Pages

Pages - Menu

Monday, October 21, 2013

သီတင်းကျွတ်လပြည့်နေ့တွင် မီးကြိုးသွယ်ရာမှ အဖိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံး

RangonNewsDaily:: October. 21 .2013
စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်တွင် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၉ ရက်)က မီးထွန်းရန် မီးသီးကြိုးများ သွယ်တန်းရာမှ အဘိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံရှိ အရေးပေါ် လူနာ ဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။ ဓာတ်လိုက်သေဆုံးသူမှာ စစ်ကိုင်းမြို့စိန်ကုန်းရပ်ကွက်တွင် နေထိုင်သော အသက်(၇၂)နှစ်အရွယ် ဦးထွန်းဝင်းဆိုသူဖြစ်ပြီး စစ်ကိုင်းဆေးရုံ၏ ဆေးစစ်ချက်အရ သေဆုံးသူ၏ ညာဘက်လက်ဖမိုးနှင့် လက်မအကြား နေရာတွင် မီးလောင်ဒဏ်ရာ အနည်းငယ်မျှသာ တွေ့ရသည်ဟု ဆိုသည်။

ဦးထွန်းဝင်းသည် သီတင်းကျွတ်လပြည့်နေ့ ညက မီးပူဇော်ရန် ၎င်း၏ နေအိမ်ရှေ့တွင် မီးသီး၊ မီးကြိုးများကို သွယ်တန်းခဲ့ရာ သွပ်နန်းကြိုးမှ တစ်ဆင့် လျှပ်စီးဝင်ရောက်ပြီး ဓာတ်လိုက်ကာ ကုလားထိုင်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

ထို့ကြောင့် စစ်ကိုင်းရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၆/ ၂၀၁၃ အရ အမှုဖွင့်ခဲ့ပြီး ဆောင်ရွက်ေ
နကြောင်း သိရသည်။

Mizzima - News, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment