Pages

Pages - Menu

Friday, October 18, 2013

မြန်မာမီနီ ဆလွန်းကားများ ပြင်ပတွင်ကျပ် ငါးသိန်း အလိုက်ပေး၍ ၀ယ်ယူမှုများ

RangonNewsDaily:: October. 18 .2013
စက်မှုဝန်ကြီးဌာနထုတ် မြန်မာမီနီ ဆလွန်းကားများကို ပြင်ပကားဈေးကွက်တွင် အရစ်ကျ ၀ယ်ယူသူများထံမှ ကျပ် ငါးသိန်း အလိုက်ပေး၍ ၀ယ်ယူမှုများနေကြောင်း မော်တော် ယာဉ်ဝယ်/ရောင်းများထံမှ သိရသည်။ အ

ဆိုပါ မီနီဆလွန်းကားများကိုစက်မှုဝန်ကြီးဌာနမှအစိုးရအရာထမ်းများအားတစ်စီးလျှင် ငွေကျပ် သိန်း ခြောက်
ဆယ်ဖြင့် ယခုလအတွင်း အရစ်ကျ ရောင်းချပေးလျက်ရှိရာ ပြင်ပ ကားဈေးကွက်၌ မီနီဆလွန်းကားများကို ကျပ် ငါးသိန်း အမြတ်ပေးကာ ငွေကျပ် ၆၅ သိန်းဖြင့် လက်လွှဲဝယ်ယူသူများ ရှိနေကြောင်း သိရသည်။
“ရောင်းတာကတော့ အရစ်ကျ ရောင်းတာကို ၀ယ်ယူခွင့်ရတဲ့ သူတွေက ပြန်ရောင်းတာပဲ၊ သူတို့ ဆီက တစ်
ဆင့် စလစ်နဲ့ ပြင်ပ ၀ယ်ယူသူတွေက ကျပ် ငါးသိန်း၊ ခြောက် သိန်း စသဖြင့် ဈေးညှိပြီး ၀ယ်ကြ တယ်၊ အဓိက ကတော့ ထပ်မ ထုတ်တော့ဘူးကြားလို့ ၀ယ်ကြတာပါ” ဟု မော်တော်ယာဉ် ၀ယ်/ရောင်းဖြစ်သူ ဦးညီညီ
က ပြောသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းကားများကို စက်တင်ဘာ ၂၉ ရက်တွင် လျှောက်လွှာေ
ခ်ါယူ

 ရောင်းချခဲ့ရာ အစီးရေ လေးရာကျော် ရောင်းချပြီး ဖြစ်ကြောင်း၊ ပြင်ပ၀ယ်ယူသူများအနေဖြင့် အစိုးရ အရာ
ထမ်းများထံမှ ယင်းသို့ လက်လွှဲဝယ်ယူခြင်းဖြင့် ကားတစ်စီးလုံးအား အရစ်ကျ ၀ယ်ယူနိုင်သည့်အပြင် တစ်လ
လျှင် ငွေကျပ် နှစ်သိန်းဝန်းကျင်သာ ဌာနသို့ ပေးသွင်းရသည့် အားသာချက်များရှိကြောင်း၊ သို့ဖြစ်၍ ဌာနထုတ်
 ဈေးထက် ကျပ်ငါးသိန်း အမြတ်ပေးဝယ်ယူရခြင်းဖြစ်ကြောင်း ပြင်ပ ၀ယ်ယူသူများထံမှ သိရသည်။

Automobile Journal , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment