Pages

Pages - Menu

Friday, December 13, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ဦးလေး ကို နိုင်ငံတော် သစ္စာဖောက် မှုဖြင့် မြောက်ကိုရီးယားစွပ်စွဲ ကွက်မျက်

Photo: မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ဦးလေး ကို နိုင်ငံတော် သစ္စာဖောက် မှုဖြင့် မြောက်ကိုရီးယားစွပ်စွဲ ကွက်မျက်

နေပြည်တော် ဒီဇင်ဘာ ၁၃

နိုင်ငံတော်ကို သစ္စဖောက်ရန် ကြိုးစားခဲ့သော သစ္စာဖောက်အဖြစ် စွပ်စွဲကြေညာပြီး မြောက်ကိုရီးခေါင်းဆောင် ကင်ဂျူံအန်း ဦးလေးဖြစ်သူကို ကွက်မျက်လိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ကြာသာပတေးနေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Jang Song Thaek  သည် အမျိုးသမီးလိုက်စားမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များကြောင့် ၄င်းယူထားသည့် ရာထူး အားလုံးမှ ဖယ်ရှားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် ကြေညာပြီးနောက် ၄င်းကို ကွပ်မျက်လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

Jang Song Thaek  သည် ပါတီနှင့်နိုင်ငံတော်၏ အကြွင်းမဲ့ အာဏာကို ရယူရန် သွေးရူးသွေးတန်း ရည်မှန်း ချက်များနှင့် လျှို့ဝှက် ကြံစည်ပြီး နိုင်ငံတော်ကို ဖြိုခွဲရန် ကြိုးစားခြင်း အပါအဝင် ရာဇဝတ်မှုများလည်း ကျူးလွန် ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် KCNA တွင် ဖော်ပြထားသည်။ 

“နိုင်ငံတော်ကို သစ္စာဖောက်သူသည် ခွေးထက် ဆိုးဝါးသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

Jang Song Thaek   ကို ဒေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ သံသယဖြစ်စရာ မရှိပါကြောင်း၊ အကယ်၍ အဆိုပါ သတင်းမှန်ကန်သည် ဆိုပါက မြောက်ကိုရီးယား၏ အစွန်းရောက်ရက်စက်မှုပင် ဖြစ်ကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က ပြောဆိုခဲ့ သည်။ Thaek ကို ကွက်မျက် လိုက်ပြီဆိုသည့် သတင်းနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးကြောင်း၊ အကယ်၍ အတည်ပြု နိုင်ပြီဆိုပါက မြောက်ကိုရီးယားအစိုးရ၏ အစွန်းရောက် ရက်စက်မှုကို ပြသလိုက်သည့် နောက်ထပ် ဥပမာ တစ်ခု ပင် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားကို အနီးကပ်စောင့်ကြည့်နေ ပါကြောင်း၊ ဒေသတွင်း  မိတ်ဆွေများ၊ မဟာမိတ် များနှင့် ဆွေးနွေးတိုင်ပင်လျက် ရှိပါကြောင်းလည်း ၄င်းကပြောဆိုခဲ့ သည်။
 
Jang Song Thaek သည် လွန်ခဲ့ သည့်(၂)နှစ် ခန့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်ပြီးနောက် တက်လာသည့် ကင်ဂျုံအန်းကို အမာခံ ကူညီပေးနေသူ အဖြစ် ရှု့မြင်နေကြ သည်။ မြောက်ကိုရီးယားတွင် ယင်းကဲ့သို့ ပုဂ္ဂိုလ်ရေး အပြောင်းအလဲ များ ဖြစ်လာခြင်းသည် ခေါင်းဆောင် ကင်ဂျုံအန်း အနေဖြင့် ယုံကြည်မှုမြင့်တက် လာခြင်း ကို ဖော်ပြနေခြင်း ပင်ဖြစ်ကြောင်း လေ့လာသူ အချို့က သုံးသပ်ပြောဆိုနေကြသည်။ 

တရုတ်ပုံစံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လိုလားသူ တစ်ဦး အဖြစ် လည်းကောင်း၊ အစိုးရအဖွဲ့တွင် အရေးကြီး ပုဂ္ဂိုလ်အဖြစ် လည်းကောင်း ပြင်ပမှရှု့မြင်ထားသူ တစ်ဦးကို ယင်းကဲ့သို့ ဖယ်ရှား ကွက်မျက်လိုက်ခြင်းသည် အန္တရာယ်များသော မတည်ငြိမ်မှု သို့မဟုတ် တောင်ကိုရီးယားအပေါ် တိုက်ခိုက်မှုများနှင့် မှားယွင်း တွက်ချက်မှုများ ဖြစ်ပေါ်လာမည်ကို တောင် ကိုရီးယားက စိုးရိမ်နေလျှက်ရှိကြောင်း foxnews သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

RangonNewsDaily:: December . 13 .2013
နိုင်ငံတော်ကိုသစ္စဖောက်ရန် ကြိုးစားခဲ့သောသစ္စာဖောက်အဖြစ်စွပ်စွဲကြေညာပြီး မြောက်ကိုရီးခေါင်းဆောင်
ကင်ဂျူံအန်း ဦးလေးဖြစ်သူကို ကွက်မျက်လိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ကြာသာပတေးနေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ Jang Song Thaek သည် အမျိုးသမီးလိုက်စားမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အကျင့်ပျက် ခြစား
မှု စွပ်စွဲချက်များကြောင့် ၄င်းယူထားသည့် ရာထူး အားလုံးမှ ဖယ်ရှားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာမှ တစ်
ဆင့် ကြေညာပြီးနောက် ၄င်းကို ကွပ်မျက်လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Jang Song Thaek သည် ပါတီနှင့်နိုင်ငံတော်၏ အကြွင်းမဲ့ အာဏာကို ရယူရန် သွေးရူးသွေးတန်း ရည်မှန်း ချက်များနှင့် လျှို့ဝှက် ကြံစည်ပြီး နိုင်ငံတော်ကို ဖြိုခွဲရန် ကြိုးစားခြင်း အပါအဝင် ရာဇဝတ်မှုများလည်း ကျူးလွန် ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် KCNA တွင် ဖော်ပြထားသည်။

“နိုင်ငံတော်ကို သစ္စာဖောက်သူသည် ခွေးထက် ဆိုးဝါးသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Jang Song Thaek ကို ဒေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ သံသယဖြစ်စရာ မရှိပါကြောင်း၊ အကယ်၍ အဆိုပါ သတင်းမှန်ကန်သည် ဆိုပါက မြောက်ကိုရီးယား၏ အစွန်းရောက်ရက်စက်မှုပင် ဖြစ်ကြောင်း အမျိုးသား လုံ
ခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က ပြောဆိုခဲ့ သည်။ Thaek ကို ကွက်မျက် လိုက်ပြီဆိုသည့် သတင်းနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးကြောင်း၊ 
 
အကယ်၍ အတည်ပြု နိုင်ပြီဆိုပါက မြောက်ကိုရီးယားအစိုးရ၏ အစွန်းရောက် ရက်စက်မှုကို ပြသလိုက်သည့်
နောက်ထပ် ဥပမာ တစ်ခု ပင် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားကို အနီးကပ်စောင့်ကြည့်နေ ပါကြောင်း၊ ဒေ
သတွင်း မိတ်ဆွေများ၊ မဟာမိတ် များနှင့် ဆွေးနွေးတိုင်ပင်လျက် ရှိပါကြောင်းလည်း ၄င်းကပြောဆိုခဲ့ သည်။

Jang Song Thaek သည် လွန်ခဲ့ သည့်(၂)နှစ် ခန့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်ပြီး
နောက်တက်လာသည့်ကင်ဂျုံအန်းကိုအမာခံကူညီပေးနေသူ အဖြစ် ရှု့မြင်နေကြ သည်။ မြောက်ကိုရီးယား
တွင် ယင်းကဲ့သို့ ပုဂ္ဂိုလ်ရေးအပြောင်းအလဲများ ဖြစ်လာခြင်းသည် ခေါင်းဆောင်ကင်ဂျုံအန်းအနေဖြင့်ယုံကြည်
မှုမြင့်တက် လာခြင်း ကို ဖော်ပြနေခြင်း ပင်ဖြစ်ကြောင်း လေ့လာသူ အချို့က သုံးသပ်ပြောဆိုနေကြသည်။

တရုတ်ပုံစံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုလိုလားသူတစ်ဦးအဖြစ်လည်းကောင်း၊အစိုးရအဖွဲ့တွင် အရေးကြီး
ပုဂ္ဂိုလ်အဖြစ် လည်းကောင်း ပြင်ပမှရှု့မြင်ထားသူ တစ်ဦးကို ယင်းကဲ့သို့ ဖယ်ရှား ကွက်မျက်လိုက်ခြင်းသည် အန္တရာယ်များသော မတည်ငြိမ်မှု သို့မဟုတ် တောင်ကိုရီးယားအပေါ် တိုက်ခိုက်မှုများနှင့် မှားယွင်း တွက်ချက်
မှုများ ဖြစ်ပေါ်လာမည်ကို တောင် ကိုရီးယားက စိုးရိမ်နေလျှက်ရှိကြောင်းfoxnews သတင်းတစ်ရပ်တွင် ဖော်
ပြထားသည်။
 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment