Pages

Pages - Menu

Monday, December 30, 2013

ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများကို ပိုမိုအလေးထားသူ ဒေးဗစ်ဘက်ခမ်း

Photo: ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများကို ပိုမိုအလေးထားသူ ဒေးဗစ်ဘက်ခမ်း
Monday, December 30, 2013

ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သည့် ဒေးဗစ်ဘက်ခမ်းက ၎င်း၏ ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးလေးဦးကိုသာ ပိုမိုအလေးထားပါကြောင်း၊ ရရှိလာမည့် ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများအတွက် အချိန်ပေးခြင်းကသာ သူ့ဘ၀အတွက် ပို၍အရေးကြီးပါကြောင်း ဗြိတိန်မဂ္ဂဇင်းတစ်စောင်သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဘက်ခမ်းအား အဲလိဇဘက်ဘုရင်မကြီး(၂)က နှစ်သစ်ကူးကာလတွင် အားကစားကဏ္ဍများ၌ ပါဝင်ကူညီထောက်ပံ့မှုများအတွက် ၎င်းအား ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ဘက်ခမ်းအနေဖြင့်မူ ယင်းအတွက် စိတ်လှုပ်ရှားခြင်းမရှိဘဲ သားသမီးလေးဦးနှင့်သာ အလုပ်များလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဘက်ခမ်းသည် ယခုလက်ရှိတွင် ဇနီးသည် ဗစ်တိုးရီးယားနှင့်အတူ အသက်(၁၄)နှစ်အရွယ် ဘရွတ်ကလင်း၊ အသက်(၁၁)နှစ်အရွယ် ရိုမီရို၊ ရှစ်နှစ်အရွယ် ခရုဇ်နှင့် အသက်နှစ်နှစ်အရွယ် ဟာပါတို့နှင့်အတူ သာမန်မိသားစု ဘ၀တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း၊ ကလေးများကို ကျောင်းပို့ခြင်း၊ ဘောလုံးလေ့ကျင့်ပေးခြင်းနှင့် အကသင်တန်းကြို/ပို့ခြင်းတို့သည် ဘက်ခမ်းအတွက် ပုံမှန် အလုပ်များဖြစ်နေပါကြောင်း ဆိုသည်။

ဆက်လက်ပြီး “ကလေးတွေက ဘယ်လိုအောင်မြင်မှုလမ်းကြောင်းကိုပဲရွေးရွေး ကူညီထောက်ပံ့ပေးဖို့ အသင့်ပါပဲ။ သူတို့လေးတွေက ကြီးမားတဲ့ ကျွန်တော့်ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပါပဲ” ဟု ပြောကြားခဲ့သည်။

The Mirror Daily

RangonNewsDaily:: December . 30 .2013
ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သည့် ဒေးဗစ်ဘက်ခမ်းက၎င်း၏ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီး
လေးဦးကိုသာပိုမိုအလေးထားပါကြောင်း၊ရရှိလာမည့် ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများအတွက် အချိန်
ပးခြင်းကသာ သူ့ဘ၀အတွက် ပို၍အရေးကြီးပါကြောင်း ဗြိတိန်မဂ္ဂဇင်းတစ်စောင်သို့ ထုတ်ဖော်ပြောကြားခဲ့
သည်။ ဘက်ခမ်းအားအဲလိဇဘက်ဘုရင်မကြီး(၂)က နှစ်သစ်ကူးကာလတွင်အားကစားကဏ္ဍများ၌ပါဝင်ကူညီထောက်
ပံ့မှုများအတွက်၎င်းအားဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာဘက်ခမ်းအနေ
ဖြင့်မူ ယင်းအတွက် စိတ်လှုပ်ရှားခြင်းမရှိဘဲ သားသမီးလေးဦးနှင့်သာ အလုပ်များလျက်ရှိကြောင်း ပြောကြား
ခဲ့သည်။

ဘက်ခမ်းသည် ယခုလက်ရှိတွင် ဇနီးသည် ဗစ်တိုးရီးယားနှင့်အတူ အသက်(၁၄)နှစ်အရွယ် ဘရွတ်ကလင်း၊ အသက်(၁၁)နှစ်အရွယ်ရိုမီရို၊ရှစ်နှစ်အရွယ်ခရုဇ်နှင့် အသက်နှစ်နှစ်အရွယ် ဟာပါတို့နှင့်အတူ သာမန်မိသား
စုဘ၀တစ်ခုကိုတည်ဆောက်လျက်ရှိကြောင်း၊ ကလေးများကို ကျောင်းပို့ခြင်း၊ ဘောလုံးလေ့ကျင့်ပေးခြင်းနှင့်
အကသင်တန်းကြို/ပို့ခြင်းတို့သည် ဘက်ခမ်းအတွက် ပုံမှန် အလုပ်များဖြစ်နေပါကြောင်း ဆိုသည်။

ဆက်လက်ပြီး “ကလေးတွေကဘယ်လိုအောင်မြင်မှုလမ်းကြောင်းကိုပဲရွေးရွေး ကူညီထောက်ပံ့ပေးဖို့ အသင့်
ပါပဲ။ သူတို့လေးတွေက ကြီးမားတဲ့ ကျွန်တော့်ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပါပဲ” ဟု ပြောကြားခဲ့သည်။

The Mirror Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment