RangonNewsDaily:: December . 16 .2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေမအရိုးအဆစ် နာကျင်နေတာကြောင့် ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေမအရိုးအဆစ် နာကျင်နေတာကြောင့် ဒီ
ကနေ့မနက်ပိုင်းကအာရှတော်ဝင်ဆေးရုံမှာခွဲစိတ်ကုသခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန် ဒေါက်
တာ တင်မျိုးဝင်းက ဒီနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ အဲဒီ် ခွဲစိတ်ကုသမှုနဲ့ ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်းက ဒီနေ့မနက်က အာရှတော်ဝင်ဆေးရုံမှာ အခုလို
ပြောပါတယ်။
“ခွဲစိတ်ကုသမှုကမနက်၇နာရီခွဲမှာစတယ်၊၉ နာရီမှာပြီးတယ်၊အားလုံးကောင်းပါတယ်၊အဓိကခွဲတဲ့အကြောင်း
“ခွဲစိတ်ကုသမှုကမနက်၇နာရီခွဲမှာစတယ်၊၉ နာရီမှာပြီးတယ်၊အားလုံးကောင်းပါတယ်၊အဓိကခွဲတဲ့အကြောင်း
အရင်းက ခြေမကအထဲကို
နည်းနည်းလေးယိုင်တော့ ဒီအဆစ်ကအရမ်းနာတယ်၊ အဓိကက နာတဲ့အတွက်
ဘိနပ်စီးတဲ့နေရာ၊ နောက်ခရီးသွားတဲ့နေရာမှာ တော်တော်လေးကို အခက်အခဲရှိတယ်၊သိတဲ့အတိုင်းပဲခရီး
အများကြီးသွားရတဲ့အခါကျတော့၊ အဲဒါအသေးစား
ခွဲစိတ်မှုဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလဟာလတွေ ထွက်ပေါ်လာမှာစိုးတဲ့အတွက် အခုလို သတင်းထောက်တွေကို တရားဝင်ရှင်းပြရတာဖြစ်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
ဒီခွဲစိတ်ကုသမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ရက်နီးပါးလောက် အနားယူရမှာဖြစ်ပါတယ်။
RFA , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment