Pages

Pages - Menu

Tuesday, November 26, 2013

ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်နှစ်စီးပေါ်မှ သေနတ်များ၊ ကျည်ဆန်တောင့်များနှင့် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်နှစ်စီးပေါ်မှ သေနတ်များ၊ ကျည်ဆန်တောင့်များနှင့် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Tuesday, November 26, 2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ သိန်းနီမြို့နယ် အတွင်းရှိ ယာဉ်နှစ်စီးပေါ်မှ စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်ရှိ စယ်အူရွာအနီး သိန်းနီ-ကွမ်းလုံသွား ကားလမ်းတွင် သတင်းအရ ခြေမြန်တပ်ရင်း ၁၂၅ မှ တပ်ဖွဲ့ဝင်များနှင့် နေပြည်တော် မူးယစ်တပ်ဖွဲ့စု (၁၀၁) မှ တပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင် (ခ) လောက်အယ် မောင်းနှင်လာသော အစိမ်းရောင် လန်ခရူဆာယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်မှ စုစုပေါင်းကျပ် ၅၂၈၄ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၄ ထုပ်၊ ဘိန်းညို ၃၀ ထုပ်၊ ဘိန်း စိမ်း ၀ ဒသမ ၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့အပြင် AK-47 သေနတ်တစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၅ တောင့်) နှင့် ပွိုင့် ၂၂ သေနတ်တစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၅ တောင့်) တို့အား ထပ်မံတွေ့ရှိခဲ့ရာ လားရှိုးမြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ရဲစခန်းက မယ (ပ) ၁၈၃/၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ည ၁၁ နာရီခန့်၌ပင် သိန်းနီမြို့နယ်ရှိ စယ်အူ-နမ့်ခိုက်ရွာသွား ကားလမ်းတွင်လည်း ပိတ်ဆို့ရှာဖွေခဲ့ရာ ယာဉ်မောင်း ရောင်ဆင်း (၃၄) နှစ် မောင်းနှင်ပြီး ကျန်းကွမ်းလင်၊ အားဖာ (ခ) ကျော်ထွန်းနှင့် နော်ဂျာတို့ လိုက်ပါလာသည့် တိုယိုတာဖိုးဝှီး အနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းမှ ကျပ် ၅၆၉၉၁ သိန်းတန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်ဆေးပြား ၄၅၁၅၀၀ ပြား၊ Coldifed ဆေးပြား ၃၂၅၀၀ ပြားနှင့် ဆူဒိုအက်ဖီရင်း ဆေးပြား အကြေမှုန့် နှစ်ကီလိုခန့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

''မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ချမှတ်ထားတဲ့ စီမံချက်အတိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိဖို့ကို အချိန်တိုင်း ဆောင်ရွက်နေပါတယ်။ အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ သူတွေကို ဆက်လက် စစ်ဆေးပြီးတော့ ကွင်းဆက်ကျူးလွန် သူတွေကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ'' ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြောကြားသည်။

ဆက်လက်၍ အဆိုယာဉ်ထဲမှပင် ပွိုင့် ၂၀ ပစ္စတိုသေနတ်နှစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၄ တောင့်) နှင့် M 22 သေနတ် နှစ်လက် (ကျည် ၅၆ တောင့်) တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကာ လားရှိုးမြို့မ ရဲစခန်းက အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော လက်နက်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်
Eleven Media Group
ဖမ်းဆီးရမိသော လက်နက်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်
RangonNewsDaily:: November . 26 .2013
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိသိန်းနီမြို့နယ် အတွင်းရှိ ယာဉ်နှစ်စီးပေါ်မှ စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်
သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ သေနတ်များနှင့် ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်ရှိ စယ်အူရွာအနီး သိန်းနီ-ကွမ်းလုံသွားကားလမ်းတွင်သတင်းအရ ခြေမြန်တပ်ရင်း၁၂၅ မှ တပ်ဖွဲ့ဝင်များနှင့် နေပြည်တော် မူးယစ်တပ်
ဖွဲ့စု (၁၀၁) မှ တပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင် (ခ) လောက်အယ် မောင်းနှင်လာသော အ
စိမ်းရောင် လန်ခရူဆာယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်မှ စုစုပေါင်းကျပ် ၅၂၈၄ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၄ ထုပ်၊ ဘိန်းညို ၃၀ ထုပ်၊ ဘိန်း စိမ်း ၀ ဒသမ ၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့အပြင် AK-47 သေနတ်တစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၅ တောင့်) နှင့် ပွိုင့် ၂၂ သေနတ်တစ်လက် (၎င်းသေနတ်ကျည်ဆန် ၁၅ တောင့်)တို့အားထပ်မံတွေ့ရှိခဲ့ရာ လားရှိုးမြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ရဲစခန်း
က မယ (ပ) ၁၈၃/၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ည ၁၁ နာရီခန့်၌ပင် သိန်းနီမြို့နယ်ရှိ စယ်အူ-နမ့်ခိုက်ရွာသွား ကားလမ်းတွင်လည်း ပိတ်
ဆို့ရှာဖွေခဲ့ရာ ယာဉ်မောင်း ရောင်ဆင်း (၃၄) နှစ် မောင်းနှင်ပြီး ကျန်းကွမ်းလင်၊ အားဖာ (ခ) ကျော်ထွန်းနှင့်
 နော်ဂျာတို့ လိုက်ပါလာသည့် တိုယိုတာဖိုးဝှီး အနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းမှ ကျပ် ၅၆၉၉၁ သိန်းတန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်ဆေးပြား ၄၅၁၅၀၀ ပြား၊ Coldifed ဆေးပြား ၃၂၅၀၀ ပြားနှင့် ဆူဒိုအက်ဖီရင်း ဆေးပြား အကြေမှုန့် နှစ်ကီလိုခန့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

''မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ချမှတ်ထားတဲ့ စီမံချက်အတိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိဖို့ကို အချိန်
တိုင်း ဆောင်ရွက်နေပါတယ်။ အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ သူတွေကို ဆက်လက် စစ်ဆေးပြီးတော့ ကွင်းဆက်ကျူးလွန် သူတွေကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ'' ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြောကြားသည်။

ဆက်လက်၍ အဆိုယာဉ်ထဲမှပင် ပွိုင့် ၂၀ ပစ္စတိုသေနတ်နှစ်လက် (၎င်းသေနတ် ကျည်ဆန် ၁၄ တောင့်) နှင့် M 22 သေနတ် နှစ်လက် (ကျည် ၅၆ တောင့်) တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကာ လားရှိုးမြို့မ ရဲစခန်းက အ
မှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media  ,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment