Pages

Pages - Menu

Saturday, September 28, 2013

အာဆင်နယ်တွင် ထိပ်ဆုံးလေးသင်းစာရင်း၌ ရပ်တည်နိုင်စေမည့် လူစာရင်း မရှိကြောင်း မိုက်ကယ်အိုဝင် သုံးသပ်

Photo: အာဆင်နယ်တွင် ထိပ်ဆုံးလေးသင်းစာရင်း၌ ရပ်တည်နိုင်စေမည့် လူစာရင်း မရှိကြောင်း မိုက်ကယ်အိုဝင် သုံးသပ်
Saturday, September 28, 2013

ယခုနှစ် ဘောလုံးရာသီတွင် ထိပ်ဆုံးလေးသင်းစာရင်း၌ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်မည့် အသင်းလူစာရင်းကို အာဆင်နယ် ပိုင်ဆိုင်ထားခြင်း မရှိကြောင်း လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောကြားလိုက်သည်။

လက်ရှိတွင် အာဆင်နယ်သည် ငါးပွဲကစားပြီး လေးပွဲအနိုင်ရထားကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် ဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေသည်။

သို့သော်လည်း အာဆင်နယ် အသင်းလူစာရင်းတွင် ထူးထူးခြားခြား ခြေစွမ်းပြနိုင်သည့် ကစားသမားဟူ၍ နွေရာသီက စတာလင်ပေါင် ၄၂ သန်းဖြင့် ခေါ်ယူထားသည့် မီဆွတ်အိုဇေးလ် တစ်ဦးသာရှိကြောင်း အိုဝင်က သုံးသပ်ခဲ့သည်။

“အာဆင်နယ်ဟာ နွေရာသီမှာ ကစားသမားသစ် မ၀ယ်ယူဘူးလို့ ထင်ခဲ့ရပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးပိတ်ရက်မှာတော့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အသင်းရဲ့ လူစာရင်းကို ကြည့်လိုက်ရင်တော့ ကောင်းမွန်တဲ့ စုဖွဲ့မှုရှိပေမယ့် ထိပ်ဆုံးလေးသင်း ၀င်အောင်လို့တော့ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး” ဟု အိုဝင်က Daily Telegrah ၏ ပင်တိုင်ကဏ္ဍမှတစ်ဆင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ အသင်းရဲ့လူစာရင်းကို ဂိုးသမားနေရာကနေ စကြည့်မယ်ဆိုရင် ဆက်ဇနီထက် အခြားထိပ်တန်းအသင်းတွေရဲ့ ဂိုးသမားတွေက ပိုကောင်းပါတယ်။ နောက်တန်းမှာ ဆိုရင်လည်း အာဆင်နယ်ရဲ့ ခံစစ်ပိုင်းဟာ ကောင်းမွန်ပေမယ့် နောက်တန်းကစားသမား လေးယောက်စလုံးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ မပါဝင်ပါဘူး။ ထိပ်ဆုံး ခြောက်သင်းထဲကနေ all-star အသင်းအတွက် ရွေးချယ်မယ်ဆိုရင် အာဆင်နယ်အသင်းက မီဆွတ်အိုဇေးလ် တစ်ယောက်တည်းသာ ပါဝင်ဖို့ အခွင့်အရေးရှိပါမယ်” ဟု အိုဝင်က ပြောကြားသွားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: September 28, 2013

ယခုနှစ် ဘောလုံးရာသီတွင် ထိပ်ဆုံးလေးသင်းစာရင်း၌ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်မည့် အသင်းလူစာရင်းကို အာဆင်နယ် ပိုင်ဆိုင်ထားခြင်း မရှိကြောင်း လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောကြားလိုက်သည်။ လက်ရှိတွင် အာဆင်နယ်သည် ငါးပွဲကစားပြီး လေးပွဲအနိုင်ရထားကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် ဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေသည်။

သို့သော်လည်း အာဆင်နယ် အသင်းလူစာရင်းတွင် ထူးထူးခြားခြား ခြေစွမ်းပြနိုင်သည့် ကစားသမားဟူ၍ နွေရာသီက စတာလင်ပေါင် ၄၂ သန်းဖြင့် ခေါ်ယူထားသည့် မီဆွတ်အိုဇေးလ် တစ်ဦးသာရှိကြောင်း အိုဝင်က သုံးသပ်ခဲ့သည်။

“အာဆင်နယ်ဟာ နွေရာသီမှာ ကစားသမားသစ် မ၀ယ်ယူဘူးလို့ ထင်ခဲ့ရပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးပိတ်ရက်မှာတော့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အသင်းရဲ့ လူစာရင်းကို ကြည့်လိုက်ရင်တော့ ကောင်းမွန်တဲ့ စုဖွဲ့မှုရှိပေမယ့် ထိပ်ဆုံးလေးသင်း ၀င်အောင်လို့တော့ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး” ဟု အိုဝင်က Daily Telegrah ၏ ပင်တိုင်ကဏ္ဍမှတစ်ဆင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ အသင်းရဲ့လူစာရင်းကို ဂိုးသမားနေရာကနေ စကြည့်မယ်ဆိုရင် ဆက်ဇနီထက် အခြားထိပ်တန်းအသင်းတွေရဲ့ ဂိုးသမားတွေက ပိုကောင်းပါတယ်။ နောက်တန်းမှာ ဆိုရင်လည်း အာဆင်နယ်ရဲ့ ခံစစ်ပိုင်းဟာ ကောင်းမွန်ပေမယ့် နောက်တန်းကစားသမား လေးယောက်စလုံးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ မပါဝင်ပါဘူး။ ထိပ်ဆုံး ခြောက်သင်းထဲကနေ all-star အသင်းအတွက် ရွေးချယ်မယ်ဆိုရင် အာဆင်နယ်အသင်းက မီဆွတ်အိုဇေးလ် တစ်ယောက်တည်းသာ ပါဝင်ဖို့ အခွင့်အရေးရှိပါမယ်” ဟု အိုဝင်က ပြောကြားသွားခဲ့သည်။

Soccer Myanmar , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment