ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃) |
RangonNewsDaily:: December . 21 .2013
မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေ
မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေ
တယ်လို့ ရေးသားခဲ့တဲ့ထိုင်းနိုင်ငံဖူးခက်အခြေစိုက်သတင်းထောက် နှစ်ဦးကိုထိုင်းရေတပ်ကနေအသရေဖျက်
မှုနဲ့
တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော်က သတင်းထောက်တွေကို
အသရေဖျက်မှု တရားစွဲဆိုမှုကို ချက်ချင်း ရုပ်သိမ်း
သင့်တယ်ဆိုပြီးသတင်းထောက်ကာကွယ်ရေး ကော်မတီCPJက တောင်းဆိုလိုက်တဲ့ အကြောင်းမသီင်္ဂီထိုက်
က
တင်ပြထားပါတယ်။
ထိုင်းတော်ဝင် ရေတပ်မတော်ကထိုင်းနိုင်ငံဖူးခက်အခြေစိုက် Phuketwan အွန်လိုင်း သတင်းဌာနက သတင်း
ထိုင်းတော်ဝင် ရေတပ်မတော်ကထိုင်းနိုင်ငံဖူးခက်အခြေစိုက် Phuketwan အွန်လိုင်း သတင်းဌာနက သတင်း
ထောက် နှစ်ဦး ဖြစ်တဲ့Alan
Morisonနဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့
သတင်းတပုဒ် အတွက် ၂၀၀၇ ခုနှစ်ကွန်ပျူတာရာဇ၀တ်မှုအက်ဥပဒေနဲ့ ဒီဇင်ဘာလ၁၈
ရက်နေ့ကတရားစွဲဆိုလိုက်တာဖြစ်
ပါတယ်။
ဒီသတင်းထောက် နှစ်ဦးက မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အပေါ်ကနေ ထိုင်း
ဒီသတင်းထောက် နှစ်ဦးက မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အပေါ်ကနေ ထိုင်း
စစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို
ဇူလိုင်လ ၁၇ ရက်နေ့က ရေး
သားဖော်ပြခဲ့ကြတာပါ။
ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့် အစား ဒီသတင်း
ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့် အစား ဒီသတင်း
အချက်အလက်တွေ မှန်ကန်နေသလားဆိုတာကို ရေတပ်မတော်အတွင်းစုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်
လို့ အမေရိကန် အခြေစိုက် သတင်းထောက်
ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn
Crispin က ဆိုပါတယ်။
အခုလို သတင်းထောက်တွေကို တရားစွဲဆိုတာရဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုး
အခုလို သတင်းထောက်တွေကို တရားစွဲဆိုတာရဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုး
ဖောက်မှုတွေကို သတင်းတွေ
ဖော်ထုတ်ရေးသားမှုကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်တာလို့ CPJ ရဲ့ ကြေညာချက်မှာ သူကထည့်သွင်းပြောဆိုပါတယ်။
ထိုင်း တော်ဝင် ရေတပ်မတော် အနေနဲ့
သတင်းထောက်တွေကို ရာဇ၀တ်မှုနဲ့ တရားစွဲဆိုမှုကို ချက်ချင်း
ပယ်
ဖျက်ပေးဖို့လည်း CPJ က တောင်းဆိုလိုက်ပါတယ်။ CPJ ရဲ့ အာရှအစီအစဉ်ရဲ့
တာဝန်ခံ Bob Dietz ကတော့ ဒီကိစ္စ အပေါ်မှာ အခုလို ပြောဆိုလိုက်ပါတယ်။
"အခုဟာက အသရေဖျက်မှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဘာ
"အခုဟာက အသရေဖျက်မှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဘာ
တွေ့ရသလဲဆိုတော့ သတင်းထောက်တွေရဲ့
အခွင့်အရေးကို ပံ့ပိုး ပေးမယ့် အစား တရားဥပဒေ အရ အရေး
ယူနိုင်အောင်လုပ်ဆောင်နေပါတယ်။ဒီကိစ္စမှာဆိုရင်လည်းအစိုးရကဒီနည်းလမ်းကို သုံးတာဘဲ
ဖြစ်ပါတယ်
။ ထိုင်းတော်ဝင် ရေတပ်မတော်အနေနဲ့လည်းသတင်းထောက် နှစ်ယောက်ကိုအခုလိုတရားစွဲဆိုမှုကို ပြန်ပြီး
သုံးသပ်စဉ်းစားသင့်ပါတယ်။"
အခု ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Alan Morison နဲ့ Chutima Sidasathian တို
အခု ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Alan Morison နဲ့ Chutima Sidasathian တို
့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မတိုင်ခင် တရားရုံးတင်
စစ်ဆေးမယ့်လို့ ခန့်မှန်းရပါတယ်။
တကယ်လို့ ထိုင်းရေတပ်မတော်ကို
အသရေဖျက်ခဲ့တယ်လို့ ပြစ်မှု ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ် ဒါမှ
မဟုတ်လည်း
ထိုင်းဘတ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ဒဏ်ကြေးငွေ
ပေးဆောင်ရမှာ
လည်း ဖြစ်ပါတယ်။
VOA , kolatt(PBDN)
RangonNewsDaily
VOA , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment