Pages

Pages - Menu

Monday, October 21, 2013

တော့တင်ဟမ်နှင့် အက်စ်တွန်ဗီလာ ပွဲတွင် မီးခိုးဗုံးနှင့် ပစ်ခဲ့သူ နှစ်ဦးကို အာမခံဖြင့် လွှတ်ပေး

မီးခိုးဗုံးနှင့် ပစ်ခဲ့သူ နှစ်ဦးကို အာမခံဖြင့် လွှတ်ပေးခဲ့
Monday, October 21, 2013

ဗီလာပတ်ခ်တွင် မီးခိုးဗုံးနှင့် ပစ်ပေါက်ခဲ့ရာတွင် ပါဝင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် တော့တင်ဟမ်နှင့် အက်စ်တွန်ဗီလာ ပွဲတွင် တော့တင်ဟမ်မှ ကွင်းလယ်ကစားသမား အန်ဒရိုစ် တောင်းဆန်း ဂိုးသွင်းကာ အောင်ပွဲခံခဲ့ပြီးနောက် လက်ထောက် ဒိုင်လူကြီး ဒေးဗစ်ဘရိုင်ယန်၏ ကျောဘက်ကို မီးခိုးဗုံးနှင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပွဲစဉ်အပြီးတွင် အသက် ၂၅ နှစ်အရွယ်နှင့် ၄၇ နှစ်အရွယ် လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သို့သော်လည်း တနင်္လာနေ့ မနက်ပိုင်းတွင် West Midlands ရဲတပ်ဖွဲ့က မီးခိုးဗုံး ပစ်ပေါက်ခဲ့သည့် သံသယဖြစ်ဖွယ် လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း Twitter မှတစ်ဆင့် ဖော်ပြခဲ့သည်။

မူလက အဆိုပါလက်နက်ကို မီးကျည်အနေဖြင့် ယူဆခဲ့ကြသော်လည်း ၎င်းမှာ မီးခိုးဗုံးဖြစ်ကြောင်း West Midlands ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထို့အပြင် ဘောလုံးအဖွဲ့ချုပ်ကလည်း အဆိုပါ ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပွဲကို ကြီးကြပ်သူတွေရဲ့ အစီရင်ခံစာကို စောင့်နေပါ တယ်။ နောက်ပြီး ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်” ဟု အက်ဖ်အေမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 21 .2013 ဗီလာပတ်ခ်တွင် မီးခိုးဗုံးနှင့် ပစ်ပေါက်ခဲ့ရာတွင် ပါဝင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် တော့တင်ဟမ်နှင့် အက်စ်တွန်ဗီလာ ပွဲတွင် တော့တင်ဟမ်မှ ကွင်းလယ်ကစားသမား အန်ဒရိုစ် တောင်းဆန်း ဂိုးသွင်းကာ အောင်ပွဲခံခဲ့ပြီးနောက် လက်ထောက် ဒိုင်လူကြီး ဒေးဗစ်ဘရိုင်ယန်၏ ကျောဘက်ကို မီးခိုးဗုံးနှင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပွဲစဉ်အပြီးတွင် အသက် ၂၅ နှစ်အရွယ်နှင့် ၄၇ နှစ်အရွယ် လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သို့သော်လည်း တနင်္လာနေ့ မနက်ပိုင်းတွင် West Midlands ရဲတပ်ဖွဲ့က မီးခိုးဗုံး ပစ်ပေါက်ခဲ့သည့် သံသယဖြစ်ဖွယ် လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း Twitter မှတစ်ဆင့် ဖော်ပြခဲ့သည်။

မူလက အဆိုပါလက်နက်ကို မီးကျည်အနေဖြင့် ယူဆခဲ့ကြသော်လည်း ၎င်းမှာ မီးခိုးဗုံးဖြစ်ကြောင်း West Midlands ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထို့အပြင် ဘောလုံးအဖွဲ့ချုပ်ကလည်း အဆိုပါ ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပွဲကို ကြီးကြပ်သူတွေရဲ့ အစီရင်ခံစာကို စောင့်နေပါ တယ်။ နောက်ပြီး ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်” ဟု အက်ဖ်အေမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment