RangonNewsDaily:: September 30, 2013
မနက်၁၀ နာရီ ၁၀ မိနစ် ၃၀-၉-၂၀၁၃ ၊ Ko Han Win Aung
လက်ပန်တောင်းတောင်ခြေရှိလယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့်စေတီ တော်ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ချီတက်မှုသည် မနေ့ကမန္တလေးမြို့မှစတင် ထွက်ခွာခဲ့ပြီးစစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားကြီး၊ စိန်ရတနာကျောင်းတိုက်ဓမ္မာရုံ တွင်၂၉-၉- ၂၀၁၃ ရက်နေ့၌ တညအိပ်နားခဲ့ပါသည်၊
ယနေ့မနက်တွင် လယ်တီသိမ် ကာကွယ်ရေးအင်အားစုများရှေ့ဆက်ချီတက်မှုမပြုနိုင်ရန်၊ ချီတက်အင်အားစုများရှိရာ ရှေ့တမိုင်၊ နောက်တမိုင်ခန့်တွင် လုံထိန်းများတားဆီးထားပြီးမြို့ခံပြည်သူများနှင့်အ ဆက်အသွယ်ဖြတ်တောက်နေပါသည်၊
ကောင်းမှုတော်ဘုရားကြီးအနီး ချီတက်အင်အားစုများပတ်ပတ်လည်တွင် လုံထိန်းအင်အား (၃၀၀) နီးပါးခန့်အချုပ်ကား (၁၀) စီးဖြင့် ပိတ်ဆို့ထားပါသည်၊ ပြည်သူများတည်းခိုနေသော ဘုန်ကြီးကျောင်းမှ သံဃာတော်များကိုလဲ (မဟနနှင့် အုပ်ချုပ်ရေးမှုတို့မှ ဖိအားပေးလျှက်ရှိပါသည်၊
::
လယ်တီသိမ်ကာ ကွယ်ရေးအင်အားစုများရှိရာသို့ ယနေ့မနက် ၉ နာရီခွဲတွင် လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း နှင့် ဒေါက်တာမြင့်နိုင်တို့ရောက်ရှိလာပြီး အာဏာပိုင်များအား ပြည်သူတို့ကို အကြမ်းမဖက်ရန် ပြောဆိုပါနေပါသည်။
မီးလောင်ဗုံးပြစ်ခံခဲ့ရသော သံဃာများမှလဲ လယ်တီသိမ်ကို မဖြိုဖျက်ပါဘူးဟု ယခုတားမြစ်နေသောအာဏာပိုင်များမှ တာဝန်မယူနိုင်လျှင်ရှေ့ဆက်ချီတက်ခွင့်ပြုရန် အာဏာပိုင်များကိုမိန့်ကြားခဲ့ပါသည်။
::
လယ်တီသိမ်ကာကွယ်ရေး ချီတက်အင်အားစုများမှာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရင်း ဆက်လက်ချီတက်ရန် ပြင်ဆင်နေကြပါသည်။
ချီတက်မှုကိုစတင်သည့်အခါ ကောင်းမှုတော်ဘုရားကြီးတွင် ဆုတောင်းပွဲပြုလုပ်နေပြီးမှ ထွက်ခွာမည်ဖြစ်သည်။ ဒေါက်တာ မြင့်နိုင်မှ တားဆီးပိတ်ဆို့ထားသော အာဏာပိုင်များအား လယ်တီသိမ်နှင့်ပတ်သတ်၍ တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ယခုလို ပိတ်ဆို့ဟန့်တားနေပါက ၎င်းကိုယ်တိုင်လူထုနှင့်အတူ ချီတက်ဆန္ဒထုတ်ဖော်မည်ဟု ပြောကြားသည်။
::
မှတ်ချက်..
ဒေါ်ခင်စန်းလှိုင်(ပုလဲအမတ်) 098632966
ဒေါက်တာ မြင့်နိုင် (အမျိုးသားလွတ်တော် စစ်ကိုင်းတိုင်း) 09420029063
ပြည်သူ့အင်အားစုများဖုန်း၊ 09420787366 , 0933098204 , 0973023157 , 0931383860
နေ့သစ်(News)::-- , RangonNewsDaily
kolatt (Pabedan)

No comments:
Post a Comment