Pages

Pages - Menu

Monday, October 21, 2013

မန်ချက်စတာယူနိုက်တက်သည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း ဝင်းဂါး ဆို

မန်ချက်စတာယူနိုက်တက်သည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း ဝင်းဂါး ဆို
Monday, October 21, 2013

မန်ချက်စတာယူနိုက်တက်သည် အာဆင်နယ်အသင်းနှင့် ရှစ်မှတ် ကွာဟနေသော်လည်း ချန်ပီယံ လမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

အာဆင်နယ်သည် စနေနေ့က နော်ဝစ်ခ်ျကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒေးဗစ်မိုယက်စ်၏ ယူနိုက်တက်အသင်းမှာ ဆောက်သမ်တန်နှင့် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အမှတ်ကွာဟမှု ပိုမိုများပြားခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် အာဆင်နယ်သည် လီဗာပူးလ်၏ အထက်တွင် နှစ်မှတ်အသာဖြင့် ဦးဆောင်နေပြီး ယူနိုက်တက်မှာ သုံးပွဲရှုံးနိမ့်ထားကာ အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။

ထိုကဲ့သို့ အမှတ်ကွာဟနေသော်လည်း လက်ရှိချန်ပီယံ ယူနိုက်တက်အနေဖြင့် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း ဝင်းဂါးက အခိုင်အမာ ပြောကြားခဲ့သည်။

“ရှစ်မှတ်ဆိုတာ ကွာဟမှု နည်းနည်းလေးပါ။ သူတို့ဟာ ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေဆဲပါပဲ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်အသင်းနဲ့ နှစ်မှတ်ပဲ ကွာဟနေပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး “မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံ လမ်းကြောင်းပေါ်ကနေ သွေဖည်သွားတယ်ဆိုတာကို ပြောဖို့ အစောကြီးရှိနေပါသေးတယ်။ သူတို့ဟာ ကစားသမားကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ” ဟု ဝင်းဂါးက ပြောကြားသွားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 21 .2013 မန်ချက်စတာယူနိုက်တက်သည် အာဆင်နယ်အသင်းနှင့် ရှစ်မှတ် ကွာဟနေသော်လည်း ချန်ပီယံ လမ်း
ကြောင်းပေါ်တွင် ရှိနေသေးကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။ အာဆင်နယ်သည်စနေနေ့က နော်ဝစ်ခ်ျကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒေးဗစ်မိုယက်စ်၏ ယူနိုက်
တက်အသင်းမှာ ဆောက်သမ်တန်နှင့် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အမှတ်ကွာဟမှု ပိုမိုများပြားခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် အာဆင်နယ်သည် လီဗာပူးလ်၏ အထက်တွင် နှစ်မှတ်
အသာဖြင့် ဦးဆောင်နေပြီး ယူနိုက်တက်မှာ သုံးပွဲရှုံးနိမ့်ထားကာ အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။

ထိုကဲ့သို့ အမှတ်ကွာဟနေသော်လည်း လက်ရှိချန်ပီယံ ယူနိုက်တက်အနေဖြင့် ချန်ပီယံ လမ်းကြောင်းပေါ်မှ
 သွေဖည်သွားခြင်း မရှိသေးကြောင်း ဝင်းဂါးက အခိုင်အမာ ပြောကြားခဲ့သည်။

“ရှစ်မှတ်ဆိုတာ ကွာဟမှု နည်းနည်းလေးပါ။ သူတို့ဟာ ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေဆဲပါပဲ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်အသင်းနဲ့ နှစ်မှတ်ပဲ ကွာဟနေပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့
သည်။

ဆက်လက်ပြီး “မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံ လမ်းကြောင်းပေါ်ကနေ သွေဖည်သွားတယ်ဆို
တာကို ပြောဖို့အစောကြီးရှိနေပါသေးတယ်။သူတို့ဟာကစားသမားကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေ
ကို ပိုင်ဆိုင်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ” ဟု ဝင်းဂါးက ပြောကြားသွားခဲ့သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment