Pages

Pages - Menu

Tuesday, September 3, 2013

ပီရူးတွင် နှင်းများထူထပ်စွာ ကျဆင်းလာသည့်အတွက် ပီရူးအစိုးရမှပြည်နယ်ကိုးခုတွင် အရေးပေါ်အခြေအနေကြေညာ

 RangonNewsDaily:: September 3, 2013
ပီရူးနိုင်ငံတွင် ရာသီဥတုအေးခဲလာခြင်းနှင့် နှင်းများထူထပ်စွာကျဆင်းလာသည့်အတွက် ပီရူးအစိုးရမှ ပြည်နယ်ကိုးခုတွင် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာလိုက်သည်ကြောင်း စက်တင်ဘာ ၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ ယခုကဲ့သို့ ရာသီဥတုဆိုးရွားလာခြင်းကြောင့် အနည်းဆုံးလူနှစ်ဦးခန့် သေဆုံးခဲ့ပြီး လူပေါင်း ၃၃,၀၀၀ မှာလည်း ယင်းဒဏ်ကိုခံစားနေရသည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားလိုက်သည်။

ထို့အတူ ထောင်ပေါင်းများစွာသော တိရစ္ဆာန်များမှာလည်း လွန်ခဲ့သောသီတင်းပတ်အတွင်း သေဆုံးခဲ့သည်။

သမ္မတ အော်လန်တာဟူမာလာအနေဖြင့် ရာသီဥတုဆိုးရွားသည့်ဒဏ်ကို အခံရဆုံးဒေသဖြစ်သော အာပရီမက်သို့ သွားရောက်ကာ အရေးပေါ်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အရေးပေါ်အခြေအနေ ကြေညာထားခြင်းမှာ ရက်ပေါင်း ၂၀ ခန့် ကြာမြင့်လိမ့်မည်ဖြစ်သည်။

ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွားဆုံးဖြစ်သော နှင်းများထူထပ်စွာကျဆင်းမှုကြောင့် ထောင်နှင့်ချီသော ကျွဲ၊ နွား တိရစ္ဆာန်များသေဆုံးခဲ့ရသည့်အတွက် လယ်သမားများအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။

ကာရာဘရာပြည်နယ်တောင်းပိုင်းရှိ အိမ်တစ်အိမ်ခေါင်မိုးပေါ်သို့ ထူထပ်စွာကျရောက်လာသည့် နှင်းများ ကြောင့် ခေါင်းမိုးပြိုကျရာ အဆိုပါအိမ်တွင်နေထိုင်နေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။ သို့သော် ဒုတိယတစ်ဦးမှာမူ မည့်သည့်တွက်ကြောင့် သေဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော် ကာရာဘရာပြည်နယ်တွင် နှင်းများကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် လူသုံးဦးကိုမူကယ် တင်နိုင်ခဲ့သည်။

အဆိုပါသုံးဦးမှာ မိန်းကလေးငယ်နှစ်ဦးနှင့် အဘွားအိုတစ်ဦးဖြစ်ပြီး နှင်းကိုက်သည့်ဒဏ်ရာများကို ခံစား နေရသည်။
BBC News::  RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment