Pages

Pages - Menu

Monday, October 21, 2013

ဖယောင်းတိုင်မီး ထွန်းရာမှ မီးလောင်မှု ဖြစ်ပွား

RangonNewsDaily:: October. 21 .2013
မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက် ချစ်ကြည်ရေးလမ်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီး
ကြပ်မှု ကော်မတီရုံးဝဲဘက်ခြမ်း ဈေးဆိုင်တန်းရှိဦးခင်မောင်(ခ)ပါလေး၃၉ နှစ် (ဘ)ဦးကိုဘီ ဆိုင်ကယ်ပြင်
ဆိုင်၏ သွပ်မိုးထရံကာ ဆိုင်ခန်း၌ ယမန်နေ့ ည ၁၁ နာရီခွဲက ဖယောင်းတိုင်မီး ထွန်းရာမှ ပေါ့ဆမီး စတင်
 လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ရာသို့ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အောင်
မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ငွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၆၅ ဦးနှင့်ရပ်ကွက်နေ ပြည်သူများမီးသတ်
ယာဉ်သုံးစီး၊ အရပ်ရေသယ်ယာဉ်ငယ် အစီး ၂ဝ တို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ဝဝး၃ဝ နာ
ရီက မီးညွန့် ကျိုးသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဇော်အောင်မော်ဝါယာရိန်းဆိုင်ရှေ့လမ်း
ဘးတွင် ပြင်ရန်ရပ်ထားသည့် အိမ်စီး ယာဉ်ငယ် လေးစီး၊ ဆိုင်ကယ် သုံးစီး၊ သွပ်မိုး ထရံကာ အလျားပေ ၂ဝ၊ အနံ ၈ ပေရှိ လူနေဆိုင်ခန်း ၁၅ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခင်မောင်(ခ) ပါလေးအား မြဝတီမြို့မ ရဲစခန်းမှ (ပ)၁၈၉/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြ၀တီ ,kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment