပွဲများအား ၀င်ရောက်ကြည့်ရှုနိုင်ရန် ၀င်ထွက်ခွင့် ကတ်ပြား ပြုလုပ်သည့် နေရာအား ဒီဇင်ဘာ ၁၂ ရက်က တစ်ရက် ပိတ်ထားသောကြောင့် Sea Games ပြိုင်ပွဲသို့ လာရောက်ကြသူများ ကြည့်ရှုခွင့် မရခဲ့ကြ
ကြောင်း သတင်းရရှိသည်။ Sea Games ပြိုင်ပွဲသို့ လာရောက်သူများထဲတွင် နေပြည်တော် အနီးဝန်းကျင်မှ ပြည်သူများသာမက နေပြည်
တော်နှင့် ဝေးကွာသည့်အခြားမြို့များမှ ပြည်သူများလည်းလာရောက် ကြည့်ရှုခဲ့ကြရာ ၀င်ထွက်ခွင့်ကတ်ပြား
ပြုလုပ်သည့် နေရာအား တစ်ရက်ပိတ်ထားသည့် အတွက် ပြိုင်ပွဲကြည့်ရှုခွင့် မရခဲ့ဘဲ အခက်အခဲများစွာ ဖြစ်ခဲ့
ရသည်ဟု ၀င်ထွက်ခွင့်ကတ် လာရောက် ပြုလုပ်သူများက ပြောပြသည်။

ဒီဇင်ဘာ ၁၂ ရက်က ၀င်ခွင့်ကတ်များ မပြုလုပ်ပေးသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ဝေးမှ လာရောက်သူ အချို့ကို မှတ်ပုံတင် အမှတ်ရယူကာ ယာယီဝင်ထွက်ခွင့် ပြုပေးခဲ့သော်လည်း လာရောက်သူ အများစုမှာ ယင်းသို့ ပြုလုပ်ပေးသည်ကို မသိသောကြောင့် ပြိုင်ပွဲကြည့်ရှုခွင့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

''ဖွင့်ပွဲကိုတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်တယ်။ ပြည်သူတွေအတွက် ၀င်ခွင့်ကတ်လေး ကျ
တော့အဆင်ပြေအောင်လုပ်မပေးနိုင်ဘူး။ ကိုယ့်နိုင်ငံ အသင်းကို အားပေးချင်လို့ လာကြည့်တဲ့ ပြည်သူတွေ
ကို စက်ချို့ယွင်းတယ်ဆိုတဲ့ ဆင်ခြေပေးပြီး အခက်အခဲဖြစ်အောင် လုပ်တာကတော့ မကောင်းဘူး'' ဟု ၀င်
ခွင့်ကတ် လာရောက် လုပ်ဆောင်သူ တစ်ဦးက ဆိုသည်။

''ကိုယ့်နိုင်ငံမှာလုပ်တဲ့ Sea Games ပြိုင်ပွဲကို ကြည့်ချင်လွန်းလို့ သူငယ်ချင်းတွေစုပြီး ဖွင့်ပွဲအမီ လာခဲ့တာပါ။ ဖွင့်ပွဲကို ၀င်ခွင့်မရတာကို နားလည်ပေမယ့် စက်ပျက်လို့ ၀င်ထွက်ခွင့်ကတ်လုပ်တာ တစ်ရက်ပိတ်တယ် ဆို
တာကတော့ အဓိပ္ပာယ် မရှိပါဘူး။ 
 
ကျွန်တော်တို့ဆိုရင်အဝေးကြီးကလာရတာ ငွေအကုန်အကျလည်းအရမ်းများပါတယ်။ကျွန်တော်တို့ရဲ့ အခက်
အခဲကို ဂိတ်တာဝန် ရှိသူတွေကို ပြောပြလို့ မှတ်ပုံတင်နဲ့ ၀င်ခွင့်ရခဲ့ပေမယ့် ကျွန်တော်တို့လို ကြည့်ခွင့်မရဘဲ
ပြန်သွားတဲ့သူတွေအများကြီး ရှိပါတယ်'' ဟုမကွေးတိုင်းဒေသကြီး ပေါက်မြို့မှ လာရောက်သည့် ကိုဇော်လင်း
ထွေးက ပြောပြသည်။

''၀င်ခွင့်ကတ် လုပ်တဲ့နေရာ ပိတ်ထားတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ရပ်ဝေးက လာတဲ့သူတွေ အဆင်ပြေ
အောင် အထက်ကို တင်ပြပြီးယာယီဝင်ထွက်ခွင့်ရအောင် ဆောင်ရွက်ပေးပါတယ်။ ၀င်ခွင့်ကတ်မပါရင် ကွင်း
ထဲကို ၀င်ခွင့်မပေးဘူး ဆိုပေမယ့် ရပ်ဝေးက လာတဲ့သူတွေ အဆင်ပြေအောင်လို့ပါ။
 
နေပြည်တော်နားက သူတွေကိုတော့ နောက်နေ့တွေမှ ၀င်ခွင့်ကတ်လုပ်ပြီးဝင်ဖို့ ပြောပြရတာပေါ့'' ဟု ၀ဏ္ဏ
သိဒ္ဓိ အားကစားရွာအ၀င်အထွက်ဂိတ်တစ်ခုတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြော
ပြသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် ငွေကုန်
ကြးကျများစွာ အကုန်အကျခံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အားကစား ပြိုင်ပွဲများကို ပြည်သူများ ကြည့်ရှု
နိုင်ရေးမှာ သွားရေးလာရေးနှင့်လက်မှတ်ရရှိမှု အခြေအနေများကြောင့် အခက်အခဲများစွာ ဖြစ်နေရကြောင်း
 သိရသည်။

ဒီဇင်ဘာ၁၁ ရက်က ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကြီးကျယ်ခမ်း
နားစွာ ကျင်းပခဲ့သည့်အတွက် ဂုဏ်ယူကျေနပ်သူများ ရှိသကဲ့သို့ ပြည်သူများ စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည်တို့မှာ အခြားနိုင်ငံများထက် များစွာနိမ့်ကျနေပြီး အခက်အခဲ ဖြစ်နေချိန်၊ စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခရောက်သည့် ပြည်သူများစွာ ရှိနေချိန်တွင် ဘဏ္ဍာငွေများစွာ သုံးစွဲနေမှုများအပေါ် ဝေဖန်မှုများ
လည်း ရှိနေသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment