Pages

Pages - Menu

Saturday, August 24, 2013

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့

ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့

kolatt (Pabedan): 24.8.2013

ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူမှာ ဂေါ်ရခါးလူမျိုး ကိုကစ္စနား ဖြစ်ပြီး မိုးကုတ်မြို့ဇာတိ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဇာတိမြေမိုးကုတ်သို့ မကြာခဏ သွားရောက်လေ ရှိကြောင်း၊ အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်မှစ၍ မိုးကုတ်တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက သေဆုံးသူကို ဖုန်းဆက်သွယ်၍ မရတော့ဟု ဆိုကြောင်း အဆိုပါတိုက်၏ မြေညီထပ်တွင် ထောပတ်ဆိုင် ဖွင့်လှစ်ရောင်းချသူထံမှ သိရှိရသည်။

သေဆုံးသူတွင် မောင်နှမသုံးဦးရှိပြီး ၎င်းသည် နိုင်ငံခြားသို့သွားရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သွားခွင့်မရကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမှုစစ် ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူမှာ ဧည့်ခန်းမျက်နှာကြက်မှ သံချိတ်ငယ်တွင် ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“အချို့နေရာတွေမှာ အသားတွေပဲ့ပြီး တစ်ကိုယ်လုံးမှာ လောက်ကောင်တွေ ရှိနေတယ်။ နံတာလည်း အရမ်းပဲ” ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

“သုံးလေးရက်လောက်ရှိပြီ။ နံနေတယ်ဆိုပြီး တိုက်မှာနေသူတွေ ပြောတာတော့ ကြားတယ်။ ကြွက်သေပုပ်လို့ပဲ ထင်နေတာ၊ ဖြစ်တဲ့အခန်းက မီးထွန်းထားတယ်ဆိုတော့ လူရှိနေတယ်လို့ပဲ ထင်နေ တာ” ဟု အဆိုပါတိုက်အနီးရှိ ဟိန္ဒူဘုရားကျောင်းမှ လက်ထောက်ရုံးတာဝန်ခံ ဦးဉာဏ်လင်းက ပြောကြားသည်။

The Voice

RangonNewsDaily:: Aug 24, 2013
ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်း ဟိန္ဒူဘုရားကျောင်းအနီး ရှစ်ထပ်တိုက် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချသေဆုံးပြီး ပုပ်ပွနေသော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်က တွေ့ရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ သေဆုံးသူမှာ ဂေါ်ရခါးလူမျိုး ကိုကစ္စနား ဖြစ်ပြီး မိုးကုတ်မြို့ဇာတိ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဇာတိမြေမိုးကုတ်သို့ မကြာခဏ သွားရောက်လေ ရှိကြောင်း၊ အဆိုပါ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်မှစ၍ မိုးကုတ်တွင် နေထိုင်သူ မိသားစုဝင်တစ်ဦးက သေဆုံးသူကို ဖုန်းဆက်သွယ်၍ မရတော့ဟု ဆိုကြောင်း အဆိုပါတိုက်၏ မြေညီထပ်တွင် ထောပတ်ဆိုင် ဖွင့်လှစ်ရောင်းချသူထံမှ သိရှိရသည်။

သေဆုံးသူတွင် မောင်နှမသုံးဦးရှိပြီး ၎င်းသည် နိုင်ငံခြားသို့သွားရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း သွားခွင့်မရကြောင်း သိရသည်ဟု မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမှုစစ် ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူမှာ ဧည့်ခန်းမျက်နှာကြက်မှ သံချိတ်ငယ်တွင် ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“အချို့နေရာတွေမှာ အသားတွေပဲ့ပြီး တစ်ကိုယ်လုံးမှာ လောက်ကောင်တွေ ရှိနေတယ်။ နံတာလည်း အရမ်းပဲ” ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

“သုံးလေးရက်လောက်ရှိပြီ။ နံနေတယ်ဆိုပြီး တိုက်မှာနေသူတွေ ပြောတာတော့ ကြားတယ်။ ကြွက်သေပုပ်လို့ပဲ ထင်နေတာ၊ ဖြစ်တဲ့အခန်းက မီးထွန်းထားတယ်ဆိုတော့ လူရှိနေတယ်လို့ပဲ ထင်နေ တာ” ဟု အဆိုပါတိုက်အနီးရှိ ဟိန္ဒူဘုရားကျောင်းမှ လက်ထောက်ရုံးတာဝန်ခံ ဦးဉာဏ်လင်းက ပြောကြားသည်။

The Voice , RangonNewsDaily
kolatt (Pabedan): 24.8.2013

No comments:

Post a Comment