Pages

Pages - Menu

Wednesday, December 4, 2013

မန္တလေး ဒိုင်းမွန်းပလာဇာ ကားပါကင်တွင် အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဆင်ထားသည့် ဒစ်ဂျစ်တယ်နာရီ အစုံလိုက် တွေ့ရှိ

RangonNewsDaily:: December . 4 .2013
ဒီဇင်ဘာ ၂ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ကားပါကင်တွင် အထိတ်တလန့်

ဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဆင်ထားသည့် ဒစ်ဂျစ်တယ်နာရီ အစုံလိုက် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ဗုံးဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ထားရှိခဲ့သည့် အဆိုပါ ဒစ်ဂျစ်တယ်နာရီ အစုံလိုက်ကို ကားပါ
ကင် ငွေကောက်ခံသူ နေ့စားဝန်ထမ်းမှ ဒိုင်းမွန်းပလာဇာ ကားပါကင် မြေအောက်ထပ်ရှိကွန်ကရစ်တိုင်
အောက်ခြေ၌ တွေ့ရှိသဖြင့်ကုလားထိုင်ပေါ်သို့တင်ထားပြီးနောက်သက်ဆိုင်ရာသိုအကြောင်းကြားခဲ့ခြင်းဖြစ်
ကြာင်း သိရသည်။ 
 ယင်းကိရိယာကိုဗုံးရှာဖွေရေးတာဝန်ရှိသူများကစစ်ဆေးရာသံဖြူဘူးခွံ (ကားဒိုင်အုတ်ပုံစံ) နံဘေးတွင် ဓာတ်
ခဲနာရီအနက် (ဒစ်ဂျစ်တယ် ဂဏန်းပါ)ကို အပြာရောင်တိပ်ဖြင့် ပတ်လျက် တွေ့ရှိရပြီး ပေါက်ကွဲစေနိုင်သည့်
ယမ်းပါခြင်း ရှိမရှိ စစ်ဆေးရန် ထည့်ကာယူဆောင်သွားခဲ့သည်။

"အသေးစိတ် စစ်ဆေးချက်အရ လျှပ်စစ်တိုင်းကိရိယာ ဆားကစ်အအပျက် တစ်ခုနဲ့၊ ဒစ်ဂျစ်တယ် နာရီကို အ

သုံးပြုထားပြီး Power Supply တပ်ဆင်ထားခြင်း မရှိသလို ယမ်း၊ ဒီတိုနီတာတို့မပါဝင်လို့အထိတ်တလန့် ဖြစ်
စေဖို့ ရည်ရွယ်ထားတယ်လို့ သုံးသပ်ထားပါတယ်" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး ဇော်
မင်းဦးက ဆိုသည်။

ဒိုင်းမွန်းပလာဇာတစ်ခုလုံးတွင်CCTVကင်မရာ ၃၀ လုံးရှိပြီး အခင်းဖြစ်ပွားခဲ့ရာ မြေအောက်ထပ် ကားပါကင်

တွင် သုံးလုံးသာရှိကြောင်း၊ အဆိုပါ ကင်မရာ သုံးလုံးမှာ အရည်သွေးပြည့်မှု နည်းခြင်း၊ ကားပါကင် ဧရိယာ
မှာ လေးဧကကျော်အကျယ်အ၀န်း ရှိသဖြင့် ကင်မရာ အရေအတွက်နှင့် လုံလောက်မှု မရှိသဖြင့် လုံခြုံမှု အား
နည်းနေကြောင်းနှင့် ကင်မရာကို ပြန်လည်စစ်ဆေးစဉ်တွင် သဲကွဲစွာ မမြင်ရကြောင်း သိရသည်။ 

"တပ်ဆင်ထားတဲ့ ကင်မရာ အားနည်းချက်ကြောင့် ပြန်စစ်ဆေးရာမှာ အခက်အခဲ ရှိပါတယ်။ ကားပါကင် ၀န်
ထမ်းကောင်လေး ဒီပစ္စည်းကို သယ်လာတာပဲ တွေ့ရပြီး ရှေ့ကဖြစ်စဉ်တွေ ဘာမှမတွေ့ရပါဘူး။ 

၎ ပြပတ်လည် အကျယ်ကြီးမှာ ကင်မရာ သုံးလုံးပဲရှိတာ လုံခြုံမှု အားနည်းလို့ ထပ်တိုးဖို့တော့ အကြံပြုထား
တယ်။ အခု ကားပါကင်က ၀န်ထမ်းကိုပဲ သက်သေတွေရှေ့မှာ စစ်ဆေးနေပါတယ်" ဟု တိုင်းရဲတပ်မှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment