Pages

Pages - Menu

Saturday, September 21, 2013

ပညာရေးဝန်ကြီး အပြောင်းအလဲဖြစ်နိုင်မည်ဆိုသည့် သတင်း ကောလာဟလ သာဖြစ်

RangonNewsDaily:: September 21, 2013

ပညာ ရေးဝန်ကြီး အပြောင်းအလဲဖြစ် နိုင်မည်ဆိုသည့်သတင်းမှာ မဟုတ် မမှန်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး က တရားဝင်ပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာမြအေး သည် ကျန်းမာရေးအခြေအနေ ကြောင့် ပြည်ပတွင်ဆေးကုသမှု ခံယူနေရခြင်းသာဖြစ်ပြီး ယခုလက် ရှိအချိန်တွင်ဖြစ်ပေါ်နေသည့် ဝန် ကြီးအပြောင်းအလဲဖြစ်နိုင်မည် ဆိုသည့် သတင်းမှာ ကောလာဟ လသာဖြစ် ကြောင်း အဆိုပါအဆင့် မြင့်အရာရှိကပြောသည်။

''အခုချိန်မှာ ဆေးကုသမှုခံ ယူနေတုန်းပါပဲ။ အပြင်မှာဝန်ကြီး အပြောင်းအလဲဖြစ်မယ်ဆိုပြီး အ သံတွေကြားနေရပါတယ်။ အခု လောလောဆယ်မှာတော့ အ ပြောင်းအလဲဖြစ်ဖို့ မရှိနိုင်သေး ပါဘူး။ မဖြစ်နိုင်သေးပါဘူး''ဟု ယင်းကဆိုသည်။ လွန်ခဲ့ သည့် တစ်ပတ်ကျော် လောက်က အစာအိမ်သွေးကြော ပေါက်ရောဂါဖြင့် နေပြည်တော် တွင် ဆေးကုသမှုခံယူနေရာမှ ယ ခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသနေပြီဖြစ် ကြောင်း ဝန်ကြီး၏ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြော သည်။

''အခု လောလောဆယ်မှာ ဝန်ကြီးအပြောင်းအလဲဖြစ်ဖို့ ပြော ရခက်ပါတယ်။ ဝန်ကြီးတစ်ဦး ပြောင်းတိုင်း မူဝါအသစ်ချမှတ်ဖို့ ဆိုတာလဲ ခက်ပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေ ချိန်မှာ အလျင်စလို ပြောင်းလဲ ဆောင်ရွက်ဖို့ကလဲ မဖြစ်နိုင် တာ ကြောင့် အခုချိန်မှာ ဘာကိုမှအ တည်တကျမပြောနိုင်သေးပါဘူး'' ဟုဆိုသည်။

ယခုလက်ရှိတွင် ပညာရေး ဝန်ကြီးဌာနတွင် ရာထူးနေရာအ ပြောင်းအလဲများဖြင့် ပြောင်းလဲ ဆောင်ရွက်နေချိန်ဖြစ်ပြီး အဆင့် မြင့်ပညာရေးအဖြစ် တည်ဆောက် မည်ဆိုပါက အချိန်ယူရဦးမည်ဖြစ် ကြောင်း၊ ပညာရေးမူဝါဒအသစ်များချ မှတ် ဆောင် ရွက်မည် ဆိုပါ ကလည်း တစ်နိုင်ငံလုံးအဆင့်ပူး ပေါင်းပါဝင်မှသာ အဆင်ပြေနိုင် မည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ ရှိ ပညာရေးအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သင့် ကြောင်း ပညာရေးအသိုင်းအဝိုင်း မှ သိရသည်။

Yangon Media , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment