တောင်အာဖရိကခေါင်းဆောင်ဟောင်းရဲ့ ရုပ်ကလာပ်ကို မြှုပ်နှံမယ့် Qunu အရပ်ဆီ သယ်ဆောင်စဉ် မြင်ကွင်း။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃) |
RangonNewsDaily:: December . 15 .2013
တောင်အာဖရိကနိုင်ငံမှာကွယ်လွန်သူခေါင်းဆောင်ကြီး Nelson Mandelaကိုသူငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့
တောင်အာဖရိကနိုင်ငံမှာကွယ်လွန်သူခေါင်းဆောင်ကြီး Nelson Mandelaကိုသူငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့
တဲ့ Qunu ရွာမှာ မြေမြှုပ် သင်္ဂြိုဟ်
လိုက်ပါပြီ။ ကွယ်လွန်သူခေါင်းဆောင်ကြီးကို ဂုဏ်ပြုပြီး တေးဂီတနဲ့
တီး
မှုတ်ဖျော်ဖြေမှုတွေ ဂုဏ်ပြုစကားပြောကြားမှုတွေ ပြုလုပ်ခဲ့တဲ့ Qunu ရွာက
ဈာပနအခမ်းအနားကို တက်ရောက်ဖို့ သူ့ရဲ့မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့
ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ Qunu ရွာငယ်လေးဆီ ရောက်လာခဲ့ကြပါတယ်။
နောက် သင်္ချိုင်းမြေမှာ မြေမြှုပ်သင်္ဂြိုဟ်တဲ့ အခမ်းအနားကိုတော့ဧည့်ပရိသတ်နည်းနည်းနဲ့ပဲကျင်းပခဲ့ပြီး သေ
နောက် သင်္ချိုင်းမြေမှာ မြေမြှုပ်သင်္ဂြိုဟ်တဲ့ အခမ်းအနားကိုတော့ဧည့်ပရိသတ်နည်းနည်းနဲ့ပဲကျင်းပခဲ့ပြီး သေ
နတ် ၂၁ ချက်ပစ်ဖောက်၊ ကောင်းကင်မှာ
စစ်ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ ပျံသန်းဂုဏ်ပြုခဲ့ကြပြီး Mr. Mandela ရဲ့
ခေါင်းတလားကို မြေမြှုပ် သင်္ဂြိုဟ်လိုက်ကြပါတယ်။
တောင်အာဖရိကနိုင်ငံက လူဖြူလူမည်းခွဲခြားတဲ့ အစိုးရ ချုပ်ငြိမ်းသွားဖို့ အဓိကကြိုးပမ်းပေးခဲ့သူ တောင်အာ
တောင်အာဖရိကနိုင်ငံက လူဖြူလူမည်းခွဲခြားတဲ့ အစိုးရ ချုပ်ငြိမ်းသွားဖို့ အဓိကကြိုးပမ်းပေးခဲ့သူ တောင်အာ
ဖရိကနိုင်ငံရဲ့ ပထမဆုံးလူမည်းသမ္မတ Nelson
Mandela ကွယ်လွန်သွားခဲ့လို့ ပူဆွေးအောက်မေ့မှုတွေ ၁၀ ရက်ကြာ
ပြုလုပ်နေခဲ့ကြပြီး အခုနောက်ဆုံး ဈာပန အခမ်းအနားကျင်းပတာပါ။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာ သမ္မတ Jacob Zuma က ကွယ်လွန်သူ Mr Nelson Mandela ဟာ ဉာဏ်ပညာကြီးမားသူ ဖြစ်တယ်၊ အားအင်တွေအတွက် မဏ္ဍိုင်ဖြစ်ပြီး တရားမျှတမှုရှိ
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာ သမ္မတ Jacob Zuma က ကွယ်လွန်သူ Mr Nelson Mandela ဟာ ဉာဏ်ပညာကြီးမားသူ ဖြစ်တယ်၊ အားအင်တွေအတွက် မဏ္ဍိုင်ဖြစ်ပြီး တရားမျှတမှုရှိ
တဲ့သာတူညီမျှအခွင့်အရေးနဲ့ကမ္ဘာကြီးဖြစ်အောင် ကြိုးစားနေကြသူတွေအတွက်
မျှော်လင့်ချက်ရဲ့ရောင်ခြည်
ဖြစ်တယ်လို့ ပြောသွားပါတယ်ရှင်။
VOA , kolatt(PBDN)
RangonNewsDaily
VOA , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment