RangonNewsDaily:: December . 30 .2013
အီဂျစ်နိုင်ငံကိုင်ရိုမြို့Al-Azhar တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ရဲတွေရဲ့ ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၂၉ ရက်

နေမှာလည်း ၃ ရက်မြောက်နေ့အဖြစ်ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေ အထိအခိုက်ရှိခဲ့တယ်လို့
မော်စီ အာဏာအသိမ်းခံရအပြီး ရဲတွေနဲ့ အဓိက
ထိပ်တိုက်တွေနေတဲ့ နေရာတခု ဖြစ်ပါတယ်။
ကျောင်းသားတွေက ကျောင်းဝန်းထဲကနေ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရပ်ကွက်သားတွေကလည်း သူ့တို့ကို

ပြန်ပြီး ပစ်ပေါက်နေကြပါတယ်။
မွတ်စလင်ညီအစ်ကိုတော်များပါတီကို ဒီဇင်ဘာလ ၂၅ က အကြမ်းဖက်ပါတီအဖြစ် အစိုးရက တရားဝင်သတ်

မှတ်အပြီး ပါတီအပေါ် ဖိနှိပ်မှုတွေကို
တိုးမြှင့်လုပ်ဆောင်လာပါတယ်။
ညီအစ်ကိုတော်များပါတီက Al-Azhar တက္ကသိုလ်ဆန္ဒပြပွဲတွေကို တော်လှန်ရေးရဲ့ ဘူမိနက်သန်အဖြစ် သတ်

မှတ်ပြီး ထောက်ခံအားပေးနေပါတယ်။
ကျောင်းသားတွေကလည်း ဖြိုခွင်းမှုတွေအတွင်း ကျောင်းသားတွေ သေဆုံးခဲ့မှုအတွက် လပတ် စာမေးပွဲကို သပိတ်မှောက်မယ်လို့ ဆိုပါတယ်။
ညီအစ်ကိုတော်များပါတီကိုအကြမ်းဖက်ပါတီအဖြစ်သတ်မှတ်အပြီးပထမဆုံးအဖမ်းခံရသူတွေကတော့ ကျောင်း

သားတွေပဲဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က
အဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၇ ဦးကို ဆက်လက်ထိန်းသိမ်း
ထားဖို့
အမိန့်ထုတ်ထားပါတယ်။
ဒီဇင်ဘာ၂၉ ရက်နေ့ကAl-Azharတက္ကသိုလ်ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကျောင်းသား ၃၅ ယောက်

ကို
ဆေးကုသပေးခဲ့ရပြီး ၁၅ ယောက်ကိုတော့ ဆေးရုံတင်ပို့ခဲ့ရတယ်လို့
လုံခြုံရေးတွေက ဆိုပါတယ်။
အစိုးရကတော့အကြမ်းဖက်မှုတွေကို နှိမ်နင်းနေပြီး တဖက်မှာလည်း နောက်နှစ်အတွင်း သမ္မတရွေးကောက်

ပွဲနဲ့
ပါလီမန်ရွေးကောက်ပွဲတွေကို လုပ်မယ့် အသွင်ကူးပြောင်းရေး
လမ်းကြောင်းအတိုင်းသွားဖို့ အကောင်အ
ထည်ဖော်နေပါတယ်။
နိုင်ငံရေးသုံးသပ်သူတွေကတော့အီဂျစ်နိုင်ငံမှာမွတ်စလင်အစွန်းရောက်တွေရဲ့အကြမ်းဖက်မှုတွေဆက်တိုက်

ဖြစ်ပွားနိုင်ပြီး ညီအစ်ကိုတော်များပါတီကို
ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေအကြား လူထုပဋိပက္ခတွေ
ကိုလည်း
ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ , kolatt(PBDN)
RangonNewsDaily
ဒီဗွီဘီ , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment