Pages

Pages - Menu

Wednesday, December 4, 2013

တပ်မတော် အက်ဥပဒေဖြင့် ထောင်ဒဏ်ကျခံ နေရသူများ အပါအ၀င် အကျဉ်းသား ၈၀ ကျော်အား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ကာ သမ္မတထံ တင်ပြမည်

Photo: တပ်မတော် အက်ဥပဒေဖြင့် ထောင်ဒဏ်ကျခံ နေရသူများ အပါအ၀င် အကျဉ်းသား ၈၀ ကျော်အား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ကာ သမ္မတထံ တင်ပြမည်
Wednesday, December 4, 2013

တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသူ အများစု ပါဝင်သည့် အကျဉ်းသား ၈၀ ကျော်အား ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်သွားမည် ဖြစ်သည်ဟု အဆိုပါကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ရန် ဆောင်ရွက်နေသည့် အကျဉ်းသား ၈၀ ကျော်တွင် ထပ်မံ၍ စာရင်းရှိသည့် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ စသည်တို့နှင့် ပြစ်ဒဏ်ကျခံ နေရသူ ၂၀ ကျော် ပါဝင်သည်ဟုလည်း ဦးရဲအောင်က ပြောကြားသည်။

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ ပုဒ်မတွေနဲ့ တပ်မတော် အက်ဥပဒေပေါ့ဗျာ။ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ပုဒ်မတွေနဲ့ အဲဒီပုဒ်မ နှစ်ခုက အများဆုံးပဲ" ဟု ဒီဇင်ဘာ ၇ ရက်တွင် စိစစ်မည့် အကျဉ်းသားများနှင့် ပတ်သက်ပြီး ဦးရဲအောင်က ပြောကြားသည်။

တပ်မတော် အက်ဥပဒေနှင့် ပြစ်ဒဏ်ကျခံ နေရခြင်းမှာ တပ်မတော် အရာရှိ အချို့သည် အင်တာနက် စာမျက်နှာမှာ ၎င်းတို့ ခံစားနေရ သည်များကို စာရေးသားတင်ခြင်း၊ အချို့အရာရှိများသည် တပ်မှထွက်၍ အခြားနိုင်ငံများသို့ သွားရောက်ကာ လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာစဉ် အဖမ်းခံရခြင်း စသည့်ကိစ္စရပ်များနှင့် ပြစ်ဒဏ်ကျခံ နေရသူများဖြစ်ကြောင်း ဦးရဲအောင်က ရှင်းပြထားသည်။

နိုင်ငံတော် သမ္မတက ပြည်ပနိုင်ငံများနှင့် ပြည်သူလူထုတို့အား ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု ကတိပေး ပြောကြားထားမှုများရှိရာ အစိုးရ ၀န်ကြီးဌာနများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီသည် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ စာရင်းတွေထဲမှာ အခုပထမအဆင့် အနေနဲ့ အမှုတွဲ ဖတ်ရတဲ့အဆင့် ရောက်နေပါပြီ။ ပုဒ်မ ၁၈ တို့ ၅၀၅(ခ) တို့ကျတော့ အမှုတွဲ ဖတ်စရာ မလိုဘူးပေါ့။ ဥပမာ မူးယစ်ဆေးဝါး ပုဒ်မတွေကျတော့ မူးယစ်ဆေးဝါးက ဘလောက်တုန်းတွေ မိတာလား တချို့ကျတော့ ယာဘဆေးပြား လေးပြားမိတယ်ဗျာ။ ဒါပေမဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတော့ မူးယစ်ပုဒ်မကြီး တပ်ပြီးတော့ ထောင်ချလိုက်တယ်။ ဒါမျိုးတွေပေါ့။ တော၊ ကျေးရွာတွေမှာ တူမီးသေနတ်မိတယ်။ ဒါကိုပဲ လက်နက်ပုဒ်မကြီးတပ်ပြီး သောင်းကျန်းသူနဲ့ ဆက်နွှယ်တယ်ဆိုပြီး လက်နက်ပုဒ်မတပ်ပြီး ထောင်ချလိုက်တယ် ဆိုတာမျိုးတွေ တွေ့ရတယ်။ ဒါတွေကို ၇ ရက် အစည်းအဝေးကျရင် တင်ပြမှာပါ" ဟု ဦးရဲအောင်က ရှင်းပြသည်။

လာမည့်ကော်မတီ အစည်းအဝေးတွင် ပုဒ်မအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံ နေရသည့် အကျဉ်းသား ၈၂ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ကာ ကော်မတီ အစည်းအဝေး အပြီးတွင် နိုင်ငံတော် သမ္မတထံ တင်ပြမည်ဖြစ်ကြောင်းနှင့် ယင်းသို့တင်ပြပြီး မကြာမီ ရက်များအတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးနိုင်ကြောင်း ကော်မတီ အဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရသည်။

Eleven Media Group 

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင်များကို ပြီးခဲ့သည့်လက ကျင်းပသည့် အစည်းအဝေးတွင် တွေ့ရစဉ်
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင်များကို ပြီးခဲ့သည့်လက ကျင်းပသည့် အစည်းအဝေးတွင် တွေ့ရစဉ်
RangonNewsDaily:: December . 4 .2013
တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသူ အများစု ပါဝင်
သည့် အကျဉ်းသား၈၀ ကျော်အား ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်း
သားများစိစစ်ရေး ကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်သွားမည် ဖြစ်သည်
ဟု အဆိုပါကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။ နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ရန် ဆောင်ရွက်နေသည့် အကျဉ်းသား ၈၀ ကျော်တွင် ထပ်မံ၍ စာရင်း
ရှိသည့် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ စသည်တို့နှင့် ပြစ်ဒဏ်ကျခံ နေရသူ ၂၀ ကျော် ပါဝင်သည်ဟုလည်း ဦးရဲ
အောင်က ပြောကြားသည်။

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ ပုဒ်မတွေနဲ့ တပ်မတော် အက်ဥပဒေပေါ့
ဗျာ။ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ပုဒ်မတွေနဲ့ အဲဒီပုဒ်မ နှစ်ခုက အများဆုံးပဲ" ဟု ဒီဇင်ဘာ ၇ ရက်တွင် စိစစ်
မည့် အကျဉ်းသားများနှင့် ပတ်သက်ပြီး ဦးရဲအောင်က ပြောကြားသည်။

တပ်မတော်အက်ဥပဒေနှင့် ပြစ်ဒဏ်ကျခံ နေရခြင်းမှာတပ်မတော်အရာရှိအချို့သည် အင်တာနက် စာမျက်နှာ
မှာ၎င်းတို့ ခံစားနေရသည်များကိုစာရေးသားတင်ခြင်း၊အချို့အရာရှိများသည်တပ်မှထွက်၍ အခြားနိုင်ငံများ
သို့ သွားရောက်ကာ လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာစဉ် အ
ဖမ်းခံရခြင်း စသည့်ကိစ္စရပ်များနှင့် ပြစ်ဒဏ်ကျခံ နေရသူများဖြစ်ကြောင်း ဦးရဲအောင်က ရှင်းပြထားသည်။

နိုင်ငံတော် သမ္မတက ပြည်ပနိုင်ငံများနှင့် ပြည်သူလူထုတို့အား ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား အား
လုံးကိုလွှတ်ပေးမည်ဟုကတိပေး ပြောကြားထားမှုများရှိရာအစိုးရ၀န်ကြီးဌာနများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံ
ရေးအကျဉ်းသားဟောင်းများပါဝင်သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်း
ပေးထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေး ကော်မတီသည် နိုင်ငံရေး အကျဉ်းသား စိစစ်
ရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ စာရင်းတွေထဲမှာ အခုပထမအဆင့် အနေနဲ့ အမှုတွဲ ဖတ်ရတဲ့အဆင့် ရောက်နေပါပြီ။ ပုဒ်မ ၁၈ တို့ ၅၀၅(ခ) တို့ကျတော့ အမှုတွဲ ဖတ်စရာ မလိုဘူးပေါ့။ ဥပမာ မူးယစ်ဆေးဝါး ပုဒ်မတွေကျတော့ မူးယစ်
ဆေးဝါးကဘလောက်တုန်းတွေမိတာလားတချို့ကျတော့ ယာဘဆေးပြား လေးပြားမိတယ်ဗျာ။ ဒါပေမဲ့ လက်
နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတော့ မူးယစ်ပုဒ်မကြီး တပ်ပြီးတော့ ထောင်ချလိုက်တယ်။ ဒါမျိုးတွေပေါ့
။ တော၊ ကျေးရွာတွေမှာ တူမီးသေနတ်မိတယ်။ 
 
ဒါကိုပဲလက်နက်ပုဒ်မကြီးတပ်ပြီး သောင်းကျန်းသူနဲ့ဆက်နွှယ်တယ်ဆိုပြီးလက်နက်ပုဒ်မတပ်ပြီး ထောင်ချလိုက်
တယ် ဆိုတာမျိုးတွေ တွေ့ရတယ်။ဒါတွေကို၇ ရက်အစည်းအဝေးကျရင် တင်ပြမှာပါ" ဟု ဦးရဲအောင်က ရှင်း
ပြသည်။

လာမည့်ကော်မတီ အစည်းအဝေးတွင်ပုဒ်မအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံ နေရသည့်အကျဉ်းသား ၈၂ ဦးအား နိုင်
ငံရေးအကျဉ်းသား ဖြစ်မဖြစ်စိစစ်ကာ ကော်မတီအစည်းအဝေးအပြီးတွင် နိုင်ငံတော်သမ္မတထံတင်ပြမည်ဖြစ်
ကြောင်းနှင့်ယင်းသို့တင်ပြပြီးမကြာမီရက်များအတွင်း နိုင်ငံရေးအကျဉ်းသားများထပ်မံလွှတ်ပေးနိုင်ကြောင်း
 ကော်မတီ အဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment