Pages

Pages - Menu

Tuesday, September 3, 2013

အစိုးရ၏ပညာရေး ပြုပြင်ပြောင်းလဲမှုများ မကျေနပ်သောကြောင့် ကျောင်းသားများ ဆန္ဒပြ

RangonNewsDaily:: September 3, 2013

မက္ကဆီကိုနိုင်ငံတွင် အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများအား ဆန့်ကျင်သည့် ကျောင်းသားများနှင့် လုံထိန်းရဲများ လွှတ်တော်အဆောက်အအုံအနီးတွင် ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ သည်ဟု စက်တင်ဘာ ၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ လွှတ်တော်အစည်းအဝေးကျင်းပခြင်းအား ဟန့်တားရန်အတွက် ဆန္ဒပြသမားတချို့ကခဲများ၊ မီးလောင် ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြပြီး၊ ရဲများမှ မျက်ရည်ယိုဗုံးများဖြင့် နှိမ်နင်းရန် ကြိုးစားခဲ့သည်။

ယခုကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုမှာ လွှတ်တော်တွင်ဆွေးနွေးနေသည့် ဆရာများ ၏စွမ်းဆောင်ရည် အား မဖြစ်မနေစစ်ဆေးရမည့်အဆိုအား ဆရာများမှဆန့်ကျင်အပြီး နှစ်ပတ်အကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ နီအတိုအနေဖြင့် ယခုနှစ်ဖေဖော်ဝါရီလအတွင်းတွင် ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲရန် အရေးပါသည့် ဥပဒေသစ်တစ်ခုအား ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ ယင်းဥပဒေမှာ ဆရာများခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့် ခြင်းနှင့် ထိန်းသိမ်းခြင်းများအား ဗဟိုမှချုပ်ကိုင်နိုင်ရန်အတွက် ရည်ရွယ်သည်။

ယင်းအဆိုမှာ တက္ကသိုလ်ပညာရေး အရည်အသွေးများ တိုးတက်လာရန်အတွက် ဖြစ်သည်ဟု အစိုးရမှ ပြောကြားထားပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်တော့မည် ဖြစ်သည်။

မျက်နှာဖုံးများတပ်ဆင်ထားသည့် ဆန္ဒပြသမားများက အော်ဟစ်ကာ သမ္မတနီအတိုအား ရာထူးမှဆင်း ပေးရန်တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသမားတချို့မှာ ရဲအရာရှိများအား တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

တစ်ချိန်တည်းတွင် အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှုအား ထောင်နှင့်ချီသော ဆရာများနှင့် ကျောင်း သားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

သို့သော် ၎င်းတို့အားထောင်နှင့်ချီသော စစ်သားများနှင့် ရဲများက
ဟန့်တားထားသည့်အတွက် လွှတ်တော် အဆောက်အအုံသို့ မရောက်ရှိခဲ့ပေ။

Mizzima News::--RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment