Pages

Pages - Menu

Monday, October 21, 2013

ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား

လူများဖြင့်စည်ကားနေသော မုံရွာဗိုလ်ချုပ်လမ်းတစ်နေရာ ဓာတ်ပုံ - မျိုးမင်းဦး

သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင် စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့် မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။

““ကောင်းကင်ကတိမ်ထဲမှာ စေတီတော်ပုံကို ထင်ထင်ရှားရှား ဖူးကြရတယ်။ ဓာတ်ပုံရိုက်သူတွေရော၊ ကောင်းကင်က ဘုရားဖူးသူတွေရောကြောင့် လမ်းသွားလို့မရအောင် လူတွေက အရမ်းစည်ကားတယ်။ အများစုက နာရီစင်နဲ့ မြို့တော်ခန်းမရှေ့မှာ ကြိတ်ကြိတ်တိုးပဲ””ဟု မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

““ဒါက အထူးအဆန်းတော့ မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ပုံမှန်လည်း မိုးတိမ်တောင်တွေရှိတဲ့အခါ ဘုရားပုံပေါ်နေကျပါ။ အခုမိုးတိမ်တောင်တွေကလည်း နိမ့်နေတယ်။ ရွှေစည်းခုံဘုရားကြီးအတွင်း ရင်ပြင်တော်မှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲက မီးခိုးမှိုင်းကလည်း တိုက်နေတယ်။ 

ဆိုဒီယမ်မီးကြီးတွေနဲ့ ဘုရားကိုပူဇော်ထားတာ ဆိုတော့ စေတီတော်ရဲ့အရိပ်က တိမ်းတိုက်နဲ့နီးတော့ ပုံရိပ်ပေါ်တဲ့ဖြစ်စဉ်ပါ။ သီတင်းကျွတ်လပြည့်နေ့ညမှာဖြစ်တာဆိုတော့ အထူးအဆန်းဖြစ်ပြီး တစ်လမ်းလုံးပြည့်သွားတာဖြစ်ပါတယ်””ဟု မုံရွာမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

သီတင်းကျွတ်လပြည့်နေ့ညတွင် မုံရွာမြို့ပေါ်ရှိ စေတီပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး ဆီမီးပူဇော်ကြသူများ ဗြောက်အိုး၊ မီးရှူးမီးပန်းပစ်ဖောက်သူများဖြင့် မြို့ပေါ်လမ်းမကြီးများတွင် စည်ကားခဲ့သည်။

ည ၇ နာရီခန့်မှ ည ၉ နာရီ ခန့်အထိ မိုးကောင်းကင်တွင် စေ တီတော်ပုံသဏ္ဌာန်ဖြစ်ပေါ်နေသည့် သတင်းများကြောင့် မြို့ပေါ်လမ်းမကြီးအချို့တွင် ဖူးမြော်သူများဖြင့် စည်ကားခဲ့ပြီး ည ၉ နာရီနောက်ပိုင်းတွင် ကောင်းကင်ယံမှ စေတီပုံသဏ္ဌာန် ပျောက်
ကွယ်သွားကြောင်း မုံရွာမြို့ ကောင်းကင်ယံတွင် စေတီတော်အား ဖူးမြော်သူများပြောပြချက်အရ သိရသည်။

7Day Daily
လူများဖြင့်စည်ကားနေသော မုံရွာဗိုလ်ချုပ်လမ်းတစ်နေရာ ဓာတ်ပုံ - မျိုးမင်းဦး
RangonNewsDaily:: October. 21 .2013 သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင် စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့် မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။ ““ကောင်းကင်ကတိမ်ထဲမှာ စေတီတော်ပုံကို ထင်ထင်ရှားရှား ဖူးကြရတယ်။ ဓာတ်ပုံရိုက်သူတွေရော၊ ကောင်းကင်က ဘုရားဖူးသူတွေရောကြောင့် လမ်းသွားလို့မရအောင် လူတွေက အရမ်းစည်ကားတယ်။ အများစုက နာရီစင်နဲ့ မြို့တော်ခန်းမရှေ့မှာ ကြိတ်ကြိတ်တိုးပဲ””ဟု မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

““ဒါက အထူးအဆန်းတော့ မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ပုံမှန်လည်း မိုးတိမ်တောင်တွေရှိတဲ့အခါ ဘုရားပုံပေါ်နေကျပါ။ အခုမိုးတိမ်တောင်တွေကလည်း နိမ့်နေတယ်။ ရွှေစည်းခုံဘုရားကြီးအတွင်း ရင်ပြင်တော်မှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲက မီးခိုးမှိုင်းကလည်း တိုက်နေတယ်။

ဆိုဒီယမ်မီးကြီးတွေနဲ့ ဘုရားကိုပူဇော်ထားတာ ဆိုတော့ စေတီတော်ရဲ့အရိပ်က တိမ်းတိုက်နဲ့နီးတော့ ပုံရိပ်ပေါ်တဲ့ဖြစ်စဉ်ပါ။ သီတင်းကျွတ်လပြည့်နေ့ညမှာဖြစ်တာဆိုတော့ အထူးအဆန်းဖြစ်ပြီး တစ်လမ်းလုံးပြည့်သွားတာဖြစ်ပါတယ်””ဟု မုံရွာမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

သီတင်းကျွတ်လပြည့်နေ့ညတွင် မုံရွာမြို့ပေါ်ရှိ စေတီပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး ဆီမီးပူဇော်ကြသူများ ဗြောက်အိုး၊ မီးရှူးမီးပန်းပစ်ဖောက်သူများဖြင့် မြို့ပေါ်လမ်းမကြီးများတွင် စည်ကားခဲ့သည်။

ည ၇ နာရီခန့်မှ ည ၉ နာရီ ခန့်အထိ မိုးကောင်းကင်တွင် စေ တီတော်ပုံသဏ္ဌာန်ဖြစ်ပေါ်နေသည့် သတင်းများကြောင့် မြို့ပေါ်လမ်းမကြီးအချို့တွင် ဖူးမြော်သူများဖြင့် စည်ကားခဲ့ပြီး ည ၉ နာရီနောက်ပိုင်းတွင် ကောင်းကင်ယံမှ စေတီပုံသဏ္ဌာန် ပျောက်
ကွယ်သွားကြောင်း မုံရွာမြို့ ကောင်းကင်ယံတွင် စေတီတော်အား ဖူးမြော်သူများပြောပြချက်အရ သိရသည်။

7Day Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment