Pages

Pages - Menu

Saturday, September 21, 2013

အာဏာပိုင်များနှင့် ပြည်သူများကြား ပဋိပက္ခများ ဖြစ်ရာတွင် အင်အားသုံး ဖြေရှင်းမှု လွှတ်တော်တွင် ဆွေးနွေးမည်

RangonNewsDaily:: September 21, 2013

စည်ပင်သာယာနှင့် ရဲတပ်ဖွဲ့ကဲ့သို့သော တိုင်းဒေသကြီး အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူများ ဖြစ်ပွားသည့် ထိပ်တိုက် တွေ့ဆုံမှုများနှင့် ပဋိပက္ခများတွင် အင်အားသုံး ဖြေရှင်းခြင်း မပြုလုပ်ရန်ဆိုသည့် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏ အဆိုကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် ယခုနှစ် ဇွန်လက သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် ကျူးကျော် နေထိုင်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အင်အားသုံး ပြောင်းရွှေ့စေခြင်းများ ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့ကလည်း မင်းဓမ္မလမ်းရှိ ပန်းဥယျာဉ်ဝင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အင်အားသုံး ပြောင်းရွှေ့စေမှုကြောင့် ဆိုင် ခန်းပိုင်ရှင်များနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။

အာဏာပိုင် အဖွဲ့အစည်းများသည် ပြည်သူများနှင့် ထိပ်တိုက် ဖြေရှင်းရာတွင် အင်အားသုံး ဖြေရှင်းမှုများသည် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနေသောကြောင့် တိုင်းဒေသကြီး အစိုးရအနေနှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်ကြောင်း ဦးကျော်က ပြောကြားသည်။
“အုပ်ချုပ်သူအစိုးရနဲ့ သာမန် ပြည်သူတွေ သဟဇာတ ဖြစ်နေဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ သမိုင်းကြောင်းတွင် ပြည်သူများကို အင်အားသုံး ဖြေရှင်းခဲ့သော ဖြစ်ရပ်များအတွက် ယခုအထိ သမိုင်း အမည်းစက်များအဖြစ် ကျန်ရှိနေခဲ့သောကြောင့် အာဏာပိုင်အဖွဲ့ အစည်းများသည် ပြဿနာများ ဖြေရှင်းရာတွင် ပြည်သူများနှင့် ထိပ်တိုက် ရင်ဆိုင်မှုများကို အသုံးမပြု သင့်တော့ကြောင်း ဦးကျော်က အကြံပြုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သူများကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အင်အားသုံး ဖြေရှင်းမှုကြောင့် သံဃာ အမြောက်အမြား ဒဏ်ရာ ရရှိခဲ့သည်။

(ဟိန်းသွင်ထက်)
The Voice , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment