Pages

Pages - Menu

Wednesday, November 27, 2013

ဦးတေဇ ရွေးကောက်ပွဲဝင်မည်ဟု သတင်းထွက်ပေါ်

RangonNewsDaily:: November . 27 .2013
မြန်မာနိုင်ငံ၏ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးတေဇအနေဖြင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ကံအကြောင်းလှပါက ၀င်ရောက်ယှဉ်ပြိုင်မည့် အလားအလာရှိကြောင်း ဦးတေဇနှင့် နီးစပ်သည့် ယခင် စစစ မှ အမည်မဖော်လိုသူ အရာရှိဟောင်းတစ်ဦးကပြောကြားလိုက်သည်။ “သူ့ အနေနဲ့ က စီးပွားရေးထဲမှာပဲ နစ်မြုပ်နေတာကြာပြီ။ ဆယ်သက်စားမကုန်အောင်လည်းရှာပြီးပြီ၊ ခင်ဗျားတို့ မီဒီယာတွေ အခေါ်အဝေါ် ခရိုနီပေါ့ဗျာ၊ နိုင်ငံရေးကို စိတ်ဝင်စားနေပါတယ်၊ တစ်သီးပုဂ္ဂလယှဉ်ပြိုင်ဖို့ အလားအလာပိုများပါတယ်”ဟု အဆိုပါ အရာရှိကပြောကြားခဲ့သည်။

“သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံသဘောမျိုးဗျ၊ အခုလက်ရှိအစိုးရကိုလည်း သိပ်ပြီး အားမရတဲ့ပုံပဲ၊ တရုတ်လွှမ်းမိုးမှုကိုလည်း ဘ၀င်မကျဘူး၊ မန္တလေးမြို့ ကို သူအာရုံစိုက်ချင်တယ်လို့ ပြောနေတယ်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ ပဋိပက္ခများအဆုံးသတ်ရေးကို ကြိုးစားလုပ်ဆောင်သွားမယ်လို့ လည်းပြောတယ်၊ 

ရခိုင်မှာလည်း ဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားပဲ အကြိမ်ကြိမ်လှုပြီးပါပြီ၊ ဘယ်မီဒီယာကမှ မဖော်ပြပါဘူး၊ ကျွန်တော်အဲဒါ သိစေချင်လို့ ပြောပြတာ” ဟု၎င်းက ဆက်လက်ပြောကြားသည်။

ဦးတေဇသည် ယခုအခါတွင် သူရိယနေ၀န်းဂျာနယ်အား တရားစွဲဆိုမည်ဖြစ်ကြောင်း အတိအလင်းကြေညာထားသူဖြစ်ပြီး နိုင်ငံရေးလောကထဲသို့ ဝင်လာပါက ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက်ကို ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူ အချို့ က သုံးသပ်ပြောကြားလျှက်ရှိသည်။

ဖိုးချို
ရွှေနိုင်ငံသစ် , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment