Pages

Pages - Menu

Saturday, December 21, 2013

လူ့အခွင့်အရေးသမားက ပေးတဲ့ သေဒဏ်


RangonNewsDaily:: December . 21 .2013
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနဲ့ပတ်သက်တဲ့ ပေးစာတစောင်ကို ဧရာဝတီက လက်ခံရရှိ ထားပါတယ်။ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ဧရာဝတီရေ….
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကြီးက အမျိုးသမီး ဘောလုံးဒိုင်ကို ဖေ့စ်ဘုတ်ပေါ်က သေဒဏ်ပေးလိုက် တဲ့အဖြစ်ကို စာရေးပို့လိုက်ပါတယ်။

ကျနော်တို့ မြန်မာပြည်မှာက နာမည်ကြီး မီဒီယာဆိုတာတွေက ဒေါ်အောင်ဆန်းစုကြည်တို့၊ အတိုက်အခံ နာမည်ကြီးတွေနဲ့ ဆိုရင် လက်ရှောင်တတ်ကြလို့ မီဒီယာတာဝန်ကို အတတ်နိုင်ဆုံး ကျေကျေပွန်ပွန် ဘက် မလိုက်ပဲ ထမ်းဆောင်နေတဲ့ ဧရာဝတီကို ပဲ စာရေးလိုက်ရတာပါ။

တနေ့က မြန်မာနဲ့ ထိုင်း အမျိုးသမီးဘောလုံးပွဲကို ကျနော်တို့လည်း မျိုးချစ်စိတ်နဲ့ မြန်မာအသင်းကိုပဲ အားပေးခဲ့ကြပါတယ်။ မြန်မာအသင်းရှုံးလို့ အတော်စိတ်မကောင်းဖြစ်နေခဲ့ချိန်မှာ ကျနော်တို့ လေးစားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ၊ လယ်သမား အရေး၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီ သူရဲကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အသေးစားလေး စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ မစုစုနွေး ရဲ့
ဖေ့စ်ဘုတ် ကို သွားကြည့်လိုက်တဲ့အချိန်မှာ အကြီးအကျယ် တုန်လှုပ်မှုဖြစ်ခဲ့ရပါတယ်။

မြန်မာ- ထိုင်း အမျိုးသမီး ဘောလုံးပွဲမှာ ကွင်းလယ်ဒိုင် ခရစ်ယာန်ဘာသာကိုးကွယ်သူ အိန္ဒိယနိုင်ငံက Maria Rebello ကို အားမလိုအားမရနဲ့ ဖေ့စ်ဘုတ်ရဲ့ စတေးတပ်စ်မှာ အခုလို စရေးပါတယ်။

“ကွင်းလည်ဒိုင် ကုလားမကို ဆုံးမမယ့်သူ မရှိကြ တော့ဘူးလား”

မစုစုနွေး အဲဒီလို ရေးပြီးအောက်မှာ ကွန်မန့်တွေက ထောက်ခံသူတွေ၊ ထောက်ပြသူတွေနဲ့ အတော်ပွဲ ဆူသွားခဲ့ပါတယ်။

“အမှန်တော့ ဒိုင်က ခရစ်ယာန် ခက်တာက လူမျိုးရေး ခွဲခြားနှိမ့်ချလိုတဲ့ သဘောနဲ့အမဲမြင် ကုလားထင်နေ တဲ့ မြန်မာပြည် လို မယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ အရိုးစွဲအမြစ်တွယ်နေရတဲ့ကြားထဲ မစုစုနွေးတို့လို .. လူ့အခွင့်အရေးတွက် တိုက်ပွဲ ၀င်နေပါတယ် ဆိုတဲ့သူတောင်သုံးနှုံးနေမှတော့ မြန်မာ့ လူအဖွဲ့အစည်း ဟာ ကောင်းဖို့အလားအလာရော ရှိသေးရဲ့ လား လို့မေးခွန်းထုတ်ရတော့မယ် ထင်တယ်”

“နေမတတ်လို့ ဝင်ရေးကြည့်အုံးမယ် မစုစုနွေးပြောတာက ကုလားမလို့ သုံးနုံးထားတာလေ မွတ်ဆလင် မလို့ သုံးနုံးထား တာမှ မဟုတ်တာ ခရစ်ယန် တို့ မွတ်ဆလင်တို့ ဆိုတာ ဘာသာကို ပြောနေတာ ဘာသာ နဲ့ လူမျိုး ကို ကွဲပြားအောင် ကြည့် ပါအုံး အကိုတို့ ရာ”

“လူအခွင့်အရေး လုပ်သူကြီးကဒီလိုစကားမျိုးထွက်သတဲ့လား! အမရေ ကလားလို့ပြောလို့မနာဘူး ရပ်ကွက်ထဲက လူတွေ ပြောနေကြတာရိုးနေပီ။ ဒါပေမယ့် လူအခွင့်အရေး လုပ်နေပါတယ်ဆိုတဲ့လူမျိုးက ဒီလိုပြောတာ တော့ အပြောနဲ့အလုပ် က တော့ တောင်နဲ့မြောက်ပဲ”

အဲဒီလို ရေးသားဝေဖန်ထောက်ပြမှုတွေအပြီး မစုစုနွေးရဲ့ နောက်ထပ်ရေးလိုက်တဲ့ စာသားက အတော်တုန် လှုပ်စရာဖြစ်ခဲ့ ရတာပါ။

“အဲဒီ ကုလားမ ကို သတ်ပြစ်လိုက်”တဲ့။

ကဲ ဧရာဝတီနဲ့ ဧရာဝတီ ပရိသတ်များ စဉ်းစားကြည့်ကြပါဗျာ။ ဒီစာကို ဧရာဝတီကတော့ ဖော်ပြပေးမယ်လို့ ယုံကြည်ပါတယ်။

ကျနော်တို့ အားကိုးတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဦး ဆောင် တိုက်ပွဲဝင်နေသူတွေက ဒီလိုမျိုး ပြောနေ ကြ ပြီဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးရပါတော့မလဲ။

ကိုလင်း ( ဒဂုံ )

ဧရာဝတီblog





 

No comments:

Post a Comment