RangonNewsDaily:: October. 21 .2013
ဒီရက်ပိုင်း ရန်ကုန်မှာ လူပြောအများဆုံး ကိစ္စကတော့ သူရိယအလင်း ဂျာနယ်တိုက်ကိစ္စပါဘဲ။ သူရိယ အလင်း ဂျာနယ်နဲ့ ကွန်ပျူတာတွေ လူတစုက ညအချိန် ဂျာနယ်တိုက်ကနေ ယူသွားတယ်ဆိုတာနဲ့အတူ အခု နောက်ဆုံး သူရိယ အလင်း ရဲ့ ယနေု့ထုတ် မြန်မာ့အလင်း သတင်းစာပါ အသိပေး ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။ ကြေညာချက်မှာတော့ သူရိယ အလင်းဂျာနယ် အတွဲ ၁ က နေ ၁၂ အထိ ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး နစ်နာမူရှိစေမယ့် တားမြစ်ချက်တွေ အတန်တန် လုပ်ခဲ့ပေမယ့် ဆက်လက်ဖော်ပြ ခဲ့တဲ့အတွက် ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့အနေနဲ့ အနူးအညွတ်တောင်းပန်ကြောင်းနဲ့ သူရိယ အလင်း ဂျာနယ်ထုတ်ဝေခြင်းကိုလည်း အပြီးအပိုင် ရပ်စဲလိုက်ကြောင်း ဖော်ပြထားပါတယ်။
ဧရာဝတီ , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment