Pages

Pages - Menu

Monday, September 16, 2013

ထီပေါက်ပြီး လာမထုတ်သည့် ဆုငွေ သန်း ၃၈၀ ခန့် ရှိနေ

RangonNewsDaily:: September 16, 2013

အစိုးရ၏ အောင်ဘာလေထီကို ပေါက်ခဲ့သော်လည်း လာမထုတ်သည့် ဆုလက်မှတ်ပေါင်း ၁၄၅၀ ခန့်ရှိပြီး စုစုပေါင်း ဆုကြေးငွေမှာ ကျပ်သန်းပေါင်း ၃၈၀ ခန့်ပင်ရှိကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးသိန်းနိုင် က မဇ္ဈိမကိုပြောသည်။ ထိုဆုငွေများကို ယခုလမကုန်မီအထိသာ ထုတ်ပေးမည်ဖြစ်ရာ သတ်မှတ်ချိန်ကျော်လွန်သွားပါက နိုင်ငံပိုင်ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းတော့မည်ဟုလည်း သူကဆက်ရှင်းပြသည်။ ထို့ကြောင့် “ထီထိုးပြီး ထီတိုက်ကြပါ” ဟု သူက တိုက်တွန်းပြောကြားသည်။

“အများအားဖြင့် ဆုသေးတွေ လာမထုတ်တာများတယ်။ တချို့ကျတော့လည်း ဘဏ္ဍာငွေအဖြစ်သိမ်းတော့မယ့် တစ်ရက်အလိုမှာမှ လာထုတ်တဲ့သူတွေလည်း ရှိတယ်” ဟုလည်း သူက ဆက်ပြောသည်။

ကျောက်တံတားမြို့နယ်ရှိ သားကောင်းရတနာထီဆိုင်ပိုင်ရှင်က ထီပေါက်သော်လည်း မထုတ်ဖြစ်ကြသည့် ဆုလက်မှတ်အများစုသည် မင်္ဂလာစုံတွဲအမျိုးအစား ထီလက်မှတ်များထဲတွင် ရောပါပေါက်ကြခြင်း ဖြစ်သဖြင့် သေချာ မတိုက်ကြည့်ကြဘဲ ပေါက်မှန်းမသိကြခြင်းဖြစ်သည်ဟု ဆိုသည်။ “မင်္ဂလာစုံတွဲထဲမှာဆုကြီးတွေလည်း ပါလာနိုင်တယ်။ ဒါကြောင့် သေချာတိုက်စေချင်တယ်” ဟုလည်း ဆိုသည်။

ကျပ်တစ်သိန်းဆုမှ စတင်၍ ပါဝင်သော ထီပေါက်မဲစာရင်းကို ပြည်နယ်နှင့် တိုင်း အခွန်ဦးစီးရုံးများ၊ အစိုးရအဖွဲ့ရုံးများ၊ မြို့နယ် အခွန်ဦးစီးရုံးများ၊ မြို့နယ်စည်ပင်သာယာရေးရုံးများတွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ပေးထားပြီး အင်တာနက်မှလည်း http://www.irdmyanmar.gov.mm/ ၀က်ဆိုက်တွင် ကြည့်ရှုနိုင်ကြောင်း အောင်ဘာလေဌာနက ထုတ်ပြန်သည်။

အောင်ဘာလေဌာနတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးထီဆုဖြစ်သည့် ကျပ်သိန်း ၁၅၀၀ ဆုကိုပင် တစ်နှစ် ကျော်ကြာသည်အထိ လာမထုတ်သူရှိနေပြီး ထိုဆုကိုလည်း ယခုလကုန်အထိသာ စောင့်ဆိုင်းထုတ်ပေးမည်ဟု အောင်ဘာလေဌာနမှ ယခုလဆန်းတွင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment