Pages

Pages - Menu

Friday, October 18, 2013

ဗုံးဖောက်ခွဲတွင် KNU အဖွဲ့ဝင် ပါဝင်ဟု စွပ်စွဲခြင်းကိုငြင်းဆိုရန် စစ်ဆေးမည်

RangonNewsDaily:: October. 18 .2013
ပြည်တွင်း၌ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ KNUအဖွဲ့ဝင်တစ်ဦးပါသည်ဟု စွပ်စွဲခံရခြင်းကို KNU
အနေဖြင့် အဖြစ်မှန်အား ဖော်ထုတ် ဆောင်ရွက် သွား:မည်ဖြစ်ပြီးမဟုတ်ပါက အစိုးရအနေဖြင့် တာ
ဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့် ရှိသူ
စောကြာဒိုးမှူးက ပြောကြားသည်။“ကျွန်တော်တို့အဖွဲ့မှာ ဗုံး ဖောက်ခွဲဖို့ ပေါ်လစီလည်းမရှိဘူး၊ လုပ်လည်းမလုပ်ဘူး။ တကယ်စွပ်စွဲ
မယ်ဆိုရင် ဘယ်အချက်အလက် ပေါ် အခြေခံ ပြီး စွပ်စွဲတာလည်းကျွန်တော်တို့ စစ်ဆေးမယ်။ မဟုတ်ဘူးဆိုရင် KNUကိုသိက္ခာချဖို့ ဖန်တီးနေတဲ့အတွက် အစိုးရအနေနဲ့ တာဝန် ခံပြီး ဖြေ
ရှင်း ပေးရမယ်”ဟု ၎င်းင်းကပြောကြားသည်။

အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးအား ထောက်ခံသည့်အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်
မှတ်ထိုးခဲ့ကြောင်း၊နိုင်ငံရေး ပြဿနာကို နိုင်ငံ ရေးအရ ဖြေရှင်းလိုသည့်အတွက်တောင်းဆိုထားသောအချက်များ၊အစိုးရမှအကောင်အထည်ဖော်ပေးခြင်း:မရှိသော်လည်း ပြေလည်မှု ရသည်အထိ ဆွေးနွေး
ညှိနှိုင်းသွားမည်ဖြစ်ပြီး အဖွဲ့အနေဖြင့် မသမာသောနည်းဖြင့် မလုပ်ကြောင်း စောကြာဒိုးမှူးက
ပြောကြားသည်။
::
ကုန်သည်ကြီးများ ဟိုတယ်ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍သံသယ ရှိသူမှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့
နယ်၊ သူမွဲထကျေးရွာတွင် နေထိုင် သော စောမြင့်လွင်(ခ)မောထအားမွန်ပြည်နယ် ဘီးလင်းမြို့နယ်
တွင် ဖမ်းဆီးရမိပြီး ၎င်းင်း:၏ထွက်ဆိုချက်အရ ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ဗိုလ်မှူးအ
ဆင့်ရှိသူ၏ ခိုင်းစေခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲအရာရှိများ
က တရားဝင်ထုတ် ဖော်ပြောကြား ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေ သကြီး တို့အပါအ၀င် တိုင်းဒေသကြီးအချို့တွင် ယခုအောက်တိုဘာလ အတွင်း ဗုံးပေါက်ကွဲမှုနှင့် တွေ့ရှိရမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ :သံသယရှိသူ သုံးဦးကို အောက်တိုဘာ ၁၅ရက်တွင် ဖမ်းဆီး ရမိပြီး စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှသိရသည်။
::
ပြစ်မှုကျူးလွန်သူဟု ယူဆရ သော သုံးဦးမှာ စောမြင့်လွင် (၂၇)နှစ်၊ အောင်မိုးနှင့် အောင်ဆန်းလင်း တို့ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲကိုကို
People power::-- , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment